## PAGE 148

၉၂


စန္ဒာခရိယ ဦးဌေးလှိုင်

ထိုဆရာတော်၏ ပရိယတ်ဂွမ်းရည်မှာ ဆိုဖွယ်ရာမရှိ။ အများအားဖြင့်လည်း သိကြ၏။
ထို့ကြောင့် ပဋိပတ် သဘောဆိုင်ရာ ငုပ်ကွယ်နေသော ကြည်ညိုဖွယ်တို့ကိုသာ ရွေးချယ်
ဖော်ပြပါအံ ့။

စက်တော်ရာနှစ်ဆူ ရှာခြင်း

တစ်ရံရောအခါ (သက္ကရာပ်အားဖြင့် တစ်ထောင်ပြည့်နှစ်တွင်) နှစ်ပေါင်းများစွာ
ပျောက်ကွယ်နေသော မန်းစက်တော်ရာ နှစ်ဆူကို ရှာဖွေရန် သာလွန်မင်းကြီးထံ စာသွင်းကြ၏။
မင်းကြီးလည်း သဘောကျသဖြင့် စက်တော်ရာ အရှာထွက်တော်မူခဲ့သည်။ အနန္တ ၀၁
ဆရာတော်၊ အရိယာလင်္ကာရ ဆရာတော်၊ တိလောကာ လင်္ကာရ ဆရာတော်တို့လည်း
အဖော်ပါကြ၏။ အင်းဝနေပြည်တော်မှ မင်းဘူးသို့ကြွကာ တစ်တောဝင် တစ်တောင်ထွက်
သက်တုံ တက်တုံ ရှာဖွေတော်မူကြ၏။ ရက်လည်း အတန်ကြာလေပြီး

စက်တော်ရာအနီး မရှက်ရွာတွင် ခေတ္တနားနေ့ တည်းခိုတော်မူရာ တစ်ညတွင်
တောင်ဖီလာ ဆရာတော် အိပ်မက် မြင်မက်တော်မူသည်။ အိပ်မက်ထဲ၌ လူတစ်ယောက်သည်
ခွေးနက်ကြီးတစ်ကောင်နှင့်အတူ ဆရာတော်ထံလာ၍-

“ဘုန်းကြီးတို့ လာကြသည်မှာ အန္တရာယ် ကြီးလှသည်။ တောနက်၍ သားရဲတိရစ္ဆာန်
ထူပြော၏။ အဘယ့်ကြောင့် ကြွလာချင်ရသနည်း ဟု မေး၍ ရှေးမင်းတို့ သွားရောက်
ပူဇော်လေ့ရှိသော စက်တော်ရာ နှစ်ဆူရှိကြောင်း၊ စာဟေင်းစာတမ်း ရှိ၍ ရှာဖွေရန်လာကြောင်း
မိန့် တော်မူ၏။ ထိုအခါ ဒါယကာက-

"

“ဤသို့ဆိုသော် ခွေးနက်ကြီးဝင်ရာ တောသို့ လိုက်လျှင် တွေ့ရပါလိမ့်မည်” ဟု
လျှောက်သည်တွင် နိုးတော်မူ၏။ အိပ်မက်အကြောင်း အဖော်သုံးပါးအား ပြော့ပြရာ
ဗာရာဏသီပြည် သာသနာ ညှိုးနွမ်းချိန်တွင် ဝိသကြုံနတ်သားက ခွေးနက်ယောင်ဆောင်၍
ညွှန်ပြသည်ကို ဆင်ခြင်တော်မူကြလျက် နောက်တစ်နေ့စုံနက် ဆက်လက် ရှာကြ၏။

အိပ်မက်၌ မြင်ရသည့်အတိုင်း ခွေးနက်ကြီး တစ်ကောင်သည် စက်တော်ရာရှိသော
နေရာသို့ ရှေ့ကသွားသည်ကို တွေ့လျှင် နောက်က လိုက်ကြသည်။ စက်တော်ရာ နေရာ၌
ပျောက်ကွယ်သွား၏။ ဆရာတော်တို့လည်း မန်းချောင်း နဖူးတွင် အရောက်၊ နတ်ဘီလူး
တစ်ယောက်က ကိုယ်ထင်ရှား ထွက်လာပြီးလျှင် မေးမြန်းပြောဆို၍ စက်တော်ရာနှစ်ဆူကို
လိုက်လံ ညွှန်ပြလေသည်။

ဆရာတော်တို့လည်း တောင်ပေါ်တွင် ကျိန်းစက်ကြ၏။ တောင်ဖီလာ ဆရာတော်က
ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရာ နတ်များ တရားနာ လာကြသည်။ အနီးရှိ နတ်ကြီးအား
“သင်အသူနည်း” ဟု မေးရာ “သောတာပန် နတ်ကြီးပါ” ဟု လျှောက်၏။ “ဘုရားရှင်ကို
မှီသလော” ဟု မေးရာ “မှီပါသည်” ဟု ဆို၍-

“ငါ့ရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့် ညီညွတ်၏လော” ဟု မေးတော်မူသည်။


## PAGE 149

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၉၃

"

“ပုပ်လှသောငါးပိကို ဖက်နှင့် အထပ်ထပ်ထုပ်လျှင် အပေါ်ဆုံး ဖက်နံ့နှင့် တူပေ၏ ”
ဟု လျှောက်၍-

“သင့်ကိုယ်သင် သောတာပန်နတ် ဆိုတပြီးကား သင့်နှုတ်ထွက် ယုတ်ညံ့လှ၏။
ငါရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့်ညီ၏။ ငါ့စကား မမှန်လျှင် ငါ့ဦးခေါင်းထက်
မိုးကြိုး စက်သွား ရောက်စေသတည်း” ဟု အဓိဋ္ဌာန်တော်မူ၏။ ထိုအခါ နတ်က-

“ကျွန်ုပ်လည်း သောတာပန် ဟုတ်ပါသည်။ ဘုန်းကြီး ပဋ္ဌာန်းဒေသနာလည်း
ဘုရားဟောနှင့် ညီပါ၏။ မဆုတ်မနစ် အားထုတ်စေလိုသော ဆန္ဒဖြင့် လျှောက်မိပါသည်ကို
ခွင့်လွှတ်ပါဘိ” ဟု လျှောက်ပြီး ပျောက်ကွယ်သွား၏။

ထို့နောက် စက်တော်ရာကို ပံ့သုကူ သင်္ကန်းဖြင့် လွှမ်းအုပ်၍ “ငါသည် ဘုရားဖြစ်မည်
ဧကန်မှန်လျှင် ဤသင်္ကန်း၌ ၁၀၈-ကွက် စက်လက္ခဏာ ထင်စေသတည်း” ဟု အဓိဋ္ဌာန်၏။
သင်္ကန်းသည် ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွ၍ ထလာသည်ကို မြင်ရသည်။ ကြိုးလည်း
ကြိုးစား, ကြာလည်း ကြာဦးမည်ဟု နိမိတ်ဖတ်တော် မူ၏။ စက်တော်ရာ နှစ်ဆူကို
ချည်မျှင်ဖြင့် တိုင်းတာ၍ ယူဆောင်ခဲ့ပြီးလျှင် ဘုရင်မင်းမြတ်အား ကိုးကွယ်စေသည်။

ကြောက်လျှင် တစ်ယောက်ထဲတောမှာနေ့

ဆရာတော် စက်တော်ရာမှအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်တွေ့ပုံမှာ ရာဇဝင်
တွင်ခဲ့လေသည်။

ရွှေဥမင် ဆရာတော်ဟူသည် ပခန်းကြီးမြို့၌ လူသူတော် ကပ္ပိယတစ်ဦးနှင့်သာ
နေတော်မူလေ့ရှိ၏။ ရွှေဥမင်ဆရာတော် ဘုရားကြီး၏ ကျေးဇူးဂုဏ်နှင့် တောင်ဖီလာ
ဆရာတော်နှင့် တွေ့ဆုံပုံအခန်းမှာ အလွန်စိတ်ဝင်စားဖွယ်, ကြည်ညိုဖွယ် ကောင်းလှသည်။
(ရွှေဥမင်ကား မြို့မြောက်ဘက်၌ ရှိသည်။)

ထိုအကြောင်း သက္ကရာဇ် ၁၁၉၉-ခုနှစ်ရေး အရှင် ဝိနန္ဒာသဘခေါ် တတိယ
နံမော်ဆရာတော် ဘုရားကြီး၏ နာမည်ကျော် “သီလဝိသောဓနီ” ကျမ်း (၈၅-၈၈) မှ
မူရင်းအတိုင်း ကောက်နုတ်၍ ဖော်ပြဦးအံ့။

[နေရင်း မဏိရတနာဘုန်းကြီးဘုရား၊ ပုဗ္ဗာရုံဘုန်းကြီးဘုရား၊ ပခန်းရွှေဥမင် 'ဇမ္ဗုဓဇ’
ဘုန်းကြီးဘုရားတို့သည် ခပ်သိမ်းကုန်သော ဆရာတော်တို့၏ ဆရာလည်း ဖြစ်သည်။
ကျမ်းဂန်၌လည်း လွန်သူမရှိ။ အဟုတ်အဟတ် တတ်မြောက်တော် မူကုန်သည်။

သာလွန်မင်းတရား လက်ထက် ပခန်းသာဂရ ဝက်ကျဥမင်ဝယ် သီတင်းသုံးနေသော
ဇမ္ဗုဓဇ အမည်တော်ရှိသော ဝိနည်းငါးကျမ်း ပါဠိ အဋ္ဌကထာ နိဿယ စီရင်သော ရွှေဥမင်
ဘုရားထံ သာလွန်မင်းတရား ဆရာတော် တောင်ဖီလာကျော် ဘုရားသည် ကိုယ်တော်တိုင်
ကြွ၍ “ငါစီရင်သည့် ဝိနည်းနိဿယနှင့် သူစီရင်သည့် ဝိနည်းနိဿယကို တိုက်ဆိုင်မည်’
ဟု လှူရန် လက်ဆောင်အများနှင့် လာသည်။


## PAGE 150


၉၄

မ္မာစရိယ ဦးဌေးလှိုင်

ထိုအခါ ရွှေဥမင်ဘုရားလည်း အလုပ်အကျွေး သူတော်ဝတ် လူတပည့် တစ်
ယောက်နှင့်သာ ခေါင်းပါးသော အသုံးအဆောင် ရှိသည်ဖြစ်၍ နေတော်မူသည်တွင်
ပရိသတ်နောက်ပါအများနှင့် မင်းဆရာတော် ရောက်လာသည်ကို ဝတ်ပြုရန် (ခင်းရန်)
မရှိ၍ သုံးတော်မူသည့် စမ္မခဏ် (သားရေနွယ်အခင်း) ကို ခါ၍ နေရာခင်းသည်။

ပညာရှိနှစ်ဦး မရက်မစက် (ချစ်ခင် ရင်းနှီးစွာ တာဝန် ကုန်ကျေအောင်) နှုတ်ခွန်းဆက်၍
ဖက်လဲတကင်း ပြုကြသည်။ သာရဏီယကထာ (အောက်မေ့ဖွယ် မမေ့နိုင်သော စကား)
အဆုံးတွင်-

“ပရိသတ် ခြွေရံနည်းသည်။ ကြောက်တော်မမူလော့” ဟု မင်းဆရာ မိန့် တော်မူသည်ကို-
“ကြောက်၍ပင် (တောထဲ၌) ပရိသတ်အနည်းနှင့် နေပါသည်” ဟု ရွှေဥမင် ဘုရား
စကားပြန်သည်ကို မင်းဆရာတော်က-

"

“ဪ ငါကား မကြောက်တတ်သူဖြစ်ခဲ့ပြီ” ဟု နှလုံးပိုက်တော်မူသည်။
ထို့နောက် ပါခဲ့သည့် လှူရန်လက်ဆောင်များကို အသီးသီး မင်းဆရာတော်လက်နှင့်
ကိုင်၍ -

“သင်္ကန်းပါဘုရား၊ အရှင်မဟာကဿပကို ဘုရားရှင်သည်ကပ်လှူသော ဒုကုဋ်
နှစ်ထပ်သင်္ကန်း) ကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ် လှူ၍ ရသော ဝတ္ထု (ပစ္စည်း) ပါ။
သံသရာကို ချီးမြှင့်သဖြင့် သုံးဆောင်တော်မူပါ” ဟု လှူသည်ကို လက်နှင့်ခံ၍-
“သာဓု-သာဓု၊ ရွှေစည်းခုံကို လှူပါ၏” ဆို၍ ချထားသည်။

ဤသို့လျှင် လူလူသမျှ ဝတ္ထုကိုပင် ဤကဲ့သို့ချည်းဆို၍ ချထားသည်ကို မြင်၍ -
“ဪ ငါကား မင်းဆရာ (မင်းအကိုးကွယ်ခံ) ဖြစ်၍ ငါ့ပစ္စည်း၌- ရွံရှာနိုးသဖြင့်
(ဝိနည်းသံသယရှိ၍) ဤသို့ ပြုချေသည်” ဟု နှလုံးပိုက်တော် မူသည်။ စိတ်မည်သို့မျှ
ဒေါသမရှိ (စိတ်မန်)။

တရားဖြင့် ပုံဖော်တုံ့ပြန်ခြင်း

ရွှေဥမင်ဘုရား (သဘော) ကား-

“ဤအရှင်မြတ်သည် မင်းဧကရာဇ် ဆရာတော်ဖြစ်လျက် ကိုယ်တိုင် ငါသို့ လာရောက်၍
ပူဇော်သက္ကာရ အများနှင့် ငါ့အား ပူဇော်သည်။ ငါကား သူကဲ့သို့ ပူဇော်ရန် ဝတ္ထုမရှိသောကြောင့်
သူ့အား မပူဇော်ရ၊ ထိုအရှင်သူမြတ်အား ပစ္စည်း, ပရိသတ် ခြွေရံကို စွန့်၍ တောနေခြင်းအကျိုးငှာ
မြတ်သော အနုသာသနီ (ဆုံးမ) စကားဖြင့် ပူဇော်အံ ့” ဟု (ရည်ရွယ်၍) ဆိုတော်မူသည်။
ပစ္စည်း၌ ရွံရှာသည်ကို စွဲ၍မဆို၊ တစ်နည်းလည်း-

“အလွန်ရခဲလှစွာသော ရဟန်းသူတော်အဖြစ်ကို ရပါလျက် မင်းဆရာတော်ခံ၍
(အခေါ်ခံ၍) နေခြင်းသည် အကျိုးမရှိ။ အကျိုးရှိရာကို ရှာစေအံ့” ဟု နှလုံးပိုက်၍
ဆိုတော်မူသည် ဟူလို၊

.

