## PAGE 76

မဟာစည်ဆရာတော်
သာသနာ ၂၅၀၀ သက်တမ်းတွင် မြန်မာတို့ စွမ်းရည်ကို ပြသခွင့်ကြုံခဲ့သော ဆဋ္ဌသံဂါယနာပွဲကြီးသည် ဗုဒ္ဓဝါဒနှင့် မြန်မာနိုင်ငံကို ထွန်းပြရုံသာမက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိအားအစွမ်းကိုပါ ခန့်မှန်းကြည်ညိုခွင့် ပေးခဲ့လေသည်။

ဆဋ္ဌသံဂါယနာ၏ ပဓာနလုပ်ငန်းသည် ပါဠိတော်နှင့် အဋ္ဌကထာ ဋီကာ ၁၁၇ ကျမ်းကို စိစစ်တည်းဖြတ်၍ ပုံနှိပ်ထုတ်ဝေရသော လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းကို တာဝန်အများဆုံးယူ၍ ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များမှာ မဟာစည်ဆရာတော်နှင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရတို့ ဖြစ်ကုန်၏။

မဟာစည်ဆရာတော်ကား စာပေစိစစ်ရေး၌ ပို၍ပင် တာဝန်ယူခဲ့ရ၏။ သာသနာ့ဘုန်းကံ၊ မြန်မာတို့၏ ကုသိုလ်ကြောင့် ပေါ်ပေါက်ခဲ့ရသော ကျက်သရေဆောင် ဆင်ဖြူတော်ကြီးနှစ်စီးပင်ထို။ အရှင်မြတ်နှစ်ပါးလုံးပင် သံဂါယနာတင်ပွဲ ကျင်းပရာ၌လည်း အသီးသီး အမေးအဖြေပြု၍ တိပိဋကဓရဆရာတော်က အများဆုံးတာဝန်ယူ ဟောပြတော်မူခဲ့ရသည်။ မဟာစည်ဆရာတော်ကမူ တိပိဋကဓရဆရာတော်များ စိစစ်တော်မူခဲ့ကြသည်များကို သိမှတ်ကြည်ညိုဖွယ်ဖြစ်အောင် အထိုထိုကိစ္စတို့၌ တာဝန်ယူစိစစ်ပြတော်မူခဲ့ရသည်။

တိပိဋကဓရဆရာတော်၏ ဟောပြောမှုမှာ ဒကာ, ဒကာမတို့အတွက် ကြည့်ညိုမှုသဒ္ဓါပွားကြရသကဲ့သို့ မဟာစည်ဆရာတော်၏ ဟောပြောမှုမှာ သမိုင်းကြောင်း သုတေသန အဆုံးအဖြတ်များဖြင့် ဖော်ပြရာ ပါဠိကျမ်းတတ်ပုဂ္ဂိုလ်များအတွက် အသိဉာဏ်ပညာ ပွားကြရသည်။

ထိုစဉ်က သံဂါယနာတင်ပွဲ၌ အကြီးအကဲ သံဃမဟာနာယက ဖြစ်တော်မူသော “အဘိဓဇ မဟာရဋ္ဌဂုရု” မစိုးရိမ်ဆရာတော်ဘုရားကြီးက “မဟာစည်ဆရာတော်ဟာ သင်္ဂြိုဟ်-ဋီကာကျော် (ယခု ၉၆-ဆရာတို့နှစ်)၊ အခြားကျမ်းပြုဆရာတို့ မမြင်တဲ့အမှားများကိုတောင် မြင်အောင် ကြည့်နိုင်တယ်။ သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်း ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ နာမ်ရုပ်တို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ဖြင့် ပိုင်းခြားသိရမည် ဆိုထားရာမှာ ဒိဋ္ဌိဝိသုဒ္ဓိအခန်းကျမှသာ ပဒဋ္ဌာန်ဆိုသင့်ကြောင်း၊ ဒီကရှေ့ ကင်္ခါဝိတရဏဝိသုဒ္ဓိအခန်းမှာ မဆိုသင့်သေးကြောင်း သံဂါယနာစိစစ်ဟောပြောစဉ် မဟာစည်ဆရာတော်က ထောက်ပြနိုင်ခဲ့တယ်။ သာသူကိုမပြောနဲ့၊ တန်းတူပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး” ဟု အမိန့်ရှိခဲ့ဖူး၏။

“မဟာဋီကာကြီး နိဿယရေးဖို့ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကို သိလို့ပဲ တိုက်တွန်းခဲ့တယ်” ဟုလည်း ဝိသုဒ္ဓိမဂ်စိစစ်ရေးတွင် ပါဝင်ခဲ့ကြကုန်သော ဆရာတော်တို့က မိန့်တော်မူခဲ့ကြသည်။ မှန်လှပေ၏။ မဟာဋီကာကြီးမှာ ပါဠိကျွမ်းကျင်ရုံ၊ ပဋိပတ်နိုင်နင်းရုံမျှဖြင့် မြန်မာပြန်နိုင်သည်မဟုတ်ချေ။

## PAGE 77

အိန္ဒိယရှေးဟောင်းအယူဝါဒများ ပါဝင်နေသဖြင့် ဟိန္ဒီ၊ သက္ကတ၊ အင်္ဂလိပ်စာများကို ယခုခေတ်ကျမှသာ ပြည့်စုံမှသာလျှင် မဟာဋီကာ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို တတ်ကျွမ်းစွာ စွမ်းဆောင်နားလည်နိုင်ကြတော့သည်။ ထို့ကြောင့်လည်း—

### သတိပဋ္ဌာန် ကမ္ဘာအနှံ့

“ဝိပဿနာရှုနည်းကျမ်း” စသော ကျမ်းပေါင်း ၄၀ ကျော်ပင် ရှိနေပြီဖြစ်ရာ ထိုကျမ်းများက ဆရာတော်၏ “ဒေသနာပဋိဝေဓနှင့် ပဋိပတ္တိပဋိဝေဓဉာဏ်” ကို ထုတ်ဖော်ပြနေကြကုန်၏။ အလွန်ရိုး၍ ခြောက်သွေ့လှသော သုတ္တန်ပါဠိတော်များကိုပင် နာယူချင့်စဖွယ် တန်ဆာဆင်၍ ဟောပြောရေးသားထားသည်မှာလည်း ဆရာတော်၏ “ဒေသနာဝိလာသဉာဏ်” ကို သိသာပေါ်လွင်စေ၏။

ဆရာတော်၏ ပဋိသမ္ဘိဒါပတ္တ၏ အဓိပ္ပာယ်ကို အတိအကျသိလိုသောအခါ ကျမ်းဂန်တို့၌ လာသောစာများကို ဖတ်ရှုရသောဆန္ဒများ တဖွားဖွားဖြစ်ပေါ်လာရပေသည်။ ထိုကျမ်းစာများသည် အတုနှင့် အစစ်ကို စိစစ်၍ပြသော မှတ်ကျောက်များဖြစ်ကုန်၏။ ပဋိပတ်ရေကန်ကြီးကို လေးဖက်လေးတန် ကျားကန်၍ တမံတုတ်ပေးလိုက်သည်နှင့်လည်း တူလှပေသည်။

ဆရာတော်သည် ဝါ ၁၄ ဝါအရကပင် စတင်၍ ကမ္မဋ္ဌာန်းပြခဲ့ရာ ၁၃၁၁-ခုနှစ် ရန်ကုန်သို့ မကြွမီကပင် ဌာနခွဲပေါင်း ၃၀ ကျော် ရှိခဲ့၏။ ယခုအခါ မြန်မာနိုင်ငံ၌ ဌာနခွဲပေါင်း ၂၄၆-ဌာနရှိ၍ ယောဂီပေါင်း ရှစ်သိန်းနီးပါး (၇၇၇၂၁၂) ရှိသည်ဟု သိရသည်။ သီရိလင်္ကာ (ခေါ်) သီဟိုဠ်နိုင်ငံ၌ ဌာနခွဲ ၃၀-ကျော်ရှိ၍ တရားအားထုတ်ပြီးသူ နှစ်သောင်းခန့် ရှိလေပြီ။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများ၌ ဌာနခွဲပေါင်း ၃၀၀-ကျော်ရှိ၍ ယောဂီပေါင်း မည်မျှရှိမည်ကို ခန့်မှန်းနိုင်ပေသည်။ မြန်မာနိုင်ငံ (သို့မဟုတ်) အင်ဒိုနီးရှား၌ ရှိခဲ့သည်မဟုတ်၊ သံဂါယနာမတင်မီကပင် ဆရာတော်၏ ပဋိပတ္တိဂုဏ်မှာ ကမ္ဘာယောဂီများသင်း၌ အဆက်မပြတ် ထုံနေလေပြီ။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနှင့် သြစတြေးလီးယားနိုင်ငံတို့မှ အများဆုံး လာရောက်၍ လေ့လာနည်းခံကြ၏။ အမျိုးမျိုးသော စာအုပ်စာတမ်းများကိုလည်း ပုဂ္ဂိုလ်များ ကိုယ်တွေ့ရေးသားကြ၏။ ဆရာတော်ကိုယ်တိုင်ကလည်း ဂျာမန်ဘုန်းတော်ကြီး အရှင်ဉာဏနိက (သီဟိုဠ်မှ) လိုပုဂ္ဂိုလ်များကို အင်္ဂလိပ်စာ အရည်အချင်းရှိ၍ ဗုဒ္ဓဝါဒ၌လည်း တန်ဖိုးမဖြတ်နိုင်သော ကျေးဇူးရှိသောကြောင့် ကျမ်းရင်းကဏ္ဍများကို အင်္ဂလိပ်စသော ဘာသာပြန်၍ ကမ္ဘာသို့ ဖြန့်ချိနေကြ၏။ ရှေးခေတ်က လယ်တီဆရာတော်၊ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဉာဏနှင့် ဦးရွှေဇံအောင်တို့ကဲ့သို့ ကမ္ဘာ့အတိုင်းအတာအထိ ပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံ၏ ဂုဏ်နှင့် ဗုဒ္ဓဝါဒ၏ အနှစ်သာရမှာ ပို၍တောက်ပြောင်လာနိုင်၏။

## PAGE 78

ဓမ္မာစရိယ ဦးဌေးလှိုင် • ၂၀

မြန်မာတို့သည် မိမိတို့ပြောသော မြန်မာတို့၏ဂုဏ်၊ ကျယ်ပြန့်စွာ တိကျခိုင်လုံစွာရှိသော ဂုဏ်၊ မကုန်နိုင်သည့် မြန်မာတို့၏ကျေးဇူးကား ကမ္ဘာ၌ နည်းပါးလှချေသေး၏။ မြန်မာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒသာလျှင်ဖြစ်၍ ကမ္ဘာကို ငြိမ်းချမ်းစွာ ပြောင်းလဲပြုပြင်ပေးနိုင်သော အင်အားသည် မြန်မာ၌သာ ပြည့်စုံခိုင်မာစွာရှိသည်ဟု အကြွင်းမဲ့ယုံကြည်သော (ဟုတ်ဟုတ်ငှားငှား တတ်သိသည့်) အင်္ဂလိပ်စာတတ်များ၊ ပါဠိစာတတ်များ အထူးလိုအပ်နေကြောင်း ဤခေတ်က ဖော်ပြနေ၏။ သံဃာတော်အရှင်မြတ်တို့၏ တာဝန်ကား ဗုဒ္ဓသာသနာတော်အတွက် (သို့မဟုတ်) တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ကျေပွန်လှပါပေသည်။

ဆရာတော်၏ ပဋိပတ်သာသနာသည် ကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်လာသည်မှာ ဆရာတော်၏ စည်းကမ်းကြီးခြင်း၊ ပရိယတ်နှင့် ပဋိပတ်စွမ်းရည်ကြောင့် သာမဟုတ်ချေ။ ကျောင်းတက်နေသော ကလေးများကဲ့သို့ နေ့စဉ်လုပ်နည်း ဟောပြောလွယ်ကူပြုပြင်ခြင်း၊ သင်ကြားပေးခြင်း၊ အမှတ်ပေးခြင်း၊ အမြဲတမ်း စောင့်ကြည့်စစ်ဆေးပေးခြင်း (စနစ်သုံးစနစ်) စသော စနစ်ကောင်းများကြောင့် ယောဂီများအား တစ်ဦးချင်းပြန်ပွား ကြည့်လာခြင်းဖြစ်သည်။

ဒါယကာများဘက်ကလည်း ကုသိုလ်ဖြစ် ကျွေးမွေးခြင်း၊ လိုအပ်လျှင် ဆေးဝါးကုသပေးခြင်း၊ ယာစသည်တို့ဖြင့် အလုပ်ရှင်၊ အလုပ်သမား (“သာနကျွန်”) အလုပ်တို့ကို ရက်ရောစွာ လုပ်ဆောင်နိုင်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။

ခြုံ၍ဆိုရသော် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိမြစ်ကြောင်းကြီးကား ကပ်ကိုးကပ်ဖဲ့ “အမွှေဓာတ်” များဖြစ်ကြသော သောင်ကမူခြုံအရှုပ်တို့ကို အမြစ်ပြုတ်တိုက်စားနိုင်လောက်အောင် အင်အားလည်းကြီး၊ တာတမံလည်း ခိုင်ခံ့လှပါပေသည်။
