## PAGE 121


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၆၅

ပုဂံခေတ် ကမ္မဋ္ဌာန်းကျမ်းပြု အရိယာ ပုဂ္ဂိုလ်ထူးများ

ပုဂံခေတ်က ပဋိပတ္တိသာသနာ အထောက်အထားများကို အသေးစိတ် မဖော်ပြနိုင်
သော်လည်း ကမ္မဋ္ဌာန်းတရားများ အလွန်ပြန့်ပွား ထွန်းကားလာသည်မှာ ထင်ရှားလှပေသည်။
ဗြဟ္မဝိဟာရ၊ ဗုဒ္ဓါနုဿတိနှင့် အာနာပါနကမ္မဋ္ဌာန်းများ အသုံးပြုများကြောင်းကိုလည်း
တွေ့ရှိရ၏ ။

ဇင်းမယ် သံညွတ် အရညဝါသီ အရှင်ဥတ္တမာရာမ ရေးသား၍ “ကဝိန္ဒာဘိ
သီရိသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု” တံဆိပ်တော်ရ ကျပင်းဆရာတော် သုတ်သင်
ပြင်ဆင်တော်မူခဲ့သော “ဝိသုဒ္ဓိဒီပနီကျမ်း” (၁၂၅၁-ခုနှစ်၊ မြန်မာသံတော်ဆင့် မီးစက်
ပုံနှိပ်တိုက်ရိုက်၊ စာမျက်နှာ ၁၈၇) ၌ ပုဂံခေတ် ကမ္မဋ္ဌာန်း ကျမ်းများ၊ ကျမ်းပြုအရိယာ
သူတော်ကောင်းကြီးများအကြောင်း အမြွက်မျှ ဖော်ပြထားသည်ကို တွေ့ရသည်။

အမည်များမှာ - “မဟန္တဖြစ်သော ကြီးစွာသော ကမ္မဋ္ဌာန်း၊ နာဂုဏ်နဲ့ ကမ္မဋ္ဌာန်း၊
မဟာပံ့သုကူစသည်ဆက် ကမ္မဋ္ဌာန်း၊ မဟာမင်္ဂလထေရ် ကမ္မဋ္ဌာန်း” စသည်တို့ ဖြစ်ကုန်၏။
အောက်ပါအတိုင်း ကြည်ညိုဖွယ်ရာ ကျမ်းစာနှင့် ကျမ်းပြုပုဂ္ဂိုလ် ထူးခြားချက် ဆရာ
စဉ်ဆက်များကိုလည်း ဖတ်ရှုရသည်။

“နာဂုဏ်ကြီး ကမ္မဋ္ဌာန်း၌ကား ဗုဒ္ဓါနုဿတိမျှ လာမူ၍ ဝိပဿနာသို့
သွားလေ၏။ မဟာဗာဟုဂံ ကမ္မဋ္ဌာန်း၌ကား ဗုဒ္ဓါနုဿတိက စ၍ လည်းကောင်း
ထား၏။

"

“ထိုတွင် မဟာပါမုက်အကြီးကား အနာဂါမ်ဟူ၏။ (မဟာပါမောက္ခ
မထေရ်ကြီးကား အနာဂါမ်ဟု ဆိုလိုသည်။) ထိုသို့သောအဖြစ်ကို သိစိမ့်သောငှာ
“ငါ စုတေလျှင် ခေါင်းလောင်းကို သုံးချက်ထိုး” ဟူ၍ တပည့်ကြီးကို မှာခဲ့သောဟူ၏။
“မဟာ မင်္ဂလထေရ်၊ မဟာ ဗာဟုင်္ဂထေရ် သည်နှစ်ပါးတို့သည်ကား
ရဟန္တာဖြစ်ကုန်၏။ သင်္ဂြိုဟ်သောအခါ ဓာတ်စုသည်ချည်းဟူ၏။ ကာယ၏
ဒုဂ္ဂန္ဓလည်း မရှိကုန်ဟူ၏။ (ဓာတ်တော်ကျသည်။ အလောင်းတော် မနံမစော်
မပုပ်ဟု ဆိုလိုသည်။)

“နာဂုဏ်ကြီး၊ နာဂုဏ်ငယ်တို့သည် ထိုပုဂ္ဂိုလ်မြတ်တို့၏ ရှေးကမ္မဋ္ဌာန်း
ဆရာချည့်တည်း။ အရိယာတို့ချည်းဟု ဆိုကုန်၏။”


## PAGE 122


GG

မ္မာစရိယ ဦးဌေးလှိုင်

ဒိသာပြာမုက် ဆရာတော်

အထက်ပါ စကားရပ်တွင် “မဟာပါမုက် အကြီးကာ ဆိုသည်မှာ ဒိသာပါမောက္ခ
ဆရာတော်ကို ဆိုလိုဟန် ရှိ၏။ ယင်းကိုပင် သက္ကတအသံထွက်ဖြင့် “ဒိသာပြာမုက်” ဟု
ခေါ်ကြသည်။

ယခုအခါ ကလေးငယ်များအထိ သိနေကြသော “ဆရာတော်ဦးကျည်ပွေ့” ကိုပင်
ခေါ်ဆိုကြခြင်း ဖြစ်သည်။ ကြီးမှ စာသင်ရသော်လည်း ရှင်ဘုရင် အကိုးကွယ် ခံရလောက်အောင်
ပိဋက တတ်သော ပုဂ္ဂိုလ်ဟု ပြောစမှတ်ပြုကြ၏။

သင်္ဂြိုဟ်ကျမ်းကို သင်ယူကြသောအခါ အညသမာန်း စေတသိက် အညအပါဒါန်နှင့်
စပ်သောအခါတွင်လည်း ဦးကျည်ပွေ့ အကြောင်းကို ပြောရိုးပြုစလေ့ကုန်၏။

ပုဂံ၌ “ရုပ်မေးရုပ်ဖြေကန်” ဟူ၍ ရှိသည်။ ဦးကျည်ပွေ့ အား စာတတ်ဆရာတော်များက
စာပေသရုပ်သကန် စစ်မေးရာဌာနဟု ဆိုကြသည်။

ဦးကျည်ပွေ့ အကြောင်းကား ထိုမျှသာမဟုတ်။ ပုဂံပြည် တရုတ်ပြေးမင်း လက်ထက်တွင်
ပုဂံပြည်ကြီး တရုတ်စစ်ရန်ကြောင့် ပျက်စီးရသောအခါ မြန်မာပြည်သူအလုံး၏ ကိုယ်စား
တရုတ်ပြည် ပီကင်းမြို့ ကူဗလေခန် ဘုရင်ကြီးထံ ကိုယ်တိုင်ကြွရောက် အရေးဆိုခဲ့သော
ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီးပင်တည်း။

ကူဗလေခန်နှင့် ဆွေးနွေးပုံ

တရုတ်ပြည်သို့ ကြွသောနှစ်ကား ခရစ်သက္ကရာဇ် အေ-ဒီ ၁၂၈၅-ခု ဖြစ်၏။
၁၂၈၃-ခုနှစ်မှ စ၍ ငဆောင်ချီ, ကောင်စင်, တကောင်မြို့များ ကျဆုံးနေခဲ့ပြီဖြစ်၍ တရုတ်
မွန်ဂိုတို့ မြို့တော်အနှံ့ တပ်မြို့တော် ပြုလုပ်ထားရာ ဆရာတော်သည် စခန်းတစ်ခုသို့ရောက်တိုင်း
သက်ဆိုင်ရာ စစ်ဘက်အကြီးအကဲများထံ သုဝဏ္ဏလိပ်(စာ) ရေးသား အကြောင်းကြားပြီးမှ
အဆင့်ဆင့် ခက်ခဲစွာ ကြွတော်မူရသည်။

ဆရာတော်သည် ထိုနှစ် ယဆည် (ယူနန်ဖု) ၌ ဝါဆို၍ ဒီဇင်ဘာတွင် တယ်တူ(ပီကင်း)
ရှိ ဧကရာဇ်ဘုရင်ကြီး ကူဗလေခန်နှင့် စကားအခြေအတင် ဆိုရသည်။ ဆရာတော် ပြောဆို
သော စကားများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ “ဒိသာပြာမုက် ကျောက်စာ'
ဟု ထင်ရှားရှိ၏။

ကူဗလေခန်နှင့် ဆွေးနွေး ပြောဆိုရပုံကို ကျောက်စာတွင် အပြည့်အစုံ ဖော်ပြထားရာ
ကောက်နုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်၏။

ကူဗလေခန်။ ။ပဏ္ဍိတ်၊ ဤငါ၏ သူရဲ(စစ်သည်) နှစ်ထောင်နှင့် မဟာထေရ်ရှင်နှင့်
(ပုဂံ၌) သာသနာပြုလေဟု ဆိုနှင်၏။


## PAGE 123


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဆရာတော်။

ကူဗလေခန်။

11

၆၇

။ မဟာရာဇ်၊ ဤသူရဲအလုံး၊ သင်္ဃာအလုံး စပါးဟိမှသာ တည်ကြည်အံ့။
စပါးကား ပြည်စည်းစိမ် အမြစ်မဟုတ်လော။ ဤသူရဲတို့သည် ထန်း
(သီးနှင့် ထန်းအူ) တို့ကိုသာ စဉ်း၍စားပြီးကာ ဝမ်းနာ၍ မသေ
ကုန်သလော။ကြွင်းသော သင်္ဃာတို့လည်း ပြည်တွင်းမဝင်ဝံ့။ တောသို့ပြေး၍
သေကုန်ခံ သောတကား။ မင်းကြီးအောင်သော အမှုမဟုတ်လော။
ဥယန်စိုက်သော ယောက်ျားကား ရေသွန်း၍ သစ်ပင်တို့ကို ကြီးစေ၏။
အညွန့် မဆိတ်တကား။ သစ်ပင် သီးပြီးသော်သာ အသီး စား၏။
တံပြတိုက် (တမ္ပဒိပ် = ပုဂံ) ပြည်ကိုလည်း ရေသွန်းဦးလတ်သေး။
မြတ်စွာသာသနာလည်း သေငယ်မူပြီ။

3

“မင်းကြီးကား ဘုရားဆု တောင်းသသူမဟုတ်လော။ အဖဂေါတမ
သာသနာ ကို မပျက်စေ လတ်သေး။ မင်းကြီးနိုင်သောပြည်ကား
များလည်းများစွာ၊ ကြီး လည်း ကြီးစွာ၊ တံပြတိက်ပြည်ကား အငယ်တည်း။
သာသနာ ဟိသောကြောင့်ရကား ဘုရားအလောင်းတိုင်ကာ ပြည့်မြောက်
၏။ သူရဲအဝင် စဲလတ်ဘိ။ ငါကား ကောက်ပဲစိုက်စေဦးအံ့။ ကောက်ပဲ
ပြီးသော်ကား ဝင်။ (ပုဂံက လက်ဆောင်ပဏ္ဏာ ပေးရန် ကတိပေးစကား
ပြောဆိုလိုက်ရာ......)

ဤစကားတွင် ငါ့ဖို့လည်း ပါ၏။ ပဏ္ဍိတ်လား၍ ထွက်ပြေးသော
သင်္ဃာတို့ကို ခေါ်လေ။ ကောက်ပဲလည်း စိုက်လေ။ (ဆို၍ စစ်သည်များ
ပြန်လည်ရုပ်သိမ်းရန် ကတိပြု၏။)

ပြည်ရေး ပြည်မှု ဖြစ်စေကာမူ သင်္ဃာတော်အရှင်မြတ်တို့သည် ရံခါ မင်းနှင့် ပြည်သူ
တို့အတွက် ဝင်ရောက် ကူညီတော်မူလေ့ရှိကြောင်း ပြညွှန်ရာလည်းရောက်ပေသည်။ (ဒိသာ
ပြာမုက် ကျောက်စာ၊ ဒေါက်တာ သန်းထွန်း၏ “အသစ်မြင် ဗမာသမိုင်း’ နှင့် အခြေ
မြန်မာနိုင်ငံရေးသမိုင်း။)

နာဂုဏ်ငယ်, ရာဂုဏ်ကြီး အမေးအဖြေ

ပြဆိုပြီး “ဝိသုဒ္ဓိဒီပနီ” အရ နာဂုဏ်ကြီး နာဂုဏ်ငယ် မထေရ် အရှင်မြတ်နှစ်ပါးသည်
ပုဂံခေတ် အဆိုပါ ကမ္မဋ္ဌာန်းဆရာ အဆက်ဆက်၏ ဆရာ မူလဘူတ ရှေးဦး ကမ္မဋ္ဌာန်း
ဆရာတော်ကြီးများ ဖြစ်ရုံသာမက အရိယာ ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ကြသည်ကိုလည်း မှတ်
သိရပေ၏။

ထိုအရှင်မြတ်ကြီးနှစ်ပါး၏ အကြောင်းနှင့်စပ်၍ ကန္နီဆရာတော်ဘုရားကြီး၏ (၁၂၉၃-
ခုနှစ်ရေး)“သစ္စာပါရဂူကျမ်း' နိဗ္ဗာန်ကို အကြောင်းလေးပါးနှင့် ပြည့်စုံမှ မြင်နိုင်ပုံ အခန်း
စာမျက်နှာ ၄၀၆-ရ ၌ ထိုအရှင်မြတ်ကြီး နှစ်ပါး၏ အမေးအဖြေကို ဖတ်ရှုရပေသည်။
