[00:00.000] ခုန ကုလဒူသန ၈ ပါး၊ အနေသန ၂၁ ပါး။ [00:03.500] အဲ့ဒီကိစ္စတွေဟာ ရဟန်းတော်တွေ လုံးဝမလုပ်ရပါဘူး။ [00:06.800] ဒီလိုလုပ်လို့ ရလာတဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးသည် ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မသုံးကောင်းပါဘူး။ [00:13.200] အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ပရဟိတလုပ်ငန်းတွေက နည်းနည်းစဉ်းစားစရာရှိတယ်နော် ဒီကိစ္စတွေမှာ။ [00:18.500] အဲ့တော့ ဒီ ကုလဒူသနကိစ္စ၊ အနေသနကိစ္စနဲ့ သွားငြိတွယ်နေတယ်။ [00:22.400] အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ သီတဂူဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့က ဝိနိစ္ဆယတစ်ခု စာတမ်းတစ်ခုကို ရေးခဲ့သေးတယ်။ [00:29.500] ဟို အချို့ကလည်း ဒီလိုပြောတာလေ။ [00:31.800] မျှော်လင့်ချက်မရှိဘဲနဲ့ တမင်တကာ ဂရုဏာစိတ်နဲ့ သနားစိတ်နဲ့ လုပ်ရင်ရော မရဘူးလားလို့ မေးကြတာလေ။ [00:37.500] ဘာမှသူတို့ဆီက မမျှော်လင့်ဘူး။ သူတို့ငါ့ကို လှူပါစေ၊ ပေးပါစေဆိုတဲ့စိတ် လုံးဝမပါဘူး။ [00:42.800] မရဘူး။ ရွှေကျင်ဆရာတော်ကြီးက လုံးဝမရဘူး။ အာမိသကို မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မပေးရဘူး။ [00:49.500] အဲ့တော့ အာမိသကို မျှော်လင့်ပြီး ပေးလို့ရှိရင် ဦးဇင်းတို့ ကုလဒူသနလည်းဖြစ်တယ်၊ မိစ္ဆာဇီဝလည်းဖြစ်တယ်။ အာပတ်နှစ်ချက်တောင် သင့်တယ် သူက။ [00:57.200] သုံးချက်သင့်တယ် နောက်တစ်ခုက။ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့ လှူထားတဲ့ပစ္စည်းကို လူတကာကို ပေးလိုက်တဲ့အတွက်ကြောင့် အာပတ်တစ်ချက် ထပ်သင့်ပြန်တယ်။ [01:05.500] သူက သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်လို့ ခေါ်တယ်။ အာပတ်သုံးချက်သင့်တယ်။ ဟုတ်ပြီနော်။ [01:11.200] မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုငါ ရေပေးလိုက်လို့ရှိရင်ပေါ့။ [01:15.500] ဘုန်းကြီးက ပရဟိတ ထောက်ကူထောင်ထားတယ်၊ ရေပေးဝေတဲ့ ပရဟိတတစ်ခု လုပ်မယ်။ [01:20.200] အဲ့တော့ ရေတွေပေးဝေလို့ရှိရင် ငါ့ကိုလူတွေက ကြည်ညိုကြလိမ့်မယ်။ [01:24.500] ငါ့ကိုကျောင်းတွေ လာဆောက်ပေးကြလိမ့်မယ်၊ ပစ္စည်းလေးပါးတွေ လာလှူကြလိမ့်မယ်ဆိုတဲ့ အနေနဲ့ မျှော်လင့်ချက်ထားမယ်ပေါ့။ [01:30.800] အဲ့လိုမျှော်လင့်ချက်ထားပြီးတော့ အဲ့ဒီရေပေးဝေတဲ့အလုပ်ကို လုပ်ခဲ့ရင်။ [01:35.500] ဟုတ်ပြီနော်။ အဲ့ဒါဆိုရင် သူက မျှော်လင့်ချက်ထားတဲ့အတွက်ကြောင့် သူ့ကို မိစ္ဆာဇီဝလို့ ခေါ်တယ်။ [01:40.800] အဲ့တော့ ဒုက္ကဋ်တစ်ချက်သင့်တယ်။ [01:42.500] နောက်တစ်ခါ ဟို လူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တဲ့အတွက်ကြောင့် ကုလဒူသန ဒုက္ကဋ်တစ်ချက် ထပ်သင့်ပြန်တယ်။ [01:48.800] နောက်တစ်ခါ ဒကာဒကာမတွေ ဒီရေပေးတဲ့ ဝတ္ထုငွေတွေက ဒကာဒကာမတွေ သဒ္ဓါတရားလှူထားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်။ [01:55.200] အဲ့တော့ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့လှူထားတဲ့ ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ဒုက္ကဋ်ပဲ တစ်ချက်ထပ်သင့်ပြန်တယ်။ [02:01.800] အဲ့တော့ အာပတ်သုံးချက်သင့်တယ်လို့ ဦးဇင်းတို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးဖြတ်ထားတာ။ [02:06.500] ရွှေကျင်ဆရာတော်ကြီးရဲ့ ဒီကုလဒူသန ဝိနိစ္ဆယရှိတယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးခဲ့ရင် အာပတ်သုံးချက်။ [02:12.800] မျှော်လင့်ချက်မပါဘဲ ပေးခဲ့ရင် နှစ်ချက်။ [02:15.500] သူက ကုလဒူသန မျှော်လင့်ချက်မပါဘဲနဲ့ ပေးခဲ့ရင်တော့ မိစ္ဆာဇီဝတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကုလဒူသန အာပတ်သင့်တယ်။