## PAGE 118


ဓမ္မာစရိယ ဦးဌေးလှိုင်

-

}

ဤဘဝတွင်ပင် တရားထူးရ
ရမည့်ပုဂ္ဂိုလ်မှန်လျှင် မည်မျှကြီးမားသော သေ
ဘေးကြီးနှင့် ရင်ဆိုင်ရစေကာမူ သေရိုးထုံးစံမရှိ။ ဉာဏဝိပ္ပါရ ဣဒ္ဓိခေါ်၏။ ပေါင်လောင်ရှင်
ကဿပ အရှင်မြတ်၌ ဤအစွမ်းများ ရှိနေသည်ကို တွေ့ရသဖြင့် ရဟန္တာဟု အများယူဆခဲ့
သည်မှာ ယူဆထိုက်ပါပေ၏။

ပေါင်းလောင်ရှင် ကဿပသည် ယောနယ် တောတောင်အရပ်တို့၌ သာသနာပြု ကြွ
တော်မူစဉ် မုံရွာမြို့မှ မိုင် ၆ဝ-ကွာ ပုံတောင် ပုံညာအရပ်တွင် ပျံလွန်တော်မူ၏။ ထိုနေရာ၌
မြှုပ်နှံသင်္ဂြိုဟ်ကြသည်။ အရိမေတ္တေယျဘုရား ပွင့်သည့်အခါမှ ထိုအလောင်းတော် တောဓာတ်
လောင်မည်ဟု ဆိုကြ၏။ (ယခုအခါ အလောင်းတော် ကဿပဟူ၍ သွားရောက် ဖူးမြော်
ကြသည်ဟု ပညာဝန် ဦးဖိုးကျား၏ အလောင်းတော် ကဿပ စာအုပ်၌ ဆိုသည်။)

တောင်ငူမြို့ မြို့ထောင့်စေတီ ကျောင်းဆရာတော် ညောင်ကန်ရွာဇာတိ ဘဒ္ဒန္တ သိရိ
သံဝရ မထေရ် ဆဋ္ဌသံဂါယနာတင်စဉ်က ရေးသားဖြန့်ဝေသော “အလောင်းတော် ကဿပ
သမိုင်း' စာအုပ်ငယ်၌မူ အင်းဝ ပထမ မင်းခေါင်ကြီး လက်ထက် တောင်ကြားရွာ (စစ်ကိုင်း
မြို့နယ် မန်ကျည်းကန်ချောင်း တောင်ဘက်) စာတိ ရှင်မဟာ ကဿပသာလျှင် အလောင်း
တော် ကဿပ ဖြစ်ကြောင်း ရေးသားသည်ကို ဖတ်ရှုရ၏။

ထို အရှင်ကဿပသည် သီဟိုဠ်သို့ ကြွ၍ စာပေသင်သည်။ ချင်းတွင်း အရှေ့ကမ်း
ရွှေလှေ၌ တိုက်တည်၌ စာပေပို့ချသည်။ ထို့နောက် ကျောက်မျက်၊ အနိမ့်၊ ငသရောက်၊
တောင် ၃၅-လုံးတို့ကို ကျော်သွားရသော ယခု အလောင်းတော် ကဿပတောင်သို့ အဆင့်
ဆင့် ရွှေ့ပြောင်း သီတင်းသုံးရသည်။ ပရိသတ်များပြားလာခြင်းကြောင့် ဖြစ်၏။ သလေးဘွား၊
သောင်သွပ်စော်ဘွားတို့က ကိုးကွယ်ကြသည်။ ဆေးလည်းကောင်းစွာ တတ်သည်။ ပျံလွန်
တော်မူသောအခါ အလျား ၁၀-တောင်ရှိ ရုပ်တုကို အင်္ဂတေဖြင့် ပြုလုပ်ထားသည်ဟု
ဆိုလေသည်။

တောင်ကြား ရှင်မဟာကဿပသည်ပင် အလောင်းတော် ကဿပဟု ဆိုစေဦး၊ ပုဂံ
ခေတ်က လွန်စွာ ထင်ရှားသော ပေါင်လောင် ရှင်ကဿပမှာကား ပြဆိုခဲ့ပြီးသည့်အတိုင်း
ရဟန္တာဟု ကျော်ကြားအောင် ထူးခြား မြင့်မြတ်သည့် သူတော်စင်ကြီးအဖြစ်ကိုမူ မယိမ်းမယိုင်
လက်ခံနိုင်ကြရာ၏။

ဂိုဏ်းသမားတို့၏ ယိုးမှားကြော်

ဤနေရာ၌ တစ်ချက်မှတ်သားဖွယ် ရှိသည်မှာ လောကီထွက်ရပ်လမ်း လက်တွေ့ကျမ်း
တွင် ဇင်းကျိုက်တောင်ပေါ်မှ ဂန္ဓာရီ ၀ိဇ္ဇာဂိုဏ်းဆရာကြီးတစ်ဦးက ပေါင်လောင်ရှင်
ကဿပသည် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သည်ဟု ပြဆိုထားသည်ကို အချို့ ဖတ်မိကောင်း
ဖတ်မိကြပေလိမ့်မည်။ ပြဆိုသော ခေတ်နှင့်တကွ အထောက်အထား ခိုင်လုံမှု မရှိသည်
တို့ကိုလည်း သဘောပေါက်ကြလိမ့်မည်ဟု ယူဆ၍ ရှင်းလင်းရန် လိုမည်မထင်ပါ။


## PAGE 119


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အထူးသတိပြုရမည်မှာ-

- ၆၃

မဟာယာနကိုယ်စားလှယ်ဂိုဏ်းဆရာ အချို့သည် ရဟန္တာ ဖြစ်သွားကြသော ဆရာ
တော်ကြီးများကိုပင်ထွက်ရပ်ပေါက်သွားသည်ဟု စာရင်းတင်ကြ၏။ အသက်ရှိစဉ်မှာလည်း
“ဒါကျုပ်တို့ ဥက္ကဋ္ဌ” စသည်ဖြင့် ဝါဒဖြန့် ့ကာ တပည့်ခံ၍ တရားထိုင်လာတတ်ကြ၏။
ဂိုဏ်းအဆောင်အယောင်များကို ထိုးသွင်းကာ နားလှည့်ပါးလှည့် ယုန်ထင် ကြောင်ထင်
လုပ်တတ်ကြသည်ကို များစွာ တွေ့ဖူးပေပြီ။ တရားအမူအကျင့်၊ အဖြောအဆို စသည်
ဆင်တူယိုးမှား လုပ်တတ်သည်ကိုလည်း မျက်ခြည်မပြတ်သင့်၊

သမိုင်းကြောင်း သိဖွယ်များ

ကျောက်စာ၊ ရာဇဝင်၊ သာသနာဝင်နှင့် နန်းဓလေ့ မှတ်တမ်းစသော မှတ်တမ်း
အစောင်စောင်တို့၌ အရှင်ကဿပနှင့် စပ်သော မှတ်သားဖွယ်တို့မှာ အောက်ပါအတိုင်း
ဖြစ်၏။

ပေါင်လောင်ရှင်ကဿပလည်း နရပတိစည်သူမင်း လက်ထက်ပင်ဖြစ်သည်။
ပေါင်လောင်လူမျိုးတို့ ကိုးကွယ်ကြ၍ ပေါင်လောင်ရှင်ကဿပဟု တွင်၏။ ပေါင်လောင်
သူငယ်များကို မွေးမြူ၍ သာသနာပြု၏။ သီဟိုဠ်ကျွန်းသို့ ကြွလိုသောအခါ သိကြားမင်းက
ကျားယောင်ဆောင်၍ . တင်ပို့သည်ဟု ဆိုသည်။ (ယခုတိုင် ပလောင်တို့ ဒေသ၌
ကျားစီးရဟန္တာရုပ်တုကို တွေ့နိုင်သည်။) တစ်ခါက `သီဟိုဠ်သို့ သင်္ဘောဖြင့် ကြွရာ
ပင်လယ်၌ သင်္ဘော မသွားဘဲ ရပ်တန့်နေသဖြင့် ကုန်သည် ခရီးသည်အများ သဘောတူ
မဲချကြရာ ၃-ကြိမ်တိုင် ရှင်ကဿပ ကျလေ၏။ ရေ၌ အချခံရသည်။ မိကျောင်းက
ကျော၌ တင်၍ ပို့ပေး၏။ သီဟိုဠ်သို ့ ရောက်လျှင် မျက်မမြင်ဘီလူးတို ့အား မေတ္တာရေချမ်း
ဆွတ်ဖျန်းပေး၍ မျက်စိအလင်း ရကြသဖြင့် ငရမန်, ငတင်ကျည်း ခေါ် ဘီလူးညီနောင်နှစ်ဦးကို
လှူကြသည်။

သီဟိုဠ်ကျွန်းမှ မဟာစေတီပုံ၊ လောဟပါသာဒပုံ၊ ဓာတ်တော်နှင့် ဗောဓိညောင်
မျိုးစေ့များကို ယူဆောင်ခဲ့ကြောင်း “သာသနာလင်္ကာရ’၌ ပြ၏။ ရဟန္တာဟု သမုတ်ကြ
ကြောင်းကိုလည်း ဆိုသည်။

“သာသန ဝံသပ္ပဒီပိကာ' ကျမ်း၌ကား ရှင်ကဿပ ရေချခံရသည့် ရှေးမကောင်းမှုကို
ဤသို့ ဆိုလေသည်။ ရှင်ကဿပသည် လွန်ခဲ့သော ၇-ခုမြောက် ဘဝက ရွာတစ်ရွာ၌ မွေး
ဖွား၍ ကလေးတို့ဘာဝ မြစ်တွင်း၌ ရေချိုးရာ ခွေးတစ်ကောင်ကိုလည်း ရေချိုး ရေကူးစေ၏။
အတန်ကြာလျှင် ထိုခွေးကို မိမိရင်ဘတ်နှင့်ပင် ပိုက်ထွေး၍ ကုန်းပေါ်သို့ တင်ပေးခဲ့သည်ဟု
ဆိုလေသည်။

“ပိဋကတ်သမိုင်း” အရ ရှင်ကဿပသည် ခုဒ္ဒသိက္ခာ အဋ္ဌကထာ နိဿယဟောင်းကို
ရေးခဲ့သည် ဆို၏။ တောင်ဘီလာ ပုဂ္ဂိုလ်ကျော်သည်ပင်လျှင် ဝိနယာလင်္ကာရဋီကာ အရုဏ်
အဆုံးဖြတ်တွင် ကိုးကား ဖော်ပြထားပေသည်။ မင်းသား သိင်္ဃဝိဇယ တောင်းပန်၍


## PAGE 120


/ ၆၄

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

သက္ကရာဇ် ၅၆၅-ခုနှစ်တွင် သဟဿရံသီ ခေါ် “ဗောဓိဝင်ဋီကာ” ကို ပါဠိလို ရေးသားခဲ့၏။
ယခုတိုင် ထိုဋီကာကို ဖတ်နိုင်သည်။ (ပေ၊ ချူ မှ တာ။) ကျောက်စာများတွင် သက္ကရာဇ်
၅၃၄ မှ ၆၃၉ ထိ ထိုအမည်ကို တွေ့နေရသဖြင့် အသက် ၁ဝဝ ကျော် နေရသည်ဟု
ခန့်မှန်းရ၏။ ပိဋက တတ်၍ အကျင့်မြတ် ရှိကြောင်းကား ထင်ရှားလှပေ၏။
အနိမ့်တောကျောင်း ကျောက်စာ (၇၄၀ ထိုး)၌ ပိဋက အလွန်တတ်၍ အကျင့်တွင်
ရှင်မဟာကဿပကြီးနှင့် တူကြောင်း ရေးထိုးကြလေသည်။

၇၅၀-ခုနှစ်ထိုး စစ်ကိုင်းခရိုင် မြောင်နယ်ရှိ ရွှေပေါင်လောင်ဘုရားကျောက်စာ၌
မြောင်နယ် ကျောက်ရစ်ရွာဇာတိ ၅၃၁-ခုနှစ်ဖွား၊ ငယ်မည် ငပေါင်လောင်သင်၊ ရှင်မည်
မဟာကဿပဟု ထိုး၍ ဇာတာခွင်နှင့် အတ္ထုပ္ပတ္တိ အကျဉ်းပါ ပါရှိ၏။ ၇၀၆-ခုနှစ်ထိုး
ပရိမ္မကျောက်စာ၌ ပရိမ္မရွာသားဟု ဆိုလေသည်။ ရင့်မာတစ်ကျိပ်ဝင် စသည်ဖြင့်လည်း
ဗျာဒိတ်ရကြောင်း ပါရှိ၏။ နောင်အခါ ကျောက်ရစ်ရွာ၌ တောကျောင်း နေသည်။
ဆေးဝါးလည်း တတ်ကျွမ်း၏။ ၅၇၇-ခုနှစ်တွင် ပုဂံမင်း (နန်းတောင်းများမင်း) ဦးယဉ်းနာ
စွဲကပ်၍ ပင့်လျှောက်သဖြင့် ကုသပေးရာ ချမ်းသာရာရကြောင်း၊ ကြီးစွာပူဇော်၍
ထီးဖြူတော်ကိုပင် ဆောင်းစေကြောင်း ဆိုသည်။

ပေါင်လောင်ရှင်ကဿပနှင့် စပ်သော ကျောက်စာအရပ်ရပ်အရ ၅၃၉-ခုနှစ်မှ
၆၃၄-ခုနှစ်အတွင်း ပုဂံပြည်၌ အလွန်ထင်ရှား၍ လူအများ ရိုညွတ်ကြကြောင်း၊
တောကျောင်းဂိုဏ်း စတင် တည်ထောင်သူဖြစ်ကြောင်း၊ မြေယာသစ်များ ခုတ်ထွင်အလှူခံ၍
လယ်ယာတိုးတက်မှု ဆောင်ရွက်ကြောင်း၊ တောကျောင်းများ ချဲ့ထွင်ကြောင်း သိရ၏။
အမတ်ကြီး သင်္ကြံမသူ၏ မြေးတော်ဟုလည်း ၆ဝ၆-ခုနှစ်ထိုး ကျောက်စာတစ်ခု၌
တွေ့ ရပေသည်။ ပြဆိုပြီး အကြောင်းအရာတို ့နှင့် ညှိနှိုင်းစဉ်းစားရန် ဖြစ်ပေကြောင်း။
အထူးသတိပြုရမည်မှာ ခုဒ္ဒသိက္ခာနိဿယ (ဝိနည်း) နှင့် ဗောဓိဝင် ဋီကာမျိုးကို
ရေးသားတော်မူခဲ့သော အရှင်ကဿပသည် ခေတ်သစ်သမိုင်းဆရာတို ့ ထင်သကဲ့သို့
လောကီဆန်သော ဘုန်းကြီးမျိုး မဟုတ်နိုင်သည်ကို သတိပြုရပေလိမ့်မည်။

10
