အဲ့တော့ ဝိနည်းမှာက ဒီအမျိုးသမီးပုံတွေက ရဟန်းတွေ ထိလို့မရဘူးလို့ အဲ့ကြောင့် အမျိုးသမီးမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တို့က ကိုင်လို့မရတဲ့အတွက်ကြောင့် ကြက်ခြေခတ်ထားတာလို့ သူပြောတော့ သူသဘောတွေ ကျသွားတယ် အဲ့လိုမျိုးပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ အဲ့ကြောင့် ဆိုလိုတာက အမျိုးသမီးပုံကို ထိလို့မရဘူး သို့သော် ကြက်ခြေခတ်ထားရင် ဟိုဘောပင်နဲ့ ခြစ်ပစ်လိုက်ရင် ထိလို့ရတယ် နောက်ဘာမှမလုပ်ရင်လည်း နှုတ်ခမ်းသားလေးကို ကိုင်တော့ ရတယ်နော်။ အဲ့လိုမျိုးလည်း ရှိတယ်အေး။ အဲ့ကြောင့် တချို့ဒကာမတွေက ဟိုတချို့စာအုပ်တွေ လှူဒါန်းတဲ့အခါမှာ အမျိုးသမီးပုံပါရင် ဘာလုပ်လဲဆိုတော့ ကိုယ့်ဘာကိုယ် ဖြတ်ပြီးတော့ လှူကြတာမျိုးလည်း ရှိတယ်ပေါ့နော် ဆရာတော်ကို ကပ်တဲ့အခါမှာ ကိုယ်တိုင်ပဲ အိမ်မှာ တစ်ခါတည်း ဖြတ်လာခဲ့တာမျိုးတွေရှိတယ်။ အဲ့လိုမျိုး။ ဒါမှမဟုတ်လည်း တချို့ဒီလိုလေ တချို့စာအုပ်တွေမှာ မျက်နှာဖုံးမှာ အမျိုးသမီးပုံတွေပါတယ်။ အဲ့ဆို ကိုင်ရတာ နည်းနည်းခက်နေတယ်ပေါ့ ချောင်ကိုင်ဖို့ကလည်း မလွယ်ဘူးလေ။ အဲ့အခါကျတော့ အပြင်ကနေပြီးတော့ တစ်ခုခု အုပ်လိုက်ရင်လည်း ရတယ်။ အပြင်ကနေ ဗလာစာအုပ်ဖြစ်ဖြစ် စာရွက်ဖြစ်ဖြစ် တစ်ခုခုနဲ့ cover ထားလိုက်ပေါ့။ အဲ့ဆိုလည်း အမျိုးသမီးပုံကို မထိမိတော့ဘူးလေ။ အဲ့ဒါမျိုးကျတော့ မထိမိဖို့က အဓိကပဲနော်။ ရှိတာက ပြဿနာမရှိဘူး မထိဖို့လိုတယ်။ အေး။ နောက်နံပါတ်လေးက ရတနာအမျိုးမျိုးတဲ့နော်။ ရတနာဆိုရင် ဘယ်ရတနာမှ ရဟန်းတော်တွေ မထိကောင်းပါဘူးနော်။ အလှူခံလို့လည်း မရဘူးပေါ့နော်။ ဟို သံဃဿ ဒေမ လှူလာရင်လည်း မရဘူး။ အဲ့တော့ တစ်ခုတော့ရှိတယ်ပေါ့ ဦးဇင်းတို့ တစ်နေ့က ပြောတယ်လေ။ ဟိုကျောင်းတိုက်အား လှူပါ၏ဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ရဟန်းလက်ခံလို့တော့ မရဘူးလေ။ ငြင်းလည်း မငြင်းရဘူး ပြောခဲ့ပြီလေ။