## PAGE 205

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၄၉

စာတွေ့နှင့် လက်တွေ့

ကင်းတောရဆရာတော် အမိန့်ရှိသော ဈာန်မဂ်ဖိုလ်များနှင့် စပ်၍လာတိုင်း ပါဠိ,
အဋ္ဌကထာ, ဋီကာနှင့် တိုက်ရိုက် ညီညွတ်မှသာလျှင် ထောက်ခံပြောဆို၏။ မညီညွတ်ဟု
ထင်မြင်သောအရာ၌ ကန့် ကွက်၏။ ငြင်းဆန်၏။ ပဋိပတ် အလုပ်စခန်းတွင် အချို့နေရာ၌
ချွတ်စွပ် အံမဝင်သော အရာများလည်း ရှိနိုင်ကြောင်း ကင်းတောရ ဆရာတော်က
ရှင်းပြ၏။ သီးလုံးဆရာတော်ကား ထိုအရာမျိုးတွင် လက်မခံလို။ အကြောင်းယုတ္တိ သာဓက
အမျိုးမျိုး ပြကာ လျှောက်လဲ၏။

“ကိုသီးလုံး၊ ဥတ္တရိမနုဿဓမ္မ (လောကုတ္တရာစခန်း) အရာ၌ ထင်မြင်တွေ့ရှိသည်များမှာ
အချင်းခပ်သိမ်း ကျမ်းဂန်အဆိုနှင့် တစ်ကြံတည်း ညီညွတ်မှ မှန်ကန်သည် မဟုတ်ချေ။
ကျမ်းဂန်တွင် မလာသော အရာတို့ကား များစွာ၏။ ကျမ်းဂန်ဟူသည် ပုဂ္ဂိုလ်အစားစား၊
စရိုက်အစားစား၊ ဉာဏ်အစားစားသို့ လိုက်၍ ယေဘုယျ နည်းမျှသာ ဖြစ်ပေ၏။ ကျမ်းဂန်
ကို မှားသည်ဟုကား ဆိုဖွယ် မရှိ။

"

“သုတ္တဟူသည် တံမျဉ်းချည်ဟူသည့်အတိုင်း လက်သမားတို့ စူးဆောက်ဖောက်ရန်
သာမန် အလျာအတားမျှ ဖြစ်၍ အမှန်တကယ် ဖောက်ထွင်းသော အခါ အကွေ့အကောက်
အတိမ်အနက် တစ်သမတ်တည်း မဟူရာချေ။ တံမျဉ်းချည်ရာကို လွှတ်၍လည်း မဖောက်ထွင်း
သင့်သကဲ့သို့ ဘုရားရှင်၏ သုတ္တများလည်း ထို ့အတူပင် ဖြစ်သည်။ စရိုက်အားလုံးနှင့် ခြုံငုံ
မိရုံ သဘောအချုပ်မျှသာ ရှိပေ၏။ မှားသောအရာလည်း မရှိစကောင်း။

“ကျမ်းဂန်နှင့် အလုံးစုံ မညီညွတ်လျှင် ဈာန်အဘိညာဉ် မဂ်ဖိုလ် နိဗ္ဗာန်မရနိုင်ပြီဟု
မယူသာချေ။ ဘုရားဟော ဒေသနာသည်ကား စင်စစ်အားဖြင့် ဖြည့်စွက် ပယ်နုတ်ရန်မလို၊
အလုံးစုံ ပြည့်စုံ၏။ မိမိကိုယ်တွေ့ကို စာနှင့် ညှိနိုင်သည့် အသိဉာဏ်သာ လိုပေ၏” ဟု
ကင်းတောရ ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

မှန်ပါပေ၏။ မြတ်စွာဘုရားသည် သံယုတ် ပါဠိတော် “သင်္ကာသနသုတ်နှင့်
မဟာသီဟနာဒသုတ်” တို့၌ သစ္စာလေးပါးအကြောင်းကို ဟောပြောရန် အလွန်ကျယ်ဝန်းလှ၍
အက္ခရာစာပင် မလောက်နိုင်ဟု ဟောတော်မူခဲ့၏။ ဟောထားသမျှသည် လိုရင်းအနှစ်သာရ
အကျဉ်းချုပ်မျှသာ ရှိပေသေးသည်ဟု ဆိုလိုပေသည်။ ထိုအကျဉ်းချုပ်ပင် သင်္ဂါယနာတင်
ပေထက် တင်သောအခါ သာ၍ပင် ကျဉ်းကျုံ့သွားပေလိမ့်မည်။

တစ်ချိန်က မြတ်စွာဘုရားသည် ယင်းတိုက်တော၌ သီတင်းသုံးတော်မူစဉ် သိလျက်
မဟောသောတရားက များပြား၍ ဟောသောတရားက အနည်းအကျဉ်းမျှသာ ရှိကြောင်း
ယင်းတိုက်ရွက်များကို လက်ပေါ်တင်၍ ရဟန်းတို့အား ထိုဥပမာပေး ဟောခဲ့ဖူးပေ၏။
ထိုအချက်များသည် ကင်းတောရဆရာတော် အမိန် ့ရှိချက်များအတွက် ထောက်တည်ရာ
ဖြစ်ပေလိမ့်မည်။
(မဟာဝဂ္ဂသံယုတ်၊ သီသပါဝနသုတ်။)
ကင်းတောရဆရာတော်သည် သီးလုံးသို့ ကြွတိုင်းကြွတိုင်း လက်တွေ့ အလုပ်စခန်းနှင့်


## PAGE 206

၁၅ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

မစပ်-စပ်အောင် အကြောင်းရှာ၍ ဆွဲဆောင်တော်မူသော်လည်း သီးလုံး ဆရာတော်ကား
လက်တွေ့ထက် စာတွေ့ကိုသာ ပမာဏမူ၍ စာကိုသာ ဆုပ်ကိုင်ထားမြဲဖြစ်၏။ ကင်းတောရ
ဆရာတော်ကမူ ပရိယာယ်မျိုးစုံဖြင့် သည်းခံ၍ဆွဲဆောင်တော်မူ၏။ နောက်ပိုင်းကာလတွင်ကား
စကားများများ မပြောဟောတော့ပေ။ လက်တွေ့ သို့ ရောက်အောင်သာ တိုက်တွန်းတော်မူ၏။

နောက်ဆုံးသြဝါဒ

နောက်ဆုံး ကြွရောက်သောအခေါက်တွင်ကား ကင်းတောရဆရာတော်သည် အပ္ပမာဒ
သတိဖြင့်သာ သီတင်းသုံးကာ ဟောပြော ဆွေးနွေးခြင်း နည်းသွားလေသည်။ “ကဲ......
ကိုသီးလုံး၊ ပြန်ဖို့သင့်ပြီ” ဟု မိန့်ကာ နေရာမှ ထတော်မူ၏။ သီးလုံးဆရာတော်လည်း
ခါတိုင်းပို့နေကျ တောစပ်အထိလိုက်ပို့၏။ တောစပ်ရောက်လျှင် ရပ်တန့်၍ သီးလုံးဆရာတော်
ဘက် လှည့်လျက်-

"

“အင်း....ကိုသီးလုံး၊ မြတ်စွာဘုရား၏ ပါဠိတော် ဒေသနာတွေကတော့
စစ်မှန်ရုံမျှသာမက ပူပူနွေးနွေးမျှသာရှိပေသေး၏။ သဒ္ဓါ၊ ဝီရိယသာလိုပေသည်။ ကိုသီးလုံး
လဲ သာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ၊ သဒ္ဓါပညာ ညှိ၍ မြဲမြံသော သတိကို ဝီရိယ
ကြီးကြီးနှင့် ထူထောင်ရစ်ပေတော့” ဟု မိန့်တော်မူ၍ ပြောပြောဆိုဆို သင်္ကန်းတော်ကို
ခါတွက်လျက် ထိုနေရာမှပင် ကောင်းကင်သို့ တက်ကြွတော်မူလေ၏။

သီးလုံးဆရာတော်လည်း အလွန်အမင်း အံ့အားသင့်ကာ လက်အုပ်ချီ၍ မတ်တတ်
ရပ်လျက် ငေးမော ကျန်ရစ်တော့သည်။ အချိန် မည်မျှကြာသွားသည်ကိုပင် သတိမမူမိ။
ထက်ကြပ်မကွာ လိုက်ပါလိုသော ဆန္ဒနှင့် သဒ္ဓါ၊ ဝီရိယ တို့သာ တဖွားဖွား ဖြစ်ပေါ်နေ၏။
သာသနာတော်အတွက် ဝမ်းသာ၍လည်း မဆုံးနိုင် တော့ပေ။ မိမိထံ ညနေချမ်းတိုင်းလိုလို
မင်းကွန်းမှ ကြွလာနိုင်ပုံကို ယခုမှပင် သတိပြုမိတော့သည်။ ဟောကြား ဆွေးနွေးသော
တရားများကိုလည်း ယခုမှပင် “ဒါ့ကြောင့်ကိုး” ဟု သဘောပေါက် လေတော့သည်။

ကျမ်းဂန် ပါဠိများကို ရွတ်၍ရွတ်၍ စောဒက ဝင်မိသည်ကိုပင် ရှက်စနိုးမိလေ၏။
ဝန်ချ တောင်းပန်လိုသော ဆန္ဒဖြင့် ချက်ချင်း တွေ့လိုသော စိတ်များက ပြင်းပြလျက် ရှိပေ
တော့၏

နောက်တစ်နေ့ ညချမ်း

သီးလုံးဆရာတော် ရောက်ချိန် မရောက်လာသဖြင့် သာမဏေ ကိုရင်ကိုင်းသည်
ကျောင်းမှ တောစပ်အထိ လိုက်၍လာ၏။ ဆရာတော်မှာ အငေးသား ရပ်နေသည်ကို
ထူးထူးခြားခြား တွေ့ရသည်။ သူလိုက်လာသည်ကိုပင် သတိမပြု။ “ဆရာတော်ဘုရား” ဟု
ကိုရင်ကိုင်းက လျှောက်ထားမှသာ သတိရလာဟန်ဖြင့်-


## PAGE 207


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၅၁

“အင်း....ကိုခေမာတို့များ သာသနာနှင့် ကြုံရကျိုး နပ်ပါပေ့။ သီးလုံး သီးလုံးနဲ့
ဘာမှ အသုံးမကျသေးပါကလား” ဟု ရေရွတ်လိုက်၏။ ကိုရင်ကိုင်းကား ဘာမျှ
နားမလည်ရှာပေ။

"

“ဆရာတော်ဘုရား ဘာကြောင့်ပါလဲ” ဟု သိလိုဇောဖြင့် လျှောက်ရာ-

“သယ်...နင့်အရာလား” ဟု မာန်မဲတော်မူ၍ ကျောင်းသို့ . ပြန်ခဲ့လေသည်။
ကိုရင်ကိုင်းခမျာ ရှေ့သို့ တိုးမလျှောက်ဝံ ့တော့ဘဲ နောက်မှ ယို ့ယို့ကလေး လိုက်ပါခဲ့ရ၏။
သီးလုံးဆရာတော်လည်း နောက်တစ်ရက် ညချမ်းချိန် ရောက်ရန်သာ စိတ်စော

နေတော့၏။

သို့သော် နောက်တစ်နေ့ ညချမ်းကား သူမျှော်မှန်းသလို အားပါးတရ ဆွေးနွေး
လျှောက်ထားခြင်း၊ တောင်းပန်ခြင်း၊ ကတိပေးခြင်းစသော ကြိုတင်စဉ်းစားထားသမျှ အစီ
အစဉ်များအားလုံး ဖျက်သိမ်းလိုက်ရ၏။ အလွန်ဝမ်းသာရမည်ဟု အားခဲထားသမျှ ဝမ်းနည်း
ကြေကွဲဖွယ်နှင့် ရင်ဆိုင်ရတော့၏။ ယနေ့ အရုဏ်တက်ချိန်ကပင် ကင်းတောရဆရာတော်
ပျံလွန်တော်မူကြောင်း မင်းကွန်းမှ သတင်းရောက်လာ၏။ အားကိုးရာမှန်းမသိ နောင်တကြီးစွာ
သံဝေဂသည်းစွာ ဖြစ်တော်မူရ၏။

သီးလုံးဆရာတော် ကိုယ်တိုင်ပင် မင်းကွန်းသို့ ကြွရောက်၍ ခုနစ်ရက်အတွင်း
ဈာပနပွဲပြီးအောင် ဦးစီးဆောင်ရွက်တော်မူ၏။ ထိုအချိန်မှစ၍ သီးလုံးဆရာတော်လည်း
ကပ္ပိယနှင့်သာ တောရဝင်တော်မူ၍ အပြင်းအထန် ကြိုးစားတော်မူလေသည်။ မကြာမီပင်
သီးလုံးဆရာတော်လည်း ရည်ရွယ်မှန်းထားသလောက် ခရီးပေါက်ရောက်တော်မူလေ၏။
“ယခုအခါ ဈာန်အဘိညာဉ် ရမှရနိုင်သေးရဲ့လား” ဟူသော မိမိကိုယ်ကို လျှော့တွက်-
တွက်၍ တစ်ဖက်သတ် စာသန်ကာ စိတ်ဓာတ် ပျော့ညံ့မိမှားသည်ကိုပင် ကိုယ်တွေ့ ရှက်
စနိုးတော် မူလေ၏။ (မင်းကွန်း ဇေတဝန် ဆရာတော် ထေရုပ္ပတ္တိမှ အကြောင်းအရာ
ယူပါသည်။)

အဘိညာဉ်နှင့် ကောင်းကင်ခရီး

သီးလုံးဆရာတော်နှင့် စပ်၍ ကြည်ညိုအံ့မောဖွယ် ဖြစ်ရပ်တစ်ခုမှာ အောက်ပါအတိုင်း
ဖြစ်သည်။ ဆရာတော်သည် ကပ္ပိယတစ်ယောက်နှင့်အတူ တောရကျောင်း၌ နေတော်မူစဉ်
တစ်ခုသော နွေဦးကာလ ညအခါတွင် လူသူတော် ကပ္ပိယကြီးသည် ကျောင်းနှင့် ဝေးကွာ
သော ရေကန်သို့ ရေချိုးရန် ဆရာတော်အား လျှောက်၍ သွား၏။ လ,ကလေးကလည်း
သာနေသည်။ ကပ္ပိယကြီးသည် ရေကန်၌ လူတစ်ယောက် ရေချိုးနေသည်ကို ခပ်ဝေးဝေးကပင်
မြင်နေရ၏။ ထိုသူအနီးသို့ ရောက်သွားသောအခါ ကပ္ပိယကြီး အလွန်အံ့သြသွားလေသည်။

အကြောင်းမှာ ရေချိုးနှင့် နေသူသည် ဆရာတော်ကြီး ဖြစ်နေသောကြောင့်တည်း။
အိုမင်းမစွမ်း ရှိတော်မူသော ဆရာတော်ကြီးသည် ညအခါ ဤမျှ ဝေးကွာသောအရပ်သို့

