## PAGE 199


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

နက်ကြီးယောင်ဆောင်စေ၍ နှိုးဆော်ကြောင်း တွေ့ရ၏။

၁၄၃

ဤဝတ္ထုများဖြင့် လူသားတို့၏ ကောင်းစိတ် မကောင်းစိတ် (မနောကံ) ကို
အခြေခံ၍ ကောင်းမှု မကောင်းမှု(ဝစီကံ၊ ကာယကံ) များကို ပြုလုပ်နေကြရာ၌ မမြင်နိုင်သော
နတ်ကောင်း၊ နတ်ဆိုးတို့၏ ပူး ဝင်လှုံ့ဆော်စေစားချက်များနှင့် မကင်းကြောင်း တွေ့ရ၏။
(ဂိုဏ်းလောက၌ “မနောတိုက်သည်' ဟု ခေါ်ကြသည်။)

ယင်းသို့ဆိုသော် “ငါလုပ်ချင်၍ လုပ်သည်၊ သူဖြစ်ချင်၍ ဖြစ်သည်” ဟု ချည်း
မယုံစားသင့်ကြောင်း အမြွက်မျှ ဖော်ပြရပေ၏။

ဖော်ပြပါ ရာဇဂုရု ဆရာတော်ကြီးကား မန္တလေးခေတ်တွင် အလွန်ထင်ရှားသည့်အပြင်
တပည့်အစဉ်အဆက်လည်း ထွန်းကားလျက် ရှိပါသဖြင့် အမည်နာမ မထုတ်ဖော်ဘဲ
ရေးသားလိုက်ရပါသည်။ အထိကရ ထင်ရှား ကျော်ကြားတော်မူသော သာသနာ့ဝန်ဆောင်
ဆရာတော်ဘုရားကြီး၏ “ပျင်းရိစိတ်ကလေး တစ်လုံး” အရှုံးပေးလိုက်ရခြင်းဖြင့် တစ်လောကလုံး
ပဋိပတ်အလင်းရောင် ပေးနိုင်စွမ်းသော အရည်အချင်းများ တစ်ဘဝတာ ငုပ်ကွယ်သွားရပုံကို
သင်ခန်းစာ ရယူစေလိုသောကြောင့်သာ ဖော်ပြရခြင်း ဖြစ်ပါကြောင်း။

## PAGE 200


သီးလုံးဆရာတော်နှင့် ကင်းတောရ ဆရာတော်
(၁၁၄၈-၁၂၂၂)

သီးလုံးဆရာတော်သည် ရွှေဘိုမင်း, မင်းတုန်းမင်းတို့လက်ထက် ရွှေဘိုခရိုင် ဆိပ်ခွန်
ရွာအနီး သီးလုံးရွာ တောရကျောင်း၌ သီတင်းသုံးသည်။ သာသနာတော်၌ အလွန်ထင်ရှားသော
ပထမရွှေကျင်ဆရာတော်နှင့် ရန်ကုန် ကျောင်းတော်ရာ မူလ ဆရာတော် (ဦးသာသန) တို့
၏- ဆရာဖြစ်သည်။ ဘွဲ့တော်မှာ အရှင်စန္ဒိမာတည်း။

ရှေးဆရာတော်များသည် ပရိယတ်ကို လက်မလွှတ်။ စာချချိန် ချ၍ တရားအားထုတ်ချိန်
ထုတ်ကြသည်။ တွဲ၍ လုပ်တော်မူကြ၏။ ခွဲ၍လည်း မရပေ။ မဟာစည် ဆရာတော်လည်း
ဤသို့ပင် ကျင့်ဆောင်တော်မူသည်။ မြန်မာပြည်အရပ်ရပ်ရှိ စာချဘုန်းကြီးများလည်း ဤ
သို့ပင် သီးသန့်အချိန်ထား၍ လုပ်တော်မူကြသည်။ တရားအားထုတ်မှန်းပင် အသိမခံလိုကြ။
အကြောင်းကြောင်း ပြည့်စုံ၍ အလွန် လိုအပ်သောအခါမှ အလွတ်အကျွတ် ဆောင်တော်
မူကြသည်။

သက္ကရာဇ် ၁၁၉၉-ခုနှစ် နန်းတက်သော ရွှေဘိုမင်းသည် သီးလုံးဆရာတော်အား
သီးခြားဂိုဏ်းလွတ်အဖြစ် ကိုးကွယ်တော်မူသည်။ “စန္ဒိမာဘိဝံသ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မ
ရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်ကိုလည်း ကပ်လှူတော်မူသည်။ မင်းတုန်းမင်းသည် ထိုစဉ်က
မင်းသားကြီးအရာ ခစား၍ လွှတ်ရုံးသို့ တက်ရောက် တရားစီရင်ရသည်။ ထိုစဉ်ကပင်
ဆရာတော်ကို ကြည်ညိုခဲ့၏။ မင်းအဖြစ်သို့ ရောက်သောအခါ မန္တလေး နေပြည်တော်သို့
ဆရာတော်ကို ပင့်ခဲ့သည်။ ဆရာတော်ကား ကြွမလာ။ ထို့ကြောင့် သီးလုံးရွာမှာပင်
ရတနာဘုံစံ ကျောင်းတော် ဆောက်လှူခဲ့သည်။

သီးလုံးဆရာတော်သည် ပရိယတ် ပဋိပတ် စွယ်စုံ တတ်မြောက်သည့် အားလျော်စွာ
မူလပဏ္ဏာသအဋ္ဌကထာနိဿယ၊ ဝိနည်းအဆုံးအဖြတ်၊ ကုလဒူသက ဝိနိစ္ဆယ၊ ဂမ္ဘီရတ္ထဒေသနာ၊
ဝိသုဒ္ဓိမဂ္ဂဒီပနီ၊ ပဋိပတ္တိပကာသနီ ရှစ်စောင်တွဲကျမ်းများကိုလည်း ပြုစုတော်မူခဲ့သည်။ ထို
ကျမ်းများ ယနေ့တိုင် ထင်ရှား၏။ ၆၄-ကျမ်း ရှိသည် ဆိုကြသည်။

သီးလုံးဆရာတော်ထံ ထရံကာဆရာတော် (နောက်-ထရံကာ လူထွက်ကြီး ဦးအုံးညွန့်)
ဖြစ်လတ္တံ့သော သူငယ်ကို ကျောင်းသားအဖြစ် အပ်နှံ လက်ခံမည့်ည၌ ဆင်ဖြူတော်ကလေး
တစ်စီး လှေကားရင်း၌ လာဝပ်သည်ဟု အိပ်မက်မြင်မက်တော်မူကြောင်း “ပစ္စယတ္ထာဝ
ဗောဓနီကျမ်း နိဒါန်း ၌ တွေ့ရ၏။ ထို ့အတူ ကျောင်းတော်ရာ ရွှေကျင်ဆရာတော် လောင်း
လျာ ရောက်လာမည့် ညတွင်လည်း အရောင်အဝါ လွန်စွာတောက်ပသော သောကြာကြယ်ကြီး
ရင်ခွင်သို့ ထိုးဝင်ကျရောက်သည်ဟု မြင်မက်တော်မူကြောင်း “ကျောင်းတော်ရာ ဆရာတော်
ထေရုပ္ပတ္တိ” ၌ ဖတ်ရှုရသည်။ ဘုန်းကံရှိသော ပုဂ္ဂိုလ်တို့၌ အိပ်မက်စသော ရှေ့ပြေး
နိမိတ်များ ဖြစ်ပေါ်တတ်သည်ဟု “သုတ်မဟာဝါ အဋ္ဌကထာ” ၌ မိန့်ဆိုထားသည်ကိုလည်း


## PAGE 201


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
သတိမူကြရာ၏။

ပဋိပတ္တိ ပကာသနီမှ မှတ်သားဖွယ်များ

၁၄၅

သီးလုံးဆရာတော်ကြီးသည် ကျမ်းပေါင်း ၆၄-ကျမ်း ပြုစုတော်မူခဲ့သည်ဟု မှတ်တမ်း
ရှိသည်။ ပြဆိုပြီး ကျမ်းများသာ အထင်အရှား တွေ့ကြရ၏။ ၁၃၁၅-ခုနှစ်က ဦးမောင်ကြီး
စသော ဓမ္မမိတ်ဆွေများ၏ ကြိုးပမ်းချက်ကြောင့် မန္တ လေးမြို့ မြန်မာ့တာရာ စာပုံနှိပ်တိုက်မှ
ဒုတိယအကြိမ်ရိုက် “ပဋိပတ္တိ-ပကာသနီကျမ်း” ရှစ်စောင်တွဲ ထွက်ပေါ်လာခဲ့သည်။အလားတူ
ပဋိပတ်ဆိုင်ရာ တိုတိုထွာထွာ ကျမ်းစာများလည်း ရှာဖွေ ရရှိနိုင်ပေဦးမည်း၊
ထိုရှစ်စောင်တွဲ၌ စုစုပေါင်း ၂၉၁-မျက်နှာ ရှိ၍-
၁။ ပဋိပတ္တိ ပကာသနီကျမ်း၊

၂။ ပညတ္တိ ပကာသနီကျမ်း၊
၃။ ဒိဋ္ဌိဘေဒ ပကာသနီကျမ်း၊
၄။ ဂုဏ်တော်ဖွင့် အကျဉ်းနှင့်အကျယ်၊
၅။ သင်္ဂဟ ၉-ပိုင်း ဘုရားရှိခိုး၊
၆။ ကောလင်းသုတ် ပါဌ်အနက်၊
၇။ ဒွတ္တိ ံသာကာရ ပါဌ်အနက်ကျယ်၊

၈။ ဘာဝနာလေးဆယ် အနက်ကျယ်၊

အံ့ဖွယ် ၁၈-ပါး၊ စေတီ ၄-ပါး ဘုရားရှိခိုး၊ ကပ္ပိယ ဘိုးလွန်းပြေ၊ ဘိုးအုံးတို့
လျှောက်ထုံးအဖြေ (မဂ်ဖိုလ် ရခြင်းအကြောင်း အင်္ဂါများ) ပါဝင်၏။

ထိုရှစ်စောင်တွဲ ကျမ်းစု၌ ဆရာတော်သည် “ဘွဲ့တော်အရှင် စန္ဒိမာဖြစ်၍ ရွှန်းရွှန်းတက်ရွာ
ဇာတိဖြစ်ကြောင်း' ဆရာတော်ကိုယ်တိုင် ရေးသားထားသော နိဂုံးများကို တွေ့နိုင်၏။
ပဋိပတ္တိ ပကာသနီကျမ်းသည် ၁၂၀၅-ခုနှစ် တန်းခူးလဆန်း ၁၂-ရက် စနေနေ့ ကျမ်းပြီး
ကြောင်း တွေ့ရသည်။

“ကောလင်းသုတ်” ဟူသည် ကောလင်းမြို့ မင်းထံ ဆုံးမသော ဘုရားဟော ကျမ်းဂန်လာ
မှတ်သားဖွယ် ဂါထာစုဏ္ဏိယ ပါဠိအနက် များဖြစ်၏။ ၎င်းနှင့်အတူ “နိစ္စာဒိဒေါသ ဒီပနီ
နှင့် ဒွတ္တိ ံသာကာရ ကမ္မဋ္ဌာန်းကျမ်း” နှစ်ကျမ်းပါ ပေးပို့ကြောင်းပါရှိ၏။ အောက်ပါဂါထာဖြင့်
နိဂုံးချုပ်ထားလေသည်။

စဇ ဒုဇ္ဇန သံသဂ္ဂီ၊ ဘဇ သာဓု သမာဂမ္မံ။

ကရ ပုညံ အဟောရတ္တိံ၊ သရ နိစ္စ” မနိစ္စတံ။

01

ဒုဇ္ဇန သံသဂ္ဂ=သူယုတ်မာနှင့် ပေါင်းဖော်ရခြင်းကို။ စဇ=စွန့်လော့။
သာဓုသမာဂမံ=ပေါင်းဖော်အပ်သော သူတော်ကောင်းကို။ ဘဇ=ဆည်းကပ် လော့။
အဟောရတ္တိ=နေ့ညဉ့်ပတ်လုံး။ ပုညံ=ကောင်းမှုကို။ ကရ=ပြုလော့၊ အနိစ္စတံ=ခန္ဓာကိုယ်

