## PAGE 160

၁၀၄


မ္မာစရိယ ဦးဌေးလှိုင်

ပုံဖော်ရန် တစ်စုံတစ်ခုကို အမှတ်မထင် ရှာဖွေနေသော စိတ်ဝိညာဉ်ပင်တည်း ။သူကြိုက်ပြီဆိုလျှင်
နောက်မဆုတ်ကတ်။ လုပ်ပေတော့မည်။ ထိုအတွေးသည် ကမ္ဘာကို ပျက်စေနိုင်၏ ။
ကမ္ဘာသစ်တည်ထောင်နိုင်သည်မှာလည်း သူပင်တည်း။

(မဇ္ဈိမ၊ ဥပါလိသုတ်နှင့် ဓမ္မပဒ၊)

ယောဂီ၏ဘဝကိုမူ လွယ်လွယ်ကလေးနှင့် အံ့ဖွယ်ဆိုးကောင်း ပြောင်းလဲမှု ကြီးများကို
ဖြစ်စေနိုင်စွမ်း၏။ ထိုမျှ အစွမ်းထက်သည့် စိတ်(အညှာ) ကို· သိသော လောကာယတ
(သံသရာအောက်ဆွဲ) တန်ခိုးရှင်ကြီးတို့သည် အားနည်းချက်ကို ထောက်၍၊ မြှောက်၍၊
ခြောက်၍ ညှို့ယူနိုင်ကြလေသည်။

ထို့ကြောင့် ယောဂီအတွက် အနှောက်အယှက် ဟူသည် တစ္ဆေခြောက် စုန်းပူးခြင်းမျိုးသာ
မဟုတ်၊ ကျားချ၊ စစ်တုရင် ထိုးသကဲ့သို့ အမျိုးမျိုး ကွက်ကျော်ဆင်ကာ အားနည်းရာမှ
ပိရိစွာ ကွင်းဆက်ဝင်လာတတ်သည်။ သို့ရာတွင် အဝိဇ္ဇာသည် မည်မျှ ထုထည်ကြီးမားသော်လည်း
ဝိဇ္ဇာလောက် အင်အားမရှိ။ အနှောက်အယှက်တို့ မည်မျှများပြား လှည့်ဖြားအစွမ်းထက်
အကွက်ဆင်ကြပါစေ၊ မှုစရာမလို။ မိတ်ဆွေသဘာဝ စွမ်းအားများ၏ အကူအညီကို
ရယူနိုင်ပါလျှင် ထောင်းထောင်းထ ကြေမွပျက်ပြုန်းအောင် ချေမှုန်းဖျက်ခွဲ၍ လွယ်လွယ်နှင့်
အောင်ပွဲရနိုင်ကြသည်သာ။ မည်မျှကြီးမားကျယ်ဝန်းသော မြို့ ရွာကြီး ဖြစ်စေကာမူ မီးခြစ်ဆံ
တစ်ဆံမျှဖြင့် တစ်ခဏချင်း ပြာအတိပြီးစေနိုင်သည် မဟုတ်ပါလော။

သဘာဝစွမ်းအား တစ်ခုခုကို ယုံယုံကြည်ကြည် လက်ခံကိုင်တွယ်မိပါလျှင် အနန္တ ကမ္ဘာ
လောကဓာတ်ရှိ ဓာတ်တူအကုမဲ့ စွမ်းအား အကူအညီတို့သည် မြစ်ရေတာရိုး ကျိုးသကဲ့သို့
ထိုးလှိမ့်စီးဆင်းကာ အဟုန်အရှိန်ပြင်းစွာဖြင့် ရန်သူအား နင်းချေ ဖျက်မှုန်းပေးသည်ကို
ယောဂီကိုယ်တိုင်ပင် တအံ့တသြသိမြင်လာပါလိမ့်မည်၊ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် အသုံးချ
လပ်ပြီးမှ ထိုအတုမဲ့ အတိုင်းမသိ သဘာဝ စွမ်းအားများကို ထုတ်ဖော်ခဲ့ပြီ မဟုတ်ပါလော။
ခက်သည်ကား ယောဂီကိုယ်တိုင်က ရန်သူနှင့် မိတ်ဆွေ အင်အားများကို
သတိမမူမိဘဲ “ငါကောင်းတာလုပ်နေတာပဲ” ဟု မိမိကိုယ်ကို အထင်ကြီး၍၊ မသိ၍၊ မယုံ၍
နမော်နမဲ့ နေမိခြင်းပင်တည်း။ ယင်းသည်ပင်လျှင် ယောဂီ၏ နှလုံးသားသည် ရန်သူ့ လက်၌
ပါသွားခဲ့ရလေပြီ။ (မညမာနော ခေါ ဘိက္ခဝေ ဗဒ္ဓေါ မာရဿ၊ ။ ယဝကလာပိသုတ်။
သမ္မာ-သံ-၄ဝ၅။)

အန္တ ရာယ်များလှသော သာသနာ

အနတ္တသာသနာသည် အန္တ ရာယ်များလှပါ၏။ အပင်ပေါက်၍ အညှောက်ကတည်းက
ပိုးကိုက်ခဲ့သည်။ အတ္တကမ္ဘာ၌ အနတ္တသာသနာ မျိုးစေ့ချမည့်သူကား သိဒ္ဓတ္ထတည်း။

သူ့ ကို ဖခင်ကိုယ်တိုင်ကပင် ဘုရားဖြစ်ရန် မလိုလား။ စကြာမင်းကြီး ခမည်းတော်
ဖြစ်လိုသော အားနည်းချက် (အညှိ) ရှိရာမှ အနှောက်အယှက် ယင်ပိုးတွယ်လာခဲ့၏။


## PAGE 161


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၅

ကာယကံရှင် (သုဒ္ဓေါဒန) ကိုယ်တိုင်ပင် မရိပ်မိခဲ့။ သို့သော် မျက်စိရှိသူတို့က မြင်ကြသည်။
ကြိုတင်နေရာယူကြ၏။ အကွက်ဆင်၍ ပူးဝင်နှင့်ကြလေပြီ။ ထိုအခါ သုဒ္ဓေါဒန ဘာလုပ်
သနည်း။ သိဒ္ဓတ္ထအား ဘုရားမဖြစ်အောင် အကြံထုတ်ရ၏။ မိန်းမအထိန်းတော်၊ အချော့တော်၊
အဆိုတော်၊ မိန်းမအရံရွေတော် တို့ဖြင့် ဖုံးအုပ်ပေးရလေ၏။ မိန်းမတပ်ကြီးဖြင့် အထပ်ထပ်
ကာဆီးပေးထားရသည်။ ကာမဂုဏ်၌ နှစ်မြှုပ်ထားလိုက်ခြင်းပင်တည်း။

..

သုဒ္ဓေါဒနသည် “ငါ့စိတ်ကူးနှင့်ငါ” လုပ်နေသော်လည်း ရန်သူလက်သပ် မွေးခံရမှန်းမသိ
ခံခဲ့ရရှာ၏။

တစ်ဖန် မိမိ၏ အတပ်ဟော ဝေဒပညာကိုလည်း အကြွင်းမဲ့ ယုံစား၊ သိဒ္ဓတ္ထကိုလည်း
အားကိုးပါသည်ဆိုသော ကောဏ္ဍည၊ သူသည် “သိဒ္ဓတ္ထ မုချ ဘုရားဖြစ်ရမည်” ဟူသော
ယုံကြည်ချက်ဖြင့် အနှစ်သုံးဆယ်ကျော် ဒုက္ခခံတောထွက်နှင့်၍ အလောင်းတော်အား အကူအညီ
ပေးခဲ့ရာ ဘုရားဖြစ်ခါနီးတွင်မှ တော်လှန် ထွက်သွားခဲ့၏။ ကောဏ္ဍည အပြောင်းအလွဲကား
မြန်ဆန်လွန်းစွာ၊ လောကီအသိနှင့် ဝီရိယဇွဲကြီးမားသော သူသည် ခေတ်မီ ခေတ်စားနေသော
အတ္တကိလမထလမ်းစဉ်၌ အယူသည်းမှု (အားနည်းချက်) ရှိရာမှ ရန်သူ့အကြိုက် လုပ်ဆောင် .
ပေးခဲ့ရသည်။

ထို့ပြင် အလောင်းတော် ကိုယ်တိုင်ပင်လည်း အတွေး၊ အကြံ၊ စိတ်ကူးတစ်ချက်မှား၍
(ဝါ) ရန်သူ၏ မမြင်ရသောဆွဲဆောင်မှုအရ ၆-နှစ်လုံးလုံး လမ်းမှားကြီးကို သေလုမျောပါး
လိုက်စားမိခဲ့သည်။ ထိုအခါ ရှေ့နောက် ကမ္ဘာလေးဆယ်ကို ဒိုးယိုပေါက် မြင်နိုင်သော
မြေပေါ်တန်ခိုးရှင်တို့ အများအပြား ရှိနေကြ၏။ (ဝိ၊ ဋ္ဌ၊ ၁။ ၁၃ဝ။ ဝိသုဒ္ဓိမဂ်၊ ၂၊ ၄၁။)
လောကကြီးကို ကြီးပွားစေလိုသော၊ စိုပြည်စေလိုသော၊ မမြင်ရသော မြေထက် တန်ခိုးရှင်
တို့လည်း ရှိနေနှင့်ကြ၏။ အသက်ရှည်၍ တန်ခိုးလည်း ကြီးမားကြကုန်သည်။ ထိုအခါမျိုး၌
အတ္တသာသနာ ပြုရမည်မှာ သူတို့၏ မဟာတာဝန်ကြီးပေတည်း။

အလောင်းတော်သည် ထိုသည့် အနှောက်အယှက် အခက်အခဲများကြားမှပင် ဗောဓိပင်နှင့်
ရွှေပလ္လင်သို့ အရောက်ချီတော်မူနိုင်ခဲ့၏။ ဘုရားဖြစ်ပေတော့မည်။

ထိုအချိန်မျိုး၌ အတ္တတန်ခိုးရှင်တို့သည် လက်နက် လူသူအစွမ်းကုန် အင်အားကုန်
ရှိစုမဲ့စု သုံးကြရပေလိမ့်မည်။ ထို့ကြောင့် မာရ်နတ်သည် လက်မနှေး။ ရှေ့တန်းသို့
ကိုယ်တိုင် ထွက်လာ၏။ အတိုင်းမသိသော စစ်သည် လက်နက်အားကိုးဖြင့် ပလ္လင်ကို
လုလေ၏။ ပလ္လင်လိုချင်၍ မဟုတ်၊ ဘုရားဖြစ်မည်စိုး၍။ (ထိုသဘာဝကို နားမလည်နိုင်သော
ဥရောပတိုက် ပါဠိပညာရှင် အချို့သည် “မာရ်နတ်ဟူသည် သတ္တဝါအကောင်အထည်
ရှိသော အရာမဟုတ်။ စိတ်၌ တစ်စုံတစ်ခု ဖြစ်ပေါ်မှုကို တင်စားခြင်းမျှသာ” ဟု မှတ်ထင်
ယူမှားကြလေ၏။)

ဘုရားဖြစ်တော်မူသည့် နောက်ပိုင်းတွင်လည်း သံဃာတွင်း ပဋိပက္ခများ၊ စင်ပြိုင်
ဘုရားများ၊ သာသနာဝင်၍ တရားခိုးကား “ငါတို့လည်း ဒီအတိုင်း ဟောပြော ကျင့်ကြံသည်”
ဟု အသံလွှင့်နေသော တရားအတုအယောင်များ၊ မိန်းမနှင့်စွပ်စွဲခြင်း၊ ဗကကဲ့သို့ အတ္တ

နမအကြိ

## PAGE 162


၁၀၉

ဓမ္မာစရိယ ဦးဌေးလှိုင်

တန်ခိုး ရှင်ကြီးတွေကိုယ်တိုင် ဝါဒတိုက်ပွဲဝင်ခြင်း၊ နောက်ဆုံး အသက်ကိုပင်လုပ်ကြံကြသည်အထိ
ပရိနိဗ္ဗာန် စံဝင်တော်မူရသည့်တိုင်အောင် ဆက်တိုက် မလွတ်စတမ်း နှောက်ယှက်ခဲ့ကြလေ၏။
ယင်းသို့ ဆိုသော် အဘယ်မည်သော ယောဂီသည် သူ့စက်ကွင်းမှ လွတ်ကင်းနိုင်ပါ
ချိမ့်မည်နည်း။ ကမ္မဋ္ဌာန်းသတိ ရှိနေရုံမျှဖြင့် ဘေးရန်လုံပြီဟု မယုံစားအပ်။
(သတိမတော သုဝေသေယျော၊ ဝေရာ န ပရိမုစ္စတိ။ မဏိဘဒ္ဒသုတ်။
သဂါထာ-သံ-၂၁ဝ။)

ကမ္ဘာကိုပင် ကြိုးကိုင်ချင်သူများ

ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် မဇ္ဈိမဒေသ(အိန္ဒိယ) ၌ အတ္တဝါဒကြီး
ခေါင်းပြန်၍ ထောင်လာခဲ့၏။ ခေတ်မီ တိုးတက်သော ဗုဒ္ဓဘာသာကြီး ဖြစ်လာစေရန်
ဓမ္မသစ်များ ဖန်တီးလာကြသည်။ မာရကိုယ်စားလှယ် ဘုန်းကြီးများလည်း မဟာယာန
ဂိုဏ်းကြီးကို ထူထောင်ခဲ့ကြ၏။ “ဘုရား အဓိကမဟုတ်၊ ဘုရားလောင်းသာ အဓိက’
ဟူသော ဝါဒကြီးကို စွဲကိုင်လာကြသည်။ နောက်ဆုံး . အောက်လမ်း အထက်လမ်း
လူသားကြိုက် အတ္တပညာရပ် မျိုးစုံဖြင့် ဥုံခံ မန်းမှုတ်ကြရာမှ ပင်မ အိန္ဒိယ၌ သာသနာ
လုံးဝ ကွယ်ပခဲ့ရသည်။ (အိန္ဒိယ သာသနာကွယ်ပုံ ရာဟုလာ သံကိစ္စည်း၏ ဆောင်းပါးကို
ပထမပိုင်း နိဂုံး၌ အပြည့်အစုံ ဖော်ပြထားပါသည်။)

မြန်မာနိုင်ငံ သာသနာဝင်ကို ကြည့်ပြန်ပါလျှင်လည်း ခေတ်အဆက်ဆက် အမွှေခံခဲ့ရ၏။
ရွှေဖြစ် ငွေဖြစ် သိဒ္ဓိပေါက် လမ်းစဉ်အတွက် ဘုရင်များကိုယ်တိုင်ပင် နောက်ပိုင်းမှ
အားပေးခဲ့ကြရသည်။ ဂိုဏ်းကွဲမှုများ ပေါ်ခဲ့ရ၏။ အတင်အရုံ ဝိဝါဒပင် နှစ်ပေါင်းရှစ်ဆယ်
ကြာခဲ့သည်။ အနော်ရထာနှင့် ဘိုးတော်ကဲ့သို့သော မင်းများသာ မပေါ်ပေါက်ခဲ့ပါလျှင်
ခက်လေစွာ့။ ထို့ကြောင့်လည်း လောကာယတ တန်ခိုးရှင်တို့သည် ရာဇဝင်ကိုပါ ပြောင်းပြန်
လှန်ပစ်ရန် ကြိုးစားလာကြ၏။ သို့မှ အတ္တသာသနာအတွက် စိတ်ကြိုက်သာသန ဒါယကာ
ရရှိကြမည် မဟုတ်ပါလား။ ဘကြီးတော် ခေတ် စကြာမင်းကလေးသည်ကား ဆိုလျှင်
ရာဇဝင် တစ်ဇာတ် ခင်းရန် တန်ခိုးရှင်တို့ ဖန်တီးထိုးသွင်းခဲ့သော သန္ဓေသားပင်တည်း။
(အယူတော်မင်္ဂလာ လျှောက်ထုံးကို ကြည့်ပါလျှင် တိကျခိုင်လုံ ပြည့်စုံစွာ သိနိုင်ပါသည်။)
ထို့ကြောင့် သူတို့သည် ဘိုးတော်အား အခဲမကျေကြ။ “မောင်ဝိုင်း ကတိသစ္စာမရှိ’ ဟု
ယခုတိုင် ပြောမဆုံး။ ဘာမျှ မသိရှာသော လူများစုကား စကြာရေချ၍ ယခုတိုင် ငိုကြဆဲ။
ရာဇဝင်နှင့် သာသနာဝင်အား အခြား ယုတ်ညံ့သော တန်ခိုးများဖြင့်လည်း ညစ်ပေစေခဲ့ကြ၏။

မြန်မာပြည်တွင်သာ မဟုတ်။ ဥရောပ ရာဇဝင်တွင်လည်း ပြင်သစ် တော်လှန်ရေးကြီး
မှအစ “လိုလားသူကို တင်၊ မလိုလားသူကို ဖြုတ်ချရေး” မင်းပြောင်းမင်းလွဲ ကိစ္စများတွင်
မြေပေါ်မြေထက် တန်ခိုးရှင်များ ကလဖန်ထိုး၍ တန်ခိုးပြခဲ့ကြ၏။ အသံတိတ်
လှုပ်ရှားမှုများဖြစ်၍ ရာဇဝင် ဆရာတို့ မသိလိုက်ကြ။ (ဝါလ် ဘုရ်ဂါ-ပဲဂေး ရေး“မမြင်ရသော
