## PAGE 112

၅၆


မ္မာစရိယ ဦးဌေးလှိုင်

နောက် အမတ်တုရင်္ဂပစ္စည်းအား မပါပါအောင် အမြန်ပင့်ရန် စေလွှတ်ရ၏။ အမတ်လည်း
လှေထက်တွင် ရွှေဆင်းတုကင်၍ လိုက်လေ၏။ သင်္ဘောဆိပ်၌ မှီလျှင် မှီချင်း “ဘုရားရှင်
ဤအရပ်သို့ ရောက်တော်မူသည်။ ပံ့သုကူမထေရ် လာစေသတည်း” ဟု လျှောက်ရာ
ဘုရားရှင်အာဏာ မလွန်ဆန်လိုသဖြင့် လှေပေါ်သို့တက်၍ ဘုရားဝတ်ပြု၏။

အမတ်လည်း ဝတ်ပြုခိုက် လှေကို အပြင်းလှော်ထွက်၏။ သာသနာတော်ကို
ချီးမြှောက် ရန်လည်း အတန်တန် လျှောက်လေသည်။ တုရင်္ဂပစ္စည်း အမတ်သည် ပိဋကကို
ကောင်းစွာ တတ်ကြောင်း ကျောက်စာပုံ ၂၈၉၊၃-၌ တွေ့ရ၏။

နေပြည်တော်ရောက်လျှင် မင်းကြီးကိုယ်တိုင် လှေမှတွဲ၍ နန်းတော်သို့ ပင့်ပြီးလျှင်
ဆွမ်းကျွေး၏။ သရပါ တံခါးသို့အရောက် အစောင့်ဘီလူးလည်း ဆင်း၍ ဦးချသည်။
မင်းကြီးလည်း ဆွမ်းကျွေးပြီးလျှင် “ယနေ့မှစ၍ အဆုံးအမတော်ကို နာခံပါမည်” ဟု
လျှောက်၏။ ဇေယျသူရ စသော သားတော် ၅-ပါးကိုလည်း လှူသည်။ မထေရ်ပြန်ကြွလျှင်
မင်းသားများလိုက်ပါလာကြရာ လမ်းခုလတ်တွင် မထေရ်က မြေ၌ အဝိုင်း ၅-ခု သား၍
ပြပြီး ပြန်လွှတ်လိုက်သည်။ မင်းကြီးလည်း ဘုရားတစ်ဆူစီ တည်စေလိုသည်ဟု အဓိပ္ပာယ်
ကောက်၍ သားတော်တို့၏ .. ကိုယ်အလေးချိန်နှင့်အမျှ ရွှေကို ချိန်စက်ပြီးလျှင် လုပ်ခ
ကံကျွေးပေးကာ “စာကြိုဘုရားလှ စသော ဘုရားလှ ၅-ဆူကို တည်တော်မူ၏။

ပြည်သူတို့အား အာဏာဖြင့် အပူတပြင်း ခိုင်းစေတည်သော ဘုရားမှာ စူဠာမဏိ
စေတီဖြစ်သည်။ စေတီပြီးသောအခါ ကြွင်းကျန်သော အုတ်များဖြင့် ယင်းစေတီ၏
အရှေ့မြောက် ညံ့တလက်ဖက်ကန် အနီး၌ လိုဏ် ၂-ဆင့် ရှိသော စေတီတစ်ဆူ တည်တော်
မူ၏။ ထိုဘုရားကို ပံ့သုကူမထေရ် ပြည်သူတို့ဘက်မှ နေ၍ သပိတ်မှောက်သည်ကို
အထိမ်းအမှတ် ပြုသောအားဖြင့် ပြည်သူတို့က “သပိတ်မှောက် ဘုရား' ဟု နှုတ်ကမ္ပည်း
တင်ကြ၏။

သက္ကရာဇ် ၅၆၅- ခုနှစ်တွင် မထေရ်အား ဝန်ချကန်တော့ရာ အရပ်၌ “ကန်တော့ပလ္လင်'
ဟူသော ဘုရားတစ်ဆူလည်း တည်ပြန်သည်။ မထေရ်အပြစ်တင်မည်စိုး၍ အပူတပြင်း
မခိုင်းစေသဖြင့် မပြီးပြေမီ နတ်ရွာစံသွားရ၏။ သားတော် နန်းတောင်းများမင်းဆက်၍
တည်ရသည်။

ပံ့သုကူနှင့် နရသီဟပတေ့

ရာဇဝင်နှင့် မြတောင်ဆရာတော်ရေး “ပုဂံဘုရား ၁၇-ဆူသမိုင်း တွင် နရသီဟပတေ့မင်း
(၆၁၇-၆၄၈) လက်ထက် မင်္ဂလာစေတီ တည်ရာတွင်လည်း ပံ့သုကူမထေရ် အကြောင်း
တွေ့ ရပြန်သည်။ (အခြားတစ်ပါး ဖြစ်မည်လောဟု စဉ်းစားဖွယ်ဖြစ်၏။ ခုနှစ်သက္ကရာဇ်များ
ထပ်မံစိစစ်၍ ထိုမထေရ် အကြောင်း သုတေသန ပြုရပေဦးမည်။)

မင်္ဂလာစေတီ တည်ရာတွင် နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းသည် “ဘုရားလည်းပြီး၊


## PAGE 113

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၇

ပြည်ကြီးလည်းပျက်” တဘောင်ပေါ်၍ ဆက်လက်မတည်ဘဲနေရာ ၆ နှစ်ပင် ကြာလေသည်။
ထိုအခါ ပံ့သုကူမထေရ်က နရသီဟပတေ့မင်းကြီးအား သင်္ခါရ တရားများကို နှလုံးသွင်းရန်
ဟောပြောတော်မူ၏

“ဤအုတ်ပုံကြီးကို မြင်လျှင် သင့်အား နောက်သားတို့က သေဘေးနှင့် ပြည်ပျက်မည်ကို
အလွန်ကြောက်ရှာသော မင်းဟု ရာဇဝင် ကမ္ပည်းထိုး၍ ကဲ့ရဲ့ကြလိမ့်မည်” ဟု မိန့်တော်
မူသည်တွင်မှ ဆက်လက် တည်တော်မူသည်။

ပံ့သုကူ မထေရ်ကို ရဟန္တာဟုပင် ထိုခေတ်က သမုတ်ကြကြောင်း သာသနာလင်္ကာရ
၌ ပြဆို၏။ ပရိယတ်၊ ပဋိပတ် စွယ်ဇုံကျော်၍ မိန့်ဆိုဆောင်ရွက်တော်မူပုံ များကို
ကြည့်ခြင်းအားဖြင့်လည်း သတ္တဝါအများ၏ ချမ်းသာကိုသာ ရှုစိမ့်၍ မင်းမိန့်အာဏာကို
ဂရုမမူ။ ဖြူစင်သော သူတော်ကောင်းစိတ် အပြည့်ရှိတော်မူခြင်းကား ထင်ရှားလှပေ၏။


## PAGE 114


၅၈

ငှက်ပစ်တောင် အရှင် ပဏ္ဍိတမထေရ်

ဓမ္မာစရိယ ဦးဌေးလှိုင်

နရပတိစည်သူမင်းကြီး လက်ထက်ပင်ဖြစ်သည်။ ငှက်ပစ်တောင် သံဃာ့ဂိုဏ်းကြီး၏
ဦးစီးနာယက အရှင်ပဏ္ဍိတမထေရ်ဟူ၍ ရှိ၏။ အရှင် ဥတ္တရာဇီဝ မထေရ်၏ တပည့်တည်း။
ဝိနည်းသိက္ခာ လေးစား၏။ တန်ခိုး ဣဒ္ဓိပါဒ်လည်း ကြီးမား၏။ ဈာန် အဘိညာဉ်ရသည့်
ဟု ယူဆရသည်။ မင်းနှင့်တကွ တိုင်းသူပြည်သားတို့ အလွန်ရိုသေကြသည်။ ကြီးစွာသော
ပူဇော်သက္ကာရကို ပြုကြ၏။

ထိုအတောအတွင်း ယုတ်မာသော အလိုဆိုးရှိသူ ဒကာမတစ်ဦးသည် မထေရ်၏
သီလကို ညစ်နွမ်းစေရန် ကြံလေ၏။ မထေရ်၏ ကျောင်းအနီး ကမ်းပါးထိပ်ထွင်အရိပ်ခိုကာ
သီတင်းသည် ယောဂီမအသွင်ဆောင်၍ ၁၅-ရက်ခန့်လာနေ၏။ အိမ်သို့ ပြန်ရောက်လျှင်
မထေရ်သည် မိမိနှင့် ကျူးလွန်ကြောင်း ယုတ္တိဆင်၍ တီးတိုးစကားပြန့်ပွားအောင် လုပ်သည်။
ရင်းနှီးသူတို့က မထေရ်အား လာ၍ လာ၍ သတိပေး လျှောက်ထားကြ၏။ ထိုသတင်းကား
နေပြည်တော် တစ်ခုလုံး ပြန့်ပွားကူစက်၍ မင်းနှင့်တကွ သံဃာတော်အများနားသို့ပင်
ရောက်လေသည်။

မထေရ်လည်း အကျယ်ပွားလာသော မတရားသတင်းကို နှုတ်ဖြင့် မဖြေရှင်းနိုင်တော့ချေ။
ရှင်းသော်လည်း ပြေလိုမှပြေမည်။ ထို့ကြောင့် မင်းနှင့်တကွ ရဟန်းသံဃာနှင့် ဒကာ၊ဒကာမ
တို့အား ကျောင်းသို့ ဖိတ်ခေါ်၏။ ပရိသတ်များ ရောက်လာလျှင် ကျောင်းမှတစ်ဆင့်
ဧရာဝတီမြစ်နားသို ့ တစ်ဖန် ခေါ်သွား၏။ မြစ်ဆိပ်အရောက် ကျောက်နှင့် ဓားသွေးနေသော
ဒကာတစ်ဦး တွေ့၍ ဓားနှင့် ကျောက်ကို အလှူခံသည်။

ပရိသတ်အများရှေ့တွင် သမ္မာဒေဝနတ်များကို တိုင်တည်၍ သစ္စာမူလေသည်။

“ငါ၏သီလ ညစ်နွမ်းရိုးမှန်သော် ဤကျောက်နှင့်ဓားမသည် ရေချသောခဏ စုပ်စုပ်
မြုပ်စေသော်။ ငါလည်း အပါယ်လေးပါး၌ ကျက်စေသတေး။ ဤမာတုဂါမနှင့် အမှန်ကင်းရှင်း၍
သီလစင်ကြယ်ခြင်း ရှိဘိမူ ငါး၏အလား ရေ၌ ကူးသွားစေသော်။ ငါတမူလည်း ဝဋ်မှ
ကျွတ်ရစေသား” ဟု သစ္စာဓိဋ္ဌာန် ပြု၍ ကျောက်နှင့်ဓားမကို ရေသို့ချ၏။ ဓားသွေးကျောက်နှင့်
ဓားမတို့လည်း ရေညာဆန်၍ ကူးကြ၏။ မင်းနှင့်တကွ ပရိသတ်လည်း အားရဝမ်းသာ
သဒ္ဓါကြည်ညို ရှေးကထက် ပို၍ပင် ပူဇော်ကြကုန်၏။

နရပတိစည်သူမင်းကြီးသည် နောင်လာနောင်သားတို့ သတိ, ပညာ, သဒ္ဓါ ဝီရိယပွား၍
မှတ်သားရစ်ကြစေရန်ညောင်ဦးအရှေ့တာ ၇၀၀-ခန့်၌ ချောက်ကမ်းပါးကို ဥမင်လိုဏ်တူး၍
အုတ်ကျောက်တို့ဖြင့် ဘုရားတည်လေသည်။ “ကျောက်ကူးဘုရား” ဟု သမုတ်တော်မူ၏။
ထိုဘုရား၏ မြောက်ဘက် ကုန်းထိပ်တွင်လည်း ဘုရားတစ်ဆူထပ်၍ တည်ပြန်သည်။
ကျောက်ကူးရာ ဓားမပါ၍ “ဓားမပါဘုရား” ဟု သမုတ်တော်မူ၏။ ထိုနှစ်ဆူကို “ကျောက်ကူး
ဓားမပါဘုရား' ဟု ခေါ်တွင်ကြကြောင်း မြတောင်ဆရာတော်၏ သမိုင်း၌ ဖတ်ရှုရ၏။
“ငှက်ပစ်တောင်နှင့် မိအောင်နှင့်” ဟု ငှက်များကပင် အော်မြည်ကြသည်ဟု ငှက်ပစ်တောင်

