## PAGE 115

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


အတ္ထုပ္ပတ္တိတွင် ရေးသားထားကြောင်း မှတ်သားရဖူးလေသည်။

ဤလူ့ရွာတွင်၊ မုသာဝါဒ၊ စသည်လေးခု၊
ရောရုဆက်ဆံ၊ ဝစီကံကြောင့်၊ လျှော်လျှံမှုန်ဆန်၊
သူမမှန်ကို၊ ဧကန်စွဲသော်၊ သစ္စာကျော်ဖြင့်၊
မှောက်တော်ငြိမ်းဆေး ရှူံးလသေး။
(ပါရမီခန်းပျို့-၁၂၈။)

CD199119}

၅၉

## PAGE 116

၆ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

ပေါင်လောင်ရှင် ကဿပ

ထိုအရှင်လည်း နရပတိစည်သူမင်းလက်ထက် ရဟန္တာဟု ကျော်ကြားသော ပုဂ္ဂိုလ်
ဖြစ်သည်။ ယခင် ပခန်းနယ် (ယခု ပခုက္ကူနယ်) အနောက်တောင်ရိုး အနီးရှိ ဂူနီနေဝင်ရွာ
ဇာတိဖြစ်၏။ တစ်ရံရောအခါ အနောက်တောင်ရိုးမ သျှာမ်းပလောင်ဓားပြများ ရွာကိုဝင်၍
လုယက်ကြသည်။ လူအများကိုလည်းခေါ်ဆောင်သွားကြ၏။ အဖမ်းခံရသူတို့တွင် ပေါင်လောင်
ရှင် အလောင်းလျာ၏ မိဘများလည်း ပါဝင်ကြသည်။ ဖခင်မှာ တောတောင်များ
ဖြတ်ကျော် သွားရစဉ် ထွက်ပြေးလွတ်မြောက်သွားသဖြင့် ကိုယ်ဝန် အရင့်အမာနှင့် ဇနီး
ကျန်ရစ်ခဲ့၏။ မထွက်ပြေးနိုင်း၊ နောက်တစ်နေ့တွင် ဂူနီနေဝင်ရွာသားတို့သည် ဓားပြများနောက်
ခြေရာခံ၍ လိုက်ကြ၏။

တောတစ်ခုအတွင်း လဲလျောင်းနေသော မိခင်၏ နို့ကို စို့နေသော ကလေးငယ်နှင့်
ကျားကြီးတစ်ကောင်ကို တွေ့မြင်ကြရသည်။ ကလေးမှာ ပေါင်လောင် အရှင်ကဿပအလောင်း
သူငယ်ဖြစ်၍ မိခင်ကား အသက်မရှိတော့ပေ။ ရွာသားတို့ စုရုံးလာကြလျှင်ပင် ကျားကြီးမှာ
ရှောင်ဖယ်သွားတော့၏။ သူငယ်အား စောင့်ရှောက်နေဟန် ရှိသည်။ ရွာသားတို့လည်း
သူငယ်ကို ပွေ့ချီ၍ ပြန်လာခဲ့ကြ၏။

သျှာမ်း ပလောင် ဓားပြများ ကာလ အတန်ကြသောအခါ ဂူနီ နေဝင်ရွာသို့ ဒုတိယ
အကြိမ် လာရောက် တိုက်ခိုက်ကြပြန်သည်။ လူအများကိုလည်း ခေါ်ဆောင်သွားကြ၏။
ထိုအခါ ပေါင်လောင်ရှင်သည် ကဿပ ဘွဲ့တော်နှင့် ရဟန်းအဖြစ်သို့ ရောက်ရှိနေပြီ။
ဓားပြတို့သည် သူ့ကိုပါ ချန်မထားမူ၍ ခေါ်ဆောင်သွားကြ၏။ ရှင်ကဿပ၏ အခြားသူတို့နှင့်
မတူသော အဝတ်အစား၊ ထူးခြားသော ဣန္ဒြေတို့ကြောင့် ဓားပြများ တစ်နေ့တစ်ခြား ရန်
တုံ့မူမည်ကို ကြောက်ရွံ့လာကြ၏။ ရှင်ကဿပသည် ကြောက်ရွံ့သော အမူအရာမရှိ
ပကတိ တည်ငြိမ်လေ ဓားပြများ ကြောက်လေ ဖြစ်နေကြသည်။ “ဤသူကား လူမဟုတ်၊
စုန်းသော်လည်းကောင်း၊ နတ်သော်လည်းကောင်း ဖြစ်ပေလိမ့်မည်” ဟုလည်း ထိတ်လန့်
နေကြ၏။

သို့နှင့် ရှင်ကဿပအား တောင်ရိုးပေါ်တွင် ခြံခတ်၍ လှောင်ထားကြသည်။ သူတော်
သူမြတ်အား ပြစ်မှား၍ ဓါးပြအားလုံး ယားယံ ကုတ်ဖဲ့ နေကြရ၏။ အကြောင်းလည်းမသိ၊
ဆေးလည်းမရှိ ဖြစ်နေစဉ် မြန်မာကုန်သည်တစ်ဦး ရောက်လာ၍ အယားပျောက်ဆေး
မေးရာမှ အကြောင်းစုံ ပေါ်လာတော့သည်။ ရဟန်းတော်ကို ပြစ်မှား၍ ယခုကဲ့သို့ ဖြစ်
ကြောင်း သိကြသည်။ ·

သို့သော် မယုံနိုင်ကြသေး။ ကြက်ရိုးထိုး၍ ဗေဒင်မေးကြရာမှ အဖြေကို သဘောကျ၍
ရှင်ကဿပအား လှောင်ခြံမှထုတ်ကာ ရေချိုးပေးကြ၏။ အဝတ်သစ်များလှူ၍ ကန်တော့
ကြသည်။ ထိုအခါကျမှ အယားအယံ ပျောက်သွားတော့သည်၊

ရှင်ကဿပကား ရွာသို့ မပြန်တော့ချေ။ ပလောင်တို့ ဒေသမှာပင် သာသံနာပြု


## PAGE 117

•


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၁

နေတော့သည်။ သာသနာ အခြေအမြစ်ကျမှ ပလောင်ငယ်များကို ခေါ်ဆောင်၍ ရွာသို့
ပြန်ခဲ့၏။ နရပတိစည်သူမင်းကြီး တောကစားထွက်၍ သစ်ခက်တဲနန်း၌ အပန်းဖြေနေချိန်
ဖြစ်သည်။ တောတွင်းသား မုဆိုးတစ်ယောက် ရောက်လာ၍ တောအတွင်း ကြံ့စားပင်
ကြီးအောက်၌ ဆင်ဖြူတော်တစ်ကောင် တွေ့ရကြောင်း သံတော်ဦးတင်သဖြင့် အနန္တ သူရိယ
အမတ်အား ဖမ်းဆီးရန် လွှတ်လိုက်၏။ အနန္တသူရိယကား ဆင်၊ ကျား၊ မိကျောင်း စသော
သားရဲတိရစ္ဆာန်များကို နှိမ်နင်းရာတွင် အောင်မြင်ကျော်ကြားသူဖြစ်ခဲ့၏။ ဆုလာဘ်များစွာလည်း
ရခဲ့ဖူးသည်။

အနန္တ သူရိယ လိုက်ပါသွားရောက် ကြည့်ရှုသောအခါ သစ်ပင်အောက်၌ ရှင်ကဿပ
ကိုသာ တွေ့ရသည်နှင့် နတ်သိကြားတို့ စေလိုက်ခြင်းပင် ဖြစ်ရမည်ဟု အတပ်စဉ်းစား၍
ရှိခိုးလျှောက်ထားကြည့်၏။ အကျင့်သိက္ခာ သီလ, သမာဓိရှိ၍, ပရိယတ် ပဋိပတ်နှစ်ရပ်
လုံလောက်သည်ကို သိ၍၊ ပစ္စည်းလေးပါး ဒကာခံ၍၊ ပုဂံနေပြည်တော်သို့ ကြွရန် ဖိတ်
ကြား၍ ပြန်ခဲ့၏။ မင်းလည်း အကျိုးအကြောင်းကို သိရသောအခါ နန်းတော်သို့ ဆွမ်းဝတ်
ပြုရန် ဖိတ်၏။ အနန္တ သူရိယ ရှိလေပြီဟု လက်မခံလေ။
။ အနန္တသူရိယ

အနန္တ သူရိယ ဇနီးမောင်နှံ၏ ကျောင်းအလှူ

အနန္တသူရိယလည်း ပေါင်လောင်ရှင် ကဿပအတွက် ကျောင်းနှင့် ဘုရားတည်ထား
ပေးလှူရန် ဆုံးဖြတ်ထားသည်။ မိမိရှိပစ္စည်းစုတွင် အလှူပြုရာ၌ စင်ကြယ်သန့်ရှင်းစွာ
ရသောပစ္စည်း ဟုတ်မဟုတ် ရွေးထုတ် စိစစ်နေ၏။ ဆင်၊ ကျား၊ မိကျောင်းများကို
နှိမ်နင်းသတ်ဖြတ်၍ ဆုလာဘ်ရသော ပစ္စည်းများကို စင်ကြယ်သည်ဟု သူမထင်။

စဉ်းစားသောအခါ တစ်ချိန်က မြင်းကပါ သူဌေးက ဘုရင့်ထံ အကူအညီ ရယူလို
သဖြင့် အနန္တ သူရိယအား အကူအညီတောင်းခဲ့ဖူး၏။ ထိုသို့ ကူညီဆောင်ရွက်၍ အောင်မြင်သဖြင့်
ပတ္တမြားတစ်ပြည် စေတနာလက်ဆောင် နှင်းခဲ့ဖူးသည်ကို သတိရမိ၏။ ထိုပတ္တမြားလည်း
စင်ကြယ်လှပြီဟု တစ်ထစ်ချ မယုံကြည်။ သံသယဝင်နေသေး၏။ အခြား ပစ္စည်းလည်း
စဉ်းစား၍ မရ။ သို့နှင့် ပတ္တမြားထုပ်ကို ငွေတစ်ထောင်ဖြင့် ရောင်းကာ ညောင်ဦး ကမ်းပါး
သို့သွား၍ “ဤဥစ္စာသည် အမှန်တကယ်စင်ကြယ်ဘိမူ မကြာမတင် ငါ့ထံသို့ ပြန်ရောက်
စေသတည်း' ဟု အဓိဋ္ဌာန်နှုတ်မြွက်၍ ရေထဲသို့ ပစ်ချလိုက်သည်။

နောက်တစ်နေ့ ဈေးတွင် ငါးကြီးတစ်ကောင်ကို တံငါသည်တို့ ရောင်းချကြရာ
ဝယ်သူမရှိ၍ မြို့တွင်းသို့ လှည့်လည်ရောင်းကြ၏။ အမတ်ကြီးကတော်ပင် ဝယ်မိ၍ ဝမ်း
ခွဲကြည့်ရာ ငွေထုပ်ကို ပြန်၍ ရလာသည်။ အနန္တ သူရိယ ဇနီးမောင်နှံလည်း ဝမ်းသာအားရ
ရှင်ကဿပအတွက် ကျောင်းနှင့်ဘုရားကို ထိုငွေနှင့်ပင် တည်ဆောက် လှူဒါန်းကြရလေ၏။
ဘုရားအမည်လည်း ငါးအူသင် ဘုရား' ဟူ၏။ “သူတော်ဥစ္စာ၊ ရေမှာပစ်ငြား၊
မဆုံးပါးခဲ့။ ( မဃဒေဝ ၊တိက-မဇ္ဈဒ္ဒါနဇာတ်။ )

