## PAGE 232

၁၇၆


"

ဓမ္မာစရိယ ဦးဌေးလှိုင်

၈၉။ နိဗ္ဗာန်လမ်းစ၊ ဤသို့ပြ၊ မှတ်ကြနှလုံးသွင်း၊
၉၀။ ကလျာဏမိတ္တ၊ ပဏ္ဍိတ၊ ပေါင်းဖော်ရ၏မင်း။
၉၁။ ထိုကလျာဏ၊ ဆိုဆုံးမ၊ လိုက်နာရ၏မင်း။
၉၂။ ယောနိသောမန၊ သိကာရ၊ နေ့ညနှလုံးသွင်း။
၉၃။ သီလဓုတင်၊ ဆောက်တည်လျှင်၊ သည်တွင်အစမင်း။

၉၄။ အလောဘ အဒေါသ အမောဟ နိက္ခမ ဝိဝေက နိဿရဏ၊ ဤခြောက်ဝ၊
အလိုရှိကြမင်း။

၉၅။ ရွှေပြည်သနစ်၊ သာသည့်ခေတ်၊ စိစစ်ကြကုန်မင်း။

၉၆။ ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း

၉၇။ အနိစ္စကောင်၊ ဒုက္ခကောင်၊ အနတ္တကောင်၊ အသုဘကောင်၊ ထင်အောင် နှလုံး
သွင်း။

၉၈။ အနိစ္စတုံး၊ ဒုက္ခတုံး၊ အနတ္တတုံး၊ အသုဘတုံး၊ လုံးလုံး နှလုံးသွင်း။
၉၉။ ဤသို့ထင်မှ၊ မင်္ဂလမ်းစ၊ ရမည်မှတ်စင်းစင်း။

၁၀၀။ မဂ္ဂင်ဖောင်ကြီး၊ တက်၍စီးမှ၊ ပြည်ကြီးအမတ၊ နိရောဓ၊ ရမည်မှတ်ကြမင်း၊
၁၀၁။ ယခုဘဝ၊ မသိကြမူ၊ အမတမည်ခေါ်၊ ရွှေပြည်တော်၊ အစော်မနံလျှင်း။

ရဟန္တာ နှစ်ကိုယ်ခွဲနှင့် အိပ်မက်ရ ရဟန္တာ

ရတနာပုံ မန္တ လေးခေတ်၌ ရဟန္တာ ကောလာဟလများ ထူးထူးခြားခြား ထွက်ပေါ်ခဲ့၏။
ပဋိပတ်ဆောင်သော ရဟန်းတော်များလည်း များပြားဟန်ရှိသည်။

ရှေ့ကဖော်ပြခဲ့သော ဈာန်အဘိညာဉ်ရ ကင်းတောရ ဆရာတော်၊ သီးလုံးဆရာတော်
စသော အရိယာ သူတော်ကောင်းကြီးများမှာ ရတနာပုံခေတ်၏ ပဋိပတ်ဝန်ဆောင်ကြီးများ
ဖြစ်ကြ၏။

အဋ္ဌကထာ အလိုသော် အဘိညာဉ်ခေတ် မရှိတော့သယောင် ဖြစ်သော်လည်း
တကယ့်လက်တွေ့တွင် အဘိညာဉ်ရနေကြကြောင်း ယုံမှားဖွယ်မရှိ။ “ကတာဓိကာရ’ ခေါ်
ဆိုင်ရာ ပုဂ္ဂိုလ်၏ ဘဝအဆက်ဆက်က ဆုယူ ဆည်းပူးခဲ့သည်ကို အဘယ်သူသည် တားဆီး
ပိတ်ပင် နိုင်အံ့နည်း။ ပြီးလောက်သော ဝီရိယနှင့် ထူထောင်ဆောင်လျှင် မပြီးနိုင်သော
အရာမရှိ။

ရှင်နာဂသိန်၊ ရှင်မောဂ္ဂလိပုတ္တတိဿ၊ ရှင်အရဟံ၊ ရှင်ဒိဗ္ဗစက်မထေရ်တို့ကဲ့သို့
သာသနာကို အသက်ဆက်နိုင်သည့် သာသနာ့အာဇာနည်များ တစ်ခေတ်တစ်ခေတ်တွင်
ပေါ်ပေါက်လာရမြဲ ဖြစ်၏။ ဗြဟ္မာ့ပြည်က အလှည့်ကျ တာဝန်ယူလှာသကဲ့သို ့ ရှိပေသည်။

ထို့ကြောင့် တရားမှန်ကို ဧကန်ယုံကြည်လျက် ကျင့်ကြံနေသူများ ရှိနေသမျှ ကာလ
ပတ်လုံး ရဟန္တာ ဆိတ်သုဉ်းသောအခါ မရှိနိုင်ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ ဟော


## PAGE 233


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

တော်မူခဲ့ပြီ။

၁၇၇

ထိုမိန့်ခွန်းတော်ဖြင့်ပင် သာသနာသက်တမ်း ၅ဝဝဝ-ဆိုသော စကားသည် အခိုင်အမာ
ထောက်တည်ရာ အာဂမ (ပါဠိတော်) မရှိကြောင်းလည်း ပေါ်လွင်စေခဲ့၏။ ဘိက္ခုနီ ဝိဘင်း
ပါဠိတော်လာ ဥပမာ သုံးနှုန်းသော စကားမှ ကွန့်၍ ထွက်လာသော ၅ဝဝဝ-ဟူသော
ကန့်သတ်ချက်သည်လည်း “အမှားကြာက အမှန်ဖြစ်' ဟူသကဲ့သို့ ကျမ်းဂန်တတ် ပညာ
ရှိကြီးများ နှုတ်ဖျားသို့ပင် တက်လာခဲ့၏။

သာသနာသက်တမ်း ၅ဝဝဝ-ဟူ၍ ကန့်သတ်ချက်မျှ မရှိလျှင် “ပထမ-၁၀၀၀က
ဘာခေတ်' စသည် ပြဆိုသော အဋ္ဌကထာလာ ခေတ်ငါးခေတ် ခွဲတမ်းကြီးမှာလည်း “အရင်း
လဲ အဖျားထင်းဖြစ်ရ' လေတော့၏။ သိကြားသာသနာ ဆိုသော စကားမှာ ပြောဖွယ်ရာ
မရှိတော့။ ထိုစကားများ မခိုင်လုံကြောင်း ရတနာပုံခေတ် အရိယာ ပုဂ္ဂိုလ်ကြီးများက
ကိုယ်နှင့်ရင်း၍ သက်သေထူခဲ့ကြပြီ။

ရတနာပုံခေတ်တွင် ရဟန္တာသတင်းများလည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။
မန္တ လေးမြို့ မြောက်ပြင် သံဃာတစ်ထောင်ရှိ စံကျောင်းတိုက်ကြီး၌ ဆရာတော်ဘုရားကြီးက
“တိုက်ထဲမှာ ရဟန္တာတစ်ပါးရှိသည်” ဟု အိပ်မက် မြင်မက်တော်မူ၏။ ဆရာတော်ကြီးသည်
သံဃာများအားလုံးကို စည်းဝေးခေါ်၍ သင်္ကန်းတစ်စုံစီ လှူပြီး အိမ်မက်အကြောင်း ထုတ်ဖော်
ပြောဆို မေးမြန်းတော်မူ၏။

ထိုအခါ ငါးဝါရ စာချဘုန်းကြီး ဦးနာဂသေနက ရဟန္တာသည် သူပင်ဖြစ်ကြောင်း
လျှောက်ထားရာ စိစစ်မေးမြန်းလေလျှင် မဟုတ်မမှန်ကြောင်း ထင်ရှားသဖြင့် “ပါရာဇိက
ကျပြီ' ဟု ပြစ်ချက်တင်ကာ နှင်တော်မူ၏။ ဦးနာဂသေနကား စစ်ကိုင်းတောင်ရိုး အရည
ဝါသီ ထွဋ်ခေါင်ဆရာတော်ထံ သွားရာ ထွဋ်ခေါင်ဆရာတော်က စိတ်ဖောက်ပြန်၍ ပြောမိကြောင်း
သိရသဖြင့် ဆေးဝါးကုသပေးတော်မူသည်။

ဟု

စံကျောင်းဆရာတော်သည် “မိမိတိုက်က ပါရာဇိကကျ၍ နှင်ထုတ်သူကို လက်ခံရကောင်း
လား” ဟု မကျေနပ်သဖြင့် ထိုအမှုသည် သာသနာပိုင်နှင့်ဘုရင်မင်းမြတ်ထံသို့ပင် ရောက်လေ၏။
ဦးနာဂသေန စိတ်ဖောက်ပြန်သည်ကို သိကြရသောအခါ အားလုံး နှမြောတသကြရသည်။
ဦးနာဂသေနကား စလင်းမင်းသမီးက ရှင်-ရဟန်းဒါယိကာမ အဖြစ်ခံယူ၏။
အရွယ်နှင့် မလိုက်အောင် စာတော်သူပင် ဖြစ်သည်။ စစ်ကိုင်း မန်ကျည်းစဉ် ရွာသားတည်း။
၁၃-နှစ်သားအရွယ် သာမဏေငယ်ဘဝဖြင့် စကုဆရာတော်ကြီးထံ ပရိသတ်အစွန်မှ နေ၍
စာဝါလိုက်ရာ “ဒီမောင်ရင်ကလေးက ခေါင်းကဒက်ချေးနဲ့၊ နှပ်ချေးမှ မစင်သေးဘူး၊ ငါ့
စာဝါများ လိုက်လို ့” ဟု မြည်တွန်ခံရ၏။ စစ်ဆေး မေးမြန်းသောအခါ တစ်နေ့လျှင် ပေစာ
တစ်အင်္ဂါ (၁၂ ရွက်) ရကြောင်း သိရသဖြင့် “ငါ့ကပ္ပိယထံ နေ့စဉ် ဟင်းနှစ်ခွက်လာယူ”ဟု
ချီးမြှောက်တော်မူ၏။ မိဘများလည်း ဆင်းရဲနွမ်းပါးလျက် မောင်းထောင်းစားရသူများ
ဖြစ်ရာ ထိုဝဋ်မှ လွတ်အောင် စောင့်ရှောက်တော်မူ၏။

ထိုခေတ်ကား စာတော်သူများ၏ မိဘများကိုပင် မင်းတိုင်း ၁၂-မှ လွတ်စေ၍


_

## PAGE 234

၁၇၈


ဓမ္မာစရိယ ဦးဌေးလှိုင်

"

ပရိယတ္တိကို ထိထိရောက်ရောက် အားပေးသော ခေတ်ပေတည်း။ နောက် ကိုရင်
နာဂသေနအား စကုဆရာတော်က စံကျောင်းဆရာတော်ထံ အပ်နှံ၏။ ပထမကျော်အောင်၍
ငယ်ငယ်ရွယ်ရွယ်နှင့် စာချအရာ ရလေသည်။ ထိုစိတ်မနှံရောဂါဖြင့်ပင် ဦးနာဂသေန
ပျံလွန်ရရှာ၏။

ရဟန္တာနှစ်ကိုယ်ခွဲ

မင်းတုန်းမင်းကြီးလက်ထက် ပခန်းနယ်၌ အရညဝါသီ တောရမှီသော ဘုန်းတော်ကြီး
တစ်ပါးရှိ၏။ အကျင့်သီလ ဖြူစင်၍ အလိုနည်းခြင်း၊ တစ်တောထွက်ဝင် တရားကျင့်သုံး
ခြင်းတို့ကို ကြားသိရသူများ လွန်စွာ ကြည်ညိုကြ၏။ ဘုန်းတော်ကြီးကား တစ်ရွာလျှင်
သုံးရက်စီ လှည့်လည် ဆွမ်းခံတော်မူလေ့ရှိသည်။

ကာလအတန်ကြာသောအခါ ရွာတစ်ရွာ၌ သုံးရက်စေ့သော်လည်း ဆွမ်းခံမြဲ
ခံတော်မူသဖြင့် ရွာသားတို ့ဝမ်းမြောက်ကြရသည်။ အထူးပင် သဒ္ဓါပေါက်၍ လောင်းလှူကြ၏။
တစ်နေ့သောအခါ တစ်ရွာနှင့်တစ်ရွာ ဒကာများ အချင်းချင်း စကားလက်ဆုံကျရာမှ
ဘုန်းတော်ကြီးသည် သူ့ရွာလဲ ကြွသည်။ ငါ့ရွာလဲ ကြွသည်ဟု တအံ့တသြ ပြောဆိုကြ၏။
သို ့နှင့် ရွာသားတို ့ စုံစမ်းကြသောအခါ ဘုန်းတော်ကြီး နှစ်ကိုယ်ခွဲ၍ ကြွနေကြောင်း
တွေ့ကြရသည်။ ထိုအခါမှစ၍ ‘ရဟန္တာ” ဟု ကျော်ကြားလေတော့သည်။

ဘုန်းတော်ကြီးသည် ထိုအခါမှစ၍ ပခန်းနယ်မှ စစ်ကိုင်းတောင်ရိုး အရိယဝံသကျောင်၌
ရွှေ့ပြောင်း၍ နေ့ညမအား တရားအားထုတ်တော်မူ၏။ “ရဟန္တာပုဂ္ဂိုလ် အရိယဝံသရောင်၌
သီတင်းသုံးနေသည်” ဟူသော သတင်းမှာ မန္တလေး နန်းတော်သို့ပင် ပြန့် ပွားလာပြန်တော့သည်။

ထိုအခါ မင်းတုန်းမင်းကြီးက ရာဇဂုရု ဆရာတော်များအား ` စစ်ကိုင်းဘက်သို့
စေလွှတ်၍ “ရဟန္တာ ဟုတ်မဟုတ်” စစ်မေးစေ၏။ မင်းဆရာများက-

“အရှင်ဘုရား၊ အရှင်ဘုရားကို လူအများက ရဟန္တာဟု.ပြောဆိုနေကြပါသည်။
နှစ်ကိုယ်ခွဲ၍လည်း ဆွမ်းခံကြောင်း မျက်မြင်ဒိဋ္ဌ ရှိသူများကိုယ်တိုင် ပြောဆိုကြသည်ဟု
သိရပါသည်။ တစ်ချိန်တည်း ရွာနှစ်ရွာ ဆွမ်းခံသည်ဆိုသည်မှာ ဟုတ်ပါသလား”/ဟု
မင်းဆရာများက ဆက်၍ မေးလျှောက်ကြရာ ဘုန်တော်ကြီးသည် အတန်ငယ် စဉ်းစားပြီးနောက်
“သည်လိုပဲ ပြောကြပါတယ်။ သို့သော်လဲ အင်း ဒါအနှောင့်အယှက်တစ်မျိုး ပေါ့လေ”
နှုတ်လေးလေးကြီး အမိန့် ရှိလိုက်သည်။ သရဲတစ်ကောင်က ဘုန်းကြီးဟန်ဆောင်၍ အခြား
တစ်ရွာ၌ ဆွမ်းခံပုံကို အမိန့်ရှိရာ-

ဟု

“ဒါနဲ့ ဘယ်လိုအနှောင့်အယှက်ဖြစ်ပါသလဲ” ဟု တစ်ပါးက ထပ်ဆင့်လျှောက်ရာ
“ရဟန္တာဆိုပြီး ခုလိုနာမည်ကြီးလာတော့ ပိုပြီးလှူကြတန်းကြတယ်။ တွေ့ချင်ဖူးချင်တဲ့ လူ
တွေလဲ တစ်နေ့တစ်ခြား များများလာတော့ ပခန်းမှာ နေလို့ မဖြစ် တော့ဘူးပေါ့။ ခုတစ်ခါ
ဒီစစ်ကိုင်း ရောက်ပြန်တော့လည်း အရှင်ဘုရားများ ခုလိုကြွလာ စစ်မေးကြရ၊ အရှင်ဘုရားများလဲ
အလုပ်ပျက်၊ တပည့်တော်လည်း အလုပ်မပျက်ပေဘူးလား။ အဲ-သည်ထဲ မိမိကိုယ်ကို အဓိ

