## PAGE 139

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၈၃

ဗုဒ္ဓနေရာ နတ်ဘုရားများရောက်

ခရစ်တော် ပေါ်ပြီး ၄၀၀-ရာစုတွင် ဝေဘာသို့က၊ သုတ္တန္တိက၊ ဝိညာဏ (ယောဂါစာရ)
မဇ္ဈိမိက ဟူသော ဖီလိုဆိုဖီ ဗုဒ္ဓဘာသာဂိုဏ်းကြီး လေးဂိုဏ်း ပေါ်ထွန်းလျက်ရှိ၏။
ဗြာဟ္မဏများနှင့် အတွေးအခေါ် တိုက်ပွဲ ဆင်နွှဲခဲ့ကြလေ၏။

ဤရာစုနှစ်တွင် အိန္ဒိယ၌ ပင်ရင်းမူလဗုဒ္ဓသာသနာဖြစ်သော ထေရဝါဒနှင့် ထေရဝါဒ
ပါဠိစာပေများ လုံးဝ ဆိတ်သုဉ်းရလေပြီ။ “ဗုဒ္ဓ၏ ပင်ရင်း မူမှန် တရားတော်ကား
အဘယ်နည်း” ဟု သိမြင်ရန် ခက်ခဲသွားလေတော့၏။

ဗောဓိသတ္တကိုပင် ဘုရားအဖြစ် ပြောင်လဲကိုးကွယ်လာကြ၏။ မဟာယာန ကဗျာ
ဆရာကြီးများသည် ဗောဓိသတ္တကို ကိုးကွယ်ပူဇော်ရန်၊ မဟာယာနသာလျှင် နိဗ္ဗာန်ရောက်
ကြောင်း တရားအဖြစ် ပြရန် သုတ္တ၊ ကဗျာ၊ စရိတ စာပေ အမျိုးမျိုးကို ရေးသား လာကြ၏။
ဤ ၄၀၀-စု ၅၀၀-စု တွင် သတ္တဝါအားလုံး ဗောဓိသတ္တချည်းဟု လည်းကောင်း၊ လူတိုင်း
(ရဟန္တာအပါအဝင်) သမ္မာသမ္ဗုဒ္ဓ ဖြစ်ရမည်ဟု လည်းကောင်း ကြေညာကြလေသည်။

ကို

ဘုရားထက် ဘုရာ လောင်ကို အသားပေ‘လာကြပြန်၏။ ဘုရားလောင် မှာလည်
အရိမေတ္တယျ´ အလောင်·သာမက အသစ်အသစ်ဖြစ်သော အဝလောကိတေသွရ၊ မဉ္ဇူသရီ၊
ဝရပဏ္ဏိ စသော နတ်ဘုရားများကို တီထွင်လာကြရာ နောက်ဆုံးတွင် လူတိုင်း ဘုရား၊
ဘုရားလောင်းဖြစ်ရန် ခဲယဉ်းကြောင်. ဝန်ခံသောအားဖြင့် ကောင် ကင်ဘုံရှိ ဘုရားလောင်းကိုသာ
ကို·ကွယ်ရန် ညွှန်ကြားရပြန်သည်။ အိန္ဒိယတွင် နေရာအနှံ့ ဗောဓိသတ္တကို နတ်ဘုရားအသွင်
ကိုးကွယ်ပ,သလာကြကုန်၏။ အစစ်အမှန် ကွယ်လေပြီ။ (ပုဂံ နတ်လှောင်ကျောင်း သတိ

ရဖွယ်။)

အကျဉ်းချုံးရာမှ အင်းဖြစ်လာ

မဟာယာနတို့သည် (၉) ရာစုမှသည် (၁၂) ရာစုအတွင်း မန္တရယာန မန္တန်ဂိုဏ်းကြီးကို
တည်ထောင်လာကြပြန်၏။ ပညာပါရမိတာ၊ သဒ္ဓမ္မပုဏ္ဍရိက စသော မဟာယာန သုတ္တန်
ကြီးများသည် အလွန်ရှည်လျား ရှုပ်ထွေးလွန်းသဖြင့် အကျဉ်းချုပ် ဂါထာများရေး၍
ဓာရဏီခေါ် နှုတ်ငုံဆောင် ရွတ်ဆိုကြကုန်၏။ (နောက် အစဂါထာ၊ အဆုံးဂါထာ လောက်
သာ ရွတ်ခြင်း၊ နောက် သံ၊ ဂုံ၊ ပ၊ မ ကဲ့သို့ အတိုကောက် ရွတ်ခြင်း၊ ထိုမှ မရွတ်တော့ဘဲ
စာရွက်တွင်ရေး၍ ပြာချ မျိုခြင်းများ ဖြစ်လာရသည်။)

ဂါထာမန္တန် ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဆုတောင်းပုံ ပါသော စက်ဝိုင်းဘီးများ
လှည့်ပေးခြင်းတို့ကို အထူး အသားပေးခဲ့ကြသည်။ (၅) ရာစုနှစ် နောက်ပိုင်းမှစ၍ တရုတ်
တိဗက်, စသည်သို့ ပြန့်ပွားသွား၏။ သုတ္တန်ကြီးများကိုလည်း ဘုရားအဖြစ် ကိုးကွယ်
လာကြပြီးလျှင် “ပညာပါရမိတာရုပ်တု' စသည်ဖြင့် ထုလုပ် ကိုးကွယ်ကြသည်။

## PAGE 140


50

၈၄

ဓမ္မာစရိယ ဦးဌေးလှိုင်

သင်္ကန်းဝတ် ဝိဇ္ဇာနှင့် အောက်လမ်း ဘုန်းကြီးဂိုဏ်း စတင်ပုံ

(၅) ရာစု နောက်ပိုင်းမှစ၍ ဘုရင်နှင့် သူဌေးများ ကိုးကွယ်၍ ခမ်းနားသော ကျောင်း
များ ဆောက်လုပ် လှူပြီးလျှင် အလှူအတန်း ရက်ရောလာကြရာ အရည်အချင်း မမီသော
အညံ့စား ပုဂ္ဂိုလ်များလည်း သာသနာ့ဘောင်သို့ ဝင်ရောက်လာကြသည်။ ၎င်းအညံ့စား
ရဟန်းတို့သာ အားကောင်းလာသောအခါ ဝိနည်းကို ပေါ့ပေါ့တန်တန် လုပ်ပစ်ကြ၏။
ဂန္ထဓုရ၊ ဝိပဿနာဓုရကို မလိုက်နာကြ။ စားကာ သောက်ကာ နေလာကြ၏။

ထိုရဟန်းမျိုးတို့ကပင် သုတ္တန်ကို ပြင်ဆင်ခြင်း၊ တန္တ စာပေ တို့ကို ရေးသားခြင်းများ
ပြုလုပ်ကြသည်။ မန္တန်စုပ်ခြင်း၊ အင်းချခြင်း၊ မှော်ဝင်ခြင်း၊ ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊
နက္ခတ်ကြည့်ခြင်း စသော လောကီ အလုပ်တို့ကိုသာ အကြီးအကျယ် ပြုလုပ်လာကြသည်။
လူထုကိုလည်း လျှို့ဝှက် သိပ်သည်းစွာ စည်းရုံး သိမ်းသွင်းကြလေသည်။

ဓမ္မစကြာသည် သာဝကယာနအတွက်၊ ရာဇဂြိုဟ်၌ ဟောသည့် တရားများသည်
မဟာယာနအတွက် ဖြစ်၍၊ မဟာယာနဖြင့်လည်း အလွန်ဉာဏ်ထက်သူတို့ အတွက်
မလုံလောက်သေးသောကြောင့် ဓညကတကနယ်၌ ဝိဇ္ဇာယာန (ဝဇိရယာန) တရားကို´
ဘုရား ဟောခဲ့ရသည်ဟု ကြံဖန် ဝါဒဖြန့်ကြကုန်၏

(၉) ရာစုသို့ ရောက်သောအခါ မူလမဟာယာနတို့သည် ဝဇိရယာန (မန္တန်)
ဂိုဏ်းကြီးကို မတားဆီးနိုင်ကြတော့ချေ။ (ဗုဒ္ဓဘာသာ အမည်ခံ မဟာယာနဂိုဏ်းကွဲ
တစ်ခုဖြစ်သော) ဝဇိရယာန ဂိုဏ်းသည် လူပြိန်းကြိုက် လျှို့ဝှက် လုပ်ငန်း ဣဒ္ဓိပါဒ်
လုပ်ငန်းများကို လုပ်ခဲ့ကြ၏။ ဥပမာ- ဘူးသွင်းခြင်း၊ နားမလည်သော စကားသုံးခြင်း၊
အဂ္ဂိရတ်ထိုးခြင်း၊ ဆေးစီရင်ခြင်း၊ အင်းချခြင်း၊ ဂုသျှမန္တ ၊ စက္ကသမ္ဘဝ၊ ဂုဠမန္တန် စသည်တို့ကို
သီးခြားရေးသားပြီး သမထမှော်သွင်းခြင်းနှင့် သိဒ္ဓိများကိုပြကာ လူပြိန်းများအား သိမ်းသွင်း
ဆွဲဆောင်ကြလေ၏။ စိတ်ညှို့ခြင်း၊ သမထအာရုံပြုခြင်းများ ပို၍ ခေတ်စားလာ၏။

မူလပင်မ သာသနာတော်ကို မှေးမှိန်စေသည်သာမက မဟာယာနဂိုဏ်များကိုပင်
ဝဇိရယာန ပုံစံသို့ ပြောင်းလဲပစ်ခဲ့ကြလေသည်။ ပန်းဦးလွှတ်ခြင်း၊ အဘိသိက်ခံခြင်း၊
ရွှေငွေခံခြင်း စသော ကိုယ်ကျိုးရှာ ကာမဂုဏ် ခံစားမှုများ၊ အတ္တကိလမထကျင့်ခြင်း၊ သိဒ္ဓိ
ကိစ္စတို့ကို လုံးပမ်း၍ (၁၂) ရာစုတွင် ကာမဂုဏ် ဖောက်ပြန်မှု၊ တန်းခိုး အလွဲသုံးစားမှုတို့
ကြောင့် တဖြည်းဖြည်း သိက္ခာကျလေတော့၏။

(၈) ရာစု၊ (၉) ရာစုတွင် နာဠန္ဒာ တက္ကသိုလ်၊ ဝိကြမသီလတက္ကသိုလ် စသည်တို့ကပင်
ဝဇိရယာန လမ်းစဉ်များကို သင်ကြားခဲ့ကြ၏။ ထိုမှတစ်ဆင့် နတ်ဝင် နတ်ပူးခြင်း၊ စုန်း၊
ကဝေ၊ တစ္ဆေ (အောက်လမ်း) ပညာတို့ကိုပါ ပူးတွဲလေ့လာကြပြန်၏။

တန္တရယာန ဝါဒီတို့သည် ဗောဓိသတ္တရုပ်တုများ အမျိုးမျိုး ထုလုပ် ကိုးကွယ်ကြ၍
ကြောက်မက်ဖွယ် ပုံများကိုပင် ထုလုပ်ကိုးကွယ် လာကြ၏။ (၈) ရာစုမှ (၁၀) ရာစုအတွင်း
ဗုဒ္ဓဘာသာ အမည်ခံပြီး ဝိဇ္ဇာ၊ ဇော်ဂျီ၊ ဝသီကြီး သံ၄ ယောက် ပေါ်ထွန်းလာကာ


## PAGE 141


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၈၅

ဝိဇ္ဇာဂိုဏ်းပညာရပ်တို့ကို ထူထောင်၍ သိမ်းသွင်းခဲ့ကြသည်။ ထင်ရှားသော ဂိုဏ်းဆရာကြီးများမှာ
ဆရသာပါ ဆရာကြီး (ဆရာပဆရ ဟုလည်း ခေါ်၏။) ဓမ္မရူပ ဆရာကြီး၊ ဂူဓရူပ
ဆရာကြီး၊ သမ္ဘဝဆရာကြီး စသည်တို့ ဖြစ်ကြ၍ အဝတ်စုတ် ဝတ်ခြင်း၊ အဂ္ဂိရတ်ထိုးခြင်း၊
မန္တန်စုပ်ခြင်း၊ သုသာန်၌ နေခြင်း၊ အရိုးခွံကိုသုံးခြင်း၊ ဆေးဝါးစီရင်ခြင်း စသည်ဖြင့် ထူးထူး
ဆန်းဆန်း အလုပ်တို့ကို လုပ်ကြ၏။ သေရည်သောက်ခြင်း၊ ပန်းဦးလွှတ်ခြင်းတို့ကိုလည်း
လုပ်ကြ၏။ လျှို့ဝှက် သိဒ္ဓိတန်းခိုးများကို ပြကာ လျှို့ဝှက်ဆရာ (မစ်စတစ်) ပုဂ္ဂိုလ်ထူး
ကြီးများဟုပင် ခေါ်တွင်ခဲ့ကြသည်။

အိန္ဒိယပြည်တွင် သာသနာ မှေးမှိန်လာသောခေတ်၌ သူဌေး သူကြွယ်နှင့် ရှင်ဘုရင်
များကပင် ထို လူထူး ကြီးများကို ချီးမြှောက် ကိုးကွယ်လာကြ၏။ တိုင်းပြည် အေးချမ်းရေး၊
လုံခြုံရေး၊ ဘေးရန်ကင်းရေးအတွက်ပင် ထိုလူထူး လူဆန်းကြီးများ၏ တန္တရ၊ မန္တရ၊ ဝိဇ္ဇာ
ယာန အတတ်တို့ကို ရှင်ဘုရင်များ ကိုယ်တိုင် များစွာ အသုံးပြုခဲ့ကြ၏။

ဝိနည်းတော်နှင့်အညီ နေထိုင်ကြသော ရဟန်းကောင်းများ ဆင်းရဲငြိုငြင်ကာ အင်အား
နည်းသည်ထက် နည်းပါးသွားကြရတော့၏။

ရဟန်းတို့၌ အတွင်းသာသနာ ပျော့ညံ့ အားနည်းလာသောအခါ အချို့ရဟန်းများ
ဝိဇ္ဇာကျင့်စဉ်များ ဆီသို့ အာရုံစိုက် သွားကြသည်။

(၁၁) ရာစုသို့ ရောက်သောအခါ အိန္ဒိယပြည်၌ လူ့များစုသည် အယူသည်းမှု၊ အုပ်စု
. ကွဲ၍ ငြင်းခုန်မှုများ များပြားလာ၏။ ရဟန်းများလည်း ပစ္စည်းစုခြင်း၊ ရောင်းဝယ်ခြင်းဖြင့်
ပို၍ အကျင့်ပျက်လာကြ၏။

ဝိဇ္ဇာတွေ ညံ့ခံ၍ ပုဂံသို့ ပြေးလာကြပုံ

တာက်(ယူရက်) လူမျိုး၊ မွန်ဂိုလလူမျိုး အာဖဂနုလူမျိုး စသော ဘာသာမတူ
လူမျိုးခြားများသည် ခမ်းနား၍ ကြွယ်ဝချမ်းသာသော ရဟန်းတော် ကျောင်းကြီးများကို
လုယက်တိုက်ခိုက်လာကြကုန်၏။

ဝိဇ္ဇာ၊ ဇော်ဂျီ ဂိုဏ်းဝင်တို ့သည် ဝိဇ္ဇာမန္တန် တန်ခိုးဣဒ္ဓိတို့ဖြင့်ခုခံကာကွယ်ခဲ့ကြသော်လည်း
အချည်းနှီး ဖြစ်ခဲ့ရလေ၏။ တက္ကသိုလ်ကြီးများ၊ ကျောင်းတိုက်ကြီးများ မီးရှို့ဖျက်ဆီးခံကြရ၏။
ဗုဒ္ဓဘာသာ အမည်ခံ ရဟန်းတို့သည် အဇ္ဈတ္တသန္တာန်၌ အကျင့်သီလ ယိုယွင်းပြီး
ပစ္စည်းရှင်ကြီးများ ဖြစ်နေသည်ကတစ်ကြောင်း၊ ဗဟိဒ္ဓနိုင်ငံရေး ရှုပ်ထွေးနေသည်က တစ်
ကြောင်းတို့ကြောင့် ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက်သွားရလေသည်။

ဝိဇ္ဇာဂိုဏ်းကြီး ပေါ်ထွန်း၍ အတွင်းသာသနာ့ အင်အား ပျက်ပြားခြင်းသည် အိန္ဒိယ၌
သာသနာ ကွယ်ပရခြင်း၏ အဓိကအကြောင်းကြီး ဖြစ်လေသည်။

ဗြာဟ္မဏဝါဒီများမှာ ကျောင်းကန်များကို ပြန်လည်ဟည်ထောင်နိုင်ကြ၏။ ဗုဒ္ဓဝိဟာ
များကိုမူပြန်လည် မတည်ထောင်နိုင်ကြတော့ပေ။ ရဟန်းတော်များမှာ ဝတ်စားဆင်ယင်ပုံ
