ကလေးထိန်းပေးခြင်း ဒါမျိုး မလုပ်ရဘူးနော်။ ကလေးထိန်းတဲ့ အလုပ် ဘုန်းကြီးအလုပ် မဟုတ်ဘူး။ နော် ကလေးထိန်းတာ မလုပ်ရဘူး။ ဘုန်းကြီးက ကလေးထိန်းတဲ့ အလုပ် မထိုက်တန်ပါဘူး။ အဲ့တော့ ဟို ကလေးပွေ့ချီတာတွေလည်း ပါတာပေါ့ အဲ့ထဲမှာလေ။ ထိန်းတယ်ဆိုတဲ့ နေရာမှာလေ။ ကလေးတွေဘာတွေ ပွေ့ချီတဲ့ အလုပ်တွေ မလုပ်ရဘူး။ နောက် လိုက်လျော၍ ပြောဆိုခြင်းဆိုတာက ဟို လူအကြိုက်ကို လိုက်ပြောတာ။ မဟုတ်မမှန်ဘဲနဲ့ ပြောတာနော်။ ဟုတ်မှန်တာကို လိုက်ပြောတာ ပြဿနာမရှိဘူး။ မဟုတ်ဘဲနဲ့ သူတို့ သဘောကျအောင် လိုက်ပြောတာ သဘော မလုပ်ရဘူး ဒါနော်။ ဒါ ဟို လူတွေကို ဖားတဲ့ သဘောလည်း ဖြစ်စေရဘူး ဆိုလိုတာပဲ အဓိကတော့နော်။ အဲ့သဘော မဖြစ်စေရဘူးပဲ။ နောက် မိမိကိုယ်ကို အောက်ချ၍ ဒကာကို မြှောက်ပင့် ပြောဆိုခြင်းဆိုတာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းခြင်း လူတွေနဲ့ ပတ်သက်လာလို့ရှိရင်လေ။ မလုပ်ရဘူး ဘုန်းကြီးဆိုတာ အဲ့လိုမျိုး အောက်သံနဲ့ကျ မလုပ်ရဘူး လူတွေဆီမှာလည်းနော်။ ဒကာကိုကျတော့ မြှောက်တယ်။ ကိုယ့်ကျတော့ နှိမ့်ချပြီး ပြောတယ်။ ဒါက ကိုယ့်သံဃာချင်းချင်းသာ နှိမ့်ချရမှာ။ လူတွေရှေ့မှာ ဘုန်းကြီးဆိုတာ နှိမ့်ချပြောတာမျိုး မဟုတ်ဘူး။ နောက် မြေ၏ အကျိုးအပြစ်ကို ဟောပြောခြင်းဆိုတာက ဒီမြေမှာ ဟို ဆိုင်ခန်းဖွင့်ရင် ကောင်းတယ်။ ဒီမြေက ဘူမိနက်သန်မြေ ဘာညာပေါ့ ဟောပြောတာလေ။ အဲ့ဒီနေရာက မြေကောင်း၊ အောင်မြေ။ ဒီနေရာမှာ ဆိုင်ခန်းဖွင့်၊ အရှေ့ဘက်ကို လှည့်၊ အနောက်ဘက်ကို လှည့် ဒါမျိုးတွေပေါ့နော်။ ဆိုင်ခန်းတွေ၊ ကုမ္ပဏီတွေ၊ အိမ်တွေ ဆောက်ဖို့အတွက်ကို နမိတ်တွေဘာတွေ မြေတွေဘာတွေ သွားသတ်မှတ်ပေးတာမျိုး မလုပ်ရဘူး။ အဲ့တော့ ဘုန်းကြီးကို သွားမပင့်နဲ့။ အရှင်ဘုရား လိုက်ကြည့်ပေးပါဦး တပည့်တော်တို့ မြေလေးဘာလေး။ သွားမပင့်နဲ့နော်။ မလုပ်ရဘူး ဒါနော်။ ဟို ပရိတ်ရွတ်ဖို့ ပင့်တာ ပင့်လို့ရတယ်။ အဲ့တော့ မြေကောင်းလား ဆိုးလား သွားဘုန်းကြီး မမေးနဲ့နော်။ တပည့်တော်တို့က ဒီမြေမှာ အိမ်ဆောက်သင့်လား မဆောက်သင့်လား ကြည့်ပေးပါဦး ဘုရားနော်။ အဲ့ဒါ မလုပ်ရဘူး။ အဲ့ဒါ မမေးရဘူး။ ဘုန်းကြီးဆိုတာက ဟို ဗေဒင်ဆရာမှ မဟုတ်တာနော်။ အဲ့တော့ ကိုးကွယ်မှု မှားနေတယ်။ ဘုန်းကြီးနဲ့ ဗေဒင်ဆရာနဲ့ကို လွဲနေတာ ဖြစ်နေတယ်နော်။ နောက် ၂၂ က နက္ခတ်ဗေဒင် ဟောခြင်းပေါ့။ နက္ခတ်လည်း မပြောရဘူး၊ ဗေဒင်လည်း မပြောရဘူးနော်။ အား ဒကာကြီးတွေ ဒီနက္ခတ်နဲ့ ဒီနက္ခတ် ချိတ်နေပြီ။ ဒီအချိန်မှာ အကောင်းဆုံးပဲ။ စီးပွားရေးလုပ် အောင်မြင်မယ်။ နောက် ဒီအချိန်မှာ ကုမ္ပဏီဖွင့်၊ ဘယ်နေ့ကျရင် ရုံးခန်းဖွင့် ကောင်းတယ်ဆိုတာ။ အဲ့လို အခါပေးတာမျိုးတွေ မလုပ်ရဘူး။ အခါပေးတွေ ရဟန်းအလုပ် မဟုတ်ဘူးနော်။ အခါပေးခြင်းအလုပ် ရဟန်းအလုပ် မဟုတ်ဘူး။ ဗေဒင်ဟောတာ ရဟန်းအလုပ် မဟုတ်ဘူးနော်။ နောက် အင်္ဂါဝိဇ္ဇာ ဟောခြင်း အတူတူပဲပေါ့နော်။ ဒါ ခန္ဓာကိုယ် အင်္ဂါတွေ ကြည့်ပြီးတော့ သတ်မှတ်ပြောတာလေ။ အဲ့ဒီ မင်းအင်္ဂါက ဒါ မင်းဖြစ်မယ့် အင်္ဂါပဲ၊ သူဌေးဖြစ်မယ့် အင်္ဂါပဲ ဆိုတာမျိုး ဟောပြောတာတွေ ရဟန်း မလုပ်ရပါဘူးနော်။ အဲ့တော့ အဲ့လို လုပ်လို့ရတဲ့ ပစ္စည်းတွေဟာ ဘယ်သံဃာမှ ဘယ်ဝိနည်းမှ မသုံးကောင်းတဲ့ ပစ္စည်းတွေ။