## PAGE 133

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၇၇.

တအံ့တသြ တွေ့ရမည်ဖြစ်၏။ သဒ္ဒါကျမ်း, ဆေး, ဗေဒင် စသော ဂန္ထန္တရ (အထွေထွေ) .
ကျမ်းများကား ဆိုဖွယ်ရာမရှိ။]

အဆင့်ဆင့်ခံစစ်မှ ထိုးစစ်သို့

မြန်မာရာဇဝင်ကို ခေတ်မီလေ့လာ ဖော်ထုတ်ကြရာ၌ ဤသာသနိက ထောက်ဆဖွယ်များ
ကို ချန်လှပ်၍ ပြည့်စုံသော ရာဇဝင် လေ့လာချက်တစ်ခု၊ သို့မဟုတ် ရာဇဝင်ပညာရှင်
တစ်ဦး ဖြစ်မလာနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတို့သည် ဗုဒ္ဓဝါဒကို ပင်မ, မှီခို
အားထားရာ နည်းပညာကြီးအဖြစ် အခိုင်အမာ ခံယူ၍ ထိုအတွေးအခေါ်, ထိုအမြင် အသိ
ဖြင့်သာ ဘဝကို ရပ်တည်လာခဲ့သော လူမျိုး ဖြစ်လေသည်။

ဤယနေ့ ဤအခြေအနေသို့ ရောက်အောင် အခက်အခဲ အမျိုးမျိုး ကြားမှ ရုန်းကန်
၍ ထေရဝါဒ သာသနာသမိုင်းကို ထူထောင်ခဲ့ကြသော မြန်မာတို့၏ ဇွဲ သတ္တိ, လုံလ,
ဝီရိယနှင့် အသိဉာဏ် အမြော်အမြင်များမှာ အံ့မခန်း ဖြစ်ပါပေသည်။

၁။ ဘိုးတော်မင်းတရားကြီးသည် တောစွန်အုံဖျားပါ မကျန်အောင် ပိဋက ကျမ်းစာ
များနှင့်အတူ ရဟန်းတော်များကို ပြည်တွင်း ပြည်ပသို့ သာသနာပြု စေလွှတ်၍
မဟာယာနဝါဒကို အမြစ်ပြတ် ရှင်းလင်းပေးခဲ့ခြင်း။

၂။ မင်းတုန်းမင်း တရားကြီးသည် တစ်ကမ္ဘာလုံး နယ်ချဲ့ဝါဒများ ကြီးစိုး လွှမ်းဖိ
လာသော အချိန်၌ ပဉ္စမသင်္ဂါယနာတင်၍ ဟန့်တားခဲ့ခြင်း။

၃။ တစ်ကမ္ဘာလုံး ရုပ်ဝါဒကြီး ဖိစီးလာအံ့သောအချိန် မြန်မာတို့သည် ဆဋ္ဌ
သင်္ဂါယနာတင်ခဲ့ခြင်း စသည်ဖြင့် ထေရဝါဒ သာသနာကို ခိုင်မာစေနိုင်ခဲ့ကြ

လေသည်။

နောက်ဆုံးရလဒ်ကား အမျိုးမျိုးသော လူမှုဒုက္ခ၊ ထိုဒုက္ခတို့မှ လွတ်မြောက်ကြောင်း
အမျိုးမျိုးသော အယူဝါဒ, အတွေးအခေါ်, နည်းပညာ ဆေးစွမ်းကောင်းတို့ဖြင့် ကုသသော်လည်း
တစ်နေ့တစ်ခြား လုံးပါးပါးနေသော လူသားတိုင်းအတွက် နောက်ဆုံး ဆေးတော်ကြီးကို
မြန်မာတို့က ဖြန့်ဝေ ပေးငှလိုက်နိုင်ခြင်းပင်တည်း။ မြန်မာတို့၏ ဘုန်းကံသည် ကြီးမားလေစွာ့။

မြန်မာတိုင်း မသိသော မြန်မာ

အနာဂတံသ ဉာဏ်တော်ဖြင့် ချင့်မြော်သိမြင်၍ သာသနာပြုတော်မူခဲ့ကြသော အရှင်
မောဂ္ဂလိပုတ္တတိဿ၊ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင်သီလဗုဒ္ဓိနှင့် အရှင်အရဟံ စသော
ရဟန္တာ အရှင်မြတ်ကြီးတို့၏ ကျေးဇူး မေတ္တာကို ခံယူရသော အနော်ရထာမင်းကြီး၏
ကျေးဇူးတော်လည်း ကြီးမားလှပေစွာ။ မြန်မာတို့ကား နှယ်နှယ်ရရမဟုတ်။ သမိုင်းပေး
တာဝန်ကို ထမ်းဆောင်နေကြသူများသာတည်း။


## PAGE 134


၇၈

ဓမ္မာစရိယ ဦးဌေးလှိုင်

သို့ရာတွင် ရဟန္တာ အရှင်မြတ်ကြီးများနှင့် သာသနာ့ ဒါယကာတော် အနော်ရထာ
မင်းတရားကြီးတို့ မြင်လိုသော ထေရဝါဒ သာသနာတော်ကား များပြားလှသော တိမ်တိုက်
တိမ်လိပ်တို့ အကြားတွင် ပြေးလွှားနေသော လမင်းကြီးကဲ့သို့ လင်းချည်တစ်ခါ မှိန်ချည်တစ်
လှည့်ဖြစ်ခဲ့ရလေ၏။

ယင်းသို့လျှင် မြန်မာနိုင်ငံ . သာသနာသမိုင်းသည် ရှုပ်ထွေးပွေလိမ်နေခဲ့ရသဖြင့်
သမိုင်းပါမောက္ခ၊ မြန်မာစာ ပါမောက္ခကြီးတို့ပင် မျက်စိလည်ကာ တောရရဟန်း ကောင်းများနှင့်
တောရ အရည်းကြီးများကို ရောထွေးလျက် “အရညကင်္ဂမှ အရည်းဖြစ်သည်။ အရည်းကြီးတို့၏
လယ်ယာခုတ်ထွင် စိုက်ပျိုးခြင်းမှာ ချီးကျူးဖွယ်” ဖြစ်ကြောင်း၊ “မြင်းစီးလှံထိုး ပွဲကျောင်း
တက္ကသိုလ်များ ပြန်လည်ဖော်ထုတ်သင့်ကြောင်း” ပညာပေး ရေးသားနေကြရှာလေ၏။

ထို့ကြောင့်လည်း အကြားအမြင်ရ နိုင်ငံခြားပညာရှင် အချို့က “ယနေ့ကျောင်းသင်
စာအုပ်ထဲက ရာဇဝင်များသည် တကယ့်ဖြစ်ရပ်မှန်နှင့် ကြည့်လျှင် ရယ်ရွှင်ဖွယ်” ဖြစ်ကြောင်း
ပြောဆိုကြလေသည်။

အိန္ဒိယကျောက်စာ ပညာရှိကြီး “ ဂျေ၊ အိပ်ချ်မာရှယ် ” တို့မှစ၍ မြန်မာတို့သည်
အိန္ဒိယ, သီဟိုဠ် သာသနာ အပြတ်အစ်, အကျပ်အတည်း ကာလတွင် တစ်ခုတည်းသော
ခံတပ်ကြီးအဖြစ် ရပ်တည်လျက် အရှေ့ဘက် ကမ္ဘာတွင် အိန္ဒိယ, တရုတ် နိုင်ငံကြီးများကိုပင်
ကျော်လွှားကာ ယဉ်ကျေးမှု ဦးဆောင်စံပြ နိုင်ငံငယ်တစ်ခု အဖြစ် ရပ်တည်ခဲ့ကြောင်း
ချီးကျူးခဲ့ကြရ၏။ မြန်မာတို့သာ ထိုကဲ့သို့ မရပ်တည်ခဲ့သော် ယနေ့ ထေရဝါဒ သာသနာ
သိုက်ကြီးသည် အခြားတစ်နေရာရာ၌ မှေးမှိန်စွာသာ ရှိပေရာသည်။ အရှင်မဟာမောဂ္ဂလိ
ပုတ္တတိဿ၏ အနာဂတံသ ဉာဏ်တော်နှင့် မြန်မာတို့၏ ဘုန်းကံအစွမ်းကို ခန့်မှန်းနိုင်လေသည်။

သို့ရာတွင် “မြန်မာဆိုသည်ကို သေးသေးကလေး ဖြစ်အောင်' လီဆယ်ကြသော
အနောက်တိုင်းမှလာသည့် ရှေးဟောင်းပညာရှင် အချို့နှင့် ရာဇဝင်ဆရာအချို့၊ ၎င်းတို့၏
အဆက်ဆက်သော တပည့်တို့ကား မရိုးသားသော ဆရာ့ဆရာကြီးတို့၏ ရည်ရွယ်ချက်၊
သာသနိကဆိုင်ရာ ပြဆိုပြီး ကွယ်ဝှက်သည့် သဘာဝဝတ္ထုများကို မဆင်ခြင်နိုင်ကြသဖြင့်
ထင်ရာမြင်ရာ ပညာပေး ရေးသားလျက် ရှိရာ ထိုသဘာဝများကို နားလည် ထားနှင့်သော
ခေတ်လူတို့ပင် သီးသန့်လိုက်စားနေကြသော သမိုင်းရာဇဝင် ပညာရှင်ကြီးများကို ပုံ၍
ယုံစားအားကိုးလိုသော်လည်း အားမကိုးရဲအောင် ရှိကြရသည်။


## PAGE 135

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၉

ဈာန်အဘိညာဉ်ရ အညာတကုဏ္ဍည်းမထေရ်

ပုဂံ၊ ပင်းယ ခေတ်ပျက်ကာလကြီးကား ထိုသို ့သော ပါမောက္ခကြီးများပင် နားယောင်
ဖွယ်ရာ မဟာယာနနှင့် ထေရဝါဒ ရှုပ်ထွေးပွေလိမ်သော ကာလဖြစ်၍ ခွဲခြား ရှုမြင်တတ်ရန်
မလွယ်ကူလှချေ။ မည်သို့ဖြစ်စေ တိုင်းပြည်အလုံး ကစဉ့်ကလျားဖြစ်၍ သာသနာတော်
ဝန်ထမ်းတို့ ပရမ်းပတာ ရှိနေစဉ်မှာပင် ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ထူးများ ရှိနေသေးသည်ကို
ထောက်ပါလျှင် မျက်မြင်အရ မစည်ကားလှသော်လည်း ဓမ္မအင်အားကား ကြီးမားခိုင်မာစွာ
အခြေစိုက်ထားပြီကို သိသာလှပေသည်။

သက္ကရာဇ် ခုနစ်ရာ ပတ်ဝန်းကျင်၌ တောရကျောင်း အများအပြားရှိသည်မှာ မြင်းမူ
အမြင့်-အနိမ့်) စသော ဒေသများဖြစ်၏။ ထိုစဉ်က တောရနေသော ဘုန်းကြီးကို
တောမြတ်ကြီး” ဟု ခေါ်ဆိုကြကြောင်း ထိုခေတ်ကျောက်စာများအရ သိရ၏။

သက္ကရာဇ် ၇၃၃-ခုနှစ်ထိုး အမြင့် မင်းရဲကျောင်း ကျောက်စာပါ တောမြတ်ကြီး
တစ်ပါး၏ အကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုတောမြတ်ကြီး၏ အမည်မှာ
အညာတ ကုဏ္ဍည်း' (အညာတ ကောဏ္ဍည) မထေရ်ဖြစ်၏။ လောကီဈာန် အဘိညာဉ်
ကြောင်း ကျောက်စာ၌ အတိအလင်း ရေးသားပါရှိသည်။ ဈာန်အဘိညာဉ် ရရုံမျှမက
လာကုတ္တရာ အင်အားများကိုပါ တွေ့မြင်ရသဖြင့် အရိယာ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟုလည်း
ဆိုနိုင်လေသည်။

ထိုအရှင်မြတ်ကြီး၏ အကြောင်းကို ကျောက်စာ၌ အောက်ပါအတိုင်း ရေးထိုးထား၏။

“ဖုရားမြတ်စွာ သာသနာဝှိုက် အကျင့်သီတင်း သည်းခံခြင်းနှင့် ပြည့်စုံစွာသော
အလွန် လောကီဈာန်ရပြီး ကျေးဇူးကြီးသော ဖုန်းမြတ်ကြီးစွာ အညာတကုဏ္ဍည်း
မည်သော မဟာထေရ်သည်ကား ကြံတူမည်သော ပြည်၏ တောင်မျက်နှာ ရွာနှင့်မကပ်၊
တော၏အရပ် သစ်ပင်ရင်း၌ စမ္မခဏ် (သားရေအခင်း) ခင်း၍ သံသပိတ်ကို
ရှေ့တည်လျက် ဘာဝနာမူ၍ (တရားထိုင်၍) နေစဉ်လျှင် တောဆင်ပေါက်မြင်၍
နှာမောင်းမိုးလျက် တောသံဟိန်း၍ ပြေးခုတ်လတ်တေး။

“မဟာထေရ်၏ထံ ရောက်လတ်သော် သတ်အံ့မတ္တ သစ်ခက်ချိုး၍ ရှိခိုး
ပူဇော်ပြီးသော် လက်ျာပတ်လည်၍ သွားခဲ့။ (ထွက်သွား၏။)

“ဤအကြောင်းကို တံငါတို့မြင်၍ လေးသောင်းသူကြီး သုဝဏ္ဏပကြံအား
(ပြော) ကြားပလေ၏။ အမတ်ကြီးလည်း ဘုန်းမြတ်ကြီးစွာ အထံလာ၍

.....

“မြတ်စွာသခင်၊ အတီ (အဘယ်) အရပ်သို့ သွားအံ့သနှေး” ဟု မေးရကား-
“ဖုန်းကြီးသော အမတ်ကြီး၊ ဤပြည်နှိုက်မှီ၍ ဆွမ်းခံစံသော” (ဆွမ်းခံ
နေထိုဝသည်) ဟူပေရကား သင်ခမ်းပြုပေခဲ့။ (ကျောင်းဆောက်လှူလေ၏။) (ကျောက်စာ

