## PAGE 196

၁၄၀


ဓမ္မာစရိယ ဦးဌေးလှိုင်

မျှသာ ဖြစ်၏။ ထိုအခါမှစ၍ တောထွက်လိုစိတ်ကို ဒုန်းဒုန်းချလိုက်ဟန် ရှိသည်။ သံဃ
ပရိသတ်ကြီးနှင့်သာ ရာသက်ပန် ပရိယတ္တိသာသနာ ပြုတော်မူသွား၏။ တပည့်များကိုလည်း
တောထွက်ရန် မတိုက်တွန်း။

ဆရာတော်ကြီး၏ တပည့်သား အစဉ်အဆက်တို့သည် ယခုတိုင် ပရိယတ္တိနှင့်
သီလ-သိက္ခာအရာတွင် များစွာ ထင်ရှား ပြန့် ပွားဆဲ ရှိပေသေး၏။ ပဋိပတ်အရာတွင်ကား
ထူးထူးချွန်ချွန် ထွက်ပေါ်မလာကြ၊

“ဒီလောက် သီလ လေးစား၊ ဒီလောက် စာတတ်၊ ဒီလောက် အလိုရမ္မက်နည်းပြီး
တကယ့်အရိယာကြီးလို နေသွားတဲ့ တို့ဆရာတော်ကြီးမှ တောထွက်ကျင့်လို ့ ဘာမှမဖြစ်တာ၊
ငါတို့လိုလူ ဝေးပါသေးရဲ့ “ ဟု တိုက်ပွဲမဝင်မီကပင် လက်မြှောက်ထားစေသကဲ့သို့ ဖြစ်လေ
တော့၏။ စစ်ဦး ကျိုးသွားခြင်းပင်တည်း။

အကယ်၍သာ ပျင်းရိထိုင်းမှိုင်းခြင်း (အရတိ၊ ထိန၊ မိဒ္ဓ) တပ်ကြီးကို ထိုးဖောက်
ကျော်လွန်၍ အောင်မြင်နိုင်ပါမူ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုး၏ နောက်တွင် ဝေနေယျပေါင်း
များစွာ မာရ်စစ်သည်ကို အောင်နိုင်ကြ ပေလိမ့်မည်း၊ အောင်မြင်ရန် အလားအလာရှိသည့်
လက်ရုံးဗိုလ် တပည့်ကြီးများပင် မနည်းလှ၊ မာရ်၏ လက်ချက်ကား ထိမိလှပေစွာ၊ လက်ဦး
လေစွ။

စာပေအရာ၊ သီလအရာ၊ အလိုနည်းမှု စသည်တို့တွင် သူမတူ မြင့်မြတ်တော်မူသော
ဆရာတော်ကြီးတစ်ပါး စိတ်ကို အပြီးအပြတ် ဆုံးဖြတ်၍ တောသို့ စွန့်စွန့် စားစားကြီး
ဝင်လာပြီးကာမှ အလုပ်ခွင်၌ မပျော်ပိုက်သော စိတ်၊ မချိမဆန့် ပျင်းရိသော စိတ်ကြီး
ဝင်လာသည်မှာ မရိုးသားချေ။ ထိုစိတ်၌ပင် ဘဝတစ်ခုလုံး မြှုပ်နှံလိုက်ရခြင်း ဖြစ်၍ ဆရာ
တော်ကြီး၏ ပင်ကိုယ် မူလဇာတိပါ ပကတိစိတ် မဟုတ်ဟုပင် ဆိုရပေလိမ့်မည်။

“ငါလုပ်ချင်လို့ လုပ်တာ၊ သွားချင်လို ့ သွားတာ၊ စိတ်ကူးချင်လို့ ကူးတာ၊ ပျင်းချင်
လို့ ပျင်းတာ” စသည်ဖြင့် ငါ့စိတ်နှင့် ငါဟု ထင်တတ် ကြသော်လည်း ပဋိပတ် အလုပ်ခွင်၌
“ငါ့စိတ်’ ဟုတ်ချင်မှ ဟုတ်တတ်ပေသည်။ အပျင်းစိတ်သာမဟုတ်။ အခြားမည်သည့်
စိတ်မျိုးကိုမဆို လွယ်လွယ်နှင့် လက်မခံသင့်ချေ။ သမာဓိ ခြေထောက်ရသော မနောကံဖြစ်၍
အင်အားကြီးမားလှ၏။ ဆက်လက်ပြင်းထန်သော ဝစီကံ၊ ကာယကံတို့ကို ပေါက်ဖွား
စေတတ်လေသည်။

ဗုဒ္ဓဝင်၏ နောက်ကွယ်မှ လျှို့ဝှက်သိဖွယ်

ဤနေရာ၌ ပကတိစိတ်၊ ပင်ကိုယ်စိတ်၊ အရိုးခံစိတ် ဟုတ်, မဟုတ် စဉ်းစားနိုင်ရန်
ဘုရားရှင်၏ အလောင်းတော်ဘဝ ဖြစ်ရပ်ကို သုံးသပ်ကြည့်ကြဦးစို ့။

သိဒ္ဓတ္ထမင်းသား မွေးဖွား၍ နိမိတ်ဖတ်စဉ်က အခြား ပုရောဟိတ် ဗေဒင်ကျော်တို့သည်
လက်နှစ်ချောင်းထောင်၍ ဟောကိန်းထုတ်ကြ၏။ ကောဏ္ဍညကား “ဧကန် ဘုရား


## PAGE 197


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၄၁

ဖြစ်ရမည်” ဟု တစ်ထစ်ချ ဆို၏။ ထိုမျှမက သူ့ပညာကို မည်မျှယုံကြည်၍ အလောင်းတော်အား
မည်မျှအားကိုးသည်ကိုလည်း မမေ့သင့်။ ရသေ့ဝတ်၍ ဥရုဝေလကပင် စောင့်ကြိုနှင့်၏။
အနှစ်သုံးဆယ်နီးပါး တောထဲက ဒုက္ခခံပြီး စောင့်၍နေရလောက်အောင် ယုံကြည်၏။
အားကိုး၏။ အလောင်းတော် တောထွက်၍ လာသောအခါ တရားအတူကျင့်ကြ၏။ ဝပ္ပ
စသော အခြားအဖော် လေးဦးလည်း ပါကြသည်။

အလောင်းတော်သည် သဗ္ဗညုတဉာဏ် ကို ရရှိရန် မဇ္ဈိမပဋိပဒါလမ်းကို ရှာဖွေလျက်က
အစာမစားဘဲ အသေအလဲ အားထုတ်မှ ဘုရားဖြစ်မည်ဟု စိတ်ကူးပေါက်၏။ အထင်ရောက်၏။
ထိုအသိစိတ်ဖြင့် “ဒုက္ကရစရိယာ ခေါ်သော မသေကောင်း မပျောက်ကောင်း လမ်းမှားကြီးကို
ခြောက်နှစ်လုံးလုံး ကာယကံ အဖြစ် ဆက်လက် ပြုမူ၏။ “ငါလုပ်ချင်လို့ လုပ်တာ”
ဖြစ်သော်လည်း ထိုစိတ်ကို စဉ်းစားသင့်၏။

နောက်တစ်ချက်ကား အလောင်းတော်သည် လမ်းမှားကြီးကို သေလုမျောပါး လုပ်နေ
'ချိန်တွင် ပို၍ အကျနာစေရန် တွန်းပို ့သကဲ့သို့ ကောဏ္ဍညနှင့်တကွ ပဉ္စဝဂ္ဂီ ငါးဦးတို့က
နောက်ပိုင်းက လိုလေသေးမရှိ၊ ဝိုင်း၍ အားပေးကြ၏။ ဝတ်ကြီး ဝတ်ငယ် ပြုစုကြသည်။

သို့ရာတွင် အလောင်းတော်ကိုယ်တိုင်က မှားမှန်းသိ၍ မဇ္ဈိမပဋိပဒါ လမ်းကို ပြောင်း
လိုက်၏။ အစာလည်း ပြန်၍စားသည်။ လမ်းမှန်ရ၍ ဘုရားဖြစ်ရန်ပင် နီးကပ်လာ၏။ ထို
အခါမှ ကောဏ္ဍညတို့ ငါးဦး ထွက်သွားကြသည်။ (ဝါ) သပိတ်မှောက်သွားကြ၏။

“ဂေါတမဟာ အလုပ်ခွင်က ထွက်ပြီး ဘုန်းကြီးအောင် လုပ်နေပြီ” ဟုပင် ရှုတ်ချ
ကြ၏။ ဘုရားဖြစ်၍ တရားဦးဟောရန် ရှာဖွေလိုက်လာသည်ကိုပင် အဖက်မလုပ်ကြ။
“ရှိမခိုးကြစတမ်း၊ ခရီးဦးမကြိုဆိုကြစတမ်း၊ သပိတ်သင်္ကန်း မလှမ်းယူကြစတမ်း၊
(ဇာတ်မြင့်သူဖြစ်၍) ထိုင်လိုကထိုင်ရန် ့ နေရာကိုမူခင်းပေးထားမည်” ဟု ကတိထားကာ
ဝိုင်းပယ်ကြပြန်သည်။

မိမိ၏ ပညာနှင့် အလောင်းတော်အပေါ် အခိုင်အမာ စိတ်ချ ယုံကြည်စွာ ဆုံးဖြတ်၍
အနှစ်သုံးဆယ်နီးပါး ဒုက္ခခံနိုင်ခဲ့ပြီး ပန်းတိုင်ရောက်ကာနီးမှ ကောဏ္ဍည ထွက်ခွာသွားသည်မှာ
သူ၏ ပကတိစိတ်မှ ဟုတ်ပါလေစ။ အပြောင်းအလဲကား မြန်ဆန်လွန်းလှ၏။ စိမ်းကား
ရက်စက်လွန်းစွာ။

စကြဝဠာ အနန္တ ကိုပင် ပြောင်းပြန် လှန်ပစ်နိုင်သော ဗုဒ္ဓအမည်ခံ သူရဲကောင်းကြီး
ပေါ်ပေါက်လာမည်ကို မျက်စိရှိသူတို့က မြင်နေကြ၏။ လိုလားသူများလည်း ရှိ၏။ မနာလို
သူများလည်း အနန္တ။ မလိုလားသူတို့တွင် မာရသည် ထိပ်ဆုံးကပါ၏။ သူ့တာဝန်အရ
ထိုအချိန်မျိုးသည် လက်နှေးနေရမည့်အခါမဟုတ်။ ဤကား ဗုဒ္ဓဝင်နောက်ကွယ်မှ လျှို့ဝှက်
အဖြစ်မှန် တစ်ခုဟု ဆိုရပေလိမ့်မည်၊

အနည်းငယ် ဆက်၍ ကြည့်ကြဦးစို ့။ ယင်းသို့ ပဉ္စဝဂ္ဂီတို ့ ကတိစာချုပ်ထား၍
ကျောပေးနေကြခိုက် သူတို့ထံသို့ ဗုဒ္ဓရောက်လာတော်မူ၏။ ထိုအခါ အခိုင်အမာ ချုပ်ဆိုထားသော
သူတို့ ကတိများ ထူးထူးခြားခြား ပျက်ပြားသွား၏။ ဗုဒ္ဓရောက်လာလျှင် နေရာခင်းသူကခင်း၏။


## PAGE 198


၁၄၂

ဓမ္မာစရိယ ဦးဌေးလှိုင်

သပိတ်သင်္ကန်း လှမ်းသူကလှမ်းယူသည်။ ယင်းသို့ စိတ်ပြောင်းသွားကြရကြောင်းကို (မူလ
ပဏ္ဏာသ အဋ္ဌကထာနှင့် သာရတ္ထဋီကာ ဆရာတို့က) “ဘုရားရှင်၏ တန့်ခိုးကြောင့်” ဟု
ဖွင့်ကြ၏။ (ဗုဒ္ဓဝင်နှင့် ဇာတ်အဋ္ဌကထာဆရာတို့ကမ္မ) “ဗုဒ္ဓ၏ မေတ္တာဓာတ်ကြောင့်” ဟု
ဆိုသည်။ မေတ္တာပို ့ပုံ ညှိပုံကိုလည်း ဆက်၍ ပြသေး၏ ။

"

“စကြဝဠာ အနန္တ ရှိ သတ္တဝါ အနန္တ အပေါ် ပိုက်ကွန်ကဲ့သို့ ဖြန့်ချိထားနိုင်သော

ရှိသမျှ မေတ္တာစိတ်ဓာတ်များ အားလုံးကို ပဉ္စဝဂ္ဂီ ငါးဦးအပေါ်၌သာ (မီးဆလိုက်ကို
ဖြန့် ရာမှ စုလိုက်သကဲ့သို့) စုပြုံဖိတင်လိုက်သည်” ဟု ဖွင့်ပြ၏။ (နာဠာဂီရိဆင်ကို
မေတ္တာဖြင့် ညှိရာ၌လည်း ထိုနည်းဖွင့်သည်။)

မှတ်သားဖွယ် ကောင်းလေစွာ့။ ထိုမေတ္တာသည်ပင် ဗုဒ္ဓ၏ တန်ခိုး မဟုတ်ပါလော။
သို့စင် တန်ခိုးကြီးသော ဗုဒ္ဓကိုပင် အနှောင့်အယှက် ပေးနိုင်သေးလျှင် ယနေ့ အဘယ်ယောဂီသည်
သူ့စက်ကွင်းမှ လွတ်ကင်းနိုင်ချိမ့်မည်နည်း၊ထိုအမွှေဓာတ်ကိုအလွယ်တကူအောင်နိုင်စွမ်းသော
မေတ္တာတန်ခိုးလည်း အားကိုးလောက်ပါပေစွာ။

တန်ခိုးရှင်တို့ ပူးဝင်ထားနိုင်ပုံ

11

တစ်ဖန် အကောင်းဘက်က စိတ်ဓာတ်အစားထိုးပေးပုံကို အနည်းငယ်ဆိုပါအံ့။
ရှေးက ဂန္ဓာရတိုင်း၌ သူဆင်းရဲသားအမိရှိ၏။ ဂန္ဓာရတိုင်းမှ သုဝဏ္ဏဘူမိသို့သွားသော
လှေသင်္ဘော၌ သားဖြစ်သူက လက်ထောက် အကြီးအမှူး ရာထူးရ၍ မိခင်ကိုပါ ခေါ်ခဲ့၏
လမ်းခုလတ်၌ မုန်တိုင်းကြောင့် သင်္ဘောပျက်သွားသည်။ သားက မိခင်အား ကျောပေါ်တင်၍
ပင်လယ်ကို လက်ပစ်ကူး၏။ သားအမိ နှစ်ယောက်မှတစ်ပါး ကျန်ခရီးသည်များအားလုံး
သေကြေ ပျက်စီးကြရသည်။ အကနိဋ္ဌ ဗြဟ္မာ့ဘုံမှ ရဟန္တာ ဗြဟ္မာကြီးသည် ကမ္ဘာတစ်သိန်း
ဘုရားမပွင့်၍ သုဂတိ လမ်းပိတ်ကာ ဘုံဗိမာန်များ ခြောက်သွေ့နေသဖြင့် ဘုရားဆုပန်
ယောက်ျားများ ရှိ-မရှိ ကြည့်ရှုခိုက်ဖြစ်၏။ မာတုရုဒ္ဓါရကခေါ် သတိုးသားကား ကမ်းမမြင်သော
ပင်လယ်ပြင်၌ မိခင်ကို ကျောပိုး၍ လက်ပစ်ကူးဆဲ၊ ရဟန္တာ ဗြဟ္မာကြီးသည် ထိုအဖြစ်ကို
မြင်တွေ့ရ၍ “ဤသူကား ကျေးဇူးတရားသိ၍ ဝီရိယ ကြီးမားပေ၏။ ဤသူ့အား ဘုရား
ဆုပန်လိုသော စိတ်ကို ဖြစ်ပေါ်စေရသော် ကောင်းလေစွာ့” ဟု စဉ်းစား၏။ ဗြဟ္မာ၏
တန်ခိုးဖြင့် ကယ်တင်၍ ဘုရားဆု ပန်စေသည်။

ဘုရားဖြစ်လိုသော စိတ်ကို သွင်းပေးလိုက်၏။ ထိုသတိုးသားကား ငါတို့ ဂေါတမ
အလောင်းတော်ပင်တည်း။ (သောတတ္တကီ အဋ္ဌကထာ။၉-၁၂။)

ဧကာဒသနိပါတ်လာ ဓမ္မနတ်သား ဝတ္ထုတွင်လည်း ဓမ္မနတ်သားသည် အခြွေအရံ
နှင့်တကွ ဇမ္ဗူဒီပါကို လက်ယာရစ်လှည့်၍ လူသားတို့အား ကောင်းမှုပြုရန် နှိုးဆော်၏။ ထို
အတူ အဓမ္မနတ်သားကလည်း လက်ဝဲရစ်လှည့်ကာ မကောင်းမှု ပြုရန် နှိုးဆော်၏။
ကဿပဘုရားရှင် သာသနာ နောက်ပိုင်းတွင်လည်း သိကြားမင်း ကိုယ်တိုင် ခွေး

