## PAGE 175

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၁၉

(ခေါင်းတစ်ခုထဲ- နှစ်ပါးတွဲ ပရိနိဗ္ဗာန်စံကာ ကောင်းကင်၌ ပျံတက်အပူဇော်ခံရသော
သီဟိုဠ်ခေတ် ရဟန္တာများ အကြောင်း စံတော်ဝင်အရိယာများ ၌ ကြည့်ပါ။)

ဆရာတော်၏ ဆန္ဒနှင့် သြဝါဒ

ဆရာတော်ဘုရားကြီးသည် အမျိုးမျိုးသော ရှုဖွယ်ကျမ်းများကို ပြုစုတော်မူခဲ့ရာ
ဆရာတော်၏ ဆန္ဒ၊ ရည်ရွယ်ချက်မှာမူ တစ်ခုတည်းသာ ရှိလေသည်။

“ဤစာငယ်သည် ရေပေါ်ဆီနှံ ့ ပြန် ့သကဲ့သို့ ထိုထိုအရပ်သို့ အနှံ့ပြန့်
သည်ဖြစ်၍ ငါပင် သေသော်လည်း ငါ၏ကိုယ်စား ဘုရား သဗ္ဗညု အမှုတော်ထမ်း
ဤကျမ်းဖြစ်၍ ဘုရားသခင် အလိုတော်ပြည့် နတ်လူအပေါင်း တို့၏ ကောင်းကျိုးကို
အပြီးသို့ ရောက်အောင် ရွက်ဆောင်သည် ဖြစ်စေသတည်း။” (နမောတဿ ဂမ္ဘီရနှင့်
အမတဒွါရ ရှုဖွယ်နိဂုံး။)

ရှုဖွယ်တိုင်း လိုလိုပင် နိဂုံး၌ အထက်ပါ စကားကို ကိုယ်တော်တိုင် ပေ၌ ကညစ်ဖြင့်
ရေးခြစ် ဖော်ပြလေသည်။ ထိုဆန္ဒတော်အတိုင်း ဆရာတော် မလွန်မီ အချိန်စောစွာ
(၁၁၆၄-ခုနှစ်) ကာလကပင် မော်လမြိုင်မြို့ “ရမ္မာပူရ” စာပုံနှိပ်တိုက်မှ ပြီးသမျှ ရှုဖွယ် ၁၂-
တွဲကို ပုံနှိပ်ကာ ဆရာတော်၏ ဆန္ဒကို ဖြည့်ဆည်းခဲ့ဖူးလေသည်။ သက်တော်ထင်ရှား
ရှိနေသေးသဖြင့် တွေ့မြင်သော်လည်း မြင်သွားနိုင်ပေသည်။

ထိုမှတစ်ပါး “အမတဒွါရရှုဖွယ်” (ဒု တွဲ-၆၆) အတွင်းစာသား၌ ကျွန်ုပ်တို့အတွက်
ထူးခြားစွာ မှာထားတော် မူခဲ့သော သြဝါဒစကား တစ်ခွန်းကို ဖတ်ရှုရသည်။ ထိုသြဝါဒတော်ကား
အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဧက သဋ္ဌိ သတသဟဿ = (၁၁၆၁) သက္ကရာဇ်၌ စတုဂီရိဆရာ နောင်လာ
လူပေါင်းတို့အား ဆုံးမသြဝါဒ ပေးထားမှာခဲ့သည်။
“သတိရရ၊ လုံ ့လရှိကြစေ။”

“မသေမအို၊ မပြိုမကွဲ၊ အမြဲတူကွ နေကြရမည်လည်း မဟုတ်။ တစ်ယောက်ကို
တစ်ယောက် စွန့်ပစ်ထားခဲ့၍ သွားလည်း သွားဖူးလှကုန်ပြီ။ သွားလည်း
သွားပြန်ကုန်လတ္တံ့။ သွားလည်း ယခုစွန် ့ထားခဲ့၍ သွားကြရကုန်သည်။ ဤသို့
ဖြစ်ရခြင်းကား ဓမ္မတာ၊ သံသရာဝဋ်၏ အကျင့်အလေ့တည်းဟု သံဝေဂလည်း
ရကြစေ။”


## PAGE 176

၁၂ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

ဈာနလာဘီ အရှင်မုနိန္ဒ ဃောသနှင့်
အရှင်ဂမ္ဘီသာရ

၁၁၁၄-ခုနှစ် အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီးလက်ထက် ရေစကြိုအရပ်၌
ပုဂ္ဂိုလ်ထူး နှစ်ပါး ပေါ်ပေါက်ကြောင်း နေပြည်တော်၌ သတင်းပျံ့နေ၏။ ထိုပုဂ္ဂိုလ်ကျော်
နှစ်ပါးမှာ ဆရာ အရှင်မုနိန္ဒဃောသနှင့် တပည့် အရှင်ဂမ္ဘီသာရ ဖြစ်၏။ ဆရာတပည့်
ဆိုသော်လည်း ကိုယ့်ကျောင်းနှင့်ကိုယ် သီတင်းသုံးကြသည်။

တစ်ခုသော ဝါဆိုလပြည့် ဝါဝင်အခါကြီးနေ့တွင် အရှင် ဂမ္ဘီသာရသည် သူ့ဆရာ
ကျောင်းသို့ လာရောက် ကန်တော့ရာ အရှင်မုနိန္ဒဃောသက ဆုံးမသြဝါဒ စကားများကို
မိန့်ကြားပြီးလျှင်-

“ငါ့ရှင် ဂမ္ဘီသာရ၊ ယခုအခါ ဘုရားရှင် သာသနာတော်၌ အနှစ်သာရ ကင်းပြတ်ပြီဟု
မမှတ်လင့်၊ အနှစ်သာရ ရှိပေသေးသည်။ အားထုတ်မှု လုံဝီရိယ မရှိကြ၍သာ
အနှစ်သာရ ကင်းပြတ်နေသည် ထင်နေကြသည်။ ငါ့ရှင်လဲ ပေါ့ပေါ့လျော့လျော့ မနေနှင့်။
သီလကို ကြိုးစားဖြည့်ပြီး ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ဖို ့ အချိန်သင့်ပြီ” ဟု နိဂုံးချုပ်
တိုက်တွန်းစကား မိန့်ကြားတော်မူသည်။

“အနှစ်သာရ ကင်းပြတ်ပြီဟု မမှတ်လင့်” ဟူသော စကားမှာ ရဟန်းတော်ဖြစ်
၍သာ ဝိနည်းသိက္ခာပုဒ်ကြောင့် မိမိရရှိသော တရားကို တိုက်ရိုက်မပြောကြားဘဲ ဓမ္မာဓိဋ္ဌာန်
အားဖြင့် မိန့်တော်မူခြင်း ဖြစ်သည်။ အရှင်ဂမ္ဘီသာရလည်း ထိုအဓိပ္ပာယ်ကို နားလည်၏။
လေးလေးစားစားပင် နာယူမှတ်သားပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ ပိဋက စာပေများနှင့်
ဝိပဿနာ ကျမ်းများကို ပြန်လည်လေ့လာ၏။

အဋ္ဌကထာကြီး ၅-စောင်၌ သာသနာတော် ခေတ်-၅ ခေတ် ခွဲခြားပြသည်မှာ
ယခုအခါတွင် ဈာန်အဘိညာဉ် မရနိုင်သကဲ့သို့ တွေ့ ရသည်ကို မကျေနပ်နိုင်ဘဲ ရှိလေသည်။
စာတတ်ပေတတ် ပုဂ္ဂိုလ်အချို့ ကလည်း ရဟန္တာကို မဆိုထားဘိ ဈာန်အဘိညာဉ်ကိုပင်
ရနိုင်သောခေတ် မဟုတ်သယောင် အားလျှော့နေကြသည်ကို လည်း ဘဝင်မကျ၊ မဟာ
ပရိနိဗ္ဗာနသုတ်၌ သုဘဒ္ဒအား ဟောကြားသော စကားကိုတွေ့မှ “သာသနာလည်း တစ်ထောင်
မက တစ်သောင်းမက၊ တရားမှန်များ တည်ရှိနေသမျှ ဖြစ်လိုသောအရာ အချိန်မရွေး
ဖြစ်နိုင်သည်” ဟု တစ်ထစ်ချ ဆုံးဖြတ်ယုံစားကာ တရားအားထုတ်ရန် စီစဉ်လေတော့၏။

ကမ္မဋ္ဌာန်း ၄၀-တွင် မိမိစရိုက်နှင့် ကိုက်ညီသော ကမ္မဋ္ဌာန်းကို ရွေးချယ်လိုက်၏။
နီလကသိုဏ်း ဖြစ်သည်။ ယင်း နီလကသိုဏ်းကို ပွားများရာ မကြာမီပင် သမာဓိရ၍
အေးငြိမ်းချမ်းမြေ့သော ဓမ္မပီတိ ဓမ္မသုခကို ခံစားရ၏။ အောက်မဲညိုပွင့်ကဲ့သို့ ညိုပြာပြာ
အာရုံနိမိတ်လည်း ထင်ထင်ရှားရှား ပေါ်လာသည်။ ထိုအခါ အနှစ်သာရ မကင်းပြတ်သေး
ဟူသော ဆရာ၏စကား အထူးလေးစား ဝမ်းမြောက်လျက်ရှိ၏။ “ဤကား အစမျှသာ


## PAGE 177


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၂၁

ရှိသေးသည်” ဟု
သဘောပေါက်ကာ ဆက်လက်ရှုပွားသည်။ ညိုပြာရောင်ထဲတွင် ဆင်ရုပ်
ပေါ်လာ၏။ ဆင်ရုပ်ပေါ်တွင် ခြင်္သေ့၊ နဂါး၊ ဂဠုန် နိမိတ်များလည်း တစ်ကောင်ပေါ်
တစ်ကောင်ဆင့်၍ ဆင့်၍ ပေါ်လာ၏။ ထို့ပြင် ထူးထူးဆန်းဆန်း နိမိတ်များမှာ မရေ
တွက်နိုင်အောင် ဖြစ်လာလေသည်။ ဆရာကိုလည်း မလျှောက်မိ။ စိတ်ထဲတွင်လည်း မတင်
မကျ ဖြစ်နေသည်။

တစ်နေ့တွင် ရွာတွင်းသို့ ဆွမ်းခံကြွစဉ် ထွက်လေ့-ဝင်လေများ ပေါ်မလာတော့ဘဲ
နှစ်နာရီ-သုံးနာရီ ချုပ်ပျောက်နေ၏။ ထိုအခါ သီတင်းဝါလလည်း ကျွတ်သဖြင့်
ဆရာအား ကန်တော့ရင်း အကျိုးအကြောင်းကို လျှောက်ထားရတော့သည်။ ဆရာကလည်း
အတန်ငယ် စစ်ဆေးပြီးလျှင် ဝမ်းသာအားရဖြစ်ကာ ပါဠိများကို ရွတ်ဆို ကိုးကားပြီး-

“ငါ့ရှင် ဒါကို စတုတ္ထဈာန်လို ့ ခေါ်တယ်” ဟု အမိန့်ရှိလိုက်၏။ ဆက်လက်
အားထုတ်ရန်လည်း မှာကြားသည်။

နေပြည်တော်၌ သတင်းပြန့်ပွား၍

ရေစကြိုမြို့၌ ဆရာတပည့်နှစ်ပါး ဈာန်ရသည်ဟူသော သတင်းမှာ အမရပူရနေပြည်တော် .
ဘိုးတော်မင်းတရားကြီးနန်းတော်သို့ ပေါက်သွား၏။ အမြို့မြို့ အရွာရွာတွင်လည်း ပျံ့နှံ့
သွားသည်။ ထိုအခါ မင်းကြီးက ကျမ်းတတ်အကျော် ဆရာတော်ကြီး လေးပါးကို
နန်းတော်သို့ ပင့်၍-

“ရေစကြိုမြို့က သံဃာနှစ်ပါး၏ သတင်းကို ကြားရသည်မှာ ဒကာတော် အလွန်
ဝမ်းမြောက်လှပါသည်။ သာသနာတော် တိုးတက်စည်ပင်လာပြီဟု ထင်ပါသည်။ ဆရာတော်
များက သည်းခံပြီး ရေစကြိုသို့ ကြွရောက်ကာ ကျမ်းဂန်နှင့် ညီ-မညီကို မေးမြန်း စိစစ်
ပေးစေလိုပါသည်။ ကြားတိုင်းမှန်လျှင် ရွှေမြို့တော်သို့ပင့်၍ ဒကာတော် ကိုးကွယ်လိုလှပါသည်
ဘုရား” ဟု လျှောက်ထားလေသည်။

ဆရာတော် လေးပါးမှာ ဗားကရာ ဆရာတော်၊ မဲထီးဆရာတော်၊ မန်ကျည်းတော
ဆရာတော်၊ မဟာဒါန်ဝန် ဆရာတော်တို့ ဖြစ်ကြသည်။ ဆရာတော် လေးပါးတို့ကလည်း
ဝမ်းမြောက်စွာ လက်ခံကြပြီး သွားရန်ရက် သတ်မှတ်ကြ၏။ မင်းကြီးလည်း ရေစကြိုအရပ်ရှိ
မြို့ဝန် မြို့သူကြီးတို့ထံ ပစ္စည်းလေးပါး ဝေယျာဝစ္စအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန်
အမိန့်တော် ဆင့်ဆိုထုတ်ပြန်လိုက်သည်။

အရှင် မုနိန္ဒဃောသသည် ထိုသတင်းကို မြို့ဝန်တို့မှ တစ်ဆင့် ကြားသိရ၍ အရှင်
ဂမ္ဘီသာရအား ကျောင်းသို့ ခေါ်ကာ-

“ငါ့ရှင်၊ ရင်း သူအချို့အား အမြွက်စကား ပြောကြားမိရာမှ တစ်စတစ်စ သတင်း
ပြန် ့ကာ ငါတို့အကြောင်း နေပြည်တော်သို့ပင် ပေါက်ကြား၍ မင်းတရားကြီးက ဆရာတော်ကြီး
လေးပါးတို့အား စစ်မေးရန် လျှောက်ထားစေလွှတ်မည်ဟု သတင်းရသည်။ ကြွလာ

