## PAGE 1


calas

မြန်မာနိုင်ငံပဋိပတ္တိသာသနာဝင်

ရာ

နှင့်

ပုဂ္ဂိုလ်ထူးများ

ဓမ္မာစရိယဦးဌေးလှိုင်

## PAGE 2

ဗုဒ္ဓအသစာပေ

tp://www.

hadownload.com

ဧဟိ ပဿိကော

“ဘုန်းကြီးက မိမိတစ်ဦးတည်း ထင်မြင် သဘောကျတာတွေကို လျှောက်
ဟောနေတာ မဟုတ်ပါဘူး။ တပည့် ယောဂီ လေး, ငါး, ဆယ်ယောက်လောက်
တွေ့ မြင်ရုံနဲ့ လဲ ဟောနေတာ မဟုတ်ပါဘူး။ ယောဂီတွေ ရာပေါင်းများစွာ
ဒီအတိုင်း တွေ့မြင်နေပြီ၊ ယခုလဲ တစ်ချို့က တွေ့မြင်ဆဲ ဖြစ်နေကြတယ်။
ဒါ့ကြောင့် ဟောနေတာပါ။”

(၁၃၂၀ ပြည့်နှစ်၊ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏
ဝိပဿနာ အခြေခံတရားတော်၊ စာမျက်နှာ- ၁၁၅။)

“ညွှန်ကြားတဲ့အတိုင်း ရှုမှတ်ပြီး ဝိပဿနာဉာဏ်ထူး မဂ်ဖိုလ်တရားထူး
တွေကို … ကိုယ်တိုင်တွေ့ ရပြီး အားရ ကျေနပ်သွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ
တစ်သိန်းမက များလှပါပြီ။”

“ယောဟိ ကောစိ ဘိက္ခဝေ (လ) အနာဂါမိတာ ... အဲဒီ ဝန်ခံ မိန့်ကြား
ချက်အရ အနာဂါမ် အထိ မဖြစ်သေး တောင်မှ သောတာပန်ဖြစ်ဖို ့ကတော့
သေချာပါတယ်။ ယခုနေအခါမှာ ဒီသတိပဋ္ဌာန် ဒေသနာတော်က ပြဆို
ထားတဲ့ အတိုင်း ဖောင်းတာ ပိန်တာကို အစပြုပြီး ကိုယ်အမူအရာတွေ
ထင်ရှားဖြစ်ပေါ် လာတိုင်း၊ စိတ်အမူအရာတွေ၊ ခံစားမှုဝေဒနာတွေ၊ မြင်မှ
ကြားမှ စသော သဘောတရားတွေ.. ထင်ရှား ဖြစ်ပေါ်လာတိုင်း မပြတ်
ရှုမှတ်ခြင်းဖြင့် တစ်လ နှစ်လခန့်မျှ အားထုတ်သူတွေ မဂ်ဖိုလ်နိဗ္ဗာန်ကို
မျက်မှောက် တွေ့ မြင် သွားကြရတာ များစွာပင် ရှိနေပါပြီ ”

">

(ကမ္ဘာ့သာသနာပြုတရားတော်များ-နှာ၊ ၃၃၊ ၅၀။)

## PAGE 3


ဗုဒ္ဓအသောဖ

သူတော်ကောင်းဝတ်၊ တရားမြတ်
လွှမ်းပတ်ကမ္ဘာ တည်ရမည်...

မူပိုင်ရှင်
မခေမဝတီနှင့် မလာဘဝတီ
(သမီး-မိမိခိုင်နှင့် မိမိလှိုင်)
