## PAGE 184

၁၂၈

ကြ၏။


ဓမ္မာစရိယ ဦးဌေးလှိုင်

ထိုအခါ လေသံအားနွဲ့၍ ယဲ့ယဲ့မျှရှိသည့်ကြားက-

“တပည့်တို့၊ နိသဇ်ဓုတင်ကို အဓိဋ္ဌာန်ကြောင့်သာ ဆောင်သည်မဟုတ်။ ကမ္မဋ္ဌာန်းတရား
ဟူသည် သေခါနီးလေ ဖိ၍ ကြိုးစားရလေ လုပ်ရသည်။ ရောဂါမရှိသူပင် ပေါင်ကို
ကျောက်တုံးနှင့်ထု၍ ဝေဒနာ လုပ်ယူကြရဖူးသည်။ ရောဂါကို ခုခံနိုင်သည်မှာ ကမ္မဋ္ဌာန်းတရား
တစ်ခုသာရှိသည် တပည့်တို့၊ သေခြင်းတရားကား အဆန်းမဟုတ်။ ဘုရားရဟန္တာများသော်မှ
လွန်ဆန်နိုင်ရိုးမရှိပြီ” ဟု မိန့်တော်မူ၏။ တပည့်များလည်း ဆိတ်ဆိတ်နေကြရတော့သည်။
အတန်ကြာ အမောဖြေပြီးနောက်-

“တပည့်တို့၊ ငါတို့ကို မြတ်နိုးလျှင် သေအံ့ဆဲ ဖြစ်နေချိန်မှာ အားမထုတ်ရဖူးသေးသော
တရားများ ဖြစ်ပေါ်စေရန်သာ တိုက်တွန်းကြ။ အားထုတ်ဆဲတရားများကိုကား လျော့ပါး
ဆုတ်ယုတ်အောင် ´ မတားမြစ်ချင်ကြပါနှင့်” ဟု နောက်ဆုံးစကားကို မိန့်တော်မူ၏။
တပည့်များလည်း ရှေ့ဆက်၍ မလျှောက်ရဲကြတော့ဘဲ ဂိလာန ဝတ်ကိုသာ ကြိုးစားပြုစု
ကြရတော့သည်။ မကြာမီပင် စုတိကမ္မဇရုပ်. ချုပ်ငြိမ်း၍ ခန္ဓာဝန် သိမ်းတော်မူလေသည်။

အချိန်ကား အမရပူရ နေပြည်တော်၌ ပုဂံမင်း နန်းတက်ချိန် ဖြစ်၏။ တပည့်များလည်း
အလောင်းတော်ကိုပြင်ဆင်၍ နန်းတော်သို့ သတင်းပို့လွှတ်ရသည်။ အကြောင်းမှာ ဆရာတော်
သည် ညီတော် အိမ်ရှေ့မင်းသား (မင်းတုန်းမင်း) ဆည်းကပ် ကိုးကွယ်သော ဆရာတော်
ဖြစ်ခဲ့ပေ၏။ မကြာမီပင် မင်းတုန်းမင်းသား (နောင်အခါ ပဉ္စမသံဂါယနာတင် မင်းတရားကြီး
ဖြစ်သူ) က ဦးစီး၍ မီးသင်္ဂြိုဟ်ရသည်။

တပည့်များလည်း အလောင်းတော် ပြာကျ၍ မီးငြိမ်းသောအခါ သူ့ထက်ငါ ရေဖြင့်
ပက်ဖျန်း၍ အရိုးကို ရှာဖွေကောက်ယူ ပူဇော်ကြ၏။ အခြား အရိုးများမှာ ကြေမွ ကျွမ်းခြစ်
သွားသော်လည်း တစ်တောင်ဆစ်မှ လက်ကောက်ဝတ်အတွင်းရှိ လက်ဖျံရိုး ၂-ချောင်းမှာမူ
အသစ်စက်စက် ရွှေပိန်းချထားသကဲ့သို့ ရွှေရောင်များ ဝါဝင်းလှပလျက် ကျန်ရှိရစ်သည်တို့ကို
ဖူးမြင်ကြရ၏။ အရပ်ဝေးနီး ကျော်ကြား ပြန့်ပွားလျက် လူအများ လာရောက် ဖူးမြော်ကြ
လေသည်။ ရဟန္တာအရှင်မြတ်ဟူ၍ ပြောစမှတ် ပြုကြလေ၏။

(ဘာဝနာနယ ဒီပနီကျမ်း၌ လာသည့် အဖြစ်အပျက် အမှန်အတိုင်း ဖော်ပြလိုက်ပါသည်။
မူရင်း၌ပင် ခုနှစ်သက္ကရာဇ် မပါး)


## PAGE 185


မိုးထိ အရှင် ဝိသုဒ္ဓါစာရ

အရှင်ဝိသုဒ္ဓါစာရကား အရိယာဖြစ်၏ဟု အတပ်မဆိုသာချေ။ သို့ရာတွင် ရှေးအရှင်မြတ်
များနှင့် စပ်၍ နေသောကြောင့် လည်းကောင်း၊ သဒ္ဓါ, ဝီရိယရှိပုံနှင့် တရား နိမိတ်ထင်ပုံ
စသည်တို့မှာ နှောင်းလူတို့ အတုယူဖွယ် ရှိသောကြောင့် လည်းကောင်း ဤနေရာ၌ မူရင်းပါ
အဋ္ဌပ္ပတ္တိတို့ကို အကျဉ်းချုပ်၍ ပြဆိုပါအံ့။

အရှင် ဝိသုဒ္ဓါစာရသည် အင်းဝ မိုးထိတိုက်မှ မိတ်ဆွေ အရှင်သဒ္ဓမ္မာလင်္ကာရနှင့်
စစ်ကိုင်းသို့ မလာမီညကပင် အိပ်သောအခါ မေတ္တာပို့၊ နတ်များကို တိုင်တည်၊ အိပ်မက်ယူပြီး
အိပ်စက်သည်။ ရွှေလောင်းလှေကြီးသည် လူအပြည့်နှင့် လှော်ခတ်လာရာ ဆိပ်ကမ်းမှ
ကြိုဆို၍ လက်ရိပ်ပြလျှင် သူ့ အား အလွယ်တကူပင် တစ်ဘက်ကမ်းသို့ ပို့ဆောင်ကြောင်း
အိပ်မက်မြင်မက်၏။ အိပ်မက် အဓိပ္ပာယ်ကို ကောက်၍ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သပိတ်
တစ်လုံး သင်္ကန်းသုံးထည်နှင့် ဝိသုဒ္ဓိမဂ်ပေကို ထမ်း၍ အရှင်သဒ္ဓမ္မာလင်္ကာရနှင့် ပဘာချောင်သို့
လိုက်ခဲ့သည်။

ပဘာချောင်သို့ ရောက်လျှင် ဈာနလာဘီဆရာတော်က နှုတ်ခွန်းဆက်စကား ပြောကြား

ပြီးနောက်-

"

“ငါ့ရှင်၊ တရားအားထုတ်၍ နေမည်လော၊ စာသင်စာတက်၍ နေမညံလော။ တရာ
အားထုတ်လိုလျှင် ဤတောကျောင်းမှာနေ။ စာသင်စာတက်လိုလျှင် ရွာနီးကျောင်း တစ်ကျောင်း
ကျောင်းမှာနေ။ ဆွမ်းခံအပြန် စာဝါ ပို ့ချပေးခဲ့မည်” ဟု သူထမ်းလာသော ပေထုပ်ကြီးကို
ကြည့်၍ မိန့်တော်မူရာ အရှင် ဝိသုဒ္ဓါစာရသည်-

“တရားလဲ အားထုတ်လိုပါသည်။ စာလဲ သင်ယူလိုပါသည်” ဟု နှစ်ခွ လျှောက်မိလေ၏။
ထိုအခါ ဆရာတော်က-

“ငါ့ရှင်၊ ဧရာဝတီမြစ်အတွင်း အနံကုတို့ပို့သောသူတို့မှာ ဝန်ထုပ်ပါသူကို တစ်မတ်
ခံယူသည်။ ဝန်ထုပ်မပါသူကို တစ်မူးသာ ယူသည်။ ထိုအခါ ဝန်ထုပ်ပါသူ တစ်ဦးက
“ကုတို့သူကြီးမင်း၊ ကျွန်ုပ် ပန်ထုပ်ကို ဦးမင်းတို့ လှေမှာ မချထားဘဲထမ်း၍ လိုက်ပါပါမည်။
ကုတို့ခ တစ်မူးသာယူပါ” ဟု ဆို၍ ပို ့ပါမည်လော” ဟု မေးတော်မူ၏။ မိမိအလျှောက်မှားပုံ၊
ဝိသုဒ္ဓိမဂ်ပေထုပ်ကြီး ယူလာမှားပုံကို သတိရ၍-

"

“ကမ္မဋ္ဌာန်း တရားကိုသာ အားထုတ်ပါမည်” ဟု ပြင်၍ လျှောက်ထားရသည်။
ဆရာတော်ကား ရှေးနည်းအတိုင်း အခြေခံ ညွှန်ကြားချက်ကို ဟောပြောပေး၏။
“သမထကို အားထုတ်လိုလျှင် စိတ်ကို ထိန်းရသည်။ ဝိပဿနာကို အားထုတ်လျှင်
မြင်သမျှ လက္ခဏာရေး သုံးပါးတင်၍ စိတ်ကိုလွှင့်ရသည်” ဟုလည်း မိန့်တော်မူ၏။ အရှင်
လည်း အာနာပါနကို ကြိုးစား၍ ရှုမှတ်သည်။ ခြောက်ရက် ကြာသော်လည်း မှတ်၍မရ။
ဝမ်းဗိုက်တွင်း၌ ပြည့်ကျပ် မောပန်းလှသဖြင့် ဆရာအား သွား၍ လျှောက်၏။

“ငါ့ရှင်၊ ဒေါသစရိုက် များလှသည်။ အာနာပါနနှင့်မတော်။ ကသိုဏ်းကို စီးဖြန်းရမည်”


## PAGE 186

၁၃၀


ဓမ္မာစရိယ ဦးဌေးလှိုင်

ဟု မိန့်ကာ အသင့်လုပ်ထားသော သြဒါတ (အဖြူရောင်) ကသိုဏ်းခွက်ကို ချီးမြှင့်လိုက်၏။
ကသိုဏ်းကို မိမိနှင့်မနီးမဝေး မငုံ မမော့ရသည့် ရှေ့တည့်တည့်၌ချ၍ ရှုရန်လည်း မိန့်တော်မူ
သည်။

သြဒါတ ကသိုဏ်းနှင့် အသုဘသညာ

“အဖြူ၊ အဖြူ” ဟု စိတ်ထဲက စူးစိုက်၍ကြည့်သောအခါ ကိုးရက်ရလျှင် ကသိုဏ်းခွက်
တွင်းက မီးခိုးခြောင်းခြောင်း ထသည်ဟု နိမိတ်ထင်လာ၏။ ထိုအခါ အလွန်ဝမ်းမြောက်၏။
မဂ်ဖိုလ်နှင့် နီးပြီဟု နှစ်သက်နေ၏။ အပေါင်းအဖော်တို့နှင့် စကားလည်း မပြော။ ဆွမ်းခံ၊
ဆွမ်းစားရာ၌လည်း မရောဘဲ တစ်ကိုယ်တည်း ဖိ၍ကြိုးစားလေသည်။ မကြာမီ ကသိုဏ်းခွက်၌
ပိုးစုန်းကြူးရောင်၊ လရောင်ကဲ့သို့ တဝင်းဝင်း တလက်လက် မြင်ရပြန်သည်။ ကသိုဏ်းခွက်ကို
လွှတ်၍ ကြည့်သော်လည်း ကြည့်သမျှ နေရာတိုင်း၌ လရောင်ထွက်နေသကဲ့သို့ ကွက်ကွက်
ကွင်းကွင်း မြင်နေရ၏။ ပို၍- အားရနှစ်သက်ကာ မဂ်ဖိုလ်မှာ နီးသည်ထက် နီးလာပြီဟု
ဝမ်းမြောက်နေသည်။

ရက်ပေါင်းများစွာ သြဒါတနိမိတ်ကို စွဲမြဲရရှိလာသဖြင့်-

“ငါသည် ကသိုဏ်းကား စင်ကြယ်စွာ ရရှိပေပြီ။ ပဋိကူလသညာ (ရွံရှာဖွယ်
မှတ်ယူမှု) ပြောင်း၍ မှတ်ဦးမှပဲ” ဟု အကြံဖြစ်၏။ သို့နှင့် ဆွမ်းခံအပြန် ရေတစ်ခွက်
ခပ်ပြီး ဘုရားလိုဏ်ဂူအတွင်း ဘုရားရှေ့၌ ချကာ ရေခွက်ကို မစင်ကျင်ကြီး အမှတ်ရှုရာ
စိတ်ကူးတိုင်း ထင်လေတော့သည်။ သို့သော် ဆွမ်းစားသောအခါတွင်လည်း တစ်သပိတ်လုံး
ကျင်ကြီးတွေဟု မြင်နေသဖြင့် ဆွမ်းကို အနည်းငယ်မျှသာ စားလို ့ရ၏။ နောက်တစ်ရက်
ချွဲခန်းကို ရှုရာတွင်လည်း ဤသို့ပင် ထင်၍ ဆွမ်းစားပျက်ရပြန်သည်။ သမာဓိ နိမိတ်တစ်ခု
ရထားသူအတွက် လွယ်ကူမြဲဖြစ်၏။

ဘုရားနှင့်တွေ့၍ ငိုရခြင်း

“သမထကား တော်လောက်ပြီ၊ မြင်မြင်သမျှ သင်္ခါရတင်၍ ဝိပဿနာကူး မှ
သင့်မည်” ဟု ယူဆကာ တစ်ညနေ၌ ဝိပဿနာစ၍ ကူးပြောင်းရှုမှတ်ကြည့်၏။ ငယ်စဉ်က
အာရုံ ငြိဖူးသော မာတုဂါမ တစ်ဦးကို စိတ်အာရုံ၌ ထင်မြင်တပ်မက် စွဲလမ်းမိ၏။ ဆံပင်၊
အမွေး၊ ခြေသည်းလက်သည်း စသော ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ပွား၍ ဖျက်ဆီးပစ်ရ၏။
ဒွါရကိုးပေါက်မှ အလုပ်ရေယိုစီးပုံ၊ ပဋိသန္ဓေ နေရ၊ အိုရ၊ နာရ၊ သေရပုံတို့ကို ဆင်ခြင်ရသည်။
အသေကောင်ဟူ၍ပင် ထင်၏။ ထိုအခါ လက္ခဏာရေး သုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)
ထင်ရှား ပေါ်လျှင်လာပြီဟုယူဆကာ မိမိ သန္တာန်၌ ရှိသော တဏှာအယုတ်ကို အပြစ်မြင်လာ
တော့သည်။

