1
00:00:00,000 --> 00:00:03,243
အနေသန မချာမီသင့်နဲ့ ချာမီခြင်းလို့ ခေါ်တာ။

2
00:00:03,243 --> 00:00:05,189
သူက န ဧသန နှစ်ပုဒ်ပေါင်းထားတာ။

3
00:00:05,189 --> 00:00:08,288
ဧသန ဆိုတာ ချာမီခြင်း၊ န ဆိုတာက မသင့်ဘူးလို့ ပြောတာ။

4
00:00:08,288 --> 00:00:10,955
အဲတော့ မချာမီသင့်ဘူး၊ မလုပ်သင့်ဘူးလို့ ဆိုလိုတာ။

5
00:00:10,955 --> 00:00:14,270
အဲတော့ ရဟန်းတွေ မလုပ်သင့်တဲ့ အလုပ် ၂၁ ခု ရှိတယ်ပေါ့။

6
00:00:14,270 --> 00:00:16,937
အဲဒီထဲမှာလည်း ခုနက ပါပြီးသား အချက်တွေ ပြန်ပါလာတယ်။

7
00:00:16,937 --> 00:00:20,324
ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ သစ်ရွက်ပေးခြင်းတဲ့။

8
00:00:20,324 --> 00:00:24,144
အဲတော့ သစ်ရွက်ဆိုတာက သူတို့ခေတ်က ဒီခေါင်မိုးတွေမှာ မိုးလို့ရတယ်။

9
00:00:24,144 --> 00:00:28,252
သက်ကယ်မိုး ပုံစံမျိုးလေး၊ အဲလိုမျိုး အင်ဖက်တွေဘာတွေဆို ဦးဇင်းတို့က မိုးလို့ရတယ်လေ။

10
00:00:28,252 --> 00:00:31,351
အဲလိုမျိုး အသုံးပြုလို့ရတဲ့ သစ်ရွက်တွေပေါ့နော်။

11
00:00:31,351 --> 00:00:35,460
နောက် ဟင်းရွက်တွေ ပုံစံမျိုးလေး စားလို့ရတဲ့ ဟင်းရွက်တွေဘာတွေဆိုတာ သစ်ရွက်ထဲမှာ ပါတယ်ပေါ့။

12
00:00:35,460 --> 00:00:37,838
အဲဒါမျိုးတွေ မပေးကောင်းဘူးပေါ့။

13
00:00:37,838 --> 00:00:41,946
နောက် ဒန်ပူပေးတာ၊ ဒါပြောပြီး မျက်နှာသစ်ရေ၊ နောက် ရေတွေဘာတွေ ပေးတာ။

14
00:00:41,946 --> 00:00:44,325
ချိုးရေပေးခြင်းလည်း မရဘူးနော်။

15
00:00:44,325 --> 00:00:48,145
အဲတော့ တချို့ တောရွာတွေမှာ ကြုံဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ရေတွင်းတူးထားတာလေ။

16
00:00:48,145 --> 00:00:50,595
အဲတော့ ဘုန်းကြီးကျောင်းမှာ ရေလာခပ်ကြတယ်။

17
00:00:50,595 --> 00:00:52,974
ဒါမျိုးတွေလည်း ဒါ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။

18
00:00:52,974 --> 00:00:56,073
ချိုးရေပေးခြင်း၊ မျက်နှာသစ်ရေပေးခြင်း တစ်ခုမှ မရဘူးလေ။

19
00:00:56,073 --> 00:01:02,343
ရေပေးလို့ မရဘူး။ အဲတော့ စကတည်းက လူတွေကနေပြီးတော့ သူတို့ဘာသာသူတို့ ကျောင်းနားမှာ သူတို့လာတူးထားတာ ပြဿနာမရှိဘူး။

20
00:01:02,343 --> 00:01:07,893
ဘုန်းကြီးတွေက သူတို့ဘာသာသူတို့ ကျောင်းသံဃာသုံးဖို့အတွက် တူးထားတဲ့ ဥစ္စာကို လူတွေလာတောင်းတယ်ဆို ဘုန်းကြီးတွေ ပေးလို့မရဘူး ဒီရေကို။

21
00:01:07,893 --> 00:01:10,271
ဘုန်းကြီးတွေရဲ့ အဝီစိတွင်းရေ ပေးလို့မရဘူး။

22
00:01:10,271 --> 00:01:12,938
ဘုန်းကြီးတွေ အဲဒါ ရေပေးတဲ့အလုပ်ကို ဘုန်းကြီးတွေ လုပ်လို့မရဘူး။

23
00:01:12,938 --> 00:01:16,758
မျက်နှာသစ်ရေလည်း ပေးလို့မရဘူး၊ ချိုးရေလည်း ပေးလို့မရဘူး။ ဘုန်းကြီးတွေ ရေပေးခွင့်မရှိဘူး။

24
00:01:16,758 --> 00:01:20,145
ဟုတ်ပြီနော်၊ ဒါ သတိထားစရာတွေ တစ်ခုပဲ။ ဒါ အနေသနထဲမှာ ပါတယ်နော်။

25
00:01:20,145 --> 00:01:25,407
နောက်တစ်ခါ ဆပ်ပြာပေးခြင်း ပါပြီးသွားပြီ၊ မြေညက်ပေးခြင်း ပါပြီးသွားပြီ၊ ဝါးပေးခြင်း ပါပြီးသွားပြီ၊ ဆေးကုခြင်း ပါပြီးသွားပြီ။

26
00:01:25,407 --> 00:01:29,515
နောက် ဆွမ်းပေးခြင်း တိုးလာတယ်။ လက်ဆောင်ပေးခြင်းပေါ့ present နော် လက်ဆောင်ပေးခြင်းတွေ။

27
00:01:29,515 --> 00:01:34,055
နှစ်သစ်လက်ဆောင်ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာတို့ ဘုန်းကြီးနဲ့ လူနဲ့က ဘာမှမဆိုင်တဲ့ ကိစ္စတွေ ဒါတွေနော်။

28
00:01:34,055 --> 00:01:38,596
အဲတော့ သူ့မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့၊ ကိုယ့်မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့ အဆင်မပြေတဲ့ ကိစ္စတွေပေါ့နော်။

29
00:01:38,596 --> 00:01:42,704
လက်ဆောင်တော့ ဘုန်းကြီးဆီမှာလည်း သွားမတောင်းနဲ့၊ အရှင်ဘုရား လက်ဆောင်ပေးဦးလေဘုရား သွားမတောင်းနဲ့နော်။

30
00:01:42,704 --> 00:01:46,812
တချို့က သွားပြီးတော့ ခင်တဲ့အခါကျတော့လေ အရှင်ဘုရား တပည့်တော်ကို လက်ဆောင်မပါဘူးလားဘုရား ဆိုတာမျိုး လုပ်သေးတာနော်။

31
00:01:46,812 --> 00:01:49,912
မလုပ်ကောင်းပါဘူး၊ အဲဒီအကျင့်တွေ ဖျောက်ရတော့မယ်နော်။ အဲဒါတွေ ဖျောက်ရမယ်။

32
00:01:49,912 --> 00:01:52,290
အဲဒါ လက်ဆောင်တောင်းခြင်း မလုပ်ရပါဘူး။

33
00:01:52,290 --> 00:01:55,461
နောက် စေခိုင်းရာသို့ သွားခြင်း ခုနကလို ဒကာဒကာမတွေက ခိုင်းတာပေါ့။

34
00:01:55,461 --> 00:01:57,002
အရှင်ဘုရား ဘယ်သွားပေးပါဦး၊ အေး သွားလိုက်မယ် ဒကာမကြီး သွားလိုက်ဦးမယ်ဆို ခိုင်းတာ မသွားပေးရဘူး။

35
00:01:57,002 --> 00:02:00,002
စေခိုင်းရာကို အလုပ်ပေးခြင်းပေါ့နော်၊ ဘာလေးလုပ်ပေးပါဦးဘုရား မလုပ်ပေးရဘူးနော်။
