## PAGE 226


၁၇၀

ဓမ္မာစရိယ ဦးဌေးလှိုင်

စသော နယ်စွန်နယ်ဖျား “သို့ရ’ လူများကို အရေးပေါ်. စုစည်း၍ မြို့စောင့်တပ် ဖွဲ့စည်းကာ
အစောင့်ထားဖူးသည်။ ဘုရင့်နောင်ပြန်မလာမီ မြို့စောင့်တပ်သည် မင်းစည်းစိမ် ခုနစ်ရက်ရ၍
ကောင်းမှန်းသိသဖြင့် လက်မလွှတ်ချင်၊ ဘုရင်စိတ် ပေါက်လာကြရာ ကျေးဇူးရှင် ဘုရင့်နောင်
ကိုပင် ပြန်၍တော်လှန်ကြသည်။ နောက် အင်အားမမျှသဖြင့် အရေးနိမ့်ကာ မြို့စောင့်
တပ်ခေါင်းဆောင် အရေးပေါ်ဗိုလ်မှူးများနှင့် နောက်လိုက်ငယ်သား အားလုံးအား တဲကြီးထိုး၍
လှောင်သွင်းထားပြီး မီးရှို့သတ်ရန် စီစဉ်သည်။ တပ်သားများမှာ ခြင်းထဲက ကြက်ကဲ့သို့
ထွက်ပေါက်မရ။ နောင်တကြီးစွာ ကြောက်လန့် ငိုယိုကြကုန်၏ ။ ဘုရင်ကလည်း ထိုအတိုင်းပင်
လှန်ထားသည်။ မီးရှို့၍ သတ်မည်ရှိသောအခါ ဆရာတော်များအား ဘုရင်ကိုယ်တိုင်ကပင်
တစ်ဖက်လှည့် မေတ္တာရပ်စေ၍ အသက်ဘေး အလှူခံ စေခဲ့ဖူး၏။ (ခေါင်းဆောင်များသာ
ကွပ်မျက်ခံရသည်။) သာသနာတော်လည်း ဂုဏ်တက်၍ သုံးဦးသား သားရွှေအိုး ထမ်းသော
ရာဇဥပါယ်ပေတည်း။

ယခုအခါတွင်လည်း အခါကြီး နေ့ကြီးများကို ရည်ညွှန်း၍ အပြစ်မှ ပလှပ်ခြင်း
ရက်လျှော့ခြင်းများ ပြုလုပ်နေကြရသည် မဟုတ်လော။ လုပ်သင့်သည်ကို လုပ်ခြင်းပေတည်း။

´ ဂျာမန်ဆရာဝန်ကြီး မာဘိ

ထွဋ်ခေါင် ဆရာတော်၏ ဘာဝနာတရားကို စဉ်းစားတွေးကြံ လက်ခံ နှစ်သက်သူများတွင်
မြန်မာများသာမက ထိုခေတ်က ရှိသော ဥရောပတိုက်သားများလည်း ပါဝင်၏။ ထိုအထဲတွင်
ဂျာမဏီလူမျိုး ဆရာဝန်ကြီး မာဘိကား ရှေ့တန်းမှ ပါဝင်၏။ မင်းတုန်းမင်းကြီး
လက်ထက် တွင် သူအိုသူနာရုံ (ဆေးရုံ) များ ဆောက်လုပ်ကာ လခကြေးငွေများထုတ်ပေး၍
ကျန်းမာရေး ကို အားပေးခဲ့သည်။ ဆရာဝန် မာဘိကား ဘုရင့်ရိက္ခာတော်ရ သမားတော်ကြီး
ဖြစ်သည်။ သူ့အကြောင်း ၁၂၃၈-ခုနှစ် တပိုတွဲလဆန်း ၇-ရက် စနေနေ့ (၂၀၊ ၁၊ ၁၈၇၇)
ထုတ် ရန်ကုန်မှ “လောကီသုတပညာ' သတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“ဇာမနီတိုင်းသား မာဗိသခင်သည် ရှေးအထက်ကျော်ကာလ ရန်ကုန်မြို့ တွင်
သစ်တောဝန်အရာနှင့် အင်္ဂလိပ် အစိုးရမင်းများ၏ အမှုတော်ကို ကောင်းမွန်စွာ
ထမ်းရွက်ပြီးနောက် မန္တ လေးမြို့ သို့ ဆန်၍ မြန်မာရွှေနန်းရှင် ဘုရင်မင်းမြတ်၏
သစ္စာတော်ရေကို သောက်၍ အင်္ဂလိပ်အဝတ်အစားကို ပယ်ပြီးလျှင် မြန်မာတို့
အဝတ်အစားကို ဝတ်ဆင်လျက် ရှေးဦးအစ သစ်တောဝန်အရာနှင့် ထမ်းနေစဉ်
၁၂၃၈-ခုနှစ်အတွင်း အနိစ္စရောက်၍ ၎င်း၏ နေအိမ်ဝင်းအတွင်း၌ပင် မြန်မာ
ဘုန်းတော်ကြီးများကို ပင့်၍ ဖုတ်ကြည်း သင်္ဂြိုဟ်ကြောင်း။”

စင်စစ် ဆရာဝန်ကြီးမာဘိကား ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းကာ
ဥပါသကာ ဖြစ်ရုံမျှမက ဓမ္မိကချောင်၌ပင် ကျောင်းတစ်ဆောင် ဆောက်လှူ၍ ကျောင်းဒကာ
အဖြစ်သို့ပင် ရောက်ခဲ့သူဖြစ်၏။


## PAGE 227

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၇၁

ဘုန်းကံကြီးများ လာဘ်ပေါများ

ဆရာတော်သည် ငယ်စဉ်ကစ၍ ဘုန်းကံကြီးမား လာဘ်ပေါများသူ ဖြစ်သည်။
အထူးသဖြင့် မန္တ လေးခေတ်တွင် သူမတူအောင် ဘုန်းကံကြီးမား လာဘ်များကြောင်း သိမီခဲ့
သူ မန္တလေးအနောက်ပြင် ငါးဆူဆရာတော်ဘုရားကြီးက ပြောကြားဖူးသတတ်။

ဆရာတော်ထံ၌ဦးရွှေရင်းခေါ် ကပ္ပိယ : ဒကာတစ်ဦးလည်းရှိသည်။ သုံကား.
`ဆရာတော်နှင့်အတူ နန်းတော်သို့ရောက်၍ အတွင်းတော်က ဝင်စေထွက်စေ အခွင့်ရထားသူ
ဖြစ်၏။ “ဟဲ့-ဒီကျေးတောသား လူရိုင်းကြီးဟာ ရွှေနန်းတော်ကို မမြင်ဖူးရှာပါဘူးဟယ်၊
ဝင်ပါထွက်ပါစေ” ဟု ဆရာတော်က ချီးမြှောက်၍ အနောက်ဆောင်သော မြောက်ဆောင်သော
တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရထား၏။ အခါတစ်ပါး ဆရာတော်က နေဝင်ခါနီးမှ-
“ဟဲ့-ရွှေရင်း၊ ငါ နက်ဖြန်နံနက် သံဃာအပါး သုံးရာကို သပိတ်စုံ အိတ်စို့ အုန်း
ငှက်ပျောအစုံနဲ ့ဆွမ်းလောင်းလှူချင်သကွယ့်၊ ဖြစ်ပါ့မလား” ဟု မေးတော်မူရာ ညကြီးမင်းကြီး
စီစဉ်ရန် ခက်မှန်း သိသော်လည်း အလိုတော် ပြည့်စေရန် ပါရမီ ဖြည့်သောအားဖြင့် “မှန်ပါ၊
ဖြစ်နိုင်ပါသဖရား” ဟု လျှောက်ရသည်။ ဦးရွှေရင်းသည် ချက်ချင်း စီစဉ်ကာ ဓမ္မိကချောင်မှ
ထွက်၍ ခိုတောင်ကုတို ့ဆိပ် လှေတော်များကို ဆရာတော် အမိန့် ဖြင့် ဆင့်ဆို စီးနင်း၍
ရွှေမြို့ တော်အတွင်းသို့ သွားရ၏။ မြို့တော်တွင်း အိမ်တစ်အိမ်သို့ ရောက်သွားရာ စာရေး
တော်ကြီးအိမ် ဖြစ်နေသည်။ စာရေးတော်ကြီးက အကျိုးအကြောင်း မေးမြန်း၍ ပြောဆိုသောအခါ
စာရေးတော်ကြီးမှာ ဝမ်းသာအားရ ဖြစ်ကာ

·,

“ကောင်းပါပြီ၊ သူများကို အသိမပေးပါနှင့်၊ ကျွန်တော်ပဲ ကုသိုလ်ယူပါရစေ၊ သံဃာ
အပါး သုံးရာမက ငါးရာပင်´ လောင်းလှူပါမည်” ဟု ပြောဆိုလေသည်။ ချက်ချင်းစီစဉ်
လူသူစုဆောင်း၍ စစ်ကိုင်းသို့ ကူးကြရာ ညဉ့်သန်းခေါင်ကျော်မှ ရောက်ကြ၏။ ရောက်လျှင်
ရောက်ချင်း ချက်ပြုတ်၍ နံနက်တွင် သံဃာအပါး ငါးရာပင် လောင်းလှူနိုင်ကြသည်။

ဆရာတော်မှာ ဆွမ်းလောင်းလှူရာ၌ ကိုယ်တော်တိုင် ကြပ်မတ်၍ အနီးမှ ကြည်ညို
ဝမ်းမြောက်စွာ ကြည့်ရှုတော်မူ၏။ ရှင်သာမဏေ ငယ်ကလေးများ အလှည့်ရောက်လျှင်
“ထည့်ပါဦးဟဲ့” ဟု ဆိုကာ မဆန် ့မပြဲ လောင်းလှူစေသည်။

စာရေးတော်ကြီးလည်း တိုနေ့အတွက် ညီလာခံ မဝင်နိုင်ဘဲရှိရာ နောက်တစ်နေ ့တွင်
မဇ်းတရားကြီးက အကျိုးအကြောင်း မေးမြန်းသဖြင့် အကြောင်းစုံ သံတော်ဦးတင်ရာ-

“မောင်မင်း ကံကောင်းလိုက်ပါဘိ၊ ငါကိုယ်တော်မြတ်ထံ.ဆရာတော်က အလှူမခံဘူး
ကွယ့်၊ မောင်မင်း တယ်ကံကောင်းပါပေတယ်။ အိမ်း....ငါကိုယ်တော်မြတ်ကလဲ သံဃာအပါး
သုံးရာအတွက် ကုသိုလ်တော် ပါဝင်ပါရစေကွယ်” ဟု မိန့်တော်မူကာ ငွေတော်သုံးရာ ဆုချ
လိုက်သတတ်။

"

ပုညဝန္တာနံ ဒေဝတာ ပရိပါစေန္တိ=ဘုန်းကံရှိသူတို့အတွက် နတ်တို့သည် အစာကို
ကျက်စေကြကုန်၏” (သမ္မော အဋ္ဌကထာ) ဟု လာသည့်အတိုင်း သံဃာငါးရာအတွက်


## PAGE 228


1

၁၇၂

ဓမ္မာစရိယ ဦးဌေးလှိုင်

သပိတ်စုံ အုန်းငှက်ပျောစုံဖြင့် ချက်ချင်းဖြစ်ပေါ်လာသော ဆွမ်းသည် သာမန် သီလ၊ သာမန်
လူတို့ အစွမ်းမျှလောက်နှင့် ဖြစ်သည်ဟုကား မထင်မှတ်ဝံ့ပါချေ။

ထို့ကြောင့် “ရှင်ရှင်လူလူ ပစ္စည်းလေးပါး ပေါများလိုသော သူသည် သီလကိုသာ
ကြိုးစားဖြည့်” ဟု “မဇ္ဈိမ-အာကင်္ခေယျသုတ်နှင့် ဣတိဝုတ်-သုခပတ္ထနာသုတ်' တို့၌
တိုက်ရိုက်ကြီး ဟောတော်မူခဲ့ပြီ။

ဆရာတော် ဘုရားကြီးသည် သက်ရွယ်တော် ကြီးရင့်သောအခါ ပတ္တပိုဏ်, ဧကာသနိက်
ခုတင်ကိုဖျက်၍ တစ်နေ့လျှင် ဆွမ်းသုံးကြိမ် ဘုဉ်းပေးတော်မူ၏။ နံနက် အရုဏ်ဆွမ်းကို
ဟင်းခွက် ငါးဆယ်ဖြင့် ဘုဉ်းပေးတော်မူသည်။ နံနက်ဆွမ်းပြီးလျှင် ခေတ္တခဏ စောင့်ငုံ၍
ဆွမ်းခံကြွသည်။ မန္တ လေး၊ အမ ပူရ၊ စစ်ကိုင်း၊ အင်းဝ စသည်တို့မှ ဆွမ်းလောင်းလှူသူများသည်
ဆရာတော်မကြွမီကတည်းက အုတ်စရပ်ကြီး၌ အသင့်စောင့်လင့်နေကြမြဲ ဖြစ်၏။ ဆရာတော်
သည် ဆွမ်းခံပြီးလျှင် ထိုအုတ်ဖရပ်ကြီး၌ပင် တစ်ကြိမ် ဘုဉ်းပေးတော်မူရပြန်၏။ ထို့နောက်
ကျောင်းသို့ ရောက်သောအခါ တစ်ကြိမ် ဘုဉ်းပေးတော်မူရသည်။ ဒကာ ဒကာမတို့၏
သဒ္ဓါတရားကို ငဲ့ရဟန် တူလေသည်။

သူတော်ကောင်းကြီးများအဖို့ ဤသို့ လာဘ်လာဘများ လိုအပ်သည်ထက် များပြား
ပိုလျှံသော အခါများ ရှိသကဲ့သို့ လုံးဝ မဘုဉ်းပေးရသော ရက်များလည်း ရှိတတ်ပေသည်။
မည်သည့်အရာမဆို လိုအပ်သည်ထက် များပြားနေလျှင်လည်း အနှောင့်အယှက် တစ်ခုပင်
ဖြစ်ပေ၏။ ရဟန်းကိစ္စ ပြီးသူတို့၌ မထောင်းတာ လှသော်လည်း ကျင့်ကြံဆဲ ပုဂ္ဂိုလ်တို့၌
“ဘုန်း” တွင် မျောပါမသွားရန် သတိပြုကြရလေသည်။

ဤသို့သော အာဟုနေယျ၊ ပါဟုနေယျဂုဏ်တို့ကို ကြည့်၍လည်း ထွဋ်ခေါင်
ဆရာတော်ဘုရားကြီး၏ သီလသမာဓိ ပညာကို ခန့် မှန်းကြရာ၏။ တစ်စုံ တစ်ခုသော ဒိဋ္ဌ
ဓမ္မ သုခဝိဟာရ (လက်တွေ့ ချမ်းသာစွာ နေနိုင်ခြင်း) မရှိလျှင်လည်း နှစ်ပေါင်းသုံးဆယ်ခန့်
တစ်ကိုယ်တော်တည်း တောကြီးမျက်မည်း၌ ဆင်းရဲပေါင်း များစွာကို တမင်အောင့်အည်း
သည်းခံရန် လွယ်ကူလှမည် မဟုတ်ပါချေ။

လာဘ်လာဘ များပြားသည့် အရွယ်၌ အတိုင်းမသိ များပြားခြင်း၊ ခေါင်းပါးသည့်အချိန်၌
ဖြစ်သလို စားသောက် နေထိုင်ရခြင်း ဟူသော အစွန်းနှစ်ဖက်လုံး၌ ချိန်ချက်ကျကာ မဇ္ဈိမ
ပဋိပဒါ ‘တာဒိဂုဏ်” နှင့်လျော်စွာ ဘဝတစ်သက်တာကို လွန်စေနိုင်သည်မှာလည်း အရိယာ
သူတော်ကောင်းကြီးတို့၏ အလေ့ပင် ဖြစ်ပါ၏။

ယင်းသို့လျှင် နှစ်ပေါင်းများစွာ မိမိကိုယ်ကို ဦးစွာအနွံတာခံ၍ သတ္တဝါအများ၏
အကျိုးကိုသည်ပိုးရာ၌ အတိုင်းမသိ အင်အားကြီးမားလှသော ပဋိပတ်လုပ်ငန်းဖြင့် အမျိုးဘာသာ
သာသနာ ပြုတော်မူခဲ့သော ထွဋ်ခေါင် ဆရာတော်ဘုရားကြီးသည် ၁၂၄၂-ခုနှစ် ပထမဝါဆို
လဆန်း ၁-ရက် နေ့ နံနက် မြန်မာနာရီ ၁-ချက်တီးအချိန်၊ သက်တော် ၈၁၊ သိက္ခာ ၆၁-
ဓမ္မိကချောင်ရှိ ဂျာမနီ ဆရာဝန်ကြီး မာဘိ၏ ကျောင်း၌ပင် စုတိကမ္မဇရုပ် ချုပ်ငြိမ်း
လေ၏။

