## PAGE 79

# ဝေဘူဆရာတော်

ကျေးဇူးရှင် ဆိတ်ငြိမ်ဝေဘူဆရာတော်ဘုရားကြီး၏ စွာစီးဆင်းနေသဖြင့် အင်အားကြီး ပဋိပတ္တိမြစ်ကြောင်းသည် တိတ်၍ မထင်ကြီးရကား လှိုင်းတံပိုး တာတမံကိုလည်း တမင်တောဆည် တင်းဖို့ မထားသည်၊ လောက်အောင်ကြီးမားခိုင်မာသောကို မမြင်နိုင်ကြ။ ရေစီးသယံဇာတသံလည်း တိုးမြစ်လှရိုးပေကြီး၏။ ဖြစ်၍ ထိုဟာ အားကိုးသည်ပင် အင်အားကြီးမားသည့် လက္ခဏာပင်တည်း။

ဆရာတော်၏ တရားစွမ်းအင်များကို ဖော်ပြရန်မှာ စာမျက်နှာနံပါတ်ညွှန်းဖြင့် ထိုးပြနိုင်သောအရာမျိုးမဟုတ်၍ ထုတ်ဆိုရန် ဝန်လေးလှပါသည်။ မျက်စိရှိသူတို့သည်သာ မြင်နိုင်ကုန်၍ နားရှိသူတို့သည်သာ ကြားနိုင်ကြကုန်၏။

ပြဆိုခဲ့ပြီးသော သီလစသောအခြေခံတရားတို့သည်သာလျှင် အနှောင့်အယှက်ကင်းစွာ သမာဓိကို ဖြစ်စေ၍ ထိုသမာဓိကသာလျှင် အမှန်တကျ ထိုးဖောက်သိမြင်စေနိုင်လေသည်။ ထို့ကြောင့် သီလစသောအခြေခံတရားတို့သည်သာလျှင် မြင်နိုင်ကြားနိုင်သော မျက်စိ၊ နားတို့ ဖြစ်ပါကုန်၏။

ပုံကြမ်းအားဖြင့် အမြွက်မျှ ပြညွှန်းရသော် ဆရာတော်သည် ဝေဘူရိပ်သာ (ကျောက်ဆည်)၊ အောင်မြေရိပ်သာ (ရွှေဘို) နှင့် ဇာတိရွာဖြစ်သော ခင်ဦးမြို့မြောက် ရှစ်မိုင်ဝေးကွာသည့် အင်ကြင်းပင်ရိပ်သာတို့၌ လေးလခန့်စီ လှည့်ပြောင်းသီတင်းသုံးတော်မူ၏။ ကျောက်ဆည်၌ ဝါကပ်တော်မူသည်။ ဆရာတော် သီတင်းသုံးရာ သုံးဌာနလုံး၌ပင် ထည်ဝါခန့်ညားသော အဆောက်အအုံများနှင့် သွားလာဝင်ထွက်ဆည်းကပ်ကြသည်ကို ကြည့်ပါလျှင် “အာဟုနေယျ ပါဟုနေယျဂုဏ်” နှင့် သက်တော်ထင်ရှား ဘုရားရွှေလက်ထက်တော်ကို ခန့်မျှော်ကြည်ညိုမိပေလိမ့်မည်။

ဆရာတော်သည် ယေဘုယျအားဖြင့် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တရားဟောသည်။ ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်မှာ ယောဂီအတွက် အကျဉ်းချုပ် နားလည်ကျင့်သုံးရမည့် အခြေခံသဘောများကို ရေစက်ချသကဲ့သို့ ဟောလေ့ရှိရာ အသံတော်ကလည်း တိုးလှသဖြင့် နာကြားစမရှိသူများ စိတ်မဝင်စားဘဲ ရှိနေတတ်၏။ ထိုအကျဉ်းချုပ် (ဥဒ္ဒေသ) မာတိကာစကားများသည် အလွန်အရေးပါလှသည်။ အဓိပ္ပာယ်လည်း ကျယ်ဝန်းစွာ။

ရေစက်ချစကားများတွင် အလှူဒါနပြုသူ၌ ရှိထားရမည့် အခြေခံသဘောများ အကုန်ပါ။ ထို့အတူ တရားဦးမာတိကာ၌ ယောဂီအတွက် အောက်ပါအချက်များ ပါဝင်ကုန်၏။

## PAGE 80

ဓမ္မာစရိယ **ဦးဌေးလှိုင်**

### ယောဂီအတွက် လိုရင်းအချက်များ

၁။ သီလရှိလျှင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုစားဖြည့်ရန်။
၂။ ၃၁ ဘုံ ချမ်းသာကား အထူးဆုတောင်းရန် မလို၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိတတ်သဖြင့် သာဝကဗောဓိစသော ဗောဓိဆုကိုသာ တောင့်တမျှော်မှန်းရန်။
၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ် (**စရဏ**) ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
၄။ အလှူပြုသောအခါ စေတနာ၊ အလှူဝတ္ထု၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရန်။
၅။ ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တစ်ထစ်ချ နာယူရန် (**သောဝစဿတာ** )။
၆။ ယခုကဲ့သို့ ဘဝကောင်း၊ အချိန်အခါတော်၊ တရားပွဲမှာ လာရောက်နာရခြင်းသည်ပင် ပါရမီထူးရှိသူ၊ ဘုရားလက်ထက်က ရဟန်းရှင်လူများ ရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်းမရနိုင်တာ မဖြစ်နိုင်တာဟူ၍ မရှိ၊ သိသလောက် တောင့်တမျှော်မှန်းထားခဲ့သမျှမက အပိုတွေပင် များစွာရလာတတ်သဖြင့် ရှေးပုဂ္ဂိုလ်တို့ကဲ့သို့ ဝီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြားမှတ်သားထားချက်တွေ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကို မကုန်နိုင်အောင်သာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော နှာသီးဖျားဝ၌ ထိဝင်သည့်လေကို လူတိုင်းသိလွယ်၊ လုပ်လွယ်ပါသည်။ ယခုကြည့်၊ ယခုသိရသဖြင့် ယခုမီးငြိမ်း၊ ယခုလက်ငင်း ချမ်းသာ၏။ (**အကာလိကော** )။
၈။ ယင်းသို့ ရှုမှတ်နေခြင်းဖြင့် ကိုယ်နှုတ်သောင်းကျန်းမှုမရှိ (**အဓိသီလ**)၊ စိတ်သောင်းကျန်းမှုမရှိ (**အဓိစိတ္တ**)၊ “ရုပ်နာမ်မျှသာ ရှိပါကလား” ဟု နှာသီးဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည် (**အဓိပညာ**)။

သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ **သမ္မာဒိဋ္ဌိ** စသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ **သတိပဋ္ဌာန်** လေးပါးစသော ဗောဓိပက္ခိယတရား ၃၇ ပါးလည်း လုပ်ပြီးဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့တော့။ **အာနာပါန** လုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံး အကျုံးဝင်လေပြီ။ အတွေးအထင်နှင့် ထင်သမျှ မှားတတ်သည်။

၉။ ရေခပ်ရင်း၊ ထမင်းချက်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စနှစ်ခုပြီးသည်မည်၏။ သည့်ဣရိယာပုတ်နှင့်မဆို ရှုမှတ်နိုင်၏။ “ကမ္မဋ္ဌာန်းထိုင်ရတာ ပေါင်မရ၊ ပေါင်နာတယ် ဘာမှလဲ ကုန်စင်မတွေ့ရ” ဟု မပြောနိုင်အောင်ပင် တစ်နေ့ထက်တစ်နေ့ တိုးတက်သွားသည့် အကျိုးသည်ကား တစ်ခဏအတွင်းရသာသည်။

## PAGE 81

၁၀။ အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄ နာရီ တစ်ဆက်တည်း တစ်စပ်တည်း (မအိပ်စက်ဘဲ) ရှုမှတ်နိုင်အောင် ကြိုးစား (**နိသဇ်ဓုတင်ဆောင်** )။ ၂၄ နာရီ တစ်စပ်လောက်ရလျှင်ပင် ထူးခြားသိသာလာမည်။
၁၁။ ၃၁ ဘုံ ချမ်းသာ ဘုရင်ဖြစ်ရတာမှအစ ဘာမျှ မတောင့်တ မလိုချင်ရ။ ဒုက္ခချည်းဖြစ်သည်။
၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူနေ၍ နေရာမပြောင်းနှင့်။ “ငါ ဝီရိယ၊ သမာဓိ ကောင်းလှပြီ” ဟု အလွတ်အထင်ရောက်နေတတ်၏။ ဆူညံသံများက “ဝီရိယတိုးလိုက်ပါဦး” ဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား သည်းခံရှုမှတ်။
၁၃။ မိဘ၊ သားမယား ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ရထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
၁၄။ မိမိအာနာပါန ရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြဟ္မာတွေ မရေမတွက်နိုင်အောင်ပင် ကျေးဇူးများကုန်ကြတော့သည်။

### စာတွေ့အတွေးအထင်နှင့် လက်တွေ့အသိအမြင်

ဆရာတော် ဟောလေ့ဟောထရှိသော မာတိကာစကားပြေမှာ သုံးမျိုးခန့်ရှိ၍ အားလုံးခြုံလိုက်လျှင် အထက်ပါအချက်များကို တွေ့ရမည်ဖြစ်၏။

ရံခါ တစ်နေ့တည်း၌ တရား လေးငါးကြိမ် ဟောရသည့်ရက်များရှိ၏။ ဟောတိုင်းပင် ထိုအခြေခံအချက်များကို ပထမဟောသည်။ ဆယ်ကြိမ်ဟောရလျှင် ဆယ်ခါပင် ထပ်၍ ဟောတော်မူ၏။ မည်မျှအရေးကြီးသည်ကို စဉ်းစားကြရာသည်။ ကျမ်းဂန်တို့၌ သိမှတ်ရန်၊ လိုက်နာရန် အချက်များစွာ လာကုန်သည်။ ကမ္မဋ္ဌာန်းအလုပ်ခွင်မဝင်မီကပင် ကြိုတင်ရှောင်ရန်၊ ဆောင်ရန် အချက်များမှာ အလုပ်ခွင်မဝင်ရဲလောက်အောင်ပင် များကုန်၏။ ပဓာနအချက်ကို ဖမ်းမိရန် မိမိတို့မီသလောက် အခက်လှမ်းလှသည်။ ကျမ်းစာများကိုလည်း ကြိုးစားဖတ်ရှုကြရာ “ဧအဘယ်အရာသည် အရေးအကြီးဆုံးဖြစ်သည်” ဟု နားလည်ရန်ကား လွယ်သယောင်နှင့် ခက်လှပေသည်။ ပထမဆုံး လိုက်နာရ၊ ရှောင်ကြဉ်ကြရမည့် လိုရင်းအချက်များကို အရေးမကြီးဟု ထင်ကာ ကျော်လွှားသွားတတ်ကြ၏။ သဒ္ဓါဝီရိယအားပေးသော ဆုံးမစကား၊ ဇာတ်သွားဇာတ်ကြောင်းများကိုလည်း အနှစ်အသားမဟုတ်သေးဟု ယူဆကာ ကောင်းစွာမနာ၊ မဖတ်။ နီဝရဏငါးပါး၊ ဈာန်အင်္ဂါငါးပါး၊ ဉာဏ်စဉ်တက်ပုံ၊ မဂ်ဝင်ပုံ၊ ဖိုလ်ဝင်စားပုံ၊ သစ္စာလေးတန်၊ နိဗ္ဗာန်ဆိုက်ပုံ စသည်တို့ကိုသာ ဖတ်ရှုကြ၏။ ဝိပဿနာကျမ်းများကလည်း ဦးစားပေးရေးကြ၏။ ဟောပြောသူများကလည်း “တကယ့်မဂ်ခန်းဖိုလ်ခန်း” ကိုချည်း...