## PAGE 217

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၆၁

ထိုကဲ့သို့သော သံသရာ့အဆင့် ပုဂ္ဂိုလ်တို့၌ သရဲတစ္ဆေ စုန်းမှအစ၊ စာတ်လုံး
ဓာတ်ပြာ ပိစွာ အင်းအိုင်အဆုံး၊ ဗာရ၏ မြှောက်လုံး၊ ခြောက်လုံး၊ လက်နက်ရုံးတို့ကား
အဆန်း မဟုတ်တော့ပြီး

ကိုယ်မကောင်းသူက ဆွမ်းချက်၊ ကိုယ်ပျက်သူက ဆွမ်းကပ်

ထွဋ်ခေါင်ဆရာတော်သည် တစ်တောထွက်ဝင် စကစာရီ လှည့်လည်အားထုတ်ရာ
သက်တော် ၅၀-လောက်ကျမှ နေရာအတည်တကျ နေဟန်ရှိသည်။ ဆရာတော်သည်
ပရိသတ်နှင့် နေသောအခါ ကမ္မဋ္ဌာန်း အားထုတ်သော နည်းခံ ရဟန်းသာမဏေ တပည့်များ
သုံးရာကျော်ပင် ရှိ၏။ သီလရှင်ဆရာနှင့် ယောဂီများလည်း များပြားလှသည်။

သီပေါမင်း၏ မယ်တော် လောင်းရှည်မိဖုရားကြီးသည်ပင် ဆရာတော်ထံ၌ သီလရှင်ဝတ်
၍နေသည်။ နန်းတွင်းသူမိဖုရား အပျိုတော်များပင် “ဝဋ်ကြောင်ကို လွတ်အောင် ရုန်းမယ်ပ၊
ထွဋ်ခေါင်ဘုန်းထံဝယ်’ ဟု နန်းတွင်းသူဘဝ ငြီးငွေ့ကြသောအခါ ထွဋ်ခေါင်ဆရာတော်
အပါးမှာ တရားအားထုတ်ရသည်ကိုပင် ဂုဏ်ယူရကောင်းမှန်း သိကြလေသည်။

ဤနေရာ၌ ကျွန်ုပ်တို့ ဖော်ပြလိုသည်မှာ ဆရာတော်သည် အသက်အရွယ် ကြီးရင့်၍
ပရိသတ်နှင့် နေရသောအခါ မင်းမိဖုရားတို့၏ အကိုးကွယ် ခံယူရသော်လည်း အလိုနည်း၍
အကျင့်ခေါင်းပါးသည့် အကြောင်းပင် ဖြစ်ပါသည်။ ဆရာတော်သည် ရေနှင့် အဖျော်များကို
သောက်သုံးသောအခါ မင်းသုံး ထီးသုံး စိန့်တိုင်းဖြစ်၊ -ပြင်သစ်ဖြစ် ဖက်ခွက်စသည်ကို
မသုံး၊ အုန်းမှုတ်ခွက်ကိုသာ သုံးတော်မူသည်။

ဆရာတော်ထံတွင် ဒေါ်ဥတ္တရာ အမှူးရှိသော ဆွမ်းချက်ဝတ်ပြုသူ သီလရှင် ဆရာများ
လည်း ရှိကြ၏။ ထိုအထဲတွင် ကိုယ်ပျက်နေသော သီလရှင် ဒေါ်ကုလားမလည်း ပါဝင်၏။
ဆွမ်းကွမ်း အဖျော်စသည်တို့ကို ကိုယ်တိုင်ဆက်ကပ်ရသော ကပ္ပိယကား ကိုသာဟန် ဆိုသူ
တည်း။ ကိုသာဟန်ကား ကုဋ္ဌနူနာ ရောဂါကြီး စွဲကပ်ဖူးသူ၊ အလျှင်း မပျောက်သေးသူဖြစ်၏။
လက်ချောင်းကလေးများပင် ပြတ်၍၊ တို၍၊ ကောက်၍ နေသတတ်။

နွေကာလ ညနေချမ်း အခါများတွင် ဆရာတော်သည် မန်ကျည်းဖျော်ရည် ဘုဉ်းပေးတော်
မူလေ့ရှိ၏။ ကုဋ္ဌရောဂါ ရှိသူ ကပ္ပိယကိုသာဟန်ပင် ဖျော်ရည်စိမ်ရ စီစဉ်ရ၏။ ကပ်ခါနီးလျှင်
ဆရာတော်၏ ရှေ့မှာပင် ကိုသာဟန်က ထန်းလျက်၊ မန်ကျည်း၊ ဆား လျော်အောင်
လက်ဖြင့် နယ်၍ နယ်၍ မွှေရစစ်ရ၏။ ချို၊ ချဉ်၊ ငန် အချိုးအစပ် တည့်မတည့် မြီးစမ်း
သည်။ ပြီးမှ အုန်းမှုတ်ခွက်ကြီးကို ကိုသာဟန်ပင် ပယ်ပယ်နယ်နယ် ဆေး၍ ထည့်၍ ကပ်ရ
သည်။ ကိုသာဟန်၏ တိုနေသော လက်ချောင်းလေးများဖြင့် ရှေ့မှာပင် နယ်၍ မွှေ၍ စစ်၍
ကပ်သည်ကို မြင်နေရသော်လည်း ဆရာတော်မှာ ရွံ့ရှာခြင်း အလျှင်းမရှိ၊ မြိန်မြိန်ကြီး ဘုဉ်း
ပေးတော်မူသည်။

ထိုအချိန် အခါမျိုးတွင် အနီးအနားသို့ ရောက်လာသူ လူလူရှင်ရှင် ခွဲဝေမျှတ၍


## PAGE 218

၁၆၂


စမ္မာစရိယ ဦးဌေးလှိုင်

အကပ်ခိုင်း၏။ ရောက်လာသော ပုဂ္ဂိုလ်များမှာ ကိုသာဟန်ရုပ်နှင့် လုပ်ပုံကိုင်ပုံကို မြင်နေရသဖြင့်
ဖျော်ရည်ခွက်ကိုယူပြီး ရှေ့မှာပင် အသာချထား၍ စကားကိုသာ တွင်တွင်ပြောကာ မယောင်
မလည် လုပ်နေတတ်ကြသည်။ “သောက်ပါရှင်ရဲ့၊ ဖျော်ရည်က အေးပါတယ်၊ ချိုပါတယ်ရှင်ရဲ့”
ဟု တွင်တွင် တိုက်တွန်းသော ဆရာတော်၏ စကားကြောင့် အားနာပါးနာ သောက်ကြရသော
ဟူ၏။

ရှင်မဟာကဿပ၏ ထုံး

ဆွမ်းချက်သူရော ကပ်သူပါ အနာကြီးရောဂါသည်များ ဖြစ်သော်လည်း ဆရာတော်၌
စက်ဆုပ်ရွံရှာခြင်း မရှိသည်မှာ ပြောစမှတ်ကြီး ဖြစ်လေတော့သည်။ သူတော်ကောင်းတို့၏
စိတ်မနောကား မြင့်မြတ်လှပေ၏။ ထွဋ်ခေါင်ဆရာတော်၏ ထို (အပ္ပဋိကူလသညာ=မရွံ့ရှာ
မစက်ဆုပ်သော) သူတော်ကောင်း လက္ခဏာသည် ဗုဒ္ဓလက်ထက်တော်က အရိယာကြီးများ၏
မနောနှင့် တစ်သဘောတည်း ဖြစ်ကြောင်း ထွန်းပြရာ ရောက်ပေသည်။

တစ်ချိန်က ရှင်မဟာကဿပကြီးသည် သီတင်းသုံးရာ တောင်ပေါ်မှ ရွာတွင်းသို့
ဆွမ်းခံကြွလာရာ တစ်နေ့သ၌ နူနာရောဂါသည် တစ်ဦးအား ချီးမြှောက်သောအားဖြင့် ထိုသူ
၏ ဆွမ်းကို အလှူခံဖူး၏။ ဆွမ်းလောင်းထည့်လိုက်သောအခါ ထိုဒကာ၏ လက်ချောင်းများမှာ
သွေးပြည်ယိုစီး၍ ပုပ်ပွဆွေးမြည့်နေသဖြင့် သပိတ်ထဲမှာပင် လက်ချောင်းပြတ်ကျ ကျန်ရစ်သည်။
ရှင်မဟာကဿပလည်း မြင်၏။ ဒကာလည်း သိသည်။ ရှင်မဟာကဿပကား ထိုဒကာအား
စေတနာပွားစေရန် ထိုအိမ်နံရံခြေ၌ပင် ကျောမှီထိုင်၍ ဆွမ်းထဲမှ လက်ချောင်းပြတ်ကလေးကို
ဖယ်ကာ ဖယ်ကာ မြိန်ရှက်စွာဘုဉ်းပေးတော်မူကြောင်း ထေရဂါထာ ပါဠိတော်၌ မှတ်တမ်း
တင်ထားသည်။ “ပုထုဇဉ်တို့အဖို့ အူထွက်ကျလောက်အောင် ပျို့ အန်ပေလိမ့်မည်’ ဟု
အဋ္ဌကထာ ဆရာက မှတ်ချက်ပေးလိုက်ပေသေးသည်။

နိဗ္ဗာန် လမ်းခွဲကလေးများ

ရွံစရာကောင်းသော အာရုံ၌ မရွံရှာခြင်း၊ နှစ်သက်စရာ ကောင်းသော အာရုံ၌
စက်ဆုပ်ခြင်းတို့ကို “ပဋိကူလေ အပ္ပဋိကူလသညာ၊ အပ္ပဋိကူလေ ပဋိကူလသညာ' ဟု ခေါ်
သည်။ ဆိုးဆိုးကောင်းကောင်း မပြောင်းလဲသော သဘောကို ‘တာဒိဂုဏ်' ဟုလည်း ခေါ်
သည်။“ဆဠင်္ဂပေကွာ” ဟုလည်း ခေါ်၏။ ထုသဘောကား အရိယာပုဂ္ဂိုလ်တို့၌ တမင်လုပ်ရသည်
မဟုတ်။ “အရိယိဒ္ဓိ” (အရိယာတို့၏ အလိုလို ပြီးပြည့်စုံသော တန်ခိုး) ဟုပင် (တန်ခိုး ၁၀-
ပါးတွင် ပါဝင်ကြောင်း) “သမ္ပသာဒနိယသုတ်၊ ပဋိသမ္ဘိဒါမဂ်၊ ဝိသုဒ္ဓိမဂ် တို့၌ ဟောတော်မူ၏။

ထိုကဲ့သို့ ရင့်ကျက်သူ မဟုတ်သေးလျှင် ကောင်းအာရုံ၌ အသုဘ, အနိစ္စ နှလုံးသွင်း၍
လည်းကောင်း၊ ဆိုးအာရုံ၌ မေတ္တာနှင့် ဓာတ်သဘာဝကို ရှုဆင်ခြင်၍ လည်းကောင်း
လောဘ, ဒေါသကို ပြစ်ပယ်ရလေသည်။


## PAGE 219


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၆၃

ဤတန်ခိုးကား ပြလို၍ လင် ဆင်း အမျိုးမျိုးပြသော တန်ခိုးထက် အတိုင်းမသိ
မြင့်မြတ်ကြောင်း ဟောတော်မူ၏။ သို့ရာတွင်

-

-

-

ရာဂသည် မေတ္တာဟန်ဆောင်သကဲ့သို့ လည်းကောင်း၊

-

သောကသည် ကရုဏာ ဟန်ဆောင်သကဲ့သို့ လည်းကောင်း၊
ထိနမိဒ္ဓသည် သမာဓိဟန်ဆောင်သကဲ့သို့ လည်းကောင်း၊

မောဟကလည်း ကောင်းဆိုးနှစ်တန်၌ လျစ်လျူရှု သည်းခံလေဟန် ဆောင်

တတ်၏။

နှလုံးမသာသော ဗျာပါဒကလည်း ပဋိကူလ (စက်ဆုပ်) ဟန်ဆောင်တတ်၏။
ကာမစ္ဆန္ဒကလည်း ရွံရှာဖွယ်၌ အပ္ပဋိကူလ (မစက်ဆုပ်ဟန်) (ဝါ) မြင့်မြတ်သော
မရွံရှာစိတ်ဟန် ဆောင်တတ်၏။

ဤကား နေတ္တိအဋ္ဌကထာလာ ယောဂီတို့အတွက် (မလျှောက်ဖူးသေးသော) နိဗ္ဗာန်
ခရီးတွင် ဆင်တူယိုးမှား လမ်းခွဲကလေးများ ဖြစ်၏။

တောမှာနေရင်း မင်းဆရာဖြစ်

ထွဋ်ခေါင်ဆရာတော်သည် ရဟန်း ၈-ဝါမှ ၂၇-ဝါထိ (သက္ကရာဇ် ၁၂၀၈-ခု ပုဂံမင်း
လက်ထက်) နေရာအတည်တကျ မရှိဘဲ သီတင်းသုံးတော်မူရာ ၂၇-ဝါ အရတွင် စစ်ကိုင်း
တောင်ရိုး ဆင်မချောက်ခေါ် ဆင်မချောင်၌သီတင်းသုံးသည်။ ဆင်မချောင်သည် လျှိုမြောင်
ထူထပ် တံတိုင်းခတ်သကဲ့သို့ တောင်ပတ်ရံနေသော လျှိုကြီးဖြစ်၏။ ရှေးက မင်းသုံး
ဆင်တော်များ လွှတ်ကျောင်းရာ ဌာနဖြစ်၍ ဆင်မချောင်ခေါ်သည်။

တစ်နေ့သ၌ ဆရာတော် တရားရှုမှတ်နေစဉ် လူရည်သန့်သန့် လူရွယ်နှစ်ယောက်
ဆင်မချောင်သို့ တိတ်တဆိတ် ရောက်လာကြ၏။ မည်သို့သော အကြံဖြင့် ရောက်လာသည်မသိ။
တောင်မြောက်လေးပါး ကြည့်၍ မယုံသင်္ကာစိတ်ဖြင့် ချွေးသိပ်နားရင်း ဆရာတော်အား
လာ၍ ဝတ်ဖြည့်ကြသည်။ ဆရာတော်လည်း ထွေရာလေးပါးမမေး၊ တရားကိုသာ ဟောပေး၏။
လူရွယ်နှစ်ယောက်လည်း လေးလေးစားစား နာယူကြသည်။ တစ်စုံ တစ်ခုသော ကြောင့်ကြ
စိတ်ကြောင့် တရားနာရာတွင် ချီတုံချတုံ စိတ်များ မျက်နှာ၌ ဖော်ပြနေကြသော်လည်း
တရားအရှိန် ရသွားသောအခါ နှစ်ယောက်စလုံး သက်ပြင်းချ၍ ခေါင်းငိုက်စိုက် ကျသွားကြသည်။

“တပည့်တော်တို့ ညီအစ်ကိုနှစ်ယောက်အား ဆရာတော့်ထံရဟန်းဝတ်ပေးပြီး ကမ္မဋ္ဌာန်း
ထိုင်ခွင့်ပြုပါဘုရား” ဟု အစ်ကိုဖြစ်သူက ညီငယ့်မျက်နှာကိုကြည့်ရင်း လျှောက်၏။ ညီငယ်
ကလည်း သဘောတူသော အမူအရာ၊´ ဆရာတော်ကို အားကိုးသော ဟန်ဖြင့် ထပ်မံ
လျှောက်သည်။ ဆရာတော်မှာ ခေါင်းညိတ်လျက် ပြုံးရွှင်သော မျက်နှာဖြင့်.....

“မောင်တို့က ဘယ်ကလာပြီး ဘယ်သွားကြမှာလဲ” ဟု မေးတော်မူလျှင်-
“အမရပူရကပါ ဘုရား၊ ရွှေဘိုဘက် သွားမလို ့ပါ” ဟု လျှောက်၏။ ဆရာတော်လည်း

