အဲ့တော့ ရဟန်းတော်တွေက ဆန်စပါးတွေ ကိုင်လို့မရဘူးလေ နော်။ ဆန်စပါးတွေ ကိုင်လို့မရဘူး။ အဲ့တော့ ကျောင်းသားတွေ ကပ္ပိယတွေကိုပဲ ပေးရမှာပေါ့ ဆန်တွေစပါးတွေ ကပ်မယ်ဆိုရင်လေ။ နောက် လက်နက်အမျိုးမျိုး နော်။ ရဟန်းတွေက ဘယ်လက်နက်မှ ကိုင်လို့မရဘူး။ မကိုင်ဘူးလို့ ဆိုပြီး သေနတ်တွေဘာတွေ သွားကိုင်ကြည့်တာ ကိုင်ကြည့်လို့မရဘူးနော်။ တချို့က သေနတ် ဒကာကြီး ခဏ သေနတ်ခဏလောက် ပေးစမ်း ကိုင်ကြည့်ချင်လို့ပါဆို သွားကိုင်လို့မရဘူး။ တကယ့်အစစ်ပြောတာပေါ့နော်။ အတုတော့မဟုတ်ဘူးပေါ့။ ကလေးကစားစရာ ပလတ်စတစ်သေနတ်တော့ မဟုတ်ဘူးပေါ့။ အဲ့တော့ တကယ့်သေနတ်တွေဘာတွေ ရဟန်းတွေ သွားကိုင်လို့မရဘူး။ လက်နက်တွေလေ။ လှံတို့ မြှားတို့ လေးတို့ ဟုတ်လား သူက။ အဲ့ဒါတွေ ရဟန်းတွေ ကိုင်လို့မရဘူး။ အဲ့တော့ နောက်တစ်ခါ တူရိယာအမျိုးမျိုးတဲ့ နော်။ ဒီဗုံတွေ အိုးစည်တွေ ရဟန်းတွေ ထိလို့မရဘူးနော်။ ယနေ့ခေတ်ဆိုရင် ဘာအော်ဂန်တွေ ဟုတ်လား သူက။ ဒရမ်တို့ဘာတို့ပေါ့။ အကုန်လုံး ရဟန်းတွေ ခေတ်ပေါ်တူရိယာဖြစ်ဖြစ် ရှေးဟောင်းတူရိယာဖြစ်ဖြစ် ဘယ်တူရိယာမျိုးစုံကိုမှ ရဟန်းတွေ ကိုင်လို့မရဘူး ထိလို့မရဘူး။ သာယာတာ မသာယာတာနဲ့ မဆိုင်ဘူးနော်။ ငါတို့က မသာယာဘူး မသာယာရင် လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်နော် ယနေ့ခေတ်ကလေ။ မဆိုင်ဘူးနော် ဒါတွေက သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ လုံးဝထိလို့မရတဲ့ ပစ္စည်းတွေ ဒါတွေက။ ဟုတ်ပြီနော်။ အခုပြောခဲ့တဲ့ ပစ္စည်းစာရင်းသည် သာယာရာ မသာယာရာ မထိကောင်းတဲ့ ပစ္စည်းတွေ ဒါက နော်။ အဲ့တော့ ငါတို့က မသာယာဘူး မမြတ်နိုးဘူးလို့ ကိုင်ကြည့်တာလည်း မရဘူးနော်။ ကိုင်လို့ကို မရတာ အဲ့ဒါမျိုး။ ကဲ အဲ့ဒါဆို ဦးဇင်းတို့ ဆက်ကြည့်ရအောင်။ ဒါဆိုရင် ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများ ခုနစ်မျိုးပေါ့နော်။ တစ်ခေါက်လောက်တော့ ဖတ်ကြည့်လိုက်ပါ ခဏလောက် အားလုံးဆိုကြည့်ပါဦး။ အမျိုးသမီးကိုယ်ခန္ဓာ။ အမျိုးသမီးသုံးဆောင်ပစ္စည်း ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ အမျိုးသမီးရုပ်ပုံ ရတနာမျိုးစုံ။ စပါးမျိုးစုံ လက်နက်မျိုးစုံ တူရိယာမျိုးစုံ။ ဟုတ်ပြီနော်။ ဒါ ဦးဇင်းတို့ ဘုရားဥပဒေတော်ကြီးမှာလည်း အဲ့ဒါ ကြည့်လို့ရတယ်ပေါ့။ ကျမ်းညွှန်းလေးလည်း ပေးထားပါတယ်နော်။ ဒါ ဆရာတော်ကြီးက ဟို အဋ္ဌကထာတွေထဲမှာ ပျံ့နှံ့စကားတွေကြီး ဝိနည်းက တစ်နေရာတည်းမှာ စုမနေဘူး သူက။ ဟိုနေရာ ဒီနေရာ ကောက်သင့်ကောက်သလို ကောက်ထားရတာ သူက။ အဲ့ဒါကြောင့် ဒီမှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လို့ ပြန်ဖော်ပြပေးထားတာ။ စာအုပ်မှာ လိုက်ရှာမယ်ဆို တော်တော်ရှာရတာ သူက ဟိုမှာတစ်ခု ဒီမှာတစ်ခု ပျံ့နေတာ သူကနော်။ နောက် ကုလဒူသန ရှစ်ပါးဆိုတာ ဒါကို ရှေ့က ဦးဇင်းတို့ ဟိုစာအုပ်ထဲမှာလည်း နည်းနည်းပါသွားပါပြီနော်။