## PAGE 169

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၁၃

ပျံလွန်တော်မူရာ အံ့ဖွယ်နှင့် ရှုဖွယ်

တောင်လေးလုံး ဆရာတော်သည် အလောင်းမင်းတရားကြီး နန်းတက်စ ခြောက်ဝါ
လောက်ကပင် အမျိုးမျိုးသော ရှုဖွယ်ကျမ်းတို့ကို စီရင်၏။ (ရှုဖွယ် ကျမ်းပေါင်း သုံးဆယ်ကျော်
စာရင်းရှိ၍ ယခုအခါ သုဓမ္မဝတီတိုက်က ရှစ်ကျမ်းစီ ပါဝင်သော လေးတွဲရိုက်ထားပြီး ရှိသည်။)

ဓမ္မနိဗ္ဗိန္ဒ ရှုဖွယ်ကို (၁၁၁၆-ခုနှစ်၊ ၆-ဝါအရ) ပထမဆုံး ရေး၍ စာယဉ်ပန်းရှုဖွယ်ကို
(၁၁၈၅-ခုနှစ်၊ ၉၇-နှစ်တွင်) ရေးသည်ဟု ကျမ်းပြီး သက္ကရာဇ်များအရ ထောက်ဆ၍
ရလေသည်။ နမောတဿ ဂမ္ဘီရရှုဖွယ်မှာ “စာယဉ်ပန်း ရှုဖွယ်လည်း ရေးခဲ့ဖူးပြီ” ဆိုသဖြင့်
ဆရာတော်၏ နောက်ဆုံး လက်ရာဟု ယူဆဖွယ် ရှိ၏။ စာသား အဓိပ္ပာယ်များ အရလည်း
(ပိုမို ပြည့်စုံ လေးနက်သည်ကို ထောက်၍) ထိုသို့ပင် ဖြစ်ဖွယ် ရှိပေ၏။

သက်တော် ကိုးဆယ်ကျော်သည်အထိ စားရေးတော် မူနိုင်သည်မှာလည်း အလွန်အံ့ဖွယ်
ဖြစ်ပေ၏။

အမတသောပါန၊ အမတဒွါရ၊ ဓမ္မပိယ၊ သနာထ စသော ရှုဖွယ်ကျမ်းများ၌
သာသနာတော်နှစ်၊ ကောဇာသက္ကရာဇ်များကို (ရံခါ ပါဠိရော မြန်မာပါ) ထည့်၍
သက်တော်နှင့် ဝါတော်များကိုပါ တွေ့ရ၏။ ၇၃-နှစ်၊ ၇၄-နှစ်တွင် စာအများဆုံး
ရေးသားတော်မူခဲ့သည်။ သို့ရာတွင် သက္ကရာဇ်များမှာ “မူလရေးသက္ကရာဇ်လော၊ စာကူးသူ
အဆက်ဆက်၏ ထပ်ဆင့်ရေးလော သံသယ ဖြစ်ဖွယ် ရှိနေပေသည်။ (ဤ၌ ဖွားသက္ကရာဇ်နှင့်
ပျံလွန်သော သက္ကရာဇ်ကို အမတသောပါနနှင့် စာယဉ်ပန်း, နမောတဿဂမ္ဘီရ ရှုဖွယ်တို့အရ ပြဆို
လိုက်ရပေသည်။)

သက္ကရာဇ်များ အရေးအကူး ချွတ်ယွင်းလှသည်။ နမောတဿဂမ္ဘီရ ရှုဖွယ်ကို
စာအုပ်မူများ၌ ၁၁၅၁-ခုနှစ်ဟု ပြ၍ ပေမူ၌ ၁၁၈၂-ခုနှစ်ဟု ပါရှိသည်။

၁၂၁၃-ခုနှစ် မင်းလှသီရိ သီဟသူ မှတ်တမ်းပြုထားသော နာမည်ကျော် ဆရာတော်ကြီး
တစ်ရာ့ငါးပါး အတ္ထုပ္ပတ္တိ (လက်ရေးမူ) ၌-

..

“၂၄၊ တောင်လေးလုံး ဆရာတော် ၁၀၉၀-ဖွား၊ နံ ၅-တေး၊ သက်တော် ၇၈၊
၁၁၆၈-ဘဝကူး၊ ရှင်မေဓာဝီ ဥသျှစ်ကျေးရွာဖွား၊ သမီးတော် ဟင်္သာတမင်းသမီး (ကိုးကွယ်)၊
မုနိန္ဒာဘိ လင်္ကာရ သဒ္ဓမ္မ မဟာဓမ္မရာဇဂုရု၊ အမရပူရမြို့ မြောက်မင်းရွာတိုက် သုံးထပ်ကျောင်း။”
ဟု ရေးမှတ်ထားသည်။ ဤမှတ်တမ်းအထိုက်အလျောက် ခိုင်မာ၏။ နှစ်သက်ရာ ယူကြပါကုန်။

ရှုဖွယ်ကျမ်းများသည် ပိဋကသုံးပုံမှ ဆူရာဆူရာ လိုရင်း အနှစ်သာရများကို ရွေး
နုတ်၍ လူတိုင်းနားလည်နိုင်သော မြန်မာစကားဝါကျများဖြင့် ပွင့်ပွင့်လင်းလင်း ဟောဟော
ဒိုင်းဒိုင်းကြီး ရေးသားထားရာ ရှုဖွယ် မငြီးအောင် ဆွဲဆောင်လှပေသည်။

နှစ်ပေါင်း နှစ်ရာကျော်သော်လည်း ယေဘုယျ လူများစုအား သတိသံဝေဂ ရစေ၍
ယောဂီတို့အား တွန်းအားပေးရာ၌ အထိမိဆုံး အကောင်းဆုံး ကျမ်းကြီးတစ်ဆူအဖြစ် ရပ်
တည်လျက်ပင်။ ဆရာတော် ပျံလွန်တော်မူခြင်းနှင့် စပ်၍ အလွန် ထူးခြားအံ့ဖွယ်ရာ အဖြစ်


## PAGE 170

၁၁၄


ဓမ္မာစရိယ ဦးဌေးလှိုင်

အပျက်ကိုသာ ဖတ်ရှု ကြားနာရ၍ ရှုဖွယ်ကျမ်းလာ အလွန်လေးနက်လှသော သတိပဋ္ဌာန်
အာနာပါန အဓိပ္ပာယ်များကို မဖတ်ရှုရ သေးလျှင် ယုံနိုင်ဖွယ် ရှိမည်မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ရှုဖွယ်ကျမ်းများက ဆရာတော် အဘယ်မျှ ပေါက်မြောက်
တော်မူနေပြီ ဖြစ်ကြောင်း တွန်းပြနေပြီး ဖြစ်သောကြောင့်တည်း။

´ရှုဖွယ်မှ မှတ်ဖွယ်

ပျံလွန်တော်မူရာ အံ့ဖွယ်ကို မပြမီ ရှုဖွယ်ကျမ်းများမှ မြန်မာစာ အရေးအသား
စကားအသုံးအနှုန်းနှင့် အဓိပ္ပာယ် လေးနက်ပုံတို့ကို သိသာရုံ ဖော်ပြပါဦးအံ့။

“ထွက်သက်ဝင်သက်ကို ထွက်သက် ဝင်သက်ဟု သောဏသိင်္ဂါလ (အိမ်ခွေး
တောခွေး) တို့ပင်လည်း သိကုန်၏။ ထို့ကြောင့် ထွက်သက်ကို ထွက်သက်ဟု၊
ဝင်သက်ကို ဝင်သက်ဟု သိကာမတ္တသည် သတိပဋ္ဌာန်ကို ပွားများစေသည်
မမည်သေး။” (ပ၊၂၄။)

“ဟောတော်မူသည့် အတိုင်းကျင့်လျှင် ယခုဒိဋ္ဌဓမ္မ၌ မဂ်ဖိုလ်ရကြောင်းကို
အထပ်ထပ် ဟောတော်မူသည့် ဒေသနာတော် အတိုင်းမသိ ရှိသည်။ ၎င်းရှိပါလျက်
ယခုဘဝ၌ မဂ်ဖိုလ်ရမည်, မရမည် ဝိစိကိစ္ဆာ ရှိခဲ့လျှင် ဆရာမပြ နည်းမရသောကြောင့်
ရှိလေသည်သော် လည်းမှတ်၊ ဆရာပြ၍ နည်းရလျက်ပင် ယခုဘဝ မဂ်ရမည်လော,
မရမည်လော ဝိစိကိစ္ဆာ ရှိခဲ့လျှင် အစိန္တေယျ သဗ္ဗညုတဉာဏ်တော်ကို မယုံ
သော သူသာမှတ်။ ဤမှတစ်ပါး ဆိုရာမရှိပြီ။ (ပ၊ ၅၁။)

“အနိစ္စ ဒုက္ခ အနတ္တဟု ဝစီဘေဒ ဖြစ်ကာမျှ (ရွတ်နေရုံမျှ) သည် မဟာပုည
မဖြစ်တတ်ချေ။” (အနိစ္စ စသည်ကို တပ်တပ်မြင်လျှင် နေ့စဉ် ရွှေကျောင်းတစ်ရာ၊
ငွေကျောင်းတစ်ရာ၊ ရွှေစေတီပေါင်း ၈၄ဝဝဝ.တည်ရသည်ထက် မြတ်ကြောင်း။)
(ပ၊ ၆၄။)

66

သမထ ဝိပဿနာ အားမထုတ်ဘဲ အာပတ်မသင့်ရုံ၊ အကုသိုလ်မဖြစ်ရုံမျှ
နေသော ရဟန်းပျင်းကား ဓာတ်စာမျှကိုသာ ရှောင်ကြဉ် စားသုံး၍ ရောဂါ
ပျောက်စေတတ်သည့် ဆေးကို မမှီဝဲသော သူနာကဲ့သို့ ကိလေသာ နူနာကြီး
မပျောက်နိုင်ကြောင်း” (ပ၊ ၆၀။)

"

“အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်းသာမျှကိုသာ တောင့်တ၍
လွန်ကဲစွာပင် ဒါန သီလကို အားထုတ်၏။ လုံ့လပြု၏။ ထိုသူသည် ကိုယ့်ကိုကိုယ်ရှင်
သံသရာဝဋ်ဒုက္ခ၌ ရောင်းစားပေါင်နှံသော သူမည်၏။ (ပ၊ ၂၁ဝ။)

“ယထာဘူတဉာဏ် ဟူသော လောကီသစ္စာတော်ကိုမျှ.မခံယူလျှင် အစိန္တေယျ
ဘုရားသခင်၏ ရန်သူတော်စစ်ဖြစ်သည်။ သာသနိက သမ္မာဒိဋ္ဌိအဖြစ် သို့မျှ
မရောက်သောသူ ဖြစ်သောကြောင့် သမ္မာဒိဋ္ဌိ ပုဂ္ဂိုလ်မဟုတ်။” (ပ၊ ၂၉၆။)


## PAGE 171


;

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၁၅

“ယထာဘူတဉာဏ် ဖြစ်ခြင်းသည် အရုဏ်တက်သည်နှင့် တူပြီ။ ကာလမမြင့်မီ
သူရိယမည်သော နေဝန်း တက်ထွန်းပေါ်လာဘိသကဲ့သို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်
နိဗ္ဗာန်ရတော့မည်။ သင့်အား နီးလှပြီ၊ သတိရှိလှစေ။” (ပ၊ ၃၅၄။)

“တစ်နေ့ကိုမျှ ဆင်းရဲခံရသောကြောင့် နေ့များစွာ ချမ်းသာရမည်မှန်လျှင်
တစ်နေ့အဖို့၌ ဖြစ်သောဆင်းရဲကို မကြောက်သာပြီး၊ တစ်လမျှ၊ တစ်နှစ်မျှ၊
တစ်ဘဝမျှသာ ဆင်းရဲခံရသောကြောင့် လများစွာ၊ နှစ်များစွာ၊ ဘဝများစွာ
ချမ်းသာရမည်မှန်လျှင် တစ်လ၊တစ်နှစ် တစ်ဘဝ၌ဖြစ်သော ဆင်းရဲကို မကြောက်
သာပြီ။ တစ်နေ့၊ တစ်လ၊ တစ်နှစ်၊ တစ်ဘဝဖြစ်သော တဏှာ၊ လောဘ၊ ရာဂကို
အလိုမလိုက်သင့်။ အရှည်ကိုမျှော်၍ သူတော်တရား၌ နှစ်နှစ်ခြိုက်ခြိုက် ကိုယ်
အသက်ကို စွန့်စား၍ ပျော်ပိုက်သင့်လှသည်။” (ပ၊ ၃၆၃။)

..

“ငါ၏အမိ၊ ငါ၏အဘ၊ ငါ၏မယား၊ ငါ၏လင် ဤသို့ ဧကန်ထင်စွဲ
မြဲမြဲမှတ်ချေလျှင် ဗူးတောင်းထဲသို့ ကြွက်ဝင်သကဲ့သို့ ထို့အတူ သာသနာတော်သို့
မဟာဗာလုမ္မတ္တက (လူမိုက်ရူးကြီး) ရောက်၍ မွှေနှောက်ပြီမှတ်။ ယထာဘူတ
ဉာဏ်စက္ခုမရှိကုန်သော ဗာလုမ္မတ္တက ပုဂ္ဂိုလ်တို့ အားကြီးလျှင် သာသနာတော်
ပျက်စီးလို၍ ဘေးရောက်လာချေပြီဟု သတိရကြလေ။ ကြောက်လည်း ကြောက်
ကြလေ။” (ကိုယ့်ဘာသာ အယူအဆ လွဲမှားနေ၍ ဘုရားကိုလည်း စွပ်စွဲ၏။
ကိုယ့်ကိုကိုယ်လည်း တူးဖြို၏။ မကောင်းမှုလည်း များစွာပွား၏။)
(ပ၊ ၂၉၁။ ဒု၊ ၈၈။)

“ယထာဘူတဉာဏ် သမ္ပဇညကိုမျှ မရရှိချေသည်ဖြစ်လျှင် သွား၍ သွားမှန်းကိုမျှ
မသိ။ ရပ်၍-ထိုင်၍-အိပ်၍-အိပ်မှန်းကိုမျှ မသိ။ ကျွဲ၊ နွား၊ ခွေး၊ ဝက်၊ ကြက်၊
ငှက်၊ တိရစ္ဆာန်တို့နှင့် အတူတူ။” (ဒု၊ ၃၈၈။)

ညီတော် ဦးဓမ္မပိယကို ဆုံးမခြင်း

စတုဂီရိတောင်လေးလုံးဆရာတော်၌ ဦးဓမ္မပိယခေါ်သော ညီတော်တစ်ပါးလည်း
ရှိသည်။ ဝမ်းကွဲလော၊ မအေတူ ဖအေကွဲလော မဆိုနိုင်။ ဦးဓမ္မပိယလည်း တောရကျောင်း
တစ်ကျောင်း၌ နေဟန်ရှိသည်။ နောင်တော် ရေးသော စာများကို ဖတ်ရှုကျင့်ကြံလျက်နေရာ
မရှင်းမလင်းသော အချက်အလက်များကို လျှောက်ထားသဖြင့် ၁၁၆၂-ခုနှစ်တွင် “ဓမ္မပိယရှုဖွယ်”
ဟု ရေးရပြန်သည်။

ထိုအချိန်၌ ညီတော်သည် ၆၂-နှစ်၊ နောင်တော်ကား ၇၃-နှစ် ရှိကြလေပြီ။

..

“ညီတော် ဓမ္မပိယက နောင်တော်အား ဓမ္မရတနာဥစ္စာကို တောင်းသည်မှာ
ငိုချင်ရက်ကို လက်တို့သည့်ပမာ၊ ယားရာကို ရိုက်မိတော့သည် ဆိုသကဲ့သို့ မှတ်ရာတော့သည်”
ဟု အစချီကာ ဝမ်းသာအားရ ရေးတော်မူပုံ၊ တစ်တစ်ခွခွ ဆုံးမတော်မူပုံများမှာ ညီတော်

