စာမျက်နှာ ၇၂ နော်။ စာမျက်နှာ ၇၂။ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။ တရားတော် နာယူသည့် ယောဂဝေဒနာ တစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ၊ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။ တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ၊ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝလွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။ ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့နော်။ ဟို ယောဂရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။ သာမန် ဘာမှလည်း ယောဂတစ်စုံတစ်ရာမရှိဘူး၊ နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်၊ တချို့ ထီးမဆောင်းထားဘူး ထီးကို လက်ကကိုင်ထားတယ်၊ အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့မရဘူး။ ဟို လူမှာ အပြစ်ရှိတာမဟုတ်ဘူးနော်၊ ဒါ ရဟန်းမှာ အပြစ်မရှိတာ။ အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မွေးဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့သဘော။ အဲတော့ ထီးကိုင်ထားတဲ့လူကို တရားဟောခွင့်မရှိဘူး။ အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။ နောက် ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။ အဲတော့ ဆောင်းထားမှမဟုတ်ဘူး၊ အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့နော်။ အဲတော့ အောက်ကို ချထားမှ၊ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။ အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ရပြီပေါ့။ မရိုမသေတဲ့သဘော ပါတဲ့အတွက်ကြောင့်ပေါ့။ မိမိထီးကို မိမိကိုယ်အင်္ဂါ တစ်စုံတစ်ခုနှင့် ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊ သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။ ကိုယ်တိုင်ဆောင်းထားတာတော့ မဟုတ်ဘူး၊ သူများနောက်က ဆောင်းပေးလို့ ကိုယ်က လုပ်ရှိပြီး နာတာ ရတယ်နော်။ အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။ အဲတော့ လက်နဲ့ မကိုင်ထားရဘူး၊ အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ်နော်။ အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ရပြီ။ အဓိကတော့ လက်နဲ့ကိုင်ထားခြင်း မရှိဖို့။ စာထဲမှာက သူက န သတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာလို့ ပြောတာကိုး။ သတ္တပါဏိဿ ဆိုတာ လက်၌ ထီးရှိသူအား။