## PAGE 187


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၃၁

“ဟဲ့ တဏှာအယုတ် ရာဂစုတ်၊ နင့်ကြောင့် သံသရာလည်ကာ ဘုရားအဆူဆူနှင့်
လွဲခဲ့ရသည်” စသည်ဖြင့် တဏှာ၏ အပြစ်များ ဉာဏ်၌ များစွာထင်မြင်ကာ တဏှာအား
ရှုတ်ချနေမိ၏။

ဤသို့ ရန်တွေ့ပြောဆိုသောအခါ တဏှာသည် လူတစ်ယောက်ပမာ အကောင်
သဏ္ဌာန် မြင်လာပြန်ရာ ထိုတဏှာ အကောင်က “သင့်ကို နှိပ်စက်တာ ငါချည်းမဟုတ်ပါ”
ဟု ဆိုကာ အကုသိုလ်စိတ် ၁၂-ပါးကို အဖော်ညှိ၍ ထုတ်ဖော်လိုက်၏။ အကောင် ၁၂-
ကောင် တိုးလာကြသည်။ အရှင်က ရှုတ်ချမာန်မဲပြန်၏။

"

“ငါတို့ချည်းမဟုတ်၊ ပုညကိရိယာ ၁၀-ပါးလည်း ပါသေးသည်” ဟု လက်ညှိုးထိုးပြကြ
ပြန်သဖြင့် ၁၀-ကောင် တိုးလာပြန်၏။ ထိုအခါ မြည်တွန်ရန်ပင် မတတ်နိုင်တော့ဘဲ ကိုး
ကွယ်ရာ မရှိသဖြင့် ဘုရားတ,ကာ (စိတ်အားဖြင့်) ထွက်ပြေးရရှာ၏။ ရန်သူတို့ကလည်း
လိုက်ပါလာကြသည်။ “ဒီကိုလာခဲ့” ဟူသော အသံကို ကြား၍ အသံဘက်ဆီသို့ ပြေးရာ
ရွှေပြာသာဒ်ကြီးကို တွေ့မြင်ရ၏။ လှေကား သုံးထစ်ရှိရာတွင် ပထမထစ်၊ ဒုတိယထစ်အထိ
ရန်သူများ လိုက်လာကြသေးသည်။ ထို့နောက် သတိမေ့သွား၏။ သတိရလျှင်ရချင်း
တတိယထစ်မှ တစ်ဆင့် ပြာသာဒ်တွင်းသို့ ဝင်သွားရာ မိမိကိုယ်ကိုလည်း ရွှေရောင်ဝင်းနေသည်ဟု
ထင်၏။

ရှေ့တွင် အလွန်သပ္ပာယ်သောဘုရားရှင်ကို ဖူးမြော်ရသဖြင့် ဝမ်းသာအားရ ခြေတော်ကို
ဖက်၍ ဦးချ၍။ စကားတွေကိုလည်း များစွာ လျှောက်ထားပြီး အားရပါးရ ငိုလေတော့သည်။
ငိုခြင်းမှာကား စိတ်အာရုံတွင် မျှမဟုတ်။ တကယ်ပင် အသံထွက်အောင် ငိုမိ၍ မျက်ရည်များ
ရွှဲရွှဲစိုလာတော့သည်။

ထိုအရှင်နှင့် မလှမ်းမကမ်းတွင် တရားအားထုတ်နေသော အရှင် သဒ္ဓမ္မာ လင်္ကာရသည်
ငိုသံကြား၍ လှည့်ကြည့်လိုက်ရာ ငိုနေသော အရှင်ကိုမြင်၍ “အင်း.....ငါ့ရှင် ဝိသုဒ္ဓါစာရ၊
ငါ့ရှင်၏ ပီတိကား အလွန်နက်စွာတကား” ဟု လှမ်း၍ မိန့်တော်မူ၏။ ဘာ့ကြောင့် ငိုသည်
ကို မမေး။ အရှင်မှာ ပြောသံကြားရသော်လည်း ပြန်၍ မလျှောက်နိုင် ဖြစ်သည်။

Q

(မှတ်ချက်။ “အာရုံ” ဟူသည် မိမိ စိတ်ကူး ‘သညဇ” ကြောင့်လည်း ဖြစ်၏။
အမှန်တကယ် ရှေးက ဖြစ်ဖူး၍လည်း ပေါ်တတ်၏။ မသူတော် တန်ခိုးရှင်တို့ လှည့်စားခြင်းလည်း
ဖြစ်တတ်၏။ မိမိရုပ်နာမ် ဝိပဿနာ ရှုကွက်ကို လွှတ်ပြီး အာရုံနောက် လိုက်၍မဆုံးနိုင်
ဖြစ်ရသည်ကို သတိမူသင့်၏။ ဤ၌ ဆရာက တရားကူးပြောင်းပေးခြင်း၊ ထူးခြားချက်
ဖြစ်ပေါ်လာလျှင်လည်း ဆရာအား လျှောက်ထား အသိပေးခြင်း မပြုဘဲ ကိုယ့်သဘောနှင့်
ကိုယ်လပ်နေပုံကိုလည်း သတိပြုပါ။)

အရိယာ ဖြစ်ပြီထင်၍

အရှင်သည် ဘုရားရှင်ကို ဖူးမြင်ရပြီး ငိုရာမှ တစ်ဖြည်းဖြည်း ကိုယ်ရှိန်သတ်၍
သောက ငြိမ်းသွားပြီးလျှင် ဘဝ၌ ကြောက်ဖွယ် အပြစ်အနာအဆာနှင့် ငြီးငွေ့ဖွယ် စသော


## PAGE 188

၁၃၂


အသိဉာဏ်များ ဝင်လာ၏။ ထိုအခါတွင်လည်း-

ဓမ္မာစရိယ ဦးဌေးလှိုင်

“ငါသည် အထက်မဂ် အထက်ဖိုလ်တိုင်အောင် တရားထူး ရလေပြီ” ဟု စိတ်ကူး
(စိန္တာမယ, သုတမယ) မျှဖြင့် အဆင့်ဆင့် ဉာဏ်စဉ် ၁၀-ပါး တက်ကာ အဓိမာန္ (တရား
ထူးရပြီဟု အထင်ရောက်စိတ်) ဝင်ပြန်၏။ တရားဖြုတ်ပြီး ကောင်းကင်သို့ မော့ကြည့်ရာ
စိတြနက္ခတ်ပင် မွန်းတည့်လေပြီ။

66

“အင်း......ငါ တရားထူးရတာ တန်ခူးလပြည့်နေ့ ညသန်းခေါင်ယံအချိန်” ဟု မိမိ
စိတ်၌ မှတ်တမ်းတင်လေသည်။ (တရားထိုင်သူများ ထူး သော အရာကို မှတ်တမ်းတင်ထားရမြဲ
ဖြစ်သည်။)

နံနက်မိုးလင်းသောအခါ ဈာနလာဘီ ဆရာတော်ထံ ဝမ်းသာအားရသွား၍-
“ဆရာ၏ ကြီးမားသော မေတ္တာတော်ကြောင့် တပည့်တော် တရားထူး ရပါပြီ” ဟု
လျှောက်ထားရာ ဆရာက-

“အိမ်း…………..ငါ့ရှင် ဝိသုဒ္ဓါစာရ၊ သတိကြပ်ကြပ်ထားပါ။ ပုထုဇဉ်အနွယ် အမြစ်
တွယ်နေသော အဝိဇ္ဇာ, တဏှာ ရေသောက်မြစ်ကား ဖြတ်နိုင်ခဲ၏။ ဥပမာအားဖြင့်
ညောင်ပင်ကြီး တစ်ပင်ကို မိုးကြိုးပစ်ရာ ခက်လက်များ ကျိုးပဲ့ကုန်သော်လည်း ရေသောက်မြစ်
မထိမှန်က မိုးရွာပြန်လျှင် ညောင်ငုတ်တိုမှ အတက်ပေါက်လာလိမ့်မည်။ သတိထားပါလေ”
ဟု မိန့်တော်မူသည်။

ကာလအတန်ကြာ ဆရာ့ထံမှာ နေပြီးနောက် မိတ်ဆွေ အရှင် သဒ္ဓမ္မာလင်္ကာရလည်း
မရှိတော့သဖြင့် ဆရာ့ထံမှ ခွာရန် ဆုံးဖြတ်သည်။ တရားထူး ရပြီ ဖြစ်၍ ဆက်လက်နေရန်လည်း
မလိုတော့ဟု စဉ်းစားသည်။ မိမိ၏ မိအို, ဖအို ဆရာသမားများက စပြီး သတ္တဝါအများကို
မိမိကဲ့သို့ ခံစားစေချင်သည့် ကရုဏာစေတနာများ ထက်သန်နေ၏။ သို့နှင့် ဇာတိ ကမ္ဗောဇ
တောင်လားမြို့သို့ ကြွ၍ တောရဆောက်တည်နေ၏။ မိမိလည်း အားထုတ်၊ လူအများကိုလည်း
နည်းပေးလျက် နေခဲ့ရာ တရားထူးရသည့် တန်ခူးလမှ ရေတွက်သော် ရှစ်လမြောက်
တန်ဆောင်မုန်းလတွင် ငုပ်လျှိုးနေခဲ့သော အနုသယ ကိလေသာဓာတ်သည် ထကြွ
ပေါ်ပေါက်လာသဖြင့်-

“အင်း....ဆရာ့စကား တယ်မှန်ပါကလား၊ ပုထုဇဉ်အနွယ်ကိုမျှ မလွန်နိုင်သေး၊
ညောင်ငုတ်တို အတက်ပေါက်လေပြီ” ဟု ယူကျုံးမရ နောင်တဖြစ်နေရှာ၏။ (စာပေ
ကျမ်းဂန်တတ် ပုဂ္ဂိုလ်များပင် ဖြစ်တတ်သည်ကို သတိပြုမူကြရာ၏။ တရားသဘောသည်
နက်ရှိုင်းစွာ။

အရှင်ဝိသုဒ္ဓါစာရသည် ကိလေသာ မကုန်မှန်းသိ၍ မိမိတတ်စွမ်းသမျှ တရားတို့ကို
နှလုံးသွင်းလျက် ရာသက်ပန် တောထဲမှာပင် သီတင်းသုံးတော်မူ၏။ နည်းခံ တပည့်များလည်း
ပါရမီအလျောက် သမထ ဝိပဿနာဉာဏ် ရင့်သန်ကြီးပွား တရားရသူတွေ များစွာပင်
ရှိကြ၏။ နောင်သောအခါတွင် အကြောင်းမသင့် အခွင့်မသာ ပါရမီကုန်သဖြင့် သာသနာတော်၌
မနေဘဲ လူသူတော်ဘဝဖြင့်သာ တရားအားထုတ်ရင်း တောမှာပင်နေ၍ ၁၂၃၄-ခုနှစ်


## PAGE 189


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၃၃

သီပေါမင်းလက်ထက်တွင် ကွယ်လွန်ရရှာ၏။ မင်းငါးဆက် သိမှီ၍ ပါရမီအလျောက် မိမိ
အကျိုး သူတစ်ပါးအကျိုးကို တရားဖြင့် သည်ပိုးတော်မူခဲ့သော ရာသက်ပန် တောပျော်ယောဂီ
အာဇာနည်ကြီးပင် ဖြစ်သတည်း။

(အရှင်ဝိသုဒ္ဓါစာရ အကြောင်း ဒီမိုင်းဆိုက် ၂၇-မျက်နှာရှိ အဋ္ဌပ္ပတ္တိကို လိုရင်း ပြည့်စုံအောင်

ချုံး၍ ရေးလိုက်ရပါသည်။)

