1
00:00:00,000 --> 00:00:05,500
နဲ့ နောက် သဒ္ဓါဒေယျ ဝိနိပါတ လို့ ခေါ်တဲ့ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှု အာပတ် တစ်ချက် ထပ်သင့်တယ်။

2
00:00:05,500 --> 00:00:10,199
အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးရင် သုံးချက်၊ မျှော်လင့်ချက် မပါဘဲ ပေးရင် နှစ်ချက်။

3
00:00:10,199 --> 00:00:16,800
နော်။ အဲ့ဒါ ဦးဇင်းတို့ အကျယ်တဝင့် ဖတ်ချင်ရင်တော့ ရွှေကျင်ဆရာတော်ကြီးရဲ့ ဧကုနုတ္တရ ဝိနိစ္ဆယ စာတမ်းထဲမှာ ဖတ်လို့ ရပါတယ်။

4
00:00:16,800 --> 00:00:23,500
ဒါ အကျဉ်းချုပ်လေး ပြောပြတာနော်။ တချို့က "တပည့်တော်တို့က ဘာမှ မမျှော်လင့်ဘူး၊ လူတွေ ချမ်းသာဖို့ပဲ ပေးတာပါ" လို့ ပြောတတ်လို့ ဒီဟာကို ပြောပြတာနော်။

5
00:00:23,500 --> 00:00:28,199
အဲ့ဒါ ဦးဇင်းတို့ ဒါကို ထောက်ဆသောအားဖြင့် ဘယ်နည်းနဲ့မှ ဦးဇင်းတို့ လုပ်လို့ မရဘူးဆိုတာ ပေါ်သွားတယ်။

6
00:00:28,199 --> 00:00:30,500
နော်။ လုပ်လို့ မရဘူး။

7
00:00:30,500 --> 00:00:33,673
အဲ့တော့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မလုပ်ရပါဘူးနော်။
