## PAGE 142

၈၆


ဓမ္မာစရိယ ဦးဌေးလှိုင်

"

ထူးခြားသဖြင့် ပို၍ ရန်အခွင့်သာခဲ့လေသည်။ ပြည်သူလူထုကလည်း ရန်သူများ ဝင်ရောက်
ပြီးနောက် ဝိဇ္ဇာဂိုဏ်းဆရာတို့၏ တန်ခိုးဣဒ္ဓိပါဒ်ကို အယုံအကြည်မရှိကြတော့ သဖြင့်
နာလှန်မထူနိုင်အောင် ကျဆင်းသွားရတော့၏။

အိန္ဒိယရှိ မဟာယာန ဗုဒ္ဓဘာသာအမည်ခံ ဝဇိရယာန ဝိဇ္ဇာဂိုဏ်းဝင် ရဟန်းတော်များ
တိဗက်၊ နိပေါ၊ ပုဂံ စသော အရပ်များသို့ ပြေးသွား ပုန်းအောင်း ကြရလေတော့သည်။
ရဟန်းတော်များ အတွင်းသာသနာယိုယွင်းရာမှ သံဃာခေါင်းဆောင် မရှိခြင်း၊ သာသနာ့
အဆောက်အအုံများ အဖျက်ဆီးခံရခြင်းတို့ကြောင့် အိန္ဒိယလူထုသည် ဗြာဟ္မဏဝါဒသို့
ပြန်လည်ကူးပြောင်းကာ ဗုဒ္ဓဘာသာကို ပစ်ပယ်သွားကြတော့သည်။ (၁၄) ရာစုသို ့ ရောက်
သောအခါ မြတ်စွာဘုရား မွေးဖွားရာ အိန္ဒိယဒေသ၌ ဗုဒ္ဓသာသနာတော် လုံးဝ ကွယ်ပသွား
ရလေတော့သတည်း။

ဤတွင် အကျဉ်းချုပ်ဆောင်းပါး ဖော်ပြချက် ပြီး၏။

ရာဟုလာ သံကိစ္စည်းကို ထပ်၍ မေးဦးမို့

မှတ်ချက်။ ။ ရာဟုလာသံကိစ္စည်း၏ ဆိုလိုရင်းမှာ ဤမျှသာ ဖြစ်၏။
“ရဟန်းတော်များ အတွင်းသာသနာ ယိုယွင်းအားနည်း၍ သာသနာပျက်ကွယ်ရသည်”
ဟူသော အဓိကအကြောင်းမှာ ကောင်းမြတ် မှန်ကန်လှပေ၏။ သဘာဝလည်း ဆိုက်၏။
သမိုင်းကြောင်းလည်း ကိုက်၏။ ကျန် အချက်အလက် အတွေးအခေါ်များမှာ ကျွန်ုပ်တို့နှင့်
မတိုက်ဆိုင်တတ်။

ရန်သူများ ဝင်ရောက်ဖျက်ဆီးခြင်းကို နံပါတ် (၂) အကြောင်းအဖြစ် ဖော်ပြ၍
ဗြာဟ္မဏဝါဒီများ အနုနည်း၊ အကြမ်းနည်း (တရားစစ်၊ ဓားစစ်) တို့ဖြင့် ပူးကပ် နှိပ်စက်
ခြင်းကိုမူ ရာဇဝင်ကွင်းဆက်သဘောမျှသာ ဖော်ပြ၍ ပဓာနအကြောင်းနှစ်ရပ်တွင် မထည့်သွင်း
နိုင်ခဲ့ချေ။ ထိုမျှသာမက ဟိန္ဒူသမိုင်း ဆရာတို့ လက်ခံထားသော ဖြစ်ရပ်များကိုပင် မျက်နှာ
လွှဲလိုကြောင်း ပေါ်လွင်နေပေသည်။

ဥပမာ ပရော်ဖက်ဆာ အလာတေကာနှင့် ဣဆွာရီပရဆတ် စသူတို့၏ အိန္ဒိယရာဇဝင်
ဟောင်းသစ်တို့၌ ခရစ်မပေါ်မီ ၁၈၄-ခုနှစ်တွင် ဆုံဂမင်းဆက် ပုရှမိတြမင်း သည် ဗြာဟ္မဏဝါဒ
ရှင်သန် ပြန့် ပွားရေးအတွက် ကုက္ကုဋာရာမ စသော သာသနာ့ အဆောက်အအုံ များစွာနှင့်
သံဃာများစွာကို ဖျက်ဆီးသတ်ဖြတ်၍ ကုန့်ရှိသော သံဃာများကိုလည်း သံဃာဦးခေါင်း
တစ်လုံး ဆုငွေ ၅ဝဝိ-ကြေညာခဲ့သူဖြစ်၏။ ထို့ပြင် ခရစ်' (၆) ရာစုတွင် မဟာဗောဓိပင်နှင့်တကွ
သံဃာများအား အပြစ်အမျိုးမျိုး ရှာ၍ နှိပ်စက်ခဲ့သော သာသင်္ကာမင်း။ ခရစ် ၃၄ဝ တွင်
“ရဟန်းမခံရ၊ တရားမဟောရ” စသော ဥပဒေများကို ပြုကာ အနုနည်းတိုက်ဖျက်ခဲ့သော
သမုဒ္ဒဂုတြမင်း။ ခရစ် ၇၅၀-တွင် ကုမာရီလဘဒ္ဒ၊ ထိုသူများ အကြောင်းကိုမူ ရာဟုလာ
သံကိစ္စည်း မေ့ပစ်လိုဟန် ရှိ၏။

## PAGE 143

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၈၇

ထိုသူများအကြောင်းကို ဖော်ပြရာ၌ သူ ့အသံမှာ တိုးသွား၏။ သိသာလွန်းသည်မှာ
“ဆီကရာကျာရယ” အကြောင်းပင်တည်း။ သူကား ခရစ် ၇၈၈-ခုနှစ်တွင် အိန္ဒိယတောင်ပိုင်း၌
မွေးဖွား၍ ဗုဒ္ဓစာပေများ သင်ယူပြီးနောက် ဗြာဟ္မဏဝါဒ၊ ဆနန္တန်ဝါဒ၊ ကမ္ဘာဦးဝါဒကို
တည်ထောင်သူဖြစ်သည်။ ရဟန်းများကို စိန်ခေါ်ကာ ဝါဒပြိုင်ပွဲပြုလုပ်ပြီးလျှင် အာဏာစက်
အကူအညီယူ၍ အတ္တဝါဒ၌ ကူးပြောင်းစေခြင်း၊ ထောပတ်ပူပူ၌ နှစ်သတ်ခြင်း စသည်ဖြင့်
တရားတစ်ဖက် ဓားတစ်လက်နှင့် ပြိုင်ဘက်မရှိ ကျော်ကြားသူ ဖြစ်ခဲ့သည်။

သူ့ အကြောင်းကို ရာဇဝင်၊ သာသနာဝင် အဆက်ဆက် လက်ခံခဲ့ကြ၊ ဝန်ခံခဲ့ကြ၏။
သို့စင်လျက် “သက္ကတ၊ ပါဠိစာပေတို့၌ အထောက်အထားမရှိ” ဟု ဆိုကာ ရာဟုလာ
သံကိစ္စည်း အတိအလင်း ငြင်းပယ်လိုက်ရရှာသည်။ အိန္ဒိယမြေ၌ မွေးဖွားခဲ့မိခြင်းကပင်
သူ့အား သမိုင်းမှန်ကို မျက်နှာလွှဲစေသည်ဟုသာ ယူဆသင့်တော့၏။ သူ၏ ဆောင်းပါး
တစ်ပုဒ်ဖြင့် အိန္ဒိယသာသနာဝင်အမှန်ကို ပြောင်းပြန် မဖော်နိုင်ပြီ။ ရာဇဝင်ဘီးကား
ဆက်၍ပင် လည်ပတ်မြဲ လည်ပတ်ပေတော့မည်၊

(အခြားသော ဘာသာဝင်တို့၏ အကြမ်းဖက် အမြစ်ပြတ် ဖျက်ဆီးပုံမှာ အထူး
ဇာတ်ကြောင်း လှန်ရန်မလို။ ပြဿနာသစ် မပေါ်။ မစ္စတာမော်လီ၏ ဘီဟာနှင့် သြရိစ္စ
ဂေဇက်တီးယား၊ ဗဂေါဒိစတြိတ် ဂေဇက်တီးယား၊ မစ္စတာကလိတ်၏ ဂေါရက်ပူဒိစတြိတ်
ခရီးစဉ်၊ မစ္စတာဒေဝပြီယ၏ ဗုဒ္ဓစ် စ်တ်ရှရိန်အင်း နင်ဒီးယား၊ မစ္စတာ ဒယာရာမ်ရှဟနီ၏
မိဂဒါဝုန်လမ်းညွှန်နှင့် အိန္ဒိယရာဇဝင် အစောင်စောင်တို့၌ ထင်ရှားပေလိမ့်မည်။)

အရင်းစစ် အမြစ်မြေက

အိန္ဒိယ၌ သာသနာ ကွယ်ပရခြင်း အကြောင်းရင်းမှာ အချက်အားဖြင့် သုံးချက်ရှိကြောင်း
ကျွန်ုပ်တို့ လက်ခံအတည်ပြုကြ၏။ သုံးချက်ကား-

(၁) ရဟန်းတော်များ သီလ၊ မေတ္တာ၊ ခန္တီ စသော အခြေခ ရဟန်းကျင့်ဝတ်များ၌
လျော့ပါးအားနည်းခြင်း၊ နောက်ဆုံး လုံးဝသိက္ခာ မရှိခြင်း၊

(၂) အတ္တဝါဒသည် ခေါင်းဆောင် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးတို့ဖြင့် အတွင်းလှိုက်၍
မွှေခြင်း (နောက်ဆုံး ဗုဒ္ဓဘာသာ အမည်မျှသာ ခံ၍ အတ္တကို မဏ္ဍိုင်ထားသော
မဟာယာနရဟန်းများ ဖြစ်လာရခြင်း၊ ထိုမှတစ်ဆင့် ဂိုဏ်းဆရာ မှော်ဆရာ
အဖြစ်သို့ ရောက်ခြင်း၊)

(၃) နောက်ဆုံး မိစ္ဆာရန်သူတို့ အဓမ္မ အကြမ်းဖက်၍ နှိပ်စက် သတ်ဖြတ်ခြင်း
(မကြာမီကာလက မဟာယာန တန်ခိုးထွားသော နိုင်ငံငယ်တစ်ခုလည်း
အိန္ဒိယပြည်ကဲ့သို့ ဖြစ်ရပြီ။)

သဘာဝနှင့် သမိုင်းဖြစ်ရပ်ကို သိစေလို၍သာ ဝေဖန်ဖော်ပြခြင်း ဖြစ်ပါ၏။ “လာမည့်ဘေး
ပြေးတွေ့" ဟူသကဲ့သို့ ယနေ့ အချို့ ရဟန်းများ အုံကျင်းဖွဲ့၍ လျှောက်နေ့သော လမ်းကြောင်း


## PAGE 144


ဓမ္မာစရိယ ဦးဌေးလှိုင်

သည် မဇ္ဈိမပဋိပဒါ ကျ-မကျ စိစစ်၍ ဆင်ခြင် သုံးသပ်နိုင်ရန်သာ ရည်ညွှန်းပါသည်။
ရာဇဝင်ကြောင်းလာ ရန်သူများအား မလိုမုန်းထားခြင်းလည်း မရှိ။ ဝမ်းနည်းကြေကွဲ၍လည်း
မဟုတ်။ စင်စစ် (၂၊၃) အချက်များသည် လူသာမန်တို့အတွက် ဇာတိမာန်ခေါ် မာန၊
ဒေါသ၊ ဣဿာမစ္ဆေရကိုသာ ပျိုးထောင်ပေးသော အပဓာန အကြောင်းများသာ ဖြစ်ကြ၏။
အကျိုးလည်းမများ၊ အကြောင်းရင်းလည်း မဟုတ်။

အကြောင်းရင်းပင်မ ပဓာန ပဒဋ္ဌာန် အခြေခံမူလ ဇာစ်မြစ်ကျသော ယထာဘူတ
အကြောင်းကား “ရဟန်းများ ရဟန်းလို မနေခြင်းပင်တည်း။” ထိုသို့ နေပါဘိမူ(၂)အချက်
တရားတုလည်း မမွှေနှောက်နိုင်၊ (၃)အချက် ဓားလက်နက်လည်း မထိုးဖောက်နိုင်ချေတကား။

