## PAGE 223


'

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၆၇

“ထွဋ်ခေါင်ဆရာတော်အား ဘုရားအမိန့် မှ လွဲ၍ မည်သူ့ အမိန့် ကိုမျှ မနာယူဘဲ နေနိုင်ရန်
ဒကာတော် ဂဏဝိမုတ် သမုတ်ယူပြီး ဖြစ်ပါသည်” ဟု လျှောက်ဖူးသည်။

မင်းတုန်းမင်းကြီး ကိုယ်တော်တိုင်က ကျေးဇူးဂုဏ်ကို သိမြင်ကိုးကွယ်သည့် အတိုင်း
အခြား နန်းတွင်းသူ နန်းတွင်းသားတို့ကလည်း အပြိုင်အဆိုင်ပင် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။
ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးက အုတ်ပြာသာဒ်ကြီး၊ အလယ်နန်းမိဖုရားက သိမ်တော်၊
မြောက်နန်းမိဖုရားက ပိတ်ကျောင်းကြီး၊ သုံးဆယ်မင်းသား၏ မယ်တော် ခုနစ်ရွာမိဖုရား၊
သစ်တောဝန်၊ ငွေခွန်ဝန် စသည်တို့ကလည်း မှန်စီကျောင်း၊ စေတီ၊ ဂူ၊ ဆန် စသည်တို့
ကို လှူဒါန်းကြရာ ဓမ္မိကချောင်၌ ကြက်ပျံမကျ စည်ကားခဲ့၏။ ဝိပဿနာ တပည့်ရဟန်းများပင်
သုံးရာကျော်၍ လူဝတ်ကြောင် သီလရှင် ယောဂီတို့ကား အများအပြား ဖြစ်လေသည်။

ထို့ကြောင့်လည်း ကဗျာလင်္ကာ စာချိုး၍ လက်ဆော့လေ့ရှိသော ဗန်းမော်ဆရာတော်က
“စိပ်ပုတီးရယ်နှင့်၊ ရိပ်မှီးတဲ့ ထွဋ်ခေါင်။ ဦးရွှေစို သီလချောရယ်နှင့်၊ တောခိုသည့်ချောင်”
ဟု စာချိုး၍ ပစ်ဖူးသည်။ (သီလချော=အကျင့်သီလ ဖြူစင်ချောမွေ့ခြင်း၊ သီလရှင်အချောများ
ရှိခြင်း အဓိပ္ပာယ်နှစ်ခွ ထွက်သော ဝေါဟာရ။)

တစ်ခါက ဗန်းမော်ဆရာတော်ကြီးသည်ပင် ထွဋ်ခေါင်ဆရာတော်နှင့် မနီးမဝေး
သံဃာများ စုဝေးကြရာတွင်-

“မင်းတို့ထွဋ်ခေါင်ဟာ လှန်ကြိုးမရှိတဲ့ နွားနှင့်တူသကွာ” ဟု သံဃာများအား
ရယ်ဖွယ် မိန့်ဖူး၏။

“ဘယ်လိုတူသလဲ” ဟု သံဃာငယ်များက လျှောက်ကြရာ-

“မင်းတို့ ငါတို့မှာတော့ ဟိုမြက်ဆွဲချင်၊ ဒီမြက်ဆွဲချင်ဆိုတော့ လှန်ကြိုးကြီး
တန်းလန်းနဲ့ မဟုတ်လား၊ သူ့မှာတော့ဖြင့် ဣန္ဒြေ ထိန်းသိမ်းနိုင်ပါပေတယ်၊ ကြိုးမလိုတော့ဘူး”
ဟု ရယ်မော၍ ဖြေတော်မူသတတ်။

ယင်းသို့ ဓမ္မိကချောင်၌ ပရိသတ်များ များပြားလွန်း၍ ဆရာတော်ကြီး ငြီးငွေ့တော်မူ၏။
ပရိသတ်နှင့်ကင်း၍လည်းမရ။ ထာဝရ သည်အတိုင်း နေသွားရန်လည်း မနေလို။ ထို့ကြောင့်
အနည်းဆုံး တစ်ဝါတွင်းကာလ ပရိသတ်နှင့် ခွဲခွာ၍ နေတော်မူလေ့ ရှိသည်။ သက်ရွယ်တော်
ကြီးရင့်သော နောက်ပိုင်းကာလ၌ ဆရာတော် ဝါကပ်သည်မှာ မင်းကွန်းတောင်ရိုး ရွှေမြင်တင်
တောရ ဖြစ်၏။ ဓမ္မိကချောင်၏မြောက် နှစ်မိုင်ခန့် ဝေးသည်။ မင်းတုန်းမင်းကြီး တောင်းပန်
၍ “ရာဇပါမောဇ္ဇကျမ်း” ကို ရေးသားရာ ဌာနကား ရွှေမြင်တင်တောရ ဖြစ်သည်။ ၁၂၂ဝ-
ပြည့်နှစ် တပေါင်းလ။

မင်ရှေးမင်းခွင့်သာ၍ အများချမ်းသာ

ဆရာတော်သည် မန္တလေးခေတ်တွင် မင်းမိဖုရားတို့ အလွန်ကြည်ညို လေးစားကြသကဲ့သို့
တိုင်းသူပြည်သားများကလည်း ကြည်ညိုလေးစားကြ၏။ မင်းရေး မင်းခွင့်သာ၍ မင်းထက်
မင်းဖြစ်တော်မူသည်ကို အခွင့်ကောင်းယူကာ မင်းပြစ်မင်းဒဏ် ခံရသူများသည် ဆရာတော့်ထံ


။

## PAGE 224

၁၆၈


ဓမ္မာစရိယ ဦးဌေးလှိုင်

အသနားခံလာကြ၏။ ထိုခေတ်က ဓမ္မိကချောင်သည် လွှတ်တော်ကြီးပမာ ဖြစ်၍ ဆရာတော်မှာ
ရာဇဝတ်သားတို့၏ အားထား မှီခိုရာကြီး ဖြစ်ခဲ့ရပြန်သည်။ ဒုက္ခိတသတ္တဝါတို့၏ အသက်ဘေး
ဖြစ်၍လည်း ဆရာတော်သည် မပါလိုသော်လည်း` မရှောင်သာ ဖြစ်ခဲ့ရ၏။

တစ်ရံရောအခါ ကျောက်ဆောက်မင်းသား ရာဇဝတ်သင့်၍ ကျည်းတိုက်သွင်းထားရာ
ကြင်ယာတော် ယင်းတော်မလေးက ဆရာတော် ဆွမ်းဘုဉ်းပေးခိုက် ငိုယို လျှောက်ထား၍
နုတ်ယူတော်မူရ၏

ရန်အောင်ခြင် ဝန်ထောက်မင်း ရာထူးမှချထားခြင်း ခံရစဉ် ဆရာတော်၏ မေတ္တာရိပ်
၌ ခိုလှုံလာရာ ဥပုသ်ရက်ရှည် စောင့်ခိုင်း၍ ဓမ္မစကြာ သတိပဋ္ဌာန်ပါဠိတော်များကို အကျက်
ခိုင်းထား၏။ ဆရာတော် နန်းတော်သို့ ကြွသောအခါ နောက်ပါခေါ်၍ မင်းကြီးရှေတွင်
ကျက်ခိုင်းထားသော စာများကို ရွတ်အံပြစေပြီးလျှင် သူ၏ ကျေးဇူးဂုဏ်များကို မိန့်ကြားပေး၏။
ရာထူးပြန်ရလေသည်။

ဘဏ္ဍာတော် ဝါဂွမ်းများကို ရောင်းစားပြီး “မီးလောင်သွားသည် လိမ်လည်မှုကြောင့်
စစ်ကိုင်း မန်ကျည်းစဉ်ရွာသား ဦးချိန်ကို လည်းကောင်း၊ ဘဏ္ဍာတော် ပတ္တမြားများကို
အနောက်နိုင်ငံသို့ ခိုးဝှက် ရောင်းချသူ သူဌေး ၁၆-ဦးကို လည်းကောင်း ကယ်မ, ရဖူး၏။
ဘဏ္ဍာတော်ဂျုံများကို ခိုးဝှက်ရောင်းချစားသူ စစ်ကိုင်း ဦးဘိုးမောင်၊ ဦးမိတ်တို့ကို
မင်းတရားကြီးက အုန်းသီးတစ်လုံးစီပေး၍ အုန်းသီးသီးမှပြန်လာရမည်ဟု အင်းဝ တောင်ဘက်
ရှိ ငှက်ဖျားဖျားတတ်သော သန်ရွာသို့ နယ်နှင်လေရာ အကြောင်းအားလျော်စွာ ကယ်တင်
ခဲ့ရသည်။

တစ်ခါက စစ်ကိုင်းမြို့ဝန် ဦးရိုးသည် မတရားနှိပ်စက်လွန်းအားကြီး၍ ဒကာ တစ်ဦး
က ပုခန်းဆရာတော်အား လျှောက်ရာ “ငါမတတ်နိုင်၊ သာသနာပိုင်ထံ သွား” ဟု ညွှန်၏။
သာသနာပိုင်ကလည်း “ငါက သာသနာကိုသာပိုင်တာ၊ ထွဋ်ခေါင်ကို မပိုင်ဘူး” ဟု
အမိန့်ရှိလိုက်သော ဟူ၏။ မြို့ဝန် ဦးရိုးကား ထွဋ်ခေါင်ဆရာတော်၏ တပည့်ဖြစ်သတတ်။

တစ်ခါကသော် ရာဇဝတ်ပြစ်မှု မံကင်းသူများသည် အေးမြသော ဆရာတော်၏
မေတ္တာရိပ်၌ လာရောက်ခိုလှုံနေကြရာ သံတော်ဆင့်မင်းကိုယ်တိုင် လိုက်၍ဖမ်းစဉ် ရဟန်းငယ်
များနှင့် အလုအယက် ဖြစ်သွားသည်။ ရဟန်းငယ်များက သံတော်ဆင့်မင်းအား ပါးနား
ရိုက်ပုတ်လိုက်ကြသဖြင့် သံတော်ဆင့်မင်းက ဘုရင်အား ပြန်လည် သံတော်ဦးတင်ရာ-

"

“မောင်မင်း၊ သူတော်ကောင်းတွေ ကြောက်ရှာလွန်းလို့ တောထဲမှာ ပုန်းအောင်း
နေပါသည်ကို မောင်မင်းသွားပြစ်မှားသကိုး၊ ကန်တော့ချေပါ” နှစ်သိမ့် စကား မိန့်ကြား၍
ကန်တော့ခိုင်းဖူးသည်။ ခံရသူကိုပင် ထပ်၍ အရှုံးပေးသကဲ့သို့ လည်းကောင်း၊ ရဟန်းများကို
“ဘ,စား” ပေးလွန်းသည်ဟု လည်းကောင်း ထင်ဖွယ်ရှိ၏။ မဟုတ်ချေ။ ဘုရားသားတော်များအား
လက်အုပ်ချီ၍ အနုနည်းဖြင့် ဆုံးမလိုက်ခြင်း ဖြစ်ပေ၏။

ထိုခေတ်တွင် ရာဇဝတ်မှု မျိုးစုံဖြင့် ဒုက္ခရောက်သူများကို ဆရာတော် ကယ်တင်နုတ်ယူ၍
အသက်ဘေး ချမ်းသာရာ ရခဲ့သူများ များလှစွာ၏။ “နောင် ဤသို့ မလုပ်ရန်’ တရားဖြင့်


## PAGE 225

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၆၉

ဆုံးမ၍လည်းကောင်း၊ စာပေကျမ်းဂန် ကျက်ခိုင်းသင့်သူအား အကျက်ခိုင်း၍ လည်းကောင်း၊
တရားဘာဝနာ ပွားသင့်သူအား ပွားစေ၍ လည်းကောင်း ဒုစရိုက်သမား လူကြမ်းများကိုလည်း
တရားသဖြင့် ယဉ်ကျေးစေတော်မူ၏။

ဆရာတော် မင်းရေး မင်းခွင့်သာမှန်းသိ၍ အရှိန်အဝါကို အကာအကွယ်ယူကာ
အခွင့်အရေး အလွဲသုံးစား လုပ်လိုသူများလည်း ရှိခဲ့နိုင်ရာ၏။ ဘုရားရှင် လက်ထက်တော်က
လည်း လောက ဥပဒေကို ချိုးဖောက်သူများ၊ စစ်မှုထမ်းဘဝ ငြီးငွေ့၍ ထွက်ပြေးလာသူများ၊
မကျန်းမာသော်လည်း ငွေကြေး အကုန်အကျ မခံနိုင်သဖြင့် ဆရာဇီဝကထံ ဆေးကုသခံလို၍
အခွင့်အရေးယူကာ သာသနာရိပ် ခိုလှာသူများ ရှိခဲ့လေသည်။ ဤကား လူသားတို့၏
သဘာဝပင်တည်း။

ရာဇဥပါယ် တုယူဖွယ်

မင်းတုန်းမင်းကြီးသည် ပင်ကိုကလည်း သာသနာတော်၌ သဒ္ဓါသူပီပီ ဆရာတော်၏
သီလ, သမာဓိ, ပညာကိုလည်း လေးစားရမှန်း သိမြင်တော်မူသည့် အလျောက် ရဟန်း
သံဃာ သာသနာတော်အား များစွာ လိုက်လျော ချီးမြှောက်တော်မူသည်မှာ အထူးဆိုဖွယ်ရာ
မရှိ။ သို့ရာတွင် ရာဇဝတ်သားများနှင့် စပ်၍ ထွဋ်ခေါင်ဆရာတော် ကယ်တင် နုတ်ယူသည့်
ကိစ္စမျိုး၌ ဆရာရောဒကာပါ ပျော့ညံ့လွန်း၍ ရာဇရေး၊ ဓမ္မရေး (ဝါ) နိုင်ငံရေးနှင့် ဘာသာရေး
ရောထွေးသည်ဟု တစ်ဖက်သတ် ဝေဖန်ကောင်း ဝေဖန်စရာ ရှိပေ၏။ သို့ရာတွင် အပြစ်
မဆိုသာချေ။

တိုင်းပြည်အုပ်ချုပ်သော မင်းတို ့မည်သည် မည်သူ တစ်ဦးတစ်ယောက်မျှ အပြစ်
ဒဏ်ကြောင့် ဆုံးရှုံးနစ်နာစေလိုခြင်း မရှိရိုးအမှန်။ မတရားမှု ပွားစီးမည်ကိုလည်း မကြိုက်။
မိမိ၏ သြဇာအာဏာ တည်ခြင်းကိုသာ လိုလားကြသည်။ တစ်စုံတစ်ခု ပြစ်မှုကျူးလွန်
စေကာမူ အပြစ်မပေးလိုကြ။ မပေး၍လည်း မဖြစ်။

.

အထူးသဖြင့် ရံခါ မိမိအကျိုးကို သယ်ဆောင်သူ၊ ချစ်ကျွမ်းဝင်သူများ ကိုယ်တိုင်က
မည်သို ့မျှ ခွင့်မလွှတ်နိုင်သော ပြစ်မှုကို ကျူးလွန်လာသောအခါ ပို၍ ခက်၏။ လွှတ်၍လည်း
မဖြစ်။ အပြစ်လည်း မပေးရက်။ မိမိပြုထားသော အများဆိုင် ဥပဒေကို ပြင်ရ ဖျက်ရမည်
ဆိုပြန်ပါကလည်း “ထွေးပြီး တံတွေးကို ပြန်မျိုး’ သကဲ့သို့ ဖြစ်၍ ရာဇိန္ဒြေ ပျက်မည်ကို
ရှက်စနိုးတော် - မူကြရ၏။ ထိုအခါ “ပျားလည်းစွဲသာ၊ ရှဉ့်လည်း လျှောက်သာ' သော
ပရိယာယ်ကို အသုံးပြုလေ့ရှိကြ၏။ ယင်းကိုပင်လျှင် “ရာဇဥပါယ်” ဟု ခေါ်သည်။ မင်း
လုပ်သူတို့ တတ်ကို တတ်ရမည့် ပညာတစ်ရပ်ပင်တည်း။ ရှေးမင်း အဆက်ဆက်တို့လည်း
လုပ်ခဲ့ပြီး ယခုလည်း လုပ်ဆဲ။ နောင်လည်း ဤနည်းကိုပင် အသုံးပြုကြရပေဦးမည်။

ဆိုပါအံ့.....ဘုရင့်နောင် လက်ထက်က ဖြစ်သည်။ ဘုရင့်နောင်သည် စစ်သည်ဗိုလ်ပါ
အလုံးအရင်းနှင့် ဇင်းမယ်သို့ စစ်ချီသွားရာ မြို့စောင့်မရှိသဖြင့် ရှိသမျှ “ရကစု”.ရှမ်း မွန်


:
