1
00:00:00,000 --> 00:00:04,013
ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။

2
00:00:04,013 --> 00:00:08,026
ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။

3
00:00:08,026 --> 00:00:10,033
အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊

4
00:00:10,033 --> 00:00:20,067
ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။

5
00:00:20,067 --> 00:00:22,876
အဲတော့ ဒကာ ဒကာမတွေဘက်က အဲဒါ မတောင်းကောင်းဘူးပေါ့နော်။

6
00:00:22,876 --> 00:00:25,686
ပန်း ရဟန်းတော်တွေက ပန်းမပေးကောင်းဘူးဆိုတော့ ပန်းသွားမတောင်းရဘူး။

7
00:00:25,686 --> 00:00:29,298
နောက် ဓမ္မပူပေါ့။ ယနေ့ခေတ်ဆို သွားတိုက်တံတို့ ဘာတို့ပေါ့နော်။ အဲဒါ ပါပါတယ်။

8
00:00:29,298 --> 00:00:32,509
သစ်သီးတွေ ရဟန်းတော်တွေ ပေးလို့မရဘူး။ အဲတော့ ကိုယ်က မတောင်းရဘူး။

9
00:00:32,509 --> 00:00:38,529
နောက် ဆပ်ပြာပေးခြင်းပေါ့။ နောက် မြေညက်ဆိုတာ ရှေးခေတ်တုန်းက ဒီမြေညက်ဆိုတဲ့ သဘောတရားက ဆပ်ပြာသဘောနဲ့ သုံးတာလေ။

10
00:00:38,529 --> 00:00:42,542
ပဲဆပ်ပြာတို့ ဘာတို့ အရင်တုန်းက ရှိပါတယ်နော် မြန်မာနိုင်ငံမှာလည်း။ အဲဒါမျိုးပေါ့။

11
00:00:42,542 --> 00:00:49,365
နောက် ဝါးတွေဘာတွေပေါ့။ ကျောင်းမှာ ဝါးပင်တွေ စိုက်တော့ အရှင်ဘုရား ဝါးတစ်လုံးလောက် စွန့်ပါဘုရား၊ နှစ်လုံးလောက် စွန့်ပါဘုရား ဝါးသွားတောင်းတာမျိုး မလုပ်ကောင်းဘူး။

12
00:00:49,365 --> 00:00:54,181
နောက် စေခိုင်းရာသို့ သွားခြင်းဆိုတာ အရှင်ဘုရား ဘယ်လေးတော့ သွားပေးပါဦးဘုရားဆိုတာ ဘုန်းကြီးကို သွားခိုင်းတာပေါ့။

13
00:00:54,181 --> 00:00:58,195
ဟို ကျောင်းကိစ္စမဟုတ် သံဃာကိစ္စမဟုတ်ဘဲနဲ့ ခိုင်းတာပေါ့။ လူကိစ္စတွေမှာ ခိုင်းမိတာလေ။

14
00:00:58,195 --> 00:01:03,011
အရှင်ဘုရား ကယ်ဆယ်ရေး ဘယ်လေး သွားပြီးတော့ ပေးပေးပါဦးဘုရားဆိုတာ ဒါ ဘုန်းကြီးတွေကို မခိုင်းကောင်းဘူးနော်။

15
00:01:03,011 --> 00:01:07,827
ဒါ ကြည့်မယ်ဆိုရင်တော့ ပရဟိတဆိုပေမယ့်လည်း ဘုန်းကြီးကို သွားခိုင်းလို့မရဘူး။ ဒါ လူကိစ္စ ဖြစ်နေတာကိုး။

16
00:01:07,827 --> 00:01:11,840
အရှင်ဘုရား ဟိုဘက်ကို မသွားဘူးလားဘုရား။ သွားရင် ဒါလေးတော့ ယူသွားပေးဦးဘုရားဆိုတာ မလုပ်နဲ့နော်။

17
00:01:11,840 --> 00:01:15,453
အဲဒါ စေခိုင်းရာသို့ သွားခြင်းထဲမှာ ပါသွားတယ်။ ဘုန်းကြီးတွေ အာပတ်သင့်တယ်။

18
00:01:15,453 --> 00:01:19,867
နောက် ဆေးကုပေးခြင်းပေါ့နော်။ ဆေးနည်းပေးတာတွေ ပါတယ်ပေါ့။ မလုပ်ကောင်းဘူးပေါ့နော်။

19
00:01:19,867 --> 00:01:27,092
ဒါကို ကုလဒူသနလို့ ခေါ်တယ်။ မနေ့က ပြောတဲ့ ကုလဒူသန အဓိပ္ပာယ်က ဒကာ ဒကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးတဲ့ အမှုကိစ္စတွေပေါ့။

20
00:01:27,092 --> 00:01:31,908
ဒီလို လုပ်ပေးမှ ဘာဖြစ်သွားသလဲဆိုတော့ သူတို့မှာ သံဃာကောင်းတွေအပေါ်မှာ ကြည်ညိုတဲ့စိတ် လျော့သွားတယ်။

21
00:01:31,908 --> 00:01:35,118
ဒီလို လုပ်ပေးမှပဲ သဘောကျတဲ့စိတ် ဖြစ်သွားတယ် သူတို့မှာလည်း။

22
00:01:35,118 --> 00:01:38,329
ဆေးကုပေးတဲ့သူနဲ့ ဆေးမကုပေးတဲ့သူဆိုရင် ဆေးကုပေးတာ သဘောကျတယ်။

23
00:01:38,329 --> 00:01:42,343
ပိုပြီး လှူချင်တဲ့စိတ် ပေါ်လာတယ်။ သူတို့မှပဲ တကယ့် ပရဟိတအစစ်ဆိုတာမျိုး စိတ်က ဝင်သွားတယ်။

24
00:01:42,343 --> 00:01:47,962
ဘာမှမလုပ်ဘဲ တောထဲမှာ နေရင် သိပ်မကျတော့ဘူးပေါ့။ ဘုန်းကြီးတွေ အိပ်စားနေတယ်လို့ ထင်သွားတယ်ပေါ့။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။

25
00:01:47,962 --> 00:01:55,587
အဲဒါကြောင့် မြတ်စွာဘုရားက ဒီအလုပ်တွေ မလုပ်ကြပါနဲ့။ တခြား သံဃာတွေအပေါ်မှာ အထင်လွဲစေနိုင်တယ်။ ကုလဒူသနကိစ္စတွေလို့ သတ်မှတ်တာပေါ့နော်။

26
00:01:55,587 --> 00:01:57,087
အဲတော့ ထပ်ပြီးတော့ ကုလဒူသနနဲ့ အလားတူတာက အနေသန ၂၁ ပါးဆိုတာ ပါလာတယ်။

27
00:01:57,087 --> 00:01:59,787
အနေသနဆိုတာက ရဟန်းတော်တွေ...
