1
00:00:00,000 --> 00:00:04,280
ကလေးထိန်းပေးခြင်း ဒါမျိုး မလုပ်ရဘူးနော်။ ကလေးထိန်းတဲ့ အလုပ် ဘုန်းကြီးအလုပ် မဟုတ်ဘူး။

2
00:00:04,280 --> 00:00:07,937
နော် ကလေးထိန်းတာ မလုပ်ရဘူး။ ဘုန်းကြီးက ကလေးထိန်းတဲ့ အလုပ် မထိုက်တန်ပါဘူး။

3
00:00:07,937 --> 00:00:12,295
အဲ့တော့ ဟို ကလေးပွေ့ချီတာတွေလည်း ပါတာပေါ့ အဲ့ထဲမှာလေ။ ထိန်းတယ်ဆိုတဲ့ နေရာမှာလေ။

4
00:00:12,295 --> 00:00:14,397
ကလေးတွေဘာတွေ ပွေ့ချီတဲ့ အလုပ်တွေ မလုပ်ရဘူး။

5
00:00:14,397 --> 00:00:18,054
နောက် လိုက်လျော၍ ပြောဆိုခြင်းဆိုတာက ဟို လူအကြိုက်ကို လိုက်ပြောတာ။

6
00:00:18,054 --> 00:00:21,401
မဟုတ်မမှန်ဘဲနဲ့ ပြောတာနော်။ ဟုတ်မှန်တာကို လိုက်ပြောတာ ပြဿနာမရှိဘူး။

7
00:00:21,401 --> 00:00:25,525
မဟုတ်ဘဲနဲ့ သူတို့ သဘောကျအောင် လိုက်ပြောတာ သဘော မလုပ်ရဘူး ဒါနော်။

8
00:00:25,525 --> 00:00:29,961
ဒါ ဟို လူတွေကို ဖားတဲ့ သဘောလည်း ဖြစ်စေရဘူး ဆိုလိုတာပဲ အဓိကတော့နော်။ အဲ့သဘော မဖြစ်စေရဘူးပဲ။

9
00:00:29,961 --> 00:00:33,619
နောက် မိမိကိုယ်ကို အောက်ချ၍ ဒကာကို မြှောက်ပင့် ပြောဆိုခြင်းဆိုတာ

10
00:00:33,619 --> 00:00:36,965
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းခြင်း လူတွေနဲ့ ပတ်သက်လာလို့ရှိရင်လေ။

11
00:00:36,965 --> 00:00:40,623
မလုပ်ရဘူး ဘုန်းကြီးဆိုတာ အဲ့လိုမျိုး အောက်သံနဲ့ကျ မလုပ်ရဘူး လူတွေဆီမှာလည်းနော်။

12
00:00:40,623 --> 00:00:43,969
ဒကာကိုကျတော့ မြှောက်တယ်။ ကိုယ့်ကျတော့ နှိမ့်ချပြီး ပြောတယ်။

13
00:00:43,969 --> 00:00:48,405
ဒါက ကိုယ့်သံဃာချင်းချင်းသာ နှိမ့်ချရမှာ။ လူတွေရှေ့မှာ ဘုန်းကြီးဆိုတာ နှိမ့်ချပြောတာမျိုး မဟုတ်ဘူး။

14
00:00:48,405 --> 00:00:53,308
နောက် မြေ၏ အကျိုးအပြစ်ကို ဟောပြောခြင်းဆိုတာက ဒီမြေမှာ ဟို ဆိုင်ခန်းဖွင့်ရင် ကောင်းတယ်။

15
00:00:53,308 --> 00:00:57,744
ဒီမြေက ဘူမိနက်သန်မြေ ဘာညာပေါ့ ဟောပြောတာလေ။ အဲ့ဒီနေရာက မြေကောင်း၊ အောင်မြေ။

16
00:00:57,744 --> 00:01:01,868
ဒီနေရာမှာ ဆိုင်ခန်းဖွင့်၊ အရှေ့ဘက်ကို လှည့်၊ အနောက်ဘက်ကို လှည့် ဒါမျိုးတွေပေါ့နော်။

17
00:01:01,868 --> 00:01:07,083
ဆိုင်ခန်းတွေ၊ ကုမ္ပဏီတွေ၊ အိမ်တွေ ဆောက်ဖို့အတွက်ကို နမိတ်တွေဘာတွေ မြေတွေဘာတွေ သွားသတ်မှတ်ပေးတာမျိုး မလုပ်ရဘူး။

18
00:01:07,083 --> 00:01:11,207
အဲ့တော့ ဘုန်းကြီးကို သွားမပင့်နဲ့။ အရှင်ဘုရား လိုက်ကြည့်ပေးပါဦး တပည့်တော်တို့ မြေလေးဘာလေး။

19
00:01:11,207 --> 00:01:14,865
သွားမပင့်နဲ့နော်။ မလုပ်ရဘူး ဒါနော်။ ဟို ပရိတ်ရွတ်ဖို့ ပင့်တာ ပင့်လို့ရတယ်။

20
00:01:14,865 --> 00:01:18,211
အဲ့တော့ မြေကောင်းလား ဆိုးလား သွားဘုန်းကြီး မမေးနဲ့နော်။

21
00:01:18,211 --> 00:01:21,869
တပည့်တော်တို့က ဒီမြေမှာ အိမ်ဆောက်သင့်လား မဆောက်သင့်လား ကြည့်ပေးပါဦး ဘုရားနော်။

22
00:01:21,869 --> 00:01:25,993
အဲ့ဒါ မလုပ်ရဘူး။ အဲ့ဒါ မမေးရဘူး။ ဘုန်းကြီးဆိုတာက ဟို ဗေဒင်ဆရာမှ မဟုတ်တာနော်။

23
00:01:25,993 --> 00:01:30,118
အဲ့တော့ ကိုးကွယ်မှု မှားနေတယ်။ ဘုန်းကြီးနဲ့ ဗေဒင်ဆရာနဲ့ကို လွဲနေတာ ဖြစ်နေတယ်နော်။

24
00:01:30,118 --> 00:01:34,320
နောက် ၂၂ က နက္ခတ်ဗေဒင် ဟောခြင်းပေါ့။ နက္ခတ်လည်း မပြောရဘူး၊ ဗေဒင်လည်း မပြောရဘူးနော်။

25
00:01:34,320 --> 00:01:39,223
အား ဒကာကြီးတွေ ဒီနက္ခတ်နဲ့ ဒီနက္ခတ် ချိတ်နေပြီ။ ဒီအချိန်မှာ အကောင်းဆုံးပဲ။ စီးပွားရေးလုပ် အောင်မြင်မယ်။

26
00:01:39,223 --> 00:01:42,881
နောက် ဒီအချိန်မှာ ကုမ္ပဏီဖွင့်၊ ဘယ်နေ့ကျရင် ရုံးခန်းဖွင့် ကောင်းတယ်ဆိုတာ။

27
00:01:42,881 --> 00:01:46,227
အဲ့လို အခါပေးတာမျိုးတွေ မလုပ်ရဘူး။ အခါပေးတွေ ရဟန်းအလုပ် မဟုတ်ဘူးနော်။

28
00:01:46,227 --> 00:01:49,885
အခါပေးခြင်းအလုပ် ရဟန်းအလုပ် မဟုတ်ဘူး။ ဗေဒင်ဟောတာ ရဟန်းအလုပ် မဟုတ်ဘူးနော်။

29
00:01:49,885 --> 00:01:54,788
နောက် အင်္ဂါဝိဇ္ဇာ ဟောခြင်း အတူတူပဲပေါ့နော်။ ဒါ ခန္ဓာကိုယ် အင်္ဂါတွေ ကြည့်ပြီးတော့ သတ်မှတ်ပြောတာလေ။

30
00:01:54,788 --> 00:01:57,002
အဲ့ဒီ မင်းအင်္ဂါက ဒါ မင်းဖြစ်မယ့် အင်္ဂါပဲ၊ သူဌေးဖြစ်မယ့် အင်္ဂါပဲ ဆိုတာမျိုး ဟောပြောတာတွေ ရဟန်း မလုပ်ရပါဘူးနော်။

31
00:01:57,002 --> 00:02:00,002
အဲ့တော့ အဲ့လို လုပ်လို့ရတဲ့ ပစ္စည်းတွေဟာ ဘယ်သံဃာမှ ဘယ်ဝိနည်းမှ မသုံးကောင်းတဲ့ ပစ္စည်းတွေ။
