## PAGE 163

မိတ်ဆွေတစ်ဦးနှင့် ဆွေးနွေးပွဲ”) ၁၂-ရာစု တခိုက အိန္ဒိယ စစ်ပွဲများတွင်လည်း
ထိုနည်း၎င်းပင်တည်း။ ရှေးအခါ ကလိင်္ဂမင်းနှင့် အဿကမင်းတို့ စစ်ဖြစ်ကြရာ ကလိင်္ဂမင်းသည်
စစ်အင်အား ကြီးမားလျက် ရသေ့ကြီး၏ ဟောကိန်းကိုသာ အားကိုးယုံစားမိ၍ စစ်ရေး
ရှုံးနိမ့်ခဲ့ရဖူး၏။ ထိုစစ်ပွဲတွင် လူသားများသာမက ကိုယ်စောင့်နတ်ချင်းလည်း တစ်ဖက်နှင့်
တစ်ဖက် စစ်ထိုးကြသည်ဟု ပါရှိရာ ရှေးအခါကပင် ရှိခဲ့ဖူးသော အသံတိတ် စစ်ပွဲပင်တကား။
(စတုက္ကနိပါတ်၊ စူဠကာလိင်္ဂဗောဓိဇာတ်။)

ယခုအခါတွင်လည်း ကမ္ဘာအရပ်ရပ်၌ အကြားအမြင်ရ လူသားတန်ခိုးရှင်များ
ပေါများလှပေ၏။ ရုပ်ဝါဒီနိုင်ငံများက သာ၍ပင် တန်ခိုး သုတေသန ပြုလုပ်နေကြ၏။
ဘူလ်ဂေးရီးယား နိုင်ငံ၌ “ဗင်္ဂါဒီမီ ထရိုဗာ” ခေါ် အကြားအမြင်ရ အမျိုးသမီးတစ်ဦးကိုပင်
လခစားအဖြစ် ခန် ့ထားသည်ဟု ဆိုသည်။ ဗုဒ္ဓခေတ်တွင် ရှေ့နောက် ကမ္ဘာလေးဆယ်ကို
မြင်နိုင်သော တိတ္ထိကြီးများ ရှိသကဲ့သို့ ယခုလည်း ရှိနေကြမည်သာ။

သို့ရာတွင် ကံ’ဉာဏ်-ဝီရိယဖြင့် ရယူနိုင်သော အတုမဲ့ သဘာဝ အင်အားကြီးများကား
တန်ခိုးရှင်ကြီးတို့၏ အကြားအမြင်ကို ချွတ်လွှဲစေကုန်၏။ စီမံကိန်းကြီးများကို ပျက်ပြား
နိုင်ကြကုန်၏။ ထို့ကြောင့် ကံအကြောင်းကို ဟောကြားတော်မူရာ၌ “ကံအကျိုးပေးနှင့်စပ်လျှင်
စကြဝဠာ ကမ္ဘာထုတ်ချင်း မြင်နိုင်သော ပုဂ္ဂိုလ်များ၏ စကားကိုပင် မယုံကြည်ကြလင့်” ဟု
ပိတ်ပင်တော်မူခဲ့ဖူး၏။ (ဥပရိ၊ မဟာကမ္မ ဝိဘင်္ဂသုတ်။)

ထို့ကြောင့် အတိတ်ကံနှင့် ပစ္စုပ္ပန်လုပ်ရပ်ကို ပစ်ပယ်၍ အဘယ်မည်သော တန်ခိုးရှင်သည်
အဖြူအမည်း လုံးဝပြောင်းလဲနိုင်ပါချိမ့်မည်နည်း။ သို့ရာတွင် “မရတဲ့အမဲ သဲနဲ ့ပက်’
တတ်သည်ကိုမူ သတိမူကြရပေလိမ့်မည်။ (ဗလဿ ဓမ္မဂုတ္တဿ၊ ပဋိဝတ္တာ န ဝိဇ္ဇတိ။
ဝေပစိတ္တိသုတ်၊ သဂါထာ-ညံ-၂၂၃။)

မိစ္ဆာဒိဋ္ဌိဘေးကြီး ဝေးလျက်နီး

ကျွန်ုပ်တို့သည် အလုပ်ခွင်သို့ မဝင်မီက အို-နာ-သေ ဘေးကြီးများကိုသာ
ကြောက်စရာဟု ထင်မှတ်ခဲ့ကြ၏။ ဤဘဝတွင် မိစ္ဆာဒိဋ္ဌိ (အယူမှား) ဘေးကြီးကား
မည်သို့မျှ ဖြစ်နိုင်စကောင်းသော အကြောင်းအခွင့် မမြင်မိခဲ့။ အခြားဘာသာ တစ်ခုခုသို့
ကူးပြောင်းသက်ဝင်နိုင်ရန် အိပ်မက် စိတ်ကူးမျှပင် မထည့်နိုင်အောင် အသိဉာဏ် ရှိခဲ့ပြီ
မဟုတ်လော။ သို့ရာတွင် အလုပ်ခွင်သို့ ရောက်သောအခါ အို-နာ-သေ ဘေးကြီးတို့ထက်
ကြောက်လန့် ကျောချမ်းဖွယ် ကောင်းလှသော မိစ္ဆာဒိဋ္ဌိ ဘေးကြီးများ ကမ္မဋ္ဌာန်းကျောင်းကလေး
တံခါး၌ လာ၍ ခေါက်နေသံကို ကြားနေရ၏။

သို့ရာတွင် တံခါးကိုဖွင့်၍ ဝင်လာသောအခါ မိတ်ဆွေကောင်းသဖွယ် ဖြစ်၍
ဧည့်ဝတ် ပျူငှာ ကြိုဆိုမိကြလေ၏။ တရားထူး၊ အာဏာ၊ စီးပွား၊ ကျန်းမာရေး စသည်
ယောဂီ၏ ' သည်းခြေကြိုက် အပြည့်အဝ ရတော့မည်ကဲ့သို့ မျက်လှည့်ပြကြ၏။

## PAGE 164

၁ဝ၈

ဟု


ဓမ္မာစရိယ ဦးဌေးလှိုင်

"

နမူနာကလေးများပင် အကြိမ်ကြိမ်ပေး၍ မြှူဆွယ်ကြလေသည်။ ယောဂီကား “ငါ တရား
တက်လာပြီ" ဟု ထင်၏။ ပထမတွင် အတွေး စိတ်ကူး အာရုံမျှသာတည်း၊ ယောဂီသည်
စားရိုးစားစဉ် မစားချင်တော့။ တစ်မျိုးတစ်မည် ခြိုးခြံစားမှ တရားထူး ရမည်ဟု
ထင်သူထင်တတ်သည်။ ထို့နောက် အဝတ်၊ နောက် အနေအထိုင်....စသည်။ (ထိုအတွေး
ခံနေ၍ သံဃရက္ခိတ မထေရ်ကြီးသည် ရဟန္တာမဖြစ်နိုင်ဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ရ၏။
“အရိမေတ္တေယျကျမှ”” ဟု အတွေးအခေါ် အမြော်မှားလေသည်။ ဝိသုဒ္ဓိမဂ်၊ ၁၊ ၄၅။
စံတော်ဝင် အရိယာများ” စာအုပ်၌ အပြည့်အစုံ ကြည့်ပါ။)

အာရုံအတွေးသည် ကြောက်ဖွယ်ကောင်းလေစွာ့။ အတွေးပြီးလျှင် အသံတစ်စုံ
တစ်ခု ကြားရတတ်၏။ အာနာပါန၊ ကသိုဏ်းစသည် တရားလမ်းကြောင်းပေးသည်လည်း
ရှိ၏။ မည်သည့် တန်ခိုးရှင်ဟု အသိမပေးသေး။ နောက် ဘိုင်စကုပ် ပြသကဲ့သို့
လျှပ်တစ်ပြက် ကိုယ်ထင်ရှား ပြတတ်ပြန်၏။
လိုအပ်လျှင် လူကိုယ်တိုင် မိုးပေါ်က ကျသလို
ရောက်လာတတ်သည်လည်း ရှိသည်။ ထိုအခါ ယောဂီအချို့ ပါးရာမှ ပေါက်ကာ
ခေါင်းပြောင်းကြရရှာလေသည်။ မဇ္ဈိမပဋိပဒါမှ လမ်းခွဲကာ သတ္တဝါများအကြိုက် တစ်လုံး
တစ်ဝတည်း ပြည့်စုံကြလေ၏ (စိတ်ကူး၌)။ သူဌေးဖြစ်၍ သာသနာပြုမည်။ အသက်
ရာထောင် ရှည်၍ သတ္တဝါတွေ ကယ်တင်ကာ အရိမေတ္တေယျ လက်ထက်ကျမှ နိဗ္ဗာန်ယူမည်။
ဆုကြီးပန်မည်။ ( ဆုကြီးပန်သူများ ယခုလိုဘဝမျိုးကြီး၌ အလောင်းတော်ကြီးများ၏
အမူအကျင့်ရှိမရှိ စဉ်းစားကြရာ၏။) သို့မဟုတ် ယောဂီအချို့ အရိယာဖြစ်ပြီဟု ထင်သူက
ထင်ကြလေ၏။ အခြား လောကာယတ (သံသရာနယ်ချဲ့) အတတ်ထူး တစ်စုံတစ်ရာ
ရချင်သူတို့ ရကြသည်။

ထိုအရာ အားလုံးသည် ယောဂီမြတ်နိုးလှသော သာသနာ၊ ကာမဘုံကြီးမှ မထွက်ခွာ
လိုသော အတ္တ၊ ထိုနှစ်ခုကို ပေါင်းစပ်၍ စိတ်တိုင်းကျ ဖျော်ပေးလိုက်သော ပျားရည်ဝမ်းကျ
ယမကာပင်တည်း။ ထိုဖျော်ရည်ကား ဆာဒူးဘဝမှသည် ဗကဗြဟ္မာကြီးများ ပါဝါအထိ
သိဒ္ဓိပြီးနိုင်၏။ မှော်ဆရာဘဝမှသည် အရိယာ အထင်ခံ ဝိဇ္ဇာဓိုရ်ကြီးအထိ
ပေါက်မြောက်နိုင်လေသည်။

ယောဂီကား နုနယ်သေး၏။ လောကကား ကျယ်ပြောလှသည်။ တန်ခိုးရှင် အမျိုးမျိုးတို့
ကျက်စားရာ' နယ်မြေဖြစ်၏။ ရန်သူနှင့် မိတ်ဆွေကို မေ့လျော့ကာ အနတ္တကိုသာ မဲ၍
ရှာနေသော ယောဂီ၏ ကမ္မဋ္ဌာန်းကျောင်းကလေး ပတ်ဝန်းကျင်၌ တန်ခိုးရှင်ကြီးများ၏
သက်ပြင်းချသံကား ပြင်းထန်လှပေစွာ့။ မိမိကိုယ်ကို သာသနာပြုသူဟု အထင်မှားနေသော
ကိုယ်စားလှယ်များလည်း ခြေချင်းလိမ်၍ နေကြလေပြီ။

(အထခေါ မာရော ပါပိမာ အဝိဒူရေ နိသီဒိ တုဏှိဘူတော မကုံဘူတော
ပဇ္ဈာယန္တော။ ။ မာရဓီတုသုတ်။ သဂါထာ-သံ ၁၂၅။)

## PAGE 165

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၀၉

အတက္ကာဝစရော ဓမ္မော

ဤသာသနာဝင်တွင် ယောဂီ သူတော်စင်ကြီးများ၏ ဘဝဖြစ်ရပ်များကို သုံးသပ်
ဖော်ပြရာ၌ စာဖတ်သူတိုင်း နားလည်မည် မဟုတ်သောအရေးအသားများ ပါကောင်း
ပါဝင်ပေလိမ့်မည်။ လောကအမြင်ရှုထောင့်အရ ဝေဖန်တတ်သူ၊ ပရိယတ္တိအမြင်ကိုသာ
ဆုပ်ကိုင်ထားသူတို့အတွက် ယုတ္တိမတန် လက်မခံနိုင်သော အယူအဆများလည်း အနည်းငယ်
ပါကောင်း ပါဝင်ပေလိမ့်မည်။ ပါဝင်ခဲ့သော်ရုတ်ခြည်းအပြစ် ရှုတော်မမူကြဘဲ ခေတ္တရပ်ဆိုင်း၍
မှတ်သားထားစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရန်သူအနှောက်အယှက်များသည်
လည်းကောင်း၊ မိတ်ဆွေ တရားတော်၏ အတုမဲ့ စွမ်းအားများသည် လည်းကောင်း၊
မျက်စိဖြင့် မြင်ကောင်းသော (ဝါ) ကိုင်ပြ၍ ရစကောင်းသော အရာများ မဟုတ်ပါကုန်။
ဂမ္ဘီရ- နက်ရှိုင်း၍၊ ဒုဒ္ဒသ‘မြင်နိုင်ခက်၍၊ ပဏ္ဍိတဝေဒနီယ’ပညာရှိသော ယောဂီတို့သာ
သိနိုင်မြင်နိုင်၍၊ အတက္ကာဝစရ=အတွေးအခေါ် ခေတ်ဉာဏ်ဖြင့် အဝေဖန်ကောင်းသူတို့၏
သက်ဝင်ကျက်စားရာ မဟုတ်သောကြောင့်တည်း။ (ဝိနယ၊ မဟာဝဂ္ဂ-၅။)

စင်စစ် ဤသမိုင်းကို ပြုစုရာ၌ ပြဆိုခဲ့သည့်အတိုင်း အမြွက်မျှ ပျိုးခဲ့သော
ဤသဘောများကို ပိုင်လျှင် အာဇာနည် ယောဂီ သူတော်စင်ကြီးတို့၏ အကြောင်း ဌပ္ပတ်ကို
တ်ရှုရာ၌လည်း စာတွင်ရေးမထားသော အရသာများကိုပါ ခံစားရပါလိမ့်မည်။ ထိုသဘော
တရားများကို အယူသည်း၍၊ အထင်အမှတ်လွဲ၍၊ အစွဲမှား၍ ရေးသားခြင်း မဟုတ်ပါ။
စိတ်ကူးယဉ်သက်သက်ဖြင့် ရေးသားထားခြင်းလည်း မဟုတ်ပါ။ ပဓာနသုတ်၊ ဗြဟ္မနိမန္တ
နိကသုတ်၊ မာရတဇ္ဇနီယသုတ်၊ ယဝကလာပိသုတ်၊ မာရသံယုတ်၊ မဟာပရိနိဗ္ဗာနသုတ်
စသော ပါဠိတော်ကြီးများနှင့် သာသနာဝင် ခရီးတစ်လျှောက် သမိုင်း အထောက်အထားများအရ
ရေးသားခြင်း ဖြစ်ပါသည်။ အလုပ်ခွင်နှင့် ဆက်နွယ်သော အရှေ့တိုင်း အနောက်တိုင်း
ဂန္ဓာရီပညာ စိတ်ပညာများနှင့်လည်း ဉာဏ်အလှမ်းမီသမျှ နှီးနှောထားပါသည်။

ထိုမျှသာလား မဟုတ်သေး၊ ယောဂီ သူတော်စင်ကြီးများ ဖြစ်ကြသော ဆရာသမားများနှင့်
မိဘ အစ်ကိုအစ်မ ဓမ္မမိတ်ဆွေများ၏ ကိုယ်တွေ့ ဖြစ်ရပ်များကိုလည်း ထင်ဟပ်ထားပါသည်။
အချုပ်အားဖြင့် အလုပ်ခွင်၌ တရားကပေးသော အသိများကို ကိုယ်စားပြုထားခြင်.
ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ကြိုတင်ပြောပါရစေ’“သင်လက်ခံ ယုံကြည်အောင် အပြည့်အဝ
မတင်ပြနိုင်သေးသည့်အတွက် ခွင့်လွှတ်ပါဘိ။ သို့သော် ထိုတင်ပြချက် ထိုအသိများကို
အလျင်စလို ပယ်ချထားခြင်း မပြုသေးဘဲ ခေတ္တ ရပ်ဆိုင်း၍ တေးမှတ်ထားပါလေဦး။
အချိန်အခါက သင့်အား အဖြေပေးကောင်း ပေးပါလိမ့်မည်” ဟူသတည်း။

တရားသဘောကား နက်ရှိုင်းလေစွာ။

(ယံတံ နေက္ခမ္မေန ဉာတတ္ထံ၊ တံ ဝတ ကာမပရိယေသနာယ ဥကော ဥဿဘိဝါ၊
နေတံ ဌာနံ ဝိဇ္ဇတိ။ ဒန္တီ ဘူမိသုတ်၊ ဥပရိ-ပံ-၁၇၂။)
