## PAGE 130

၇၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ထိုအကြောင်းများနှင့် သူ၏ကျမ်းစာများသည် ပရိယတ္တိလောက၌ ယခုတိုင် ထင်ရှား၏။
ထိုမထေရ်၏ ပဋိပတ်နှင့် စပ်သောအချက်ကား အတန်ငယ် ငုပ်ကွယ်လျက် ရှိသဖြင့်
ဖော်ပြလိုပေသည်။ တစ်ရံရောကာလ ဘုရင်မင်းခေါင်သည် ကျောင်း (အရိယဝံသချောင်)
သို့ တရားနာလာရာ တရားဟောပြောပြီးလျှင် အဝ-စစ်ကိုင်းယာဉ်ခွန် ပလှပ်ချမ်းသာပေးရန်
အလှူခံတော်မူသည်။ မင်းကား မလှူ။ အပြန် ဖောင်တော်ဖြင့် စုန်ခဲ့ရာ ရွှေကြက်ယက်အနီး
တက်မ,ကို မိကျောင်းကိုက်ခဲထား၍ မရွှေ့နိုင်။ ထိုအခါသတိရသဖြင့် လက်အုပ်လှမ်း၍ ချီကာ
“ယာဉ်ခွန်ကို အလှူခံတော်မူသည့်အတိုင်း လှူပါ၏” ဟု လျှောက်မှ ဖောင် ထွက်နိုင်လေသည်။

တစ်ကြိမ်တွင် စီးတော်ဆင်မယဉ်သာသည် ကျောင်းတွင်းရှိ ဗောဓိပင်အခက်ကို
ချိုး၍ စားမိသဖြင့် ထိုနေရာ၌ပင် လဲသေသည်။ ဆရာတော်သည် သစ္စာဓိဋ္ဌာန်ပြုကာ မေတ္တာ
ရည်သွန်းဖျန်းမှ ချမ်းသာစွာ ထနိုင်၏။ ဘုရင်မင်းခေါင်လည်း ဆင်မတစ်စီးဖိုး တန်အောင်
အရိယဝံသချောင်မှ ဧရာဝတီမြစ်ဆိပ်အထိ ကျောက်လမ်းခင်း လှူလေသည်။ ဤကား
ရဟန်းသံဃာများအား စာပေပို့ချခြင်း၊ ကျမ်းပြုခြင်း တာဝန်များကြားမှ ပွားများ အားထုတ်
တော်မူသော ဆရာတော်၏ သီလ, မေတ္တာ, သမာဓိ တန်ခိုးပင် ဖြစ်ပေ၏။

အရည်းကြီးတို့ သာသနာပိုင်ဖြစ်သောခေတ်

၇ဝ၄-ခုနှစ် နန်းတက်သော ပင်းယ ငါးစီးရှင်ကျော်စွာ လက်ထက်လည်း အရည်းကြီးတို့
အင်အ ထက်ဝက်ခန့်ရှိနေ၏။ ထိုမင်းလက်ထက် ရဟန္တာအတုပင် ပေါ်ခဲ့သေးသည်။
တစ်နေ့သောအခါ မင်းကြီး စားတော်ပွဲတည်မည် လုပ်နေစဉ် ရဟန်းတစ်ပါး ဆွမ်းလာရပ်၏။
“ရဟန္တာဖြစ်၍ ငါ့ကို ချီးမြှောက်ရန် ကြွလာခြင်းဖြစ်မည်” ဟု အောက်မေ့ကာ ပွဲတော်အားလုံး
လှူလိုက်၏။

မင်းချင်းတစ်ယောက်ကိုလည်း လိုက်လံ စုံစမ်းစေသည်။ တစ်နေရာသို့ ရောက်လျှင်
မယားက သပိတ်လှမ်းယူပြီး သင်္ကန်းလဲသည်ကိုမြင်၍ ပြန်ဆုတ်ခဲ့၏။ “အမှန်အတိုင်း
သံတော်ဦးတင်သော် ခက်ချေမည်။ မင်းလည်း သဒ္ဓါပွား၊ ငါလည်း မျက်နှာရ၊ ရှင်ယောင်လည်း
အပြစ်လွတ်စေမှ တော်မည် ဟု စဉ်းစား၍ “ကျွန်တော်မျိုးလိုက်၍ ကြည့်စဉ်ပင် ရဟန်း
ကွယ်' လေသည်” ဟု လျှောက်တင်ရာ မင်းကြီးကား ‘ငါ့အတွေး မှန်ပေပြီ” ဟု လက်ရုံး
တမ်း လေ၏။ ထိုနေ့မှာပင် မြင်းဖြူတစ်စီး အဆက်ခံရသဖြင့် “ငါ့အလှူကား အကျိုးပေးလေပြီ
ဟု နှစ်လိုအားရမ်း ဝမ်းမြောက်လေသတဲ့။

၈၁၃-ခုနှစ် နန်းတက်သော ကျော်စွာမင်းလက်ထက် ပဋိပတ်အခြေအနေကို သာသနာ
လင်္ကာရ၌ “ထိုဆရာ(ဆူးတွင်းပစ်) လက်ထက် ဓုရနှစ်ပါးတွင် စာပေသင်ကြားသော
ဂန္ထ ဓုရ ရဟန်းများလည်း အများရှိ၏။ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းသော သက်ကြီးရွယ်ရင့်
ဝိပဿနာဓုရ ရဟန်းများလည်း တစ်ထောင်လောက်များသည်” ဟု ဖော်ပြထားပေသည်။
ပင်းယ၊ စစ်ကိုင်းနှင့် အင်းဝ ခေတ်ဦး အခြေအနေသည် တိုင်းပြည်ရေးရာ မငြိမ်


## PAGE 131


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၇၅

သက်သကဲ့သို့ သာသနာရေးလည်း ရှုပ်ထွေး ပွေလိမ်ခဲ့ရ၏။ ထိုခေတ်ကား မဟာယာန
အရည်းကြီးများ တစ်ဝက်တစ်ပျက် အရည်းကြီးများ သာသနာပိုင်ထိ တက်ဖြစ်ကြသည်ကို
ကြည့်လျှင် ထိုခေတ် ပဋိပတ်သာသနာ အခြေအနေကို အကဲဖြတ်နိုင်ပေလိမ့်မည်။ ဓာတ်ရိုက်
ဓာတ်ဆင် ဗေဒင်ယတြာဘုန်းကြီး၊ လက်ဝှေ့ အသတ်ကောင်းသော ဘုန်းကြီးတို့ ကြီးစိုးသော
ခေတ်ပေတည်း။

ဥပမာ-သံဃရာဇာ ရခိုင်ဘုန်းကြီး (၆၄၆-၆၆ဝ)၊ ပင်လယ်ကျေး သံဃရာဇာ
(မင်းဆွေမင်းသိဒ္ဓတ်တို့ ဆရာ)၊ အောင်စည်းခုံသံဃရာဇာ (စွာစော်ကဲလက်ထက်)၊ ပတူကြီး
သံဃရာဇာ (စစ်ကိုင်းမြို့)၊ ဘားမဲ့ ဘားတမော့ စသည်တို့ဖြစ်၏။ ကျောက်စာတို့၌ ပိဋက
သူရဲကောင်းကြီးများအဖြစ် ရေးထိုးထားသည်ကိုလည်း တွေ့ရပေ၏။ “ပိဋကကား သင့်ရုံသာ
ဟု ဆရာစဉ်ဆက် ဆုံးဖြတ်ကြသည်။

ယင်းသို့ မင်းဧကရာဇ်များ မတန်မရာ သာသနာပိုင်ခန့်ကြသဖြင့် မင်းကြီးစွာ
စော်ကဲလက်ထက်တွင် ရှင်ခေမာစာရခေါ်သော ဆရာတော်တစ်ပါးက အထိတ်တလန့် ကန့်
ကွက်ဖူးသည်။ ည လူခြေတိတ်ချိန်တွင် ဘုရားရှေ့ရှိ စည်ကြီးကို အချက်ပေါင်းများစွာ တီး
ခတ်စေ၏။ ဘုန်းကြီး ပျံတော်မူလျှင် ယင်းသို့ တီးတတ်သဖြင့် ဘုန်းကြီးတစ်ပါးပါး
ပျံလွန်တော်မူသည်ဟု ထင်ကြသည်။ မေးမြန်းကြသောအခါ “သိကြားမင်းသေ၍ စည်တီးသည်”
ဟု ဖြေတော်မူ၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး သာသနာကို ပြုစု စောင့်ရှောက်ပါမည်
ဝန်ခံထားလျက် သိကြားမင်း မစောင့်ရှောက်သဖြင့် သိကြားမင်းသေပြီထင်၍ စည်တီးကြောင်း
မိန့်တော်မူသည်။ ထိုအခါတွင်မှ ထေရဝါဒ အနွယ်အစစ် ဖြစ်တော်မူသော ရှင်ခေမာစာရအား
အဝမြို့ ဒန့်တောအရပ်တွင် စည်းခုံနှင့် ကျောင်းဆောက်လုပ် တင်လှူသည်။

ဘိုးတော်အား အခဲမကျေသော မိစ္ဆာများ

ထိုသည့် နောက်ပိုင်းတွင် ဦးထုပ်ဆောင်းသော ရဟန်း၊ ရင်စည်း တဘက်စည်းသော
ရဟန်းများ ပြဿနာ၊ မြို့ရွာဝင်လျှင် သင်္ကန်းတင်ရမည်,ရုံရမည် ဟူသော ပြဿနာ
သာသနာ အရှုပ်အထွေး အရေးအခင်းတို့ကား အဆက်မပြတ် ပေါ်ခဲ့၏။ ထိုအရှုပ်အထွေးအားလုံး
ဘိုးတော် လက်ထက်တွင်မှ ချုပ်ငြိမ်းလေသည်။

ဘိုးတော်သည် သာသနာရေးနှင့်စပ်၍ ကုန်းဘောင်ခေတ် နော်ရထာပေတည်း။ ၃၈-
နှစ်တိုင် ( အလုပ်များ၍ အမှားမကင်းသော်လည်း) သာသနာအတွက် အသက်ပေး ချီး
မြှောက်ခဲ့၏။ ထို့ကြောင့်လည်း မနာလိုသော မိစ္ဆာတို့သည် “မောင်ဝိုင်းသစ္စာဖောက်သည်။
“ကတိသစ္စာမရှိ ” ဟု ယခုတိုင် အခဲမကျေသေး။

ရာဇဝင်, သာသနာဝင်တို့၏ နောက်ကွယ်တွင် ချယ်လှယ်ချင်သူများ အောက်လမ်း,
အထက်လမ်း နည်းမျိုးစုံဖြင့် စမ်း၍ မကျေချမ်းနိုင်ဖြစ်နေကြသည်ကို သိပါမူ မမြင်ရသော
အသံတိတ် စစ်ပွဲများ ရှိသေးသည်ဟု လက်ခံရပေလိမ့်မည်။


## PAGE 132

၇၆


ဓမ္မာစရိယ ဦးဌေးလှိုင်

မဟာယာနနှင့် ဗြာဟ္မဏ

အရည်းကြီးကိုယ်စားလှယ်များနှင့် အမည်းရောင်မဝတ်ဘဲ ရုပ်ဖျောက်၍ ဝင်နေသော
အရည်းကြီးတို့ကား ယနေ့ ပုန်းကွယ်၍ မရပြီတကား။

မင်းခမ်းမင်းနားတွင် သြဇာကိုက်ခဲ့သော ဗြာဟ္မဏဝါဒ (အတ္တဝါဒ) လည်း “အတူတူပါပဲ၊
ငါကတောင် အလျင်ကျသေး' ဟူသော မလိမ့်တပတ် တစ်ဝါကြီး မြှူဆွယ်ခြင်းလည်း
ယနေ့ ဘွင်းဘွင်း ပေါ်လေပြီ။

သမိုင်းကပေးသော မြန်မာတို့တာဝန်

ပင်းယခေတ်တွင်လည်း မဟာယာနဝါဒ အရည်းကြီးတို့၏ လှုပ်ရှားမှုမှာ ပြင်းထန်
လျက်ပင် ရှိသေး၏။ ထေရဝါဒ တက္ကသိုလ် ခေါ်ဆိုရမည့် စကားခုနစ်ကျောင်း ကျောင်းတော်
ကြီးကိုပင် ပွဲကျောင်းအဖြစ် (ဝါ) မဟာယာန တက္ကသိုလ်အဖြစ် ဦးတည်စေခဲ့လေသည်။
မင်းမှုထမ်းသော အရည်းကြီးများပင် ရှိနေကြ၏။ ခေတ်ရာဇဝင် သုတေသီတို့သည် တွေ့ရှိ
ရသော ကျောက်စာကိုသာလျှင် အခိုင်အမာ ခံယူ၍ လူမှုရေးရှုထောင့် မျက်စိတစ်လုံးတည်းကိုသာ
အသုံးပြု ကြည့်ရှုတတ်ကြရာ စစ်မှန်သော သမိုင်းများ ပေါ်ထွက်မလာနိုင်တော့ချေ။

၂။

၃။

ပင်းယခေတ် မှတ်တိုင်များ

ထိုခေတ်တွင် အခိုင်အမာရှိနေသော အရှင်ဒိဗ္ဗစက်, ပရက္ကမညီနောင် စသော
(ခေတ်လူတို့အမြင် ဒဏ္ဍာရီဟုသာ နားလည်တတ်သော) ပဋိပတ္တိဆိုင်ရာ
ခေတ်ပြိုင် အရိယာ သူတော်ကောင်းကြီးတို့၏ အခြေအနေ။

မဏိမဉ္ဇူသာ ဆရာတော်၊ ဆူးတွင်းပစ် ဆရာတော် (အရှင်နာဂိတ)၊ စတုရင်္ဂဗလ
အမတ်ကြီး စသော ပရိယတ္တိနယ်ပယ်မှ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၊ ထိုပုဂ္ဂိုလ်
ကြီးများ ရေးသား ပြုစုခဲ့သော ကျမ်းများနှင့် ထိုကျမ်းများ၏ အတိမ်အနက်။
ထိုခေတ် ပရိယတ် ပဋိပတ် စံချိန်ကို ပြသော (ကျောက်စာ စသော) ခေတ်ပြိုင်
အခြား သာသနိက ထောက်ဆဖွယ်များ။

ဥပမာ-တောင်တွင်းမင်း မင်းသီရိဇေယသူရ ဇနီးမောင်နှံက သက္ကရာဇ် ၈ဝဝ-ပြည့်
နှစ် ပုဂံရွှေစည်းခုံ အနောက်ဘက် တက်နွယ်ချောင်း ကျောင်းတော်ကြီး ဆောက်လှူ၍ ခေတ်
ဆိုး ခေတ်ပျက်ကြီးတွင် ပိဋက ကျမ်းစာများ မပျောက်မပျက်စေရန် ပညာရှိများနှင့် တိုင်ပင်
ရေးကူးစေ၍ ကျမ်းစာများကိုပါ ပူဇော်ခဲ့ကြသည်။ တက်နွယ်ချောင်းကျောက်စာဟု ခေါ်သည်။

ထိုကျောက်စာပါ ထေရဝါဒ ပိဋကဆိုင်ရာ ကျမ်းစာများ စာရင်းကို ကြည့်ပါလျှင်
ယခုအခါ ပါဠိပညာရှင်များပင် မကြားဖူးသော ပါဠိကျမ်းစာ အများအပြား ပါဝင်နေသည်ကို

