[00:00.000] အဲ့တော့ ရဟန်းတော်တွေက ဆန်စပါးတွေ ကိုင်လို့မရဘူးလေ နော်။ [00:05.500] ဆန်စပါးတွေ ကိုင်လို့မရဘူး။ [00:10.200] အဲ့တော့ ကျောင်းသားတွေ ကပ္ပိယတွေကိုပဲ ပေးရမှာပေါ့ ဆန်တွေစပါးတွေ ကပ်မယ်ဆိုရင်လေ။ [00:15.800] နောက် လက်နက်အမျိုးမျိုး နော်။ [00:20.400] ရဟန်းတွေက ဘယ်လက်နက်မှ ကိုင်လို့မရဘူး။ [00:25.100] မကိုင်ဘူးလို့ ဆိုပြီး သေနတ်တွေဘာတွေ သွားကိုင်ကြည့်တာ ကိုင်ကြည့်လို့မရဘူးနော်။ [00:30.700] တချို့က သေနတ် ဒကာကြီး ခဏ သေနတ်ခဏလောက် ပေးစမ်း ကိုင်ကြည့်ချင်လို့ပါဆို သွားကိုင်လို့မရဘူး။ [00:35.300] တကယ့်အစစ်ပြောတာပေါ့နော်။ အတုတော့မဟုတ်ဘူးပေါ့။ ကလေးကစားစရာ ပလတ်စတစ်သေနတ်တော့ မဟုတ်ဘူးပေါ့။ [00:40.900] အဲ့တော့ တကယ့်သေနတ်တွေဘာတွေ ရဟန်းတွေ သွားကိုင်လို့မရဘူး။ လက်နက်တွေလေ။ [00:45.500] လှံတို့ မြှားတို့ လေးတို့ ဟုတ်လား သူက။ အဲ့ဒါတွေ ရဟန်းတွေ ကိုင်လို့မရဘူး။ [00:50.200] အဲ့တော့ နောက်တစ်ခါ တူရိယာအမျိုးမျိုးတဲ့ နော်။ [00:55.800] ဒီဗုံတွေ အိုးစည်တွေ ရဟန်းတွေ ထိလို့မရဘူးနော်။ [01:00.400] ယနေ့ခေတ်ဆိုရင် ဘာအော်ဂန်တွေ ဟုတ်လား သူက။ ဒရမ်တို့ဘာတို့ပေါ့။ အကုန်လုံး ရဟန်းတွေ ခေတ်ပေါ်တူရိယာဖြစ်ဖြစ် ရှေးဟောင်းတူရိယာဖြစ်ဖြစ် ဘယ်တူရိယာမျိုးစုံကိုမှ ရဟန်းတွေ ကိုင်လို့မရဘူး ထိလို့မရဘူး။ [01:05.100] သာယာတာ မသာယာတာနဲ့ မဆိုင်ဘူးနော်။ ငါတို့က မသာယာဘူး မသာယာရင် လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်နော် ယနေ့ခေတ်ကလေ။ [01:10.700] မဆိုင်ဘူးနော် ဒါတွေက သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ လုံးဝထိလို့မရတဲ့ ပစ္စည်းတွေ ဒါတွေက။ [01:15.300] ဟုတ်ပြီနော်။ အခုပြောခဲ့တဲ့ ပစ္စည်းစာရင်းသည် သာယာရာ မသာယာရာ မထိကောင်းတဲ့ ပစ္စည်းတွေ ဒါက နော်။ [01:20.900] အဲ့တော့ ငါတို့က မသာယာဘူး မမြတ်နိုးဘူးလို့ ကိုင်ကြည့်တာလည်း မရဘူးနော်။ ကိုင်လို့ကို မရတာ အဲ့ဒါမျိုး။ [01:25.500] ကဲ အဲ့ဒါဆို ဦးဇင်းတို့ ဆက်ကြည့်ရအောင်။ ဒါဆိုရင် ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများ ခုနစ်မျိုးပေါ့နော်။ [01:30.200] တစ်ခေါက်လောက်တော့ ဖတ်ကြည့်လိုက်ပါ ခဏလောက် အားလုံးဆိုကြည့်ပါဦး။ အမျိုးသမီးကိုယ်ခန္ဓာ။ [01:35.800] အမျိုးသမီးသုံးဆောင်ပစ္စည်း ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ အမျိုးသမီးရုပ်ပုံ ရတနာမျိုးစုံ။ [01:40.400] စပါးမျိုးစုံ လက်နက်မျိုးစုံ တူရိယာမျိုးစုံ။ [01:45.100] ဟုတ်ပြီနော်။ ဒါ ဦးဇင်းတို့ ဘုရားဥပဒေတော်ကြီးမှာလည်း အဲ့ဒါ ကြည့်လို့ရတယ်ပေါ့။ ကျမ်းညွှန်းလေးလည်း ပေးထားပါတယ်နော်။ [01:50.700] ဒါ ဆရာတော်ကြီးက ဟို အဋ္ဌကထာတွေထဲမှာ ပျံ့နှံ့စကားတွေကြီး ဝိနည်းက တစ်နေရာတည်းမှာ စုမနေဘူး သူက။ [01:55.300] ဟိုနေရာ ဒီနေရာ ကောက်သင့်ကောက်သလို ကောက်ထားရတာ သူက။ အဲ့ဒါကြောင့် ဒီမှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လို့ ပြန်ဖော်ပြပေးထားတာ။ [02:00.000] စာအုပ်မှာ လိုက်ရှာမယ်ဆို တော်တော်ရှာရတာ သူက ဟိုမှာတစ်ခု ဒီမှာတစ်ခု ပျံ့နေတာ သူကနော်။ နောက် ကုလဒူသန ရှစ်ပါးဆိုတာ ဒါကို ရှေ့က ဦးဇင်းတို့ ဟိုစာအုပ်ထဲမှာလည်း နည်းနည်းပါသွားပါပြီနော်။