1
00:00:00,000 --> 00:00:05,000
ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။

2
00:00:05,000 --> 00:00:10,000
စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။

3
00:00:10,000 --> 00:00:20,000
တရားတော် နာယူသည့် ယောဂဝေဒနာတစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။

4
00:00:20,000 --> 00:00:30,000
တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝ လွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။

5
00:00:30,000 --> 00:00:35,000
ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့ နော်။

6
00:00:35,000 --> 00:00:40,000
ဟို ရောဂါရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။

7
00:00:40,000 --> 00:00:50,000
သာမန် ဘာမှလည်း ရောဂါတစ်စုံတစ်ရာမရှိဘူး နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်၊ တချို့ ထီးမဆောင်းထားဘူး ထီးကို လက်က ကိုင်ထားတယ်၊ အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့ မရဘူး။

8
00:00:50,000 --> 00:01:00,000
လူမှာ အပြစ်ရှိတာ မဟုတ်ဘူးနော် ဒါ ရဟန်းမှာ အပြစ်မရှိတာ၊ အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မွေးဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့ သဘော။

9
00:01:00,000 --> 00:01:05,000
အဲတော့ ထီးကိုင်ထားတဲ့ လူကို တရားဟောခွင့် မရှိဘူး။ အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။

10
00:01:05,000 --> 00:01:10,000
နောက် ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။

11
00:01:10,000 --> 00:01:20,000
အဲတော့ ဆောင်းထားမှ မဟုတ်ဘူး အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့ နော်။

12
00:01:20,000 --> 00:01:25,000
အဲတော့ အောက်ကို ချထားမှ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။

13
00:01:25,000 --> 00:01:30,000
အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ ရပြီပေါ့။

14
00:01:30,000 --> 00:01:35,000
မရိုမသေတဲ့ သဘောပါတဲ့အတွက်ကြောင့်ပေါ့။

15
00:01:35,000 --> 00:01:45,000
မိမိထီးကို မိမိကိုယ်အင်္ဂါတစ်စုံတစ်ခုနဲ့ ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊ သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။

16
00:01:45,000 --> 00:01:50,000
ကိုယ်ကိုယ်တိုင် ဆောင်းထားတာတော့ မဟုတ်ဘူး သူများနောက်က ဆောင်းပေးလို့ ကိုယ်က လက်လွတ်ပြီး နာတာ ရတယ် နော်။

17
00:01:50,000 --> 00:01:55,000
အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။

18
00:01:55,000 --> 00:02:00,000
အဲတော့ လက်နဲ့ မကိုင်ထားရဘူး အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ် နော်။ အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ ရပြီ။ အဓိကတော့ လက်နဲ့ ကိုင်ထားခြင်း မရှိဖို့။
