## PAGE 235


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၇၉

ရဟန္တာ

မာန (မဂ်ဖိုလ်မရဘဲလျက် ရသည်ဟု အထင်ရောက်မှု) သာ ရှိနေခဲ့ရင် တစ်ခါထဲ
ဖြစ်သွားမှာပဲ။ မဂ်ညွန့် ဖိုလ်ညွန့် တုံးကရောပေါ့။ ဒီလိုပဲ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်
ကြတာပါပဲ” ဟု အမိန့် ရှိ၏ ။

အတန်ငယ် စကားရပ်ဆိုင်းပြီးနောက်-

“ဒါတွေ ထားပါတော့လေ။ အရှင်ဘုရားများ သိလိုတာ သိရပြီပဲ။ အရှင်ဘုရားများလည်း
သာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ ပဋိပတ္တိ သာသနာ တည်အောင်လဲ ကြိုးစာတော်မူကြပေါ့။
အနှောင့်အယှက်တွေ ရှိပေမယ့် ဘုရားပေးတဲ့ ဂါထာတွေလည်း ယုံကြည်လျှင် စွမ်းပါရဲ့”
ဟု ရှင်းပြတော်မူ၏။

။

“ဒကာတော် ရေမြေ့ရှင်ကလည်း အထူးကြည်ညိုပူဇော်လိုလှသဖြင့် သတင်းကြားသည့်
အတိုင်း ဟုတ်မဟုတ်ကို သိရှိရန် လျှောက်ထားပါသည်” ဟု ပြောဆိုစစ်မေးကြ၏။

ထိုအခါ ဘုန်းတော်ကြီးက “တပည့်တော် ပဋိပတ်အလုပ်ကို စွမ်းအားရှိသမျှ အား
ထုတ်လျက်ရှိပါသည်။ ရဟန္တာကား မဟုတ်ပါ။ သောတာပန်ဟုပင် ဝန်မခံနိုင်သေးပါ” ဟု
ဆိုလျှင် မင်းဆရာများ အံ့အားသင့်ကာ မယုံကြည်နိုင်ဘဲ ရှိနေကြ၏။

သို့နှင့် မင်းဆရာများ နေပြည်တော် ပြန်ကြွကြ၏။ ဘုန်းတော်ကြီးလည်း အရိယ
ဝံသချောင်၌ ကြာရှည် သီတင်းသုံးတော် မမူချေ။ မာရ်နတ် ကိုယ်တိုင် ဘုရားရှင်ဟန်ဆောင်၍
နှောင့်ယှက်ဖူးသည်ကို သတိပြုဖွယ် ဖြစ်၏။ နွားယောင်၊ သူဆွံ့သူအ,ယောင်ဆောင်၍လည်း
နှောင့်ယှက်ဖူးလှပြီ။

ယုတ္တိလှ၍ အစစ်နှင့်တူသော အတုများ

ထို အတုအယောင်ဆောင်မှု များစွာတို ့တွင် တရားတု တရားယောင်ဆောင်ခြင်းသည်
သံတူကြောင်းကွဲ ဆင်တူယိုးမှား ဖြစ်၍ သာလွန် ကြောက်ဖွယ် ကောင်းလေစွာ။

ဥပမာ- သရဏဂုံ အစား ကျမ်းဂန်၌ မလာသော အနန္တောအနန္တ ငါးပါး (သို့မှသာ
ဘုရားစင်၌ သိဒ္ဓိဆရာများ နေရာရမည်။)

မည်သို့မျှ အတိုးအဆုတ်မရ။ ကမ္ဘာ့နိယာမဖြစ်သော ငါးပါးသီလ နေရာ၌ တတ်နိုင်
သလောက် နှစ်ပါးသီလ-သုံးပါးသီလ၊ (သို့မှသာ လူတန်းစား အားလုံးကို ဆွဲဆောင်နိုင်၍
အရေအတွက်များမည်။)

သမထ ဝိပဿနာ နေရာ၌ “သံသရာငြီးငွေ့မှသာ ဝိပဿနာကူး” ဟု ဆိုကာ
အရိမေတ္တေယျဘုရား လက်ထက်ထိ မသေချာသော စည်းစိမ်၊ အာဏာ၊ သိဒ္ဓိများဖြင့် မျှား၍
ဝဋ်နွယ် ရှည်စေသော (ဝဋဘိရတ) သမထဝိပဿနာအမည်ခံ တရားတုများကို အစားထိုး
အချိန်ဆွဲပေးခြင်း။

ထိုသို့ အတိအလင်း ဆွဲဆောင်၍ မရနိုင်သူများအား အမျိုးမျိုးသော အောက်လမ်း
အထက်လမ်းများဖြင့် ခြောက်ခြင်း၊ မြှောက်ခြင်း။


## PAGE 236

၁၈ဝ


ရွာစရိယ ဦးဌေးလှိုင်

နောက်ဆုံး မဂ်ယောင်၊ ဖိုလ်ယောင်များဖြင့် တရားထူးရစေခြင်းတို့ပင် ဖြစ်၏။
အသက်နှင့်ရင်း၍ စဉ်းစားကြပါလေ သူတော်ကောင်းတွေတို ့

အထက်အမိန့်နှင့် အိပ်မက်

စစ်ကိုင်းတောင်ရိုး ပုညရှင်စေတီ၏ အနောက်ဘက်ရှိ ပထမဂန္ဓာရုံချောင်၌ ဦးစွာ
သီတင်းသုံးသော ဘုန်းတော်ကြီးမှာလည်း ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်၏။

ရွာတွင်းရွာ့ပြင်၊ ကျောင်းတွင်း ကျောင်းပြင်မရွေး ဣန္ဒြေကို စောင့်ထိန်းရာ၌ နှစ်ပါး
မရှိဟု ပဋိပတ်ဆောင် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူး လေးစား ကြ၏။ ပိဏ္ဍပါတ်ဓုတင်
အမြဲဆောင်၍ စစ်ကိုင်းမြို့တွင်းသို့ ဆွမ်းခံကြွသည်။ “ငှက်ပျောသီး ဖီးလုံးရသော ပုဂ္ဂိုလ်”
ဟု ပြောစမှတ် ပြုကြ၏။ ရောက်လာသူများအား အဓိက (အရိုးစု) ကမ္မဋ္ဌာန်း ဟောလေ့ရှိသည်။

တစ်နေ့သောအခါ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရောင်းဝယ်ဖောက်ကားသူ လှေကုန်သည်
ကြီးတစ်ဦး မိမိဒေသ အောက်မြို့ အောက်ရွာမှ ဆန်တက်အလာ လမ်းခုလတ် တစ်ခုသောည
၌ အိပ်မက်မြင်လေသည်။ အိပ်မက်တွင် အဝတ်အစား သန့်ပြန့်သောလူတစ်ဦးက “ရဟန္တာ
ဖူးချင်လျှင် လိုက်ခဲ့” ဟု ခေါ်သွား၏။

လမ်းခရီးစဉ်ကိုလည်း မှတ်သား၍ လိုက်သွားရာ မကြာမီ တောင်စောင်းရှိ ကျောင်းငယ်
တစ်ခုသို့ အရောက် “ရဟန္တာဟာ ဒီအရှင်မြတ်ကြီးပဲ” ဟု ဘုန်းတော်ကြီးအား ပြညွှန်ပြီး
ပျောက်ကွယ်သွားသည်။

နောက်တစ်ရက် စစ်ကိုင်းသို့လှေဆိုက်ရောက်ရာ အိပ်မက်တွင်မြင်ရသော ဆိပ်ကမ်းမှ
တက်၍ အိပ်မက်ထဲအတိုင်း တောင်ကြီးကို လမ်းမမှားအောင် တက်သွား၏။

အိပ်မက်အတိုင်း လမ်းပန်းအဆောက်အအုံများ ဖြစ်နေသည်ကို တွေ့ ရသဖြင့် “မုချ
ရဟန္တာဖူးရတော့မည်” ဟု ဝမ်းသာနေ၏။ မောရမှန်းမသိ။ မကြာမီ တောင်စောင်းရှိ
ကျောင်းကလေးတစ်ကျောင်းနှင့် ဘုန်းတော်ကြီးကိုတွေ့ရာ အိပ်မက်ထဲက အတိုင်း ဖြစ်နေသဖြင့်
အတိုင်းမသိ ဝမ်းမြောက်သွား၏။ ထိုဘုန်းတော်ကြီးကား ပထမဂန္ဓာရုံချောင် ဘုန်းတော်ကြီး
ပင်တည်း။

ဘုန်းတော်ကြီးကား “ရဟန္တာ ဟုတ်၏၊ မဟုတ်၏” မည်သို့မျှ မမြွက်ကြား။
ကြီးမားခန့်ညားသော ဣန္ဒြေကို ကြည့်၍ပင် ရဟန္တာဟု အတပ်စွဲယူ၍ လိုလေသေးမရှိ
လှူဒါန်းလေ၏။ ယခုတိုင်ရှိသော သိမ်၊ ဂူ၊ ကျောင်းကန်များမှာ ထိုလှေကုန်သည်ကြီး၏
ကောင်းမှုများဖြစ်သည်။

နောက်ဆုံး အမြတ်ကား တောရကျောင်းကလေး၌ ဧကစာရီ ကျင့်သုံးနေသော
ဘုန်းတော်ကြီးတွင် အဆောက်အအုံများနှင့်အတူ အခြွေအရံများလည်း အထိုက်အလျောက်
ပေါ်ပေါက်လာတော့သဖြင့် အနည်းနှင့်အများ အလုပ်ချိန် လျော့ပါးရလေတော့၏။


## PAGE 237


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

-

- လာဘ (ပစ္စည်းလေးပါး ရခြင်း)၊

- သက္ကာရ (အရိုအသေ အပူဇော် ခံရခြင်း)၊

၁၈၁

. သိလောက (ကျော်စောသတင်း ပြန့်ပွားခြင်း) သုံးမျိုးသည်လည်း တပ်စိတ်တစ်ခု
ထက်တစ်ခု သိမ်မွေ့ လှသော မာရ်တပ်မကြီး တစ်မျိုးပင်တည်း။ ရဟန်းကိစ္စ ပြီးသွားသော
ပုဂ္ဂိုလ်များအတွက် အနှောင့်အယှက် ဖြစ်စေကာမူ မထောင်းတာလှ။ ပွားများကျင့်ကြံဆဲ
ပုဂ္ဂိုလ်များအတွက်ကား ကြီးစွာသော အနှောင့်အယှက် တစ်မျိုးပင်တည်း။

ပဋိပတ္တိ သာသနာဝင်တွင် အိပ်မက်ပေးသော ပြဿနာလည်း မကြာခဏ ကြုံရ
တတ်သည်။ ရံခါ သဒ္ဓါလွန်သော တန်ခိုးရှင်များ၊ ပုထုဇဉ် ရုက္ခစိုးများ၏ ဖန်တီးချက်
ဖြစ်တတ်၏၊ တစ်ခါက သုံးဆယ်မြို့ အနောက်ဘက် မြေဖြူတောင် တောရကျောင်း
ဘုန်းတော်ကြီးတစ်ပါးသည် ရပ်ဝေးဒကာ ဒကာမများအား ထိုအိပ်မက်မျိုး မကြာခဏ လုပ်
နေသော ရုက္ခစိုးကြီးအား မာန်မဲတော် မူရဖူး၏။

တစ်ခါတစ်ရံ သိသိသာသာ နှောင့်ယှက်ခြင်းလည်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ
အထက်ပုဂ္ဂိုလ်များအမိန့် အရ တရားပွားများနေသူထံ “တရားနာရကျင့်ရမည်” ဟု တပည့်ခံ
လာသူများလည်း မရှားချေ။ ခေါင်းပေါ်တင်၍ ပစ်ချခြင်းပင်တည်း။

အတွေ့ အကြုံ ဗဟုသုတ နည်းသော ယောဂီအချို့အား “ငါ တယ်ဟုတ်နေပါလား”
ဟု အထင်ရောက်စေ၏။ ထိုအထင်မျိုး ပေါက်စေရန် အခြား. နည်းပရိယာယ်များဖြင့်လည်း
လုပ်တတ်ကြသည်။ မေတ္တာကြီးကြီး၊ သည်းခံခြင်းများစွာဖြင့် ကာကွယ်ကြရာ၏။ လောဘ၊
ဒေါသ၊ မာန၊ သဒ္ဓါ၊ ဝီရိယ စသော မိမိစိတ်ဓာတ် တာတမံတွင် အားနည်းပျော့ညံ့သည့်
နေရာကို အမြဲတစေ ရှာဖွေစေ့ငု ကြည့်ရှုသုံးသပ်၍ ထပ်မံခိုင်ခံ့ကြစေကုန်ရာ၏။

