## PAGE 145

ရဟန္တာနှင့်ပုဂ္ဂိုလ်တူးများ


၈၉

၆-အင်းဝခေတ် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ

ဈာန်အဘိညာဉ်ရ တက်သေးသူမြတ်နှင့် ကိုရင်သူမော

အင်းဝခေတ် ဘုရင်မင်းခေါင်ကြီး လက်ထက် (၇၆၃-၇၈၃) တွင် ပုဂံ၌ သီတင်းသုံးသော
တက်သေးသူမြတ်ခေါ် မထေရ်တစ်ပါး ရှိ၏။ တစ်နေ့တွင် ဘုရင်မင်းခေါင်အား ပုဂံယာဉ်ခွန်
လွှတ်ရန် အလှူခံရာ “မိဖုရား ရှင်ဘို့မယ်ကို ပြောရဦးမည်” ဟု လျှောက်သဖြင့်-

E6

“သင်မင်းကြီးကို မိဖုရားပိုင်သလော” ဟု မိန့်တော်မူ၏။ ထိုအကြောင်းကို
မိဖုရားကြီး ကြားသဖြင့် မင်းကြီးအား “ရဟန်းမူ၍သာ၊ လူဖြစ်တပြီးကား ကွပ်ရလေ၏”
ဟု မချိစကား ရေရွတ်ပြောဆို၏။

နောက်မကြာမီ မင်းနှင့် မိဖုရားတို့သည် ဘိုးခေါင် ဆင်ယာဉ်မကို စီး၍ ပုဂံရွှေစည်းခုံသို့
နေ့ချင်းပေါက် ဘုရားဖူးသွားကြ၏။ တက်သေးသူမြတ်လည်း ရွှေစည်းခုံသို့ ကြွလာ၍
“အစော၊ ငါ့ကိုကွပ်မည်ဆိုလျှင် ကွပ်လော့” ဟု ပြောလေရာ မင်းနှင့်မိဖုရားတို့ မျက်နှာ
ပျက်ကုန်ကြ၏။ မင်းမိဖုရားနှစ်ကိုယ်ကြား ပြောစကားကိုပင် ကြားသည်ဟု သိရှိကြလေသည်။

သီတင်းသည် တစ်ဦးအား တက်သေးအရှင်သူမြတ်ကို အစုံစမ်းခိုင်းရာ ထိုမထေရ်အား
တေပသင်နတ်က ပြောသည်ဟု ဆိုကြသည်။ နှုတ်ဆွမ်းရသည်ဟုလည်း ကျော်ကြား၏။
ဝိသုဒ္ဓိမဂ္ဂဒီပနီ ဆရာက တက်သေးသူမြတ် ဈာန်အဘိညာဉ်ရသည်ဟု ဖော်ပြ၏။ နောင်အခါ
ယာဉ်ခွန် လှူကြောင်း တွင်းသင်းရာဇဝင်၌ ဆိုသည်။

ထို့မှတစ်ပါး အင်းဝ သာလွန်မင်းကြီးခေတ် (၉၉၀-၁၀၁၀) ဤမှာဘက်တွင်လည်း
ဈာန်အဘိညာဉ်ရ ကိုရင်သုမေဓာဟု သာမဏေတစ်ပါး ပေါ်ပေါက်ဖူး၏။

ပခန်းကြီးမြို့ မဟိန်ခေါ်သော ကျောင်း၌ သီတင်းသုံး၏။ ဈာန်အဘိညာဉ်ရ
တန်ခိုးဖန်ဆင်းနိုင်သည်ဟု ကြားသိသဖြင့်. သူ၏ဆရာက ကိုရင်သုမေဓာငယ်စဉ်က
ကစားဖူးသော ဂုံညင်းဒိုးကိုရှာ၍ နှစ်ရက်သွားရသော အရပ်၌ မြှုပ်ထားပြီးလျှင် “သင်ငယ်ဒဉ်က
ကစားသော ဂုံညင်းကို ယူချေ” ဟု စေခိုင်း၏။ ကိုရင်သုမေဓာကလည်း တစ်ခဏချင်းပင်.
သွားရောက် ယူဆောင်၍ ပေးနိုင်သည်ဟု သာသနာလင်္ကာရ၌ ဆို၏။

ပခန်းမှ အထောက်အထား

ကိုရင်သုမေဓာ သာမဏေကျော်နှင့်စပ်၍ ယနေ့တိုင် ပခန်းကြီး၌ အမှတ်အသား
အထောက်အထားများ ရှိနေသေးကြောင်း “ပခန်းကျော်” “ရေး “ပခန်းကြီးအကြောင်း
သိကောင်းစရာ” စာအုပ် (၁၄ဝ-၁) ၌ အောက်ပါအတိုင်း ဖတ်ရှုရသည်။

ပခန်းကျောင်းတော်ကြီး၏ အရှေ့ဘက် စောင်းရန်း ကပ်လျက်ရှိသည့် ကျောင်းတိုက်မှာ


*

## PAGE 146


၉ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ကျောက်ကာတိုက် ဖြစ်လေသည်။ ကျောက်ကာ ကျောင်းတိုက်ကြီးမှာလည်း ယခုတိုင်
စည်ကားနေဆဲဖြစ်၍ စေတီဘုရား အဆောက်အအုံများဖြင့် တခမ်းတနား တွေ့မြင်နိုင်သေးသည်။

ဤနေရာတွင် ယခင်ပခန်းကြီးမြို့ မဟိန်ကျောင်းဆရာတော်၏ တပည့်ဖြစ်သော
ပခန်းကြီးမြို့လျှင် ဖွားရာဇာတိ ရှိသော ရဟန္တာကိုရင်ကလေး၏ သီတင်းသုံးတော် မူခဲ့ရာ
ဌာနဖြစ်သည်ဟု အဆိုရှိသည်။

ကျောက်စာတွင် သာမဏေအဖြစ်ကပင် ဆဠဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့
ရောက်တော်မူသော အရှင်ဒီပင်္ကရ သာမဏေဟု ပြဆိုသည်။]

(သာမဏေ၏ဘွဲ့မှာမူ ကွဲလွဲနေ၏။ ပခန်းကျော် စာအုပ်၌ “ဒီပကံဒရ” ဟု ရှိနေ၏။)
ယင်းကျောင်းတိုက်သည် နာမည်ကျော် ချောင်းကောက်ဆရာတော် အရှင် သဒ္ဓမ္မနန္ဒီ၏
သီတင်းသုံးရာလည်း ဖြစ်၏။ ယခင်က ဘုမ္မိဇေယျာ ကျောင်းတိုက်ဟု ခေါ်တွင်ရာ အရှင်
သဒ္ဓမ္မနန္ဒီအား ယောမြို့နယ် ကျောက်ကာရွာမှ ပင့်၍ သီတင်းသုံးစေသဖြင့် ဘုမ္မိဇေယျာအမည်မှ
ကျောက်ကာအမည်သို့ ပြောင်းရွှေ့ခေါ်တွင်ကြောင်းကိုပါ ယင်းစာအုပ်၌ ဖော်ပြထား၏။


## PAGE 147


ရွှေဥမင်နှင့် တောင်ဖီလာပုဂ္ဂိုလ်ကျော်
(၉၄ဝ-၁ဝ၁၂)

တောင်ဖီလာဆရာတော်သည် အင်းဝခေတ် သာလွန်မင်းကြီး လက်ထက် (၉၉၀-
၁ဝ၁ဝ) အလွန် ထင်ရှားသော ဆရာတော်ကြီး ဖြစ်သည်။ ၁၅-နှစ်သားကပင် ဝေဿန္တ ရာပျို့ကို
ရေး၏။ ဝီသတိဝဏ္ဏနာ၊ ယသဝဍ္ဎနဝတ္ထု၊ ဝိနယာလင်္ကာရ ဋီကာ၊ အဘိဓမ္မာညဝါ အရ
ကောက်ကျမ်းများ၊ ကောင်းမှုတော်ကြီး ကျောက်စာ၊ သာလွန်မင်း အမေးတော်ပုံ အဖြေနှင့်
တောင်ညွှန်း ကျောက်ညွှန်းကျမ်းများ ပြုစုတော်မူခဲ့သည်။ ယနေ့ထိ ထိုကျမ်းများ ထင်ရှား
လျက်ပင်။

ဗျာဓိ ဝိသေလကျောက်ကျမ်း (ဦးပန်းသာ) တွင် သက္ကရာဇ် ၈ဝ၆-ခုနှစ် ဆင်ဖြူရှင်
မင်းကြီးလက်ထက် စစ်ကိုင်း၊ ပင်းယ၊ အင်းဝပြည်တို့တွင် ကျောက်ရောဂါ ဖြစ်ပွား၍
လူအများ သေကျေပျက်စီးသဖြင့် မင်းကြီးကိုယ်တိုင် ရွှေစည်းခုံဘုရားဖူးပြီး စနည်းနာသောအခါ
“တောင်ဖီလာရှာမှ တွေ့မည်။ မြောက်လေလာမှ ချမ်းသာမည်။ ကျောက်ခဲကြီးကို ချီပါမည်”
ဟု နိမိတ်ပေးသဖြင့် တောင်ဖီလာဆရာတော်အား ဆွမ်းလုပ်ကျွေး၍ ရောဂါငြိမ်းရန်
တောင်းပန် လျှောက်ထားရသည်ဟု ဆိုသည်။ (ခုနှစ် သက္ကရာဇ်များ ကွာခြား၍ စဉ်းစားသင့်။)

ဓာတုဝိတ္ထာရ၊ သမ္ပန္နဓာတ်ကျမ်း၊ မဟာနာရီဓာတ်ကျမ်း၊ ကွန်ချာဓာတ်ကျမ်း စသော
ဆေးကျမ်းများလည်း ပြုသည်။ တောင်ဖီလာပိုဒ်စုံ သြဝါဒရတု၊ ဆုံးမစာတို့လည်း ရှိကြောင်း
ပိဋက သမိုင်းများက ပြဆိုကြသေး၏။ ဤအဆိုအရ မှန်စေဦး၊ ဆေးကျမ်းရေးပြုသော်လည်း
ယခုကာလကဲ့သို့ ဆေးကုသော ဘုန်းကြီးမဟုတ်သည်ကိုမူ သတိပြုရပေလိမ့်မည်း၊ ဝိနည်းသိက္ခာ
ဒေသနာတော် ဘောင်အတွင်းမှ လောကတ္ထစရိယာ ဖြည့်ကျင့်ခြင်းမျှသာ ဖြစ်ပေရာ၏။

ဆရာတော်သည် ငယ်စဉ်ကပင် သူမတူအောင် ထူးခြားတတ်ပွန်၍ သာမဏေကျော်,
ပြည်ပဉ္စင်းကျော်ဟု တွင်ခဲ့သည်။ မင်း ၆-ဆက်တိုင်အောင် မင်းဆရာ ဖြစ်တော်မူခဲ့သော
အင်းဝ ဆီးတောရွှေကျောင်း ဆရာတော် ဝင်စားသူလည်း ဖြစ်၏။ ၉၄ဝ ပြည့်နှစ်
စလင်းဇာတိ၊ ဆီးတောဆရာတော်လည်း ထိုမြို့ဖွားပင်။

စလင်းမြို့အရှေ့ သာထွန်းဦး စေတီတည်ရာ အရပ်၌´ မွေးဖွားခဲ့သော်လည်း ရှမ်း
အရေးအခင်းကြောင့် ပြည်မှတစ်ဆင့် တောင်ငူသို့ရောက်၍ ရှင်ဓမ္မရာဇဂုရုထံ၌ ပညာသင်သည်
ပြည်မြို့၌ သာမဏေဘဝဖြင့် နေရ၏။ ရှင်ဘွဲ့ မုနိန္ဒဃောသ။ ရဟန်းဘွဲ့မှာ ဦးရီးတော်၏
အမည်အတိုင်း အရှင်ဥပါလိခေါ်သည်။ တံဆိပ် တိပိဋကာလင်္ကာရ ရာဇဂုရု။

ထို့နောက် အင်းဝသို့ ရောက်မှ ပြည်ဘုရင် ရန်နိုင်မှူးက ရဟန်းဒကာ ပြု၍ အရှင်
အဘိသင်္ကေတထံ ရဟန်းပြုသည်။ “ပြည်ပဉ္စင်းကျော်” ဟု ထင်ရှားကာ “အဝပဉ္စင်းကျော်
(အရိယာလင်္ကာရ) နှင့် စာပြိုင်ကြရ၏။ ၉၇၇-ခုနှစ်တွင် ညီတော် စလင်းစား မင်းရဲကျော်စွာ
ကိုးကွယ်ခွင့်ရသည်။ (သာသနာလင်္ကာရ၌ အကျယ်ရှု။)

