[00:00.000] နဲ့ နောက် သဒ္ဓါဒေယျ ဝိနိပါတ လို့ ခေါ်တဲ့ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှု အာပတ် တစ်ချက် ထပ်သင့်တယ်။ [00:05.500] အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးရင် သုံးချက်၊ မျှော်လင့်ချက် မပါဘဲ ပေးရင် နှစ်ချက်။ [00:10.200] နော်။ အဲ့ဒါ ဦးဇင်းတို့ အကျယ်တဝင့် ဖတ်ချင်ရင်တော့ ရွှေကျင်ဆရာတော်ကြီးရဲ့ ဧကုနုတ္တရ ဝိနိစ္ဆယ စာတမ်းထဲမှာ ဖတ်လို့ ရပါတယ်။ [00:16.800] ဒါ အကျဉ်းချုပ်လေး ပြောပြတာနော်။ တချို့က "တပည့်တော်တို့က ဘာမှ မမျှော်လင့်ဘူး၊ လူတွေ ချမ်းသာဖို့ပဲ ပေးတာပါ" လို့ ပြောတတ်လို့ ဒီဟာကို ပြောပြတာနော်။ [00:23.500] အဲ့ဒါ ဦးဇင်းတို့ ဒါကို ထောက်ဆသောအားဖြင့် ဘယ်နည်းနဲ့မှ ဦးဇင်းတို့ လုပ်လို့ မရဘူးဆိုတာ ပေါ်သွားတယ်။ [00:28.200] နော်။ လုပ်လို့ မရဘူး။ [00:30.500] အဲ့တော့ မျှော်လင့်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မလုပ်ရပါဘူးနော်။