အနေသန မချာမီသင့်နဲ့ ချာမီခြင်းလို့ ခေါ်တာ။ သူက န ဧသန နှစ်ပုဒ်ပေါင်းထားတာ။ ဧသန ဆိုတာ ချာမီခြင်း၊ န ဆိုတာက မသင့်ဘူးလို့ ပြောတာ။ အဲတော့ မချာမီသင့်ဘူး၊ မလုပ်သင့်ဘူးလို့ ဆိုလိုတာ။ အဲတော့ ရဟန်းတွေ မလုပ်သင့်တဲ့ အလုပ် ၂၁ ခု ရှိတယ်ပေါ့။ အဲဒီထဲမှာလည်း ခုနက ပါပြီးသား အချက်တွေ ပြန်ပါလာတယ်။ ပန်းပေးခြင်း၊ သစ်သီးပေးခြင်း၊ သစ်ရွက်ပေးခြင်းတဲ့။ အဲတော့ သစ်ရွက်ဆိုတာက သူတို့ခေတ်က ဒီခေါင်မိုးတွေမှာ မိုးလို့ရတယ်။ သက်ကယ်မိုး ပုံစံမျိုးလေး၊ အဲလိုမျိုး အင်ဖက်တွေဘာတွေဆို ဦးဇင်းတို့က မိုးလို့ရတယ်လေ။ အဲလိုမျိုး အသုံးပြုလို့ရတဲ့ သစ်ရွက်တွေပေါ့နော်။ နောက် ဟင်းရွက်တွေ ပုံစံမျိုးလေး စားလို့ရတဲ့ ဟင်းရွက်တွေဘာတွေဆိုတာ သစ်ရွက်ထဲမှာ ပါတယ်ပေါ့။ အဲဒါမျိုးတွေ မပေးကောင်းဘူးပေါ့။ နောက် ဒန်ပူပေးတာ၊ ဒါပြောပြီး မျက်နှာသစ်ရေ၊ နောက် ရေတွေဘာတွေ ပေးတာ။ ချိုးရေပေးခြင်းလည်း မရဘူးနော်။ အဲတော့ တချို့ တောရွာတွေမှာ ကြုံဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ရေတွင်းတူးထားတာလေ။ အဲတော့ ဘုန်းကြီးကျောင်းမှာ ရေလာခပ်ကြတယ်။ ဒါမျိုးတွေလည်း ဒါ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ ချိုးရေပေးခြင်း၊ မျက်နှာသစ်ရေပေးခြင်း တစ်ခုမှ မရဘူးလေ။ ရေပေးလို့ မရဘူး။ အဲတော့ စကတည်းက လူတွေကနေပြီးတော့ သူတို့ဘာသာသူတို့ ကျောင်းနားမှာ သူတို့လာတူးထားတာ ပြဿနာမရှိဘူး။ ဘုန်းကြီးတွေက သူတို့ဘာသာသူတို့ ကျောင်းသံဃာသုံးဖို့အတွက် တူးထားတဲ့ ဥစ္စာကို လူတွေလာတောင်းတယ်ဆို ဘုန်းကြီးတွေ ပေးလို့မရဘူး ဒီရေကို။ ဘုန်းကြီးတွေရဲ့ အဝီစိတွင်းရေ ပေးလို့မရဘူး။ ဘုန်းကြီးတွေ အဲဒါ ရေပေးတဲ့အလုပ်ကို ဘုန်းကြီးတွေ လုပ်လို့မရဘူး။ မျက်နှာသစ်ရေလည်း ပေးလို့မရဘူး၊ ချိုးရေလည်း ပေးလို့မရဘူး။ ဘုန်းကြီးတွေ ရေပေးခွင့်မရှိဘူး။ ဟုတ်ပြီနော်၊ ဒါ သတိထားစရာတွေ တစ်ခုပဲ။ ဒါ အနေသနထဲမှာ ပါတယ်နော်။ နောက်တစ်ခါ ဆပ်ပြာပေးခြင်း ပါပြီးသွားပြီ၊ မြေညက်ပေးခြင်း ပါပြီးသွားပြီ၊ ဝါးပေးခြင်း ပါပြီးသွားပြီ၊ ဆေးကုခြင်း ပါပြီးသွားပြီ။ နောက် ဆွမ်းပေးခြင်း တိုးလာတယ်။ လက်ဆောင်ပေးခြင်းပေါ့ present နော် လက်ဆောင်ပေးခြင်းတွေ။ နှစ်သစ်လက်ဆောင်ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာတို့ ဘုန်းကြီးနဲ့ လူနဲ့က ဘာမှမဆိုင်တဲ့ ကိစ္စတွေ ဒါတွေနော်။ အဲတော့ သူ့မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့၊ ကိုယ့်မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့ အဆင်မပြေတဲ့ ကိစ္စတွေပေါ့နော်။ လက်ဆောင်တော့ ဘုန်းကြီးဆီမှာလည်း သွားမတောင်းနဲ့၊ အရှင်ဘုရား လက်ဆောင်ပေးဦးလေဘုရား သွားမတောင်းနဲ့နော်။ တချို့က သွားပြီးတော့ ခင်တဲ့အခါကျတော့လေ အရှင်ဘုရား တပည့်တော်ကို လက်ဆောင်မပါဘူးလားဘုရား ဆိုတာမျိုး လုပ်သေးတာနော်။ မလုပ်ကောင်းပါဘူး၊ အဲဒီအကျင့်တွေ ဖျောက်ရတော့မယ်နော်။ အဲဒါတွေ ဖျောက်ရမယ်။ အဲဒါ လက်ဆောင်တောင်းခြင်း မလုပ်ရပါဘူး။ နောက် စေခိုင်းရာသို့ သွားခြင်း ခုနကလို ဒကာဒကာမတွေက ခိုင်းတာပေါ့။ အရှင်ဘုရား ဘယ်သွားပေးပါဦး၊ အေး သွားလိုက်မယ် ဒကာမကြီး သွားလိုက်ဦးမယ်ဆို ခိုင်းတာ မသွားပေးရဘူး။ စေခိုင်းရာကို အလုပ်ပေးခြင်းပေါ့နော်၊ ဘာလေးလုပ်ပေးပါဦးဘုရား မလုပ်ပေးရဘူးနော်။