[00:00.000] ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။ [00:05.000] ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။ [00:10.000] အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊ [00:12.500] ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။ [00:25.000] အဲတော့ ဒကာ ဒကာမတွေဘက်က အဲဒါ မတောင်းကောင်းဘူးပေါ့နော်။ [00:28.500] ပန်း ရဟန်းတော်တွေက ပန်းမပေးကောင်းဘူးဆိုတော့ ပန်းသွားမတောင်းရဘူး။ [00:32.000] နောက် ဓမ္မပူပေါ့။ ယနေ့ခေတ်ဆို သွားတိုက်တံတို့ ဘာတို့ပေါ့နော်။ အဲဒါ ပါပါတယ်။ [00:36.500] သစ်သီးတွေ ရဟန်းတော်တွေ ပေးလို့မရဘူး။ အဲတော့ ကိုယ်က မတောင်းရဘူး။ [00:40.500] နောက် ဆပ်ပြာပေးခြင်းပေါ့။ နောက် မြေညက်ဆိုတာ ရှေးခေတ်တုန်းက ဒီမြေညက်ဆိုတဲ့ သဘောတရားက ဆပ်ပြာသဘောနဲ့ သုံးတာလေ။ [00:48.000] ပဲဆပ်ပြာတို့ ဘာတို့ အရင်တုန်းက ရှိပါတယ်နော် မြန်မာနိုင်ငံမှာလည်း။ အဲဒါမျိုးပေါ့။ [00:53.000] နောက် ဝါးတွေဘာတွေပေါ့။ ကျောင်းမှာ ဝါးပင်တွေ စိုက်တော့ အရှင်ဘုရား ဝါးတစ်လုံးလောက် စွန့်ပါဘုရား၊ နှစ်လုံးလောက် စွန့်ပါဘုရား ဝါးသွားတောင်းတာမျိုး မလုပ်ကောင်းဘူး။ [01:01.500] နောက် စေခိုင်းရာသို့ သွားခြင်းဆိုတာ အရှင်ဘုရား ဘယ်လေးတော့ သွားပေးပါဦးဘုရားဆိုတာ ဘုန်းကြီးကို သွားခိုင်းတာပေါ့။ [01:07.500] ဟို ကျောင်းကိစ္စမဟုတ် သံဃာကိစ္စမဟုတ်ဘဲနဲ့ ခိုင်းတာပေါ့။ လူကိစ္စတွေမှာ ခိုင်းမိတာလေ။ [01:12.500] အရှင်ဘုရား ကယ်ဆယ်ရေး ဘယ်လေး သွားပြီးတော့ ပေးပေးပါဦးဘုရားဆိုတာ ဒါ ဘုန်းကြီးတွေကို မခိုင်းကောင်းဘူးနော်။ [01:18.500] ဒါ ကြည့်မယ်ဆိုရင်တော့ ပရဟိတဆိုပေမယ့်လည်း ဘုန်းကြီးကို သွားခိုင်းလို့မရဘူး။ ဒါ လူကိစ္စ ဖြစ်နေတာကိုး။ [01:24.500] အရှင်ဘုရား ဟိုဘက်ကို မသွားဘူးလားဘုရား။ သွားရင် ဒါလေးတော့ ယူသွားပေးဦးဘုရားဆိုတာ မလုပ်နဲ့နော်။ [01:29.500] အဲဒါ စေခိုင်းရာသို့ သွားခြင်းထဲမှာ ပါသွားတယ်။ ဘုန်းကြီးတွေ အာပတ်သင့်တယ်။ [01:34.000] နောက် ဆေးကုပေးခြင်းပေါ့နော်။ ဆေးနည်းပေးတာတွေ ပါတယ်ပေါ့။ မလုပ်ကောင်းဘူးပေါ့နော်။ [01:39.500] ဒါကို ကုလဒူသနလို့ ခေါ်တယ်။ မနေ့က ပြောတဲ့ ကုလဒူသန အဓိပ္ပာယ်က ဒကာ ဒကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးတဲ့ အမှုကိစ္စတွေပေါ့။ [01:48.500] ဒီလို လုပ်ပေးမှ ဘာဖြစ်သွားသလဲဆိုတော့ သူတို့မှာ သံဃာကောင်းတွေအပေါ်မှာ ကြည်ညိုတဲ့စိတ် လျော့သွားတယ်။ [01:54.500] ဒီလို လုပ်ပေးမှပဲ သဘောကျတဲ့စိတ် ဖြစ်သွားတယ် သူတို့မှာလည်း။ [01:58.500] ဆေးကုပေးတဲ့သူနဲ့ ဆေးမကုပေးတဲ့သူဆိုရင် ဆေးကုပေးတာ သဘောကျတယ်။ [02:02.500] ပိုပြီး လှူချင်တဲ့စိတ် ပေါ်လာတယ်။ သူတို့မှပဲ တကယ့် ပရဟိတအစစ်ဆိုတာမျိုး စိတ်က ဝင်သွားတယ်။ [02:07.500] ဘာမှမလုပ်ဘဲ တောထဲမှာ နေရင် သိပ်မကျတော့ဘူးပေါ့။ ဘုန်းကြီးတွေ အိပ်စားနေတယ်လို့ ထင်သွားတယ်ပေါ့။ အဲလိုမျိုးတွေ ဖြစ်သွားတယ်။ [02:14.500] အဲဒါကြောင့် မြတ်စွာဘုရားက ဒီအလုပ်တွေ မလုပ်ကြပါနဲ့။ တခြား သံဃာတွေအပေါ်မှာ အထင်လွဲစေနိုင်တယ်။ ကုလဒူသနကိစ္စတွေလို့ သတ်မှတ်တာပေါ့နော်။ [02:24.000] အဲတော့ ထပ်ပြီးတော့ ကုလဒူသနနဲ့ အလားတူတာက အနေသန ၂၁ ပါးဆိုတာ ပါလာတယ်။ [02:29.500] အနေသနဆိုတာက ရဟန်းတော်တွေ...