## PAGE 157


ဒုတိယပိုင်း

ဘောင်ခေတ်

(အလောင်းမင်းတရားမှ မန္တ လေးအလွန်)

## PAGE 158


အဘိဓမ္မာ သရုပ်ခွဲ ကမ္မဋ္ဌာန်း

“သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ဖြစ်ဆဲဖြစ်ဆဲ ရုပ်နာမ်ကို မပြတ်ရှုမှတ်ပြီး
သိသိနေတဲ့ ယောဂီတွေမှာ “စက္ခုကရဏီ၊ ဉာဏကရဏီ' ဆိုတဲ့ ဒေသနာတော်အရ
ရှုမှတ်ပြီးပွားစေရတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်လမ်းက “ပညာမျက်စိကို ပွင့်စေတယ်၊ အသိဉာဏ်ကို
ဖြစ်စေတယ်' ဆိုတာ ကိုယ်တိုင်တွေ့အားဖြင့် ထင်ရှားနေပါတယ်။

“အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များက ပြထားတဲ့ အတိုင်းကျက်မှတ်ပြီး ဆင်ခြင်နေရုံမျှနှင့်
ဒီလိုထူးခြားတဲ့ အသိအမြင် ဖြစ်ပါမည်လား။ မူလက ကျက်မှတ်ထားပြီး ထက် ထူးခြားတဲ့
အသိအမြင် ဖြစ်ပါမည်လား၊ မစဉ်းစား မဆင်ခြင်ဘဲ ပစ်ထားရင် ကျက်မှတ်ပြီးသားတွေတောင်
မေ့ပျောက်မသွားပေဘူးလား။ အဲဒါ ဘာ့ကြောင့်လဲဆိုရင်

“ကိုယ်တိုင် တွေ့ပြီးသိတဲ့ ပညာသိမဟုတ်ဘဲ ကျက်မှတ်ထားတဲ့ သညာသိမျှ

ဖြစ်လို ့ပဲဆိုတာ ထင်ရှားပါတယ်”

မဟာစည် ဆရာတော်ဘုရားကြီး
(ဓမ္မစကြာ တရားတော် ၁၂၂-၃)


## PAGE 159

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁ဝ၃

ယောဂီတိုင်းအတွက် ရှေးဦးမှတ်ဖွယ်

ရန်သူနှင့် မိတ်ဆွေ

ဤ “မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်” ကို ထုတ်ဖော်ရာ၌ ကျွန်ုပ်တို့ သိစေလိုသည်မှာ
အချက်နှစ်ခုသာ ရှိ၏။

၁။ ရန်သူ။ ၂။ မိတ်ဆွေ။

“ရန်သူ” ဟူသည် အလုပ်ခွင်၌ အနည်းနှင့်အများ မလွဲမသွေ တွေ့ကြုံရမည့်
အနှောက်အယှက် (အမွှေဓာတ်) အမျိုးမျိုးကို ဆိုလိုပါ၏။

“မိတ်ဆွေ’ ဟူသည် ထိုအမွှေဓာတ်များကို ဖယ်ရှားရာ၌ အထက်မြက်ဆုံးသော
နိယာမသဘာဝ အင်အားကြီးများပင် ဖြစ်ပါသည်။ ယေဘုယျ အားဖြင့် ထိုနှစ်မျိုးစလုံးပင်
ပကတိမျက်စိဖြင့် မြင်ရသည်မဟုတ်။ ထို့ကြောင့် ယုံနိုင်ခက်၏။ ယောဂီ၌ ကိုယ်တိုင်
ခံစားနေရစေကာမူ ရန်သူမှန်းမသိ၊ မိတ်ဆွေမှန်းမသိ။ ထို့ကြောင့် နှစ်ပေါင်းများစွာ
သက်စွန့်ကြိုးပမ်းပါသော်လည်း ကြိုးပမ်းသလောက် ခရီးမပေါက်၊ ဒုက္ခခံသလောက်
မတိုးတက်။ အိပ်မက်ထဲ ပြေးရသကဲ့သို့သာ ဖြစ်ကြရလေ၏။

-

ရန်သူကား နည်းပရိယာယ် ကြွယ်လှ၏။ ပိုင်နက်အင်ပါရာလည်း ကျယ်လှ၏။
မြင်ရ – မမြင်ရသော ဘက်တော်သားလည်း အတိုင်းမသိ များပြားဘိ၏။ အတတ်မျိုးလည်း
စုံလှသည်။ သူ့နိုင်ငံတွင် နေ၍ သူခိုင်းစေသလိုရသော သူ့လူတွေအကြား ယောဂီကား
တစ်ယောက်တည်း။ သဘာဝ အင်အားကြီးများကို ထုတ်ဖော်နိုင်သော မဟာပုရိသသာ
မပေါ်ပေါက်ခဲ့သော် ခက်လေစွာ။

ရန်သူ. အဘယ်မှဝင်သနည်း။ ယောဂီ၌ တံခါးသုံးပေါက်ရှိ၏။ ထိုမှဝင်သည်။
ကိုယ်၌ ပူးကပ်၏။ နှုတ်ကိုစီး၏။ စိတ်ကိုမှိုင်းတိုက်၏။ (မနောတိုက်၏။) ယင်းသို့ဆိုသော်
တစ်ယောက်တည်းသော ယောဂီသည် ရန်သူ့ နိုင်ငံသား၊ ရန်သူ့ ဘက်တော်သားများကို
အားကိုးရဲပါစ။ သားသမီး မိဘဟူသည် အခိုက်အတန့်မျှသာတည်း။ ဆရာတပည့်ဟူသည်
ဝေါဟာရမျှသာတည်း။ အကယ်၍ ထိုသူများကို အားကိုးမိချေအံ့။ ထိုသူတို့ ရမ္မက်ကြီးလေ၊
အမျက်ကြီးလေ၊ အမိုက်ကြီးလေ ညောင်ရေအိုးမှ မီးထတောက်လာသကဲ့သို့ ဒုက္ခရောက်စေ
နိုင်၏။ ယောဂီကား တစ်ယောက်တည်း။

ကောင်းပါပြီ၊ “ကိုယ့်ကိုကိုယ်သာ အားကိုးနေဗါမည်” ဆိုစေ၊ ယောဂီ ယခုလုပ်နေသော
အပြုအမူများသည် ယောဂီ၏ ပင်ကိုစရိုက်နှင့် အကြိုက်ညီ၍ ရိုးရိုးသားသား ကြိုက်သောအလုပ်
အပြုအမူများ ဟုတ်ပါလေစ၊ ယောဂီပါးစပ်မှ ထွက်လာသော စကားများလည်း ယောဂီကိုယ်တိုင်
ပြောသောစကားများ ဟုတ်ပါလေစ၊ ထားဘိဦး ယခုယောဂီစိတ်ကူးကြံစည်နေသော
အတွေးများသည် ဗုဒ္ဓရှင်တော်မြတ်လိုလားသော၊ ယောဂီပကတိစိတ်ရင်းအကြိုက်နှင့်လျော်သော၊
မဇ္ဈိမပဋိပဒါကျသော အတွေးများကော ဟုတ်ပါလေစ။

အတွေးသည် လောကတွင် တန်ခိုးအကြီးဆုံး ဖြစ်၏။ မနောကံပင်တည်း။ ဘဝကို

