## PAGE 100

55


ဓမ္မာစရိယ ဦးဌေးလှိုင်

ဈာန်အဘိညာဉ်ရ ပြာဏဒဿီမထေရ်

သထုံသာသနာဝင်တွင် ဈာန်အဘိညာဉ်ရ ရဟန္တာပုဂ္ဂိုလ်များ အလွန်များပြားဟန်
ရှိသည်။ သာသနာတော်နှစ် ၂၃၅-ခုနှစ် ကိုးတိုင်း ကိုးဌာန သာသနာပြုအဖွဲ့ဝင် အရှင်သောဏ၊
အရှင်ဥတ္တရတို့၏ သာသနာပြုလုပ်ငန်း အောင်မြင်ချက်များ ဖြစ်ကြ၏။ မနူဟာမင်းတိုင်အောင်
ရဟန္တာများ မပြတ်မလပ် ရှိကြောင်း ပရိတ္တနိဒါန်းနှင့် သာသနာဝင် ဆရာတို့က မှတ်တမ်း
တင်ကြသည်။

အမှန်ကိုဆိုသော် “ကောင်းကင်ဈာန်ပျံ အရိယာများ၍ စပါးဖျာပင် နေလှန်း၍ မရ၊
ရဟန်းဟူလျှင် ပုထုဇဉ်ပင် ရံခါမရှိ ” ဟူသော သီဟိုဠ်ကျွန်း ပဋိပတ္တိ သာသနာဝင်ပြ
ပရိတ္တနိဒါန်းနှင့် ဝိဘင်္ဂ အဋ္ဌကထာ စကားကဲ့သို့ပင် ထိုအခါက မြန်မာပြည်လည်း ဤနည်း
အဘိုင်. ရှိပေလိမ့်မည်ဟု မှန်းဆရသည်။

သာသနာဝင်တွင် သထုံမြို့၌ ဈာန် သမာပတ် ရသော အနောမဒဿီမထေရ် သည်
ကပည့်သံဃာ ၅၀၀-အုပ်ချုပ်လျက် အရှင်သောဏ, အရှင်ဥတ္တရတို့၏ အမွေကို ကောင်းစွာ
ထိန်းသိမ်းခဲ့ကြောင်း ဖတ်ရှုရသည်။ ထိုမထေရ်၏ တပည့်များတွင် ပြာဏဒဿီ မထေရ်
သည်အလွန်ထင်ရှား၏။ ရှင်အရဟံ မထေရ်၏ ဆရာ့ဆရာဖြစ်သည်။ သထုံမင်းဆက် ၅၂-
ဆက် (မနူဟာကျောက်စာအလို ၈၂-ဆက်) တွင် ၄၉၊၅၀၊၅၁-ဆက်မြောက် ဖြစ်ကြသော
မန္ဒကရာဇာ, အဓိန္ဒရာဇာ, ဥဒိန္ဒရာဇာ မင်းသုံးဆက်တို့၏ ဆရာဖြစ်တော်မူ၏။

ပဲခူးမြို့ ကလျာဏီ ကျောက်စာတွင် “ပြာဏဒဿီ (လ) သော တု လောကိယဇ္ဈာ-
နာဘိညာလာဘီ ' စသည်ဖြင့် ရေးထိုးမှတ်တမ်းတင်ထား၏။ ထိုကျောက်စာကို ဘာသာ
ပြန်ရသော် အောက်ပါအတိုင်း အဓိပ္ပာယ်ထွက်၏။

“ပြာဏဒဿီ မထေရ်သည် လောကီဈာန် အဘိညာဉ်ရသော မထေရ်ဖြစ်၏။
- စဉ် သထုံပြည်မှ နံနက်စောစော မဂဓတိုင်း မဟာဗောဓိရင်ပြင်သို့ တံမြက်လှည်း
တော်မူ။ ပြီးလျှင် သထုံပြည်၌ ပြန်၍ ဆွမ်းခံသည်။ နေ့စဉ် ဤတံမြက်ဝတ်၊
ဆွမ်းခံဝတ်များ ပြုမြဲဖြစ်၏။ တစ်နေ့သော် ဥရုဝေလာ နိဂုံးနေ မဂဓတိုင်းသား
ကုန်သည် တို့သည် သုဓမ္မပုရခေါ် သထုံပြည်သို့ ကုန်ရောင်းကုန်ဝယ် လာစဉ်
ပြာဏဒဿီမထေရ် မဟာဗောဓိရင်ပြင်၌ နေ့စဉ်တံမြက်စည်း လှည်းသည်ကို
ဖူးတွေ့ ကြရကြောင်း သထုံသားတို့အား ပြောကြားကြကုန်၏။ ထိုအရှင်သည်
သထုံပြည်၌လည်း နေ့စဉ် ဆွမ်းခံလျက် ရှိကြောင်း ပြောဆိုကြရာမှ လောကီဈာန်
အဘိညာဉ် သမာပတ်ရကြောင်း နားလည်ကြလေတော့သည်”။

မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်တွင် ကျောက်စာသာသနာဝင်အရ ့အထူး
မှတ်တမ်းတင်ရမည့် မထေရ်ဖြစ်ပေသည်။

သုဝဏ္ဏဘူမိ (အများစုအယူအဆအရ) စုမတြာ၊ ဂျာဗား (ယဝ) ကျွန်းများ


## PAGE 101


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အပါအဝင် သထုံပြည်နှင့်တကွ ရာမညဒေသ၌ အရှင်သောဏ၊ အရှင်ဥတ္တရတို့ ကြွလ
သာသနာပြုစဉ်က·ပရိသတ် ခြောက်သောင်း တရားထူး ရကြကြောင်း “အဋ္ဌကထာ နိဒါ
သံဂီတိကထာ' ၌ ပါရှိ၏။

၄၅

ထိုစဉ် အမျိုးသားများသာမက အမျိုးသမီးများပါ (သိက္ခမာန်, တေရီမအဖြစ်
သာသနာဘောင်သို့ ဝင်ခဲ့ကြသည်။ ဘိက္ခုနီသာသနာသည် ပုဂံခေတ် အထိပင် ရှိခဲ့ကြောင်း
ယခုခေတ် သမိုင်းသုတေသီတို့က ကျောက်စာအကိုးများစွာဖြင့် ထုတ်ဖော်ကြ၏။ (ဆက်လက်၍
သုတေသနပြုကြရန်။)

မြန်မာနှင့် မကင်းကွာသင့်သော သုဝဏ္ဏဘူမိ

ထိုမှတစ်ပါး သုဝဏ္ဏဘူမိ သထုံပြည် ကေလာသကျောင်းတိုက်ကြီးမှ ရဟန္တာ
အရှင်မြတ်များ အကြောင်း “မဟာဝံသပါဠိ” ၂၉ အပိုင်း၊ ဂါထာနံပါတ် ၄၃
လာရှိသည်ကိုလည်း တွေ့နိုင်၏။

-

ဒုဋ္ဌဂါမဏိမင်း၏ မဟာစေတီ ပန္နက်ချပွဲသို ့ အတိုင်းတိုင်း အပြည်ပြည်မှ
ရဟန္တာ အရှင်မြတ်များ ကောင်းကင်မှ သီဟိုဠ်ကျွန်းသို့ ကြွလာတော်မူကြရာတွင် ကေလာသ
ကျောင်းတိုက်မှလည်း “သူရိယဂုတ္တ” ရဟန္တာ အရှင်မြတ်ကြီး ဦးဆောင်၍ ရဟန္တာ အရှင်
မြတ်များ အလွန်များစွာ (ဆန္ဒတိ သဟဿ) ကြွလာတော်မူသည်ဟု ဆိုလေသည်။

သုဝဏ္ဏဘူမိ သာသနာပြု အဖွဲ့ခေါင်းဆောင် အရှင်သောဏ၊ အရှင်ဥတ္တရ တို့၏
ဓာတ်တော်များကို ယိုးဒယားပြည်ရှိ “နခေါင်းပထုမ်” (နဂရပထမ) စေတီကြီး၌ ဌာပနာထား
ကြောင်း သီဟိုဠ်မှ ဒေါက်တာသီဝလိ၏ 'ဗုဒ္ဓဘာသာသမိုင်း' က ဆို၏။ မြန်မာတို့ကား
ထိုအရှင်မြတ် နှစ်ပါး ပရိနိဗ္ဗာန် စံသောအခါ အလောင်းတော်များ ကျောက်သားပကတိ
ဖြစ်၍ ဘီးလင်းမြို့နှင့် သုံးမိုင်အကွာ ကုသိနာရုံတောင်၌ ယခုတိုင် ဖူးမြင်နိုင်သည်ဟု
ယုံမှတ်ထားကြလေသည်။

သုဝဏ္ဏဘူမိဆိုသည်ကို မြန်မာတို့က သထုံပြည်ဟု အခိုင်အမာ စွဲယူ၍ သားစဉ် မြေ
ဆက် နှုတ်မှတ် မှတ်ယူလာကြရာ အဘယ်မျှအထိ ခိုင်မာသည်ကို မကြာမီ သိရှိကြရလိမ့်မည်ဟု
ယူဆရပေသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအခါ နိုင်ငံတော်အစိုးရ ရှေးဟောင်းသုတေသန
ဌာနက သထုံ ကျိုက်ထို နယ်ရှိ ဝင်းကရွာ အရက်သည်မရွာတို့၌ မြေအောက်တူးဖော်ရေ
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁၉၇၆-ခုနှစ်ကပင် မဇ္ဈိမဒေသရှိ ဇေတဝန်ကျောင်း
တော်ရာကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော (သံဃအာရာမ် ကျောင်းတိုက်?) အုတ်ခုံကြီး
များကို တွေ့လာကြရပေပြီ၊ ရှေးဟောင်း သုတေသန ဌာနသည် သုဝဏ္ဏဘူမိ “တုတ်ထမ်းရာဇဝင်”
ကိုလည်း မကြာခင် ဖြေရှင်းနိုင်ပါစေဟု ဆန္ဒပြုရပေတော့သည်။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၏ အနာဂတံသ ဉာဏ်တော်အမြင်ဖြင့် စီစဉ်စေလွှတ်ခဲ့ရာ
သုဝဏ္ဏဘူမိဟူသည် အိန္ဒိယ သီဟိုဠ်တို့၌ သာသနာ ပြတ်စဲ, အားနည်းချိန် ထေရဝါဒ


## PAGE 102

၄၉


ဓမ္မာစရိယ ဦးဌေးလှိုင်

သာသနာ တစ်ကမ္ဘာလုံးအတွက် တစ်ခုတည်းသော ခံတပ်မြို့တော်ကြီးအဖြစ် ရပ်တည်ခဲ့သော
ပုဂံအင်ပါယာ မြန်မာတို့ ပိုင်နက်အတွင်းမှ လွဲ၍ အခြား တစ်နေရာရာ၌ ရှိသင့်ကောင်းမည်
မဟုတ်ပါချေ။

သရေခေတ္တရာဘက်မှ အထိကရ စေတီတော်ကြီးများသည် လည်းကောင်း၊ လက်ရှိ
ရုပ်ဝတ္ထုကျကျ သာသနာ့ အခြေအနေတို့သည် လည်းကောင်း ရဟန္တာ အရှင်မြတ်ကြီးတို့၏
ဉာဏ်တော်အမြင်ဘက်ကသာ ရပ်တည်လျက် ရှိကြကုန်၏။ စင်စစ် သုဝဏ္ဏဘူမိဟူသည်
မည်သို့မျှ မြန်မာနှင့် မကင်းကွာစကောင်း။

ဝိဇ္ဇာမယိဒ္ဓိပညာများ တိုးတက်ခြင်း

ကိုးတိုင်း ကိုးဌာန သာသနာ့ အမွေသည် သထုံနှင့်တကွ ရာမည သာသနာဝင်၌
ပြဆိုပြီး ပြာဏဒဿီ မထေရ်နှင့် ပြဆိုလတ္တံ့သော ရှင်အရဟံတို့ ခေတ်လောက် သာလျှင်
မှတ်တမ်းကျန်ခဲ့၏။ သာသနာပွင့်လင်းခဲ့၏။ နောက်နောက် နောက်နောက်သော မင်းများ
လက်ထက်၌ ထေရဝါဒ သာသနာ စစ်စစ်သည် မှိန်တစ်ခါ သာတစ်လှည့် ခေါက်ရှာငှက်ကဲ့သို့
နိမ့်တုံ မြင့်တုံ ရှိခဲ့လေသည်။

သရေခေတ္တရာဘက်ဆီ လှမ်း၍ ကြည့်လိုက်သောအခါ ထိုနည်းလည်းကောင်းပင်
ဖြစ်၏။ ဗြာဟ္မဏဝါဒသည် လည်းကောင်း၊ ဗြာဟ္မဏဝါဒနှင့် ထေရဝါဒ စရနယ်ထားသော
မဟာယာန (အရည်းကြီး) ဝါဒသည် လည်းကောင်း၊ ထေရဝါဒသည် လည်းကောင်း
ဘတစ်ပြန် ကျားတစ်ပြန် နေရာယူလျက်ရှိခဲ့၏။ ကမ်းယံပြည်ဟု ခေါ်ဆိုရသော ရခိုင်ပြည်
ဘက်တွင်ကား သာ၍ပင် ဆိုးသေးသည်။ ဘီ-စီ ၅၁၈ မှ အေ-ဒီ ၇၂၀ ထိ ဗြာဟ္မဏဝါဒနှင့်
မဟာယာနတို့သည် အလွန်အင်အားကြီးမား၍ တန်ခိုးထွားခဲ့ကြ၏။ (မြို့ဟောင်း ရှစ်သောင်း
ဘုရားကျောက်စာ စသည်ရှု။)

သီဟိုဠ်ကျွန်းဘက်သို့ လှမ်းမျှော်ကြည့်ပါလျှင်လည်း မသက်သာလှချေ။ ဗြာဟ္မဏနှင့်
မဟာယာန စသူတို့ကြောင့် အိန္ဒိယမှ သီဟိုဠ်သို့ ထွက်ခွာခဲ့ရသော ထေရဝါဒသည်
လူဆန်၍ ခေတ်မီလိုသော ဇေတဝနဝါသီ, အဘယဂိရိ မဟာယာန ဘုန်းကြီးတို့ကြောင့်
ရဟန်းကောင်းများ ထွက်ပြေးကြရရှာ၏။

သထုံပြည်၌ မနူဟာမင်းလက်ထက်တွင် တိုင်းပြည်လည်း မငြိမ်သက်။ မဟာယာန
ဝိဇ္ဇာဓရအတတ်တို့ လွှမ်းမိုးလာဟန်ရှိ၏။ ဗျတ်ဝိ ဗျတ္တတို့ ဆရာတပည့် ပုံပြင်သည် အကုန်
အစင် မှန်ကန်သည်ဟု မယူဆအပ်သော်လည်း ထိုခေတ်၏ သရုပ်ကို ညွှန်ပြလေသည်။
ရှင်အရဟံ ပုဂံပြည်သို့ ပိဋကများ ပင့်ဆောင်စေရသည်မှာလည်း သထုံ၌ အခြေမလှ၍
သာသနာသိုက် ပြောင်းခြင်းပင် ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ ရာမညဒေသ၌ တန္တရယာန၊ မန္တရယာနခေါ် မဟာယာနတို့သည်
ထုထည် ကြီးမားစွာ အခြေစိုက်ခဲ့ကြသည်မှာ ထင်ရှားလှ၏။ အများစုကား အရည်းကြီးဝါဒ

