ခုန ကုလဒူသန ၈ ပါး၊ အနေသန ၂၁ ပါး။ အဲ့ဒီကိစ္စတွေဟာ ရဟန်းတော်တွေ လုံးဝမလုပ်ရပါဘူး။ ဒီလိုလုပ်လို့ ရလာတဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးသည် ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မသုံးကောင်းပါဘူး။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ပရဟိတလုပ်ငန်းတွေက နည်းနည်းစဉ်းစားစရာရှိတယ်နော် ဒီကိစ္စတွေမှာ။ အဲ့တော့ ဒီ ကုလဒူသနကိစ္စ၊ အနေသနကိစ္စနဲ့ သွားငြိတွယ်နေတယ်။ အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ သီတဂူဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့က ဝိနိစ္ဆယတစ်ခု စာတမ်းတစ်ခုကို ရေးခဲ့သေးတယ်။ ဟို အချို့ကလည်း ဒီလိုပြောတာလေ။ မျှော်လင့်ချက်မရှိဘဲနဲ့ တမင်တကာ ဂရုဏာစိတ်နဲ့ သနားစိတ်နဲ့ လုပ်ရင်ရော မရဘူးလားလို့ မေးကြတာလေ။ ဘာမှသူတို့ဆီက မမျှော်လင့်ဘူး။ သူတို့ငါ့ကို လှူပါစေ၊ ပေးပါစေဆိုတဲ့စိတ် လုံးဝမပါဘူး။ မရဘူး။ ရွှေကျင်ဆရာတော်ကြီးက လုံးဝမရဘူး။ အာမိသကို မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မပေးရဘူး။ အဲ့တော့ အာမိသကို မျှော်လင့်ပြီး ပေးလို့ရှိရင် ဦးဇင်းတို့ ကုလဒူသနလည်းဖြစ်တယ်၊ မိစ္ဆာဇီဝလည်းဖြစ်တယ်။ အာပတ်နှစ်ချက်တောင် သင့်တယ် သူက။ သုံးချက်သင့်တယ် နောက်တစ်ခုက။ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့ လှူထားတဲ့ပစ္စည်းကို လူတကာကို ပေးလိုက်တဲ့အတွက်ကြောင့် အာပတ်တစ်ချက် ထပ်သင့်ပြန်တယ်။ သူက သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်လို့ ခေါ်တယ်။ အာပတ်သုံးချက်သင့်တယ်။ ဟုတ်ပြီနော်။ မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုငါ ရေပေးလိုက်လို့ရှိရင်ပေါ့။ ဘုန်းကြီးက ပရဟိတ ထောက်ကူထောင်ထားတယ်၊ ရေပေးဝေတဲ့ ပရဟိတတစ်ခု လုပ်မယ်။ အဲ့တော့ ရေတွေပေးဝေလို့ရှိရင် ငါ့ကိုလူတွေက ကြည်ညိုကြလိမ့်မယ်။ ငါ့ကိုကျောင်းတွေ လာဆောက်ပေးကြလိမ့်မယ်၊ ပစ္စည်းလေးပါးတွေ လာလှူကြလိမ့်မယ်ဆိုတဲ့ အနေနဲ့ မျှော်လင့်ချက်ထားမယ်ပေါ့။ အဲ့လိုမျှော်လင့်ချက်ထားပြီးတော့ အဲ့ဒီရေပေးဝေတဲ့အလုပ်ကို လုပ်ခဲ့ရင်။ ဟုတ်ပြီနော်။ အဲ့ဒါဆိုရင် သူက မျှော်လင့်ချက်ထားတဲ့အတွက်ကြောင့် သူ့ကို မိစ္ဆာဇီဝလို့ ခေါ်တယ်။ အဲ့တော့ ဒုက္ကဋ်တစ်ချက်သင့်တယ်။ နောက်တစ်ခါ ဟို လူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တဲ့အတွက်ကြောင့် ကုလဒူသန ဒုက္ကဋ်တစ်ချက် ထပ်သင့်ပြန်တယ်။ နောက်တစ်ခါ ဒကာဒကာမတွေ ဒီရေပေးတဲ့ ဝတ္ထုငွေတွေက ဒကာဒကာမတွေ သဒ္ဓါတရားလှူထားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်။ အဲ့တော့ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့လှူထားတဲ့ ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ဒုက္ကဋ်ပဲ တစ်ချက်ထပ်သင့်ပြန်တယ်။ အဲ့တော့ အာပတ်သုံးချက်သင့်တယ်လို့ ဦးဇင်းတို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးဖြတ်ထားတာ။ ရွှေကျင်ဆရာတော်ကြီးရဲ့ ဒီကုလဒူသန ဝိနိစ္ဆယရှိတယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးခဲ့ရင် အာပတ်သုံးချက်။ မျှော်လင့်ချက်မပါဘဲ ပေးခဲ့ရင် နှစ်ချက်။ သူက ကုလဒူသန မျှော်လင့်ချက်မပါဘဲနဲ့ ပေးခဲ့ရင်တော့ မိစ္ဆာဇီဝတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကုလဒူသန အာပတ်သင့်တယ်။