## PAGE 190

၁၃၄


မ္မာစရိယ ဦးဌေးလှိုင်

၈-မန္တ လေးခေတ်

ပဋိပတ္တိ သာသနာ၏

ရတနာပုံ ခေတ် ရာဇဝင်နောက်ခံများ

ရတနာပုံ မန္တလေးခေတ် (၁၂၂၁-၁၂၄၇) သည် ပရိယတ် အထွတ်တင်သော ခေတ်
ဟု ဆိုသင့်၏။ မန္တ လေးတောင်ခြေရှိ ပဉ္စမသင်္ဂါယနာ ကျောက်စာတော်များသည် ထိုခေတ်၏
သက်သေများပင် ဖြစ်ကြ၏။

ထိုခေတ် မန္တလေးမြို့၏ လူဦးရေမှာ တစ်သိန်းကျော် ရှိ၍ သံဃာတော်ပေါင်း
(အမရပူရပါ) ၁၅၃၆၆-ပါး ရှိလေသည်။ (လယ်တီဋီကာမော်၌ “ဥသြတွန်သံသာ မန်းမြို့
မြတ်သံဃာ' လင်္ကာကို အပြန်ယူ၍ ၆-သောင်းဟု ပြဆိုထား၏။) သာသနာတော်အား
သာသနာပိုင် သုဓမ္မာအဖွဲ့ ၊ မဟာဒါန်ဝန်၊ ပ-ဒု-တ စာတော်ချများ ခန့်အပ်၍ စနစ်တကျ
ချီးမြှောက်သည်မှာ မန္တ လေးခေတ်၏ ထူးခြားချက်များဖြစ်ပေ၏။ ဒကာ့ ဘက်က တာဝန်မှာ
ဆိုဖွယ်ရာမရှိ။

မင်းတုန်းမင်းတရားကြီးသည် သာသနာအား သဒ္ဓါသူပီပီ ပရိယတ္တိဘက်မှာ သာမက
အကျင့်ပဋိပတ်ဘက်၌လည်း တိုးတက်စေလိုသော သမ္မာဆန္ဒ ပြင်းပြတော်မူ၏။ “အသိရှိပြီး
အကျင့်မရှိလျှင် အချည်းနှီး” ဟု သိရှိတော်မူသည်။ သို့နှင့် “ဓမ္မ’ဝိနယ အမိန့်တော် ပြန်တမ်းကြီး”
ကို နေပြည်တော်အနှံ့ ထုတ်ပြန်တော်မူ၏။ ထိုပြန်တမ်းကား “ဆေးဘုန်းကြီး၊ ဗေဒင်ဘုန်းကြီး၊
မမာမကျန်း မရှိဘဲ သက်ရှိယာဉ်စီး၊ မြို့-ရွာတွင်း .ဖိနပ်စီး၊ ထီးဆောင်း၊ နေလို့ကွမ်းစား၊
ဆေးသောက် စသော အလဇ္ဇီရဟန်းများအား မလှူမတန်းစေရ၊ ရပ်ရွာ အကြီးအကဲတို့က
အတင်းအကျပ် တားမြစ်ရမည်” ဟူသော အမိန့်တော်ဖြစ်သည်။

ရည်ရွယ်ချက် ကောင်းမွန်သော အမိန့် တော်ပင် ဖြစ်၏။ သို့သော် ထိုခေတ်ဘုန်းကြီး
တော်တော်များများက မကြိုက်ကြ။ ကန့်ကွက်ငြင်းဆန်ကြ၏။ သံဃာအား ဘုရားမဆန်သာ
ရှိလေ၏။ အမိန့်တော် ပြန်တမ်းရေးသူ ရှမ်းကလေးကျွန်း ဆရာတော်ကိုလည်း “တောထဲက
နဂျစ်သိုး၊ ဂျိုကျိုးမဟဲ့ နော်” စသည်ဖြင့် ကြိမ်းစာများပစ်ကြ၏။ပြန်တမ်းမထုတ်မီကတည်းက
ပကတိ သီလ ဖြူစင်သော သာသနာစောင့် ဆရာတော်ကြီးများ အရေအတွက်လည်း မနည်း
လှပါချေ။

“အတ္တာန မေဝ ပထမံ၊ ပဋိရူပေ နိဝေသယေ” သူတစ်ပါးကို ပြုပြင် သွန်သင်ချင်သူသည်
မိမိက အလျင်ပြင်ရမည်။ အာဏာတည်စေလိုသူသည် မိမိ၌ အာဏာရှိအောင် အလျင်လုပ်ရမည်း
(ဝါ) သီလ ဟူသော အာဏာ ဒေသနာတော်ကြီး မိမိသန္တာန်၌ အလျင်ကိန်းစေရမည်။
အလောင်းတော်တို့သည် ဘဝအဆက်ဆက် မုသာဝါဒကံ (ကတိသစ္စာ) ကိုမည်သည့်အခါမှ
မဖောက်လှဲခဲ့။ ထို့ကြောင့် ဘဝတိုင်း သူ့ ပတ်ဝန်းကျင်သည် သူ့ အလိုလိုက်သောအားဖြင့်
သူ့အား ကတိတုံ သစ္စာတုံ ပေးလျော်ကြရ၏။ ဓမ္မ-ဝိနယ ပြန်တမ်းကြီး အသက်သွင်း၍


## PAGE 191


၁၃၅

မရခဲ့သည်မှာ သွင်းသူများအသက်သွင်းအား နည်းနေ၍ဟုသာ ဖြေဆည်ရပေမည်။ မည်သို့ဆိုစေ၊
နောက်ဆုံးအမြတ်ကား ထိုအခါမှစ၍ ပရိယတ္တိ အပြောသန်ကာ သီလမည်သော သာသနာတော်
၏ ခြေထောက်ကြီး ကြွက်သားများ လျော့မှန်းမသိ လျော့၍ လာခဲ့ရပေ၏။

ဘုန်းကြီးနှင့်ငွေ

ဥပမာဆိုရသော် နှစ်စဉ် သံဃာတော် အားလုံးအား ဆွမ်းဆန်လှူမြဲ ဖြစ်၏။ စာချ
ပုဂ္ဂိုလ်များတွင် ပထမစာချ ငါးတင်း၊ ဒုတိယ လေးတင်း၊ တတိယ သုံးတင်း လှူသည်။
ပထမပြန်စာဖြေ အောင်သူများတွင်လည်း ပထမကြီး အောင်လျှင် ကျောက်နီလက်စွပ်
တစ်ကွင်းနှင့် ဆုတော်ငွေ ၁၅၀၀-လှူ၏။ စာချစာသင် အမိန့်တော်ဖြင့်လည်း နှိုးဆော်၏။
သာသနာပိုင်နှင့်တကွ သံဃာ့ဥသျှောင် အဖွဲ့ကြီး တစ်ခု ဖွဲ့စည်း၍ စနစ်တကျ ချီးမြှောက်သည်။
မဟာဒါန်ဝန်စသော သာသနာရေး အမှုထမ်းများကို လခရိက္ခာပေး၍ သီးခြားသာသနာဝတ်ကို
ဆောင်ရွက်စေ၏။ ကာလကြာသော် သာသနာရေး အမှုထမ်းတို့သည် အလုပ်သက်သာမှုကို
ကြည့်၍ ဆွမ်းဆန်တော်အစား (ထိုခေတ် တန်ဖိုးဖြင့် ဆန်တစ်တင်းလျှင် နှစ်ကျပ်ကျရာ)
လွယ်လွယ်ကူကူ ဒေါင်းဒင်္ဂါးများကို လှူကြလေသည်။ ထိုအခါမှစ၍ “ပျိုတို့မောင် ဝါငါ
ဝတ်တို့ ဒေါင်းခွပ်ခြင်း” ခံကြရ၏။ ဘုန်းကြီးနှင့်ငွေသည် မည်သို့မျှ မအပ်စပ်ရကား
ဝိသုဒ္ဒါစာရ မည်သော (မဟာ ဝိသုဒ္ဓါရုံ) ဆရာတော်က ၁၂၃၂-ခုနှစ်တွင် “ဒေါင်းမေတ္တာစာ”
ကို ရေး၍ ငွေမလှူသင့်ကြောင်း မေတ္တာစာ ဆက်သွင်းသည်။

သာသနာ တိုးတက်စေလိုသည် မှန်သော်လည်း ရွှေငွေ အလှူသည် သာသနာဖျက်
လက်နက်ကြီးပင် ဖြစ်ပေသည်။ ဝိနည်းဒေသနာတော်၌ အတင်းအကြပ်တားမြစ်ပြီး ဖြစ်၏။
“သဠာယတန ဝဂ္ဂသံယုတ် ပါဠိတော် မဏိစူဠကသုတ်” ၌ “ရဟန်းတို့သည် ရွှေငွေကို
မည်သည့်နည်းနှင့်မျှ မရှာမှီးအပ်၊ ရွှေငွေအပ်လျှင် ကာမဂုဏ်ငါးပါးလည်း အပ်တော့သည်။
(ဝါ) ရွှေငွေအပ်လျှင် မိန်းမလည်း.အပ်တော့သည်။ ကာမဂုဏ် ငါးပါး လက်ခံလျှင်လည်း
ရဟန်းပင် မမည်တော့” ဟု ဟောတော်မူခဲ့၏။

မြန်မာပြည် သာသနာ၌ အချို့သော ရဟန်းတော်တို့သည် ထိုအခါမှစ၍
အလွန်အပြစ်ကြီးလေးသော ဥပဒေကြီးကို ကျောခိုင်းစပြုလာကြ၏။ ချိုးဖောက်ရန်
အတင့်ရဲလာခဲ့ကြ၏။ ထိုငွေကိုင်မှုကြောင့်ပင် ဒုတိယ သင်္ဂါယနာတင်၍ အရေးယူခဲ့ရ
သည်ကိုပင် မေ့လျော့ကြလေပြီ။

ပစ္စည်းလေးပါး ပြည့်စုံနေလျှင် အဘယ်အရာ လိုပါသေးချိမ့်နည်း။ ပစ္စည်းလေးပါးကိုပင်
လိုအပ်သည်ထက် ပိုလျှံနေပါမူ ဘုရားမကြိုက်ပါချေ။ ယနေ့ ပစ္စက္ခ သာသနာ၌ ယင်း
ငွေမှုကြီးကို ရှင်ရောလူပါ နှစ်နှစ်ကာကာကြီး စဉ်းစားသင့်ကြပြီ။ စဉ်းစားသင့်ကောင်းလှပါ၏။
ဘုရားရှင်၏အမိန့်တော်ကားဆင်ခြေဆင်လက် တက်စရာမရှိ။ ရှောင်လွှဲရန် ဥပါယ်မဝင်သာ။
တိုက်ရိုက်စင်းစင်းကြီး ဖြောင့်ဖြောင့်ကြီးသာတည်း။ ဝိနည်း ပညတ်ချက်တို့ကား အာဏာ


## PAGE 192

၁၃၆


ဓမ္မာစရိယ ဦးဌေးလှိုင်

ဒေသနာဖြစ်သည်ကို သတိမူသင့်ပေသည်။

အောက်ခြေအထိ စိမ့်ဝင်သော အခြေခံ ပဋိပတ်

ရတနာပုံခေတ်၏ အထူးခြားဆုံး သာသနာပြု လုပ်ငန်းတစ်ခု ရှိပေသေး၏။ ပဉ္စမ
သင်္ဂါယနာ တင်သည်လောက် အကျိုးများသော်လည်း ထိုလုပ်ငန်းသည် မျက်မြင်၌ အရေး
ပါလှသည်ဟု မထင်မိတတ်ချေ။ ယင်းလုပ်ငန်းကား အခြားမဟုတ်၊ အရပ်သား သီတင်း
သည်တို့ကို မွေးထုတ်ခဲ့ခြင်းပင် ဖြစ်၏။ ဦးစွာ ဥပုသ်တော်စောင့် လူပေါင်း နှစ်ထောင့်လေးရာ
ကျော်ကို ဖွဲ့စည်း၍ အဝတ်ပုဆိုး လခရိက္ခာ လစဉ်ပေးတော်မူ၏။

လဆန်း ၅-ရက်နေ့တိုင်း “ဂရုဓမ္မ (ငါးပါးသိလ) အမိန့်တော်ပြန်တမ်းကြီး' ကို
လေးပြင်လေးရပ်၌ မင်္ဂလာဆင်တော်ဖြင့် လှည့်၍ အမိန့်တော် ပြန်ရသည်။ လူငါးဆယ်
ထမ်းရသော တရားစည်ကြီးကိုလည်း တီးရသည်။ လက်ဝဲ၊ လက်ယာ ဝင်းခင်း၍ ခမ်းခမ်း
နားနားကြီး ကြေညာစေသည်။ အမိန့်တော် ပုရပိုက်ကို ဦးသုံးကြိမ် တိုက်ပြီးမှ ဆင်တော်
အထက်ကနေ၍ အမိန့်တော် ပြန်ရသည်။ ပါဝင်သည့် အကြောင်းအရာများမှာ-

“တိုင်းသူပြည်သားတို့အား ငါးပါးသီလ၊ ရှစ်ပါးသီလ မြဲကြရန်၊ ဗြဟ္မဝိဟာရ
မေတ္တာ ဘာဝနာ ပွားကြရန်၊ ရိုသေသင့်သူတို့အား ရိုသေခြင်း စသော မင်္ဂလာတရားတော်နှင့်အညီ
နေထိုင်ကြရန်” နှိုးဆော်သည့် အခြေခံ ပဋိပတ် သာသနာပြုစကားများ ဖြစ်ပေသည်။

ရွှေမြို့တော်တွင် ပြည်သူတို့ နေ့စဉ်ဝတ်တက် ဝတ်ကပ်ရန် ဓမ္မာရုံ `၁၁-ဆောင်၊
တံခါး ၁၂-ရပ်တို့၌လည်း တရားတင်းကုပ် ၁၂-ခု ဆောက်လုပ်ပေးထား၏။ ဥပုသ်သည်
များကိုလည်း တစ်လ လေးသီတင်း စာရင်းကောက်ယူရသည်။ ဥပုသ်သည်များကို အတန်းအစား
နှစ်မျိုး ခွဲခြားထားပေသည်။ နှစ်မျိုးမှာ အန္ဓနှင့် ကလျာဏ ဖြစ်၏။ လူ့ကျင့်ဝတ်နှင့် ခန္ဓာ၊
ဓာတ်၊
အာယတန၊ သစ္စာ နားမလည်သူကို အန္ဒစာရင်းတင်၍ နားလည်သူကို ကလျာဏ
စာရင်းသွင်းသည်။ သီတင်းနေ့တိုင်း အဝတ်အစားများ ထောက်ပံ့ပေး၏။ “အဖွဲ့ တစ်မူး၊
ကလျာဏ တစ်မတ်” “သတ်မှတ်၍ ဆုငွေများလည်း ချီးမြှင့်သည်။

ဤမျှ အခြေခံကျသော ပဋိပတ္တိ သာသနာပြုလုပ်ထုံးကား ရှေးကလည်း မရှိခဲ့၊ ယခု
လည်း မရှိသေးသော လုပ်ငန်းကြီးဖြစ်သည်။ သားစဉ်မြေးဆက် အရိုးစွဲအောင် ပန္နက်ရိုက်ခဲ့သော
လူမှုရေး၊ ဘာသာရေး အမွေကောင်းကြီးပင်တည်း၊ သင်္ဂါယနာတင်သကဲ့သို့ ကျေးဇူးများ
မြတ်လှသည်။

ယနေ့ မန္တလေးကို ကြည့်တတ်လျှင်ပင် မင်းတုန်းမင်းကြီး၏ အမြော်အမြင်ကို
တွေ့နိုင်သေး၏။ မန္တလေးမြို့တွင် ရပ်ကွက်တိုင်း၌ ဥပုသ်ဇရပ်များ ရှိကြ၏။ ဝါတွင်း
အဖိတ်နေ့တိုင်း ဝတ်အသင်းလှည့်၏။ ဥပုသ်နေ့တိုင်း စု၍ ဥပုသ်ယူကြသည်။ ခုနစ်နှစ်
ရှစ်နှစ်ကလေးများကအစ ပိတ်ဖြူဝတ်၍ ဝတ်လှည့်ရသည်ကို မောရမှန်းမသိ၊ ဂုဏ်ယူ
ဝင့်ကြွားနေကြ၏။ လူကြီးများက ကန်တော့ပွဲအလှည့်ကျ တာဝန်ယူ၍ အပြိုင်အဆိုင် ကျွေး

