## PAGE 229


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၇၃

ပျံလွန်တော်မူပြီး မကြာမီ ထိုကျောင်းလည်း မီးခပျက်စီးလေ၏။ အရိုးဓာတ် စေတီ
ကိုမူ ဓမ္မိကချောင်၏ အရှေ့ တာလေးရာ အကွာ မြေညီရာ၌ တည်ထားကိုးကွယ်ကြသည်။
ဓမ္မိကချောင်၌ ဆရာတော် သီတင်းသုံးသွားသော ဂူနှင့် “ဆရာတော်နှင့် တူလှသည်' ဟု
သိမီသူတို့ အံ့သြရသော သစ်သားပုံတူ ရုပ်တုတော်ကိုလည်း ဖူးမြော်နိုင်ကြသည်။

[ဆရာတော်ဘုရားကြီးအကြောင်း ဤမျှလောက် အချက်အလက် ရသည်မှာ (၁၃၀၁-
ခုနှစ် မန္တလေး လှခင် အင်ဆန်းပုံနှိပ်တိုက်မှ ဒုတိယအကြိမ် ရိုက်နှိပ်သော) ‘ထွဋ်ခေါင်
ဆရာတော်ဘုရားကြီး အကြောင်း' ဟု စုဆောင်းရေးသားတော် မူခဲ့သော စစ်ကိုင်းတောင်
ရွှေဟင်္သာဆရာတော်ဘုရားကြီး (ဦးပဏ္ဍိတ) ၏ ကျေးဇူးတော်ပင် ဖြစ်ပါကြောင်း။]

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏
ကမ္မဋ္ဌာန်းသံပေါက လင်္ကာများ

၁။ သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
၂။ အတည်ကျကျ၊ ဘယ်ဘဝ၊ ရကြမရှိပြီ။
၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
၄။ သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
၅။ လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိလှလေပြီ။
၆။ ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ။
၇။ ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။
မခွဲနိုင်ကြ၊ လူ ဗာလ၊ မိုက်စသိမ်းသင့်ပြီ။
၉။ ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလှပြီး၊
၁၀။ များအသင်္ချေ၊ ရှင်စောထွေ၊ ရှောင်သွေလွဲခဲ့ပြီ။
၁၁။ တစ်ဆူမသင့်၊ တစ်ဆူသင့်၊ ဖူးခွင့်တွေ့ ထိုက်ပြီး
၁၂။ မတော်မတရား၊ ကျင့်ဖောက်ပြား၊ မိုက်အားကြီးလှပြီ။
၁၃။ အလိုမလိုက်၊ သည်အမိုက်၊ ပယ်ထိုက်သင့်လှပြီ။
၁၄။ မပယ်မချိုး၊ ဆင်ကန်းတိုး၊ ဟုတ်နိုးထင်လှပြီ၊
၁၅။ ဟုတ်နိုးသမှု၊ ထင်တိုင်းပြု၊ ယခုတိုင်ခဲ့ပြီ။
၁၆။ တရားလက်လွတ်၊ ငှက်တောင်ကျွတ်၊ ဝဋ်နှင့်မကင်းပြီ။
၁၇။ မနုဿတ္တ၊ ဒုလ္လဘ၊ မရများလေပြီး၊
၁၈။ အရတော်စွ၊ သည်ဘဝ၊ လှလှကျင့်ထိုက်ပြီ။
၁၉။ ကြုံကြိုက်တော်စွာ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။
၂၀။ သတိရရ၊ မြတ်ပုည၊ ပြုရကောင်းသင့်ပြီ။

%1

၂၁။ တစ်နေ့တစ်နေ့၊ နက်ဖြန်ရွေ့၊ မမေ့ကောင်းသင့်ပြီး
၂၂။ ငါ့ကိုယ်ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။


## PAGE 230

၁၇၄


၂၃။ ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
၂၄။ ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာ မှတ်သင့်ပြီ။
၂၅။ သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီး
၂၆။ နှင်ဖြင့်နင့်ကိုယ်၊ ဆုံးမဆို၊ နင့်ကိုယ်အမှုသည်။
၂၇။ နင်မဆုံးမ၊ နင့်တာပ၊ ဘယ်ကခံလိမ့်မည်။
၂၈။ နှလုံးဖုံဖုံ၊ ထုံတုံတုံ၊ နင့်ပုံကြော့ကြမ်းသည်။
၂၉။ နင်နှင့်နင်ကံ၊ စီရင်ဖန်၊ အမှန်ဖြစ်တော့သည်။
၃ဝ။ ယခုနှင့်ကိုယ်၊ နင့်အလို၊ ဘယ်ကိုပြည့်စုံသည်။
၃၁။ နင့်ကိုယ်နင်နှစ်၊ နင့်အပြစ်၊ နင်ဖြစ်ခံရမည်း
၃၂။ နင့်ကိုနှင့်အား၊ နင်မသနား၊ နင်မှားရှာတော့သည်။
၃၃။ ဒါနသီလာ၊ ဘာဝနာ၊ နင်သာပြုသင့်သည်။
၃၄။ ဇာတိဇရာ၊ မရဏာ၊ မကြာနင်တွေ့မည်။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်

၃၅။ မျက်တောင်တစ်ယှက်၊ လျှပ်တစ်ပြက်၊ နှင့်သက်သေလိမ့်မည်။
၃၆။ ဘယ်နှစ်ဘယ်လ၊ ရောက်ခါမှ၊ ကာလမရွေးပြီ။
၃၇။ ကြီးငယ်မဟူ၊ ကိုယ့်ရွယ်တူ၊ ခုမူသေလှပြီ။
၃၈။ အမှန်သေရိုး၊ ထိုလူမျိုး။ ကြောက်စိုးရွံ့သင့်ပြီး
၃၉။ မသွင်းနှလုံး၊ အထင်ရှုံး၊ ပျက်ပြုန်းလှလေပြီ။r
၄၀။ ခန္ဓာကြွေလျော်၊ ရှိပြန်သော်၊ ပူဇော်ကောင်းလှပြီ။
၄၁။ သွားကျိုးဆံဖြူ၊ ရှိပါမူ၊ ဘယ်သူမကြောက်ပြီ။
၄၂။ ဤသည့်မယား၊ ဤသည့်သား၊ မီးပွားမှန်တော့သည်။
၄၃။ ဇယဝယ၊ ဘိဇ္ဇန၊ ပျက်ကြလှလေပြီ။
၄၄။ အပ္ပိယေဟိ၊ ပိယေဟိ၊ ဒုက္ခိကြုံလေပြီး၊

၄၅။ ဒုက္ခအထွေထွေ၊ တပေပေ၊ ခံနေရလေပြီ။

၄၆။ နိဗ္ဗာန်သာခေါင်၊ ဘေးမဲ့သောင်၊ ရောက်အောင်ပြုသင့်ပြီ။
၄၇။ မပြုပါဘဲ၊ နင်ရှောင်လွဲ၊ နင်ပဲမိုက်လှသည်။
၄၈။ ယုတ္တိယုတ္တာ၊ နင်ဆင်ကာ၊ ဟန့်သာရှင်များသည်။
၄၉။ ဘုရားသွားသွား၊ ကျောင်းသွားသွား၊ စိတ်ထားနင်မကြည်။
၅၀။ ဒါနသီလာ၊ နင်ပြုခါ၊ စေတနာဇောမကြည်။
၅၁။ သို့ပင်ပြုလို၊ နှင့်ကုသိုလ်၊ ဘယ်ကိုသွားလိမ့်မည်။
၅၂။ လောကုတ္တရာ၊ မြိုက်သြဇာ၊ နင်သာဝေးလှသည်။
၅၃။ ဇောစိတ်သန်သန်၊ ကုသိုလ်မှန်၊ နင်ကြံပြုရမည်။
၅၄။ သို့ပြုမှသာ၊ သည်ခေမာ၊ နင်သာနီးရမည်။
၅၅။ ဤသို့စုံစေ့၊ ပြန်လှန်၍၊ စေ့စေ့နှလုံးတည်။


## PAGE 231


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

'

၅၆။ အနမတဂ္ဂ၊ သံသာရ၊ ကြာလှလေကုန်ပြီ။
၅၇။ ဂင်္ဂါဝါဠု၊ ပမာပြု၊ သဲစု မကပြီ။

၅၈။ တဏှာ၏နောက်၊ တကောက်ကောက်၊ လိုက်ထောက်မသင့်ပြီ။
၅၉။ တဏှာမြစ်မ၊ ပင်လယ်ဝ၊ နစ်ကြလေကုန်ပြီ။

၆ဝ။ တဏှာလည်းပွား၊ ဒုက္ခများ၊ သွား၍မဆုံးပြီ။

၆၁။ တဏှာပို့တင်၊ ပါယ်လေးခွင်၊ လျင်စွာရောက်လေပြီ။
၆၂။. သေမင်းနိုင်ငံ၊ အဖန်ဖန်၊ လိုက်ပြန်ရလေပြီ။
၆၃။ ဝေဘူတောင်မျှ၊ ပမာပြ၊ အရိုးမကပြီ။
၆၄။ နှစ်တုံပေါ်တုံ၊ သုံးပါးဘုံ၊ ကြုံပြန်ရလေပြီ။
၆၅။ ချမ်းသာမရွေ့၊ ဆင်းရဲတွေ့ ၊ငြီးငွေ့သင့်လှပြီး၊
၆၆။ အဓိ-နွံ၊သည်မောဟ၊ ညှဉ်းဆဲလှပေပြီ။
၆၇။ မှီဝရဏ၊ဘိားကြ၊ လမ်းစ မဆုံးပြီ။
၆၈။ ။ ၄ ငါးပါး၊ ဆုံလည်နွား၊ သွား၍မဆုံးပြီ။
၆၉r ဘဝတိုင်းသေ၊ သင်္ချိုင်းမြေ၊ ပွားစေလှလေပြီ။
၇၀။ လမ်းကောက်လည်းသွား၊ လူအများ၊ အမှားကြိုက်ခဲ့ပြီ။
၇၁။ လမ်းကြောင်းမမှန်၊ မြတ်နိဗ္ဗာန်၊ ဧကန်လွဲခဲ့ပြီ။
၇၂။ ဘဝမဆုံး၊ ဒုက္ခတုံး၊ လုံးလုံး ခံရပြီ။
၇၃။ လောကမျက်ရှု၊ သဗ္ဗညု၊ ယခုရှိရဲ့ မင်း
၇၄။ ဘုရားဖြစ်ခါ၊ သာသနာ၊ ရောင်ဝါတဝင်းဝင်း။
၇၅။ မနုဿတ္တ၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
၇၆။ ဗြဟ္မာ့ပြည်က၊ အပ်ကိုချ၊ မြေကအမ်တစ်စင်း။
၇၇။ အပ်သွားချင်းသာ၊ ထိဖွယ်ရာ၊ ပမာမှတ်ကြမင်း၊
၇၈။ နိယျာနိက၊ မြတ်ဓမ္မ၊ ကြားရခဲ၏မင်း။
၇၉။ သဒ္ဓါဗလဝ၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
၈၀။ အရတော်ခိုက်၊ လူတစ်ဝိုက်၊ ခဲလိုက်ကြကုန်မင်း။
၈၁။ ကိုယ့်ဖို ့မရ၊ သည်နောင်ဗာ၊ ဖြစ်တတ်ကြ၏မင်း။
၈၂။ ဤသို့ဘဝ၊ ဖြစ်သမျှ၊ ရမည်ခံ၏မင်း၊
၈၃။ ထူးမြတ်စွာလှ၊ လူ ့ဘဝ၊ နှမြောကြကုန်မင်း
၈၄။ မြတ်သည်ကိုမှ၊ မသိကြ၊ ဗာလနှလုံးသွင်း။
၈၅။ ဗာလဖြစ်က၊ လူ့ပါပ၊ ကြာကြကုန်ပြီမင်း။
၈၆။ လူဖြစ်ကျိုးမှ၊ မခံရ၊ ရှုံးလှချေ၏မင်း။
၈၇။ ဘဝတိုင်းရှုံး၊ လူ့ကျောက်တုံး၊ စုန်းစုန်းမြုပ်၏မင်း။
၈၈။ စုန်းစုန်းမြုပ်ခါ၊ မပေါ်လှာ၊ ကြမ္မာမှောက်၏မင်း။


၁၇၅
