## PAGE 136

ကောက်နုတ်ချက်၊)

ဤကား ခေတ်ကြီး မည်သို့ပင် ဆိုးရွား ပျက်စီးနေသော်လည်း မည်သည့်အခါမျှ
မပျက်စီးသော သူတော်ကောင်းတရား၏ သာဓက တစ်ရပ်ပေတည်း။
(သတဉ္စ ဓမ္မော န ဇရံ ဥပေတိ = မဟာသုတသောမဇာတ်။)

-

## PAGE 137


ဘုရားပွင့်ရာ အိန္ဒိယနိုင်ငံ၌ အဘယ့်ကြောင့် သာသနာ
ကွယ်ပျောက်ခဲ့ရသနည်း

ရာဟုလာသံကိစ္စည်း

ဤနေရာ၌ ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပုံ
အကြောင်းသည် စိတ်ဝင်စားဖွယ် ကောင်းလှ၏။ သင်ခန်းစာယူဖွယ်လည်း ကောင်းလှ၏။
ထိုအကြောင်းကို ကျွန်ုပ်တို့ ရေးသားခြင်းထက် အိန္ဒိယသားတို့ ကိုယ်တိုင် ရေးသား
ဝန်ခံခြင်းက ပို၍ လျော်၏။ ခိုင်မာ၏။ ထို့ကြောင့် နာမည်ကျော် စာရေးဆရာကြီး
ရာဟုလာသံကိစ္စည်း၏ ဆောင်းပါးကို မူရင်းစာသားအတိုင်း အကျဉ်းချုပ်၍ ဖော်ပြပါအံ ့။

(ထိုဆောင်းပါး မူရင်းမှာ ၁၉၇၃ခု၊ စက်တင်ဘာလထုတ် အိန္ဒိယပြည်မှ မဟာဗောဓိ
ဂျာနယ် အမှတ် ၈၁ ၊၉ ၌ ပါရှိ၍ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနအရာရှိ ဦးဟန်ဌေး က
မြန်မာပြန်ပါသည်။)

“မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အနှစ်တစ်ရာ ကြာသောအခါ ဝဇ္ဇီတိုင်းသား
ရဟန်းများသည် ဝိနည်းဥပဒေကို ရိုသေစွာ မလိုက်နာကြတော့ဘဲ ရွှေ, ငွေနှင့် သေရည်သေရက်
အပ်သည် စသည်ဖြင့် အဓမ္မတရား ဆယ်ပါးကို တီထွင်ပြုလုပ်လာကြ၏။ လူနှင့် နီးစပ်ရန်
ဝိနည်းကို ပြန်လည် ပြင်ဆင်လိုကြ၏။ မထေရ်ကြီးများက ဝိနည်းဒေသနာသည် အာဏာ
ဒေသနာတော်ဖြစ်၍ တိတိကျကျ လိုက်နာရမည်ဟု ကြေညာခဲ့ကြ၏။ အကြီးအကျယ်
ငြင်းခုန်ကြ၏။ စိတ်ငမ်းကွဲကြ၏။ ထို့ကြောင့် ဝေသာလီပြည်၌ ကာလာသောကမင်းကို
အမှီသဟဲပြု၍ ဒုတိယသင်္ဂါယနာတင်ကြပြီးလျှင် အဓမ္မတရားများကို ပယ်ဖျက်ခဲ့ကြရသည်။
တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ဝိနည်းလေးစားသော ယင်းမထေရ်ကြီးများကို
ထေရဝါဒဂိုဏ်းဟု လည်းကောင်း၊ အဓမ္မဝတ္ထုဆယ်ပါး တီထွင်သော သံဃာများကို
မဟာသံဃိက ဂိုဏ်းဟုလည်းကောင်း ခေါ်တွင်ခဲ့ကြ၏။ မဟာသံဃိကဂိုဏ်းကလည်း
သီးခြား သင်္ဂါယနာ တင်ကြပြန်သည်။

ဒုတိယ သင်္ဂါယနာခေတ်မှစ၍ တတိယ သင်္ဂါယနာခေတ် (အသောကမင်းခေတ်)
အထိ ၁၂၅ နှစ်အတွင်း ထေရဝါဒမှ တစ်ဆယ့်နှစ်ဂိုဏ်း၊ မဟာသံဃိကမှ ခြောက်ဂိုဏ်း
အသီးသီး ကွဲထွက်ကြ၏။

ထိုအခါ ဗုဒ္ဓဘာသာ အမည်ခံ ဂိုဏ်းများက “ မြတ်စွာဘုရားကို ထာဝရဘုရား၊
ထာဝရဘုံ ” စသည်ဖြင့် အတွေးအခေါ် တရားသစ်များကို ဖန်တီးလာကြကုန်၏။

ထို့ကြောင့် မဟာမောဂ္ဂလိပုတ္တတိဿ စသော မထေရ်ကြီးတို့သည် ပါဋလိပုတ်
နေပြည်တော်၌ အသောကမင်းကို မှီ၍ တတိယ သင်္ဂါယနာ တင်ကြရသည်။ မူရင်း
တရားတော်ကို မလိုက်နာချင်သော သံဃာများကလည်း သီးခြားသုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ကို
တီထွင်၍ သီးခြား သင်္ဂါယနာ တင်ကြပြန်၏။


## PAGE 138


၈၂

ဓမ္မာစရိယ ဦးဌေးလှိုင်

အယူဝါဒ အကျင့်သိက္ခာ၌ အလွန်အမင်း ကွဲပြား ခြားနားကြလေပြီ။

အသောကမင်း၏ နောက်ကာလ၌ အိန္ဒိယပြည်တွင် လူမျိုးအသီးသီး၊ မင်းဆက်
အမျိုးမျိုး ဝင်ရောက်လာကြရာ ဆုံဂမင်းဆက် ပုရှမိတြမင်းလက်ထက်တွင် ဗုဒ္ဓသာသနာတော်
များစွာ ဆုတ်ယုတ်၏။ ဗြာဟ္မဏဘာသာကို စာပေသစ်များဖြင့် ပြန်လည် အမွှမ်းတင်ခဲ့သည်။

ဗုဒ္ဓဘာသာအမည်ခံ သဗ္ဗတ္ထိဝါဒဂိုဏ်းလည်း ကျမ်းစာအမျိုးမျိုး ရေးသား၍ အချင်းချင်း
အငြင်းပွားကြရာ ဂျလန်ဒရမြို့ (ကသ္မီယ) ၌ ကနိသျှကမင်းကြီးနှင့် ဝသုမိတ္တ၊ အဿဃောသ
မထေရ်ကြီးတို့ ဦးစီး၍ သင်္ဂါယနာ တင်ခဲ့ကြပြန်သည်။ ထိုအခါ ဝိဘာသျှာခေါ် (မဟာယာန)
အဋ္ဌကထာကြီး သုံးကျမ်းကို ပြုစု၍ ဝိဘာသျှာဂိုဏ်းဟု ကွဲပြားခဲ့၏။

၁-ဟိနယာန (အရဟတ္တယာန၊ သာဝကယာန)၊

၂-ပစ္စေကဗုဒ္ဓယာနနှင့်

၃-ဗုဒ္ဓယာန (မဟာယာန၊ ဗောဓိသတ္တလမ်းစဉ်) ဟု လမ်းသုံးသွယ်

တီထွင်ကြကုန်၏။

ခရစ် (၁) ရာစု၊ (၂) ရာစုတွင် ဟိနယာနကို ကျဉ်းမြောင်း ယုတ်ညံ့သည်ဟု ရှုတ်ချ
ကာ ရဟန္တာကို အထင်သေးလာကြ၏။ ၎င်းတို့၏ ယူဆချက်များကို သြဇာတက်၍
လူကြိုက်များလာစေရန် ပညာပါရမိတာ စသာ သုတ္တန်ကြီးများကို ဘုရားဟောဖြစ်လေဟန်
ဘုရားအမည်ကို သုံး၍ ရေးသားကြ၏။ (၂) ရာစု၊ (၃) ရာစု တွင် မဟာယာနဂိုဏ်းဝါဒကို
အတိအလင်း ရေးသားလာကြသည်။ များပြားလှသော ဗောဓိသတ္တ ဘုရားများကိုလည်း
တီထွင်လာကြ၏။

ပရိနိဗ္ဗာန်စံပြီး နှစ် ၅၀၀-၆၀၀ တွင် သုတ္တန်သစ်၊ အဘိဓမ္မာသစ်တို့ကို ရဲရဲဝံ့ဝံ့ကြီး
ရေးသား၍ ပင်ရင်းမူလ သာသနာနှင့် ခြားကွာခဲ့ကြသည်။ ထို့နောက် အိန္ဒိယတောင်ပိုင်း
ဝိဒါတနိုင်ငံ၌ နာဂဇ္ဇုနခေါ် အဘိဓမ္မာဆရာကြီးက မဇ္ဈိမိက (သုညဝါဒ) ဂိုဏ်းကြီးကို
တည်ထောင်၏။ လောဂျစ်နည်း၊ ဒိုင်ယာလက်တစ်နည်းအရ ပဋိစ္စသမုပ္ပာဒ် ဆန်ဆန်
ဝါဒသစ် ဖန်တီးခဲ့သည်။

ထို့နောက် နှစ်ပေါင်း ၂၀ဝ-အကြာ ဝိဘာသျှာဝါဒကို ပယ်၍ ပါဠိတော် (မဟာ
ယာနသုတ္တန်များ) ကိုသာ ခံယူသော သုတ္တန္တိကဂုဏ်းဟု တစ်စဉ်ထောင်ကြပြန်၏။ ဤ
ဂိုဏ်း၌ အထင်ရှားဆုံး ခေါင်းဆောင်မှာ အေဒီ ၄၀၀- ရာစုတွင် ပေါ်ထွန်းသော ဝသုဗန္ဓု
နှင့် ဝိညာဏဝါဒ (နာမ်အဓိကဝါဒ) ဂိုဏ်းကို တည်ထောင်သူ ၎င်း၏ ညီတော်အသင်္ဂ တို့
ဖြစ်၏။ ထိုဂိုဏ်းမှ ယုတ္တိဗေဒ (လောဂျစ်) ဗုဒ္ဓဘာသာဂိုဏ်းကြီး ခွဲခြားကာ ဒိသာနာဂနှင့်
ဓမ္မကိတ္တိတို့ ပေါ်ထွန်းလာကြရာ ဘာသာတွင်း ဘာသာပ အငြင်းအခုန်များ များပြားလာခဲ့သည်။

