## PAGE 241


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၈၅

တောင်ကလပ်၏ မြောက်ဘက် သုံးမိုင်ကျော်တွင် အုတ်ဖိုတောင်၊ ဆယ်မိုင်ခန့် တွင်
လက်ပံရွာ လက်ပံတောရဟု ရှိ၏။ ယောဂီပါရဂူ ကျမ်းပြု ကန္နီဆရာတော်၏ဆရာ၊ ဘွဲ့
ဦးအာဒိစ္စခေါ် လက်ပံဆရာတော်၏ တောရဌာနဖြစ်သည်။ လုံးတော်ဆရာတော်၊ အရာတော်
ဆရာတော်နှင့် တိဗက်ပြည်သား သျှီလတိဿ ဆရာတော် တို့၏ တပည့်ဖြစ်၏။
ပဋိပတ်အရာတွင် အလွန်ထင်ရှားသည်။

ဤကား ဘုတလင်မြို့နယ် မောင်းထောင်၊ ညောင်ကန် ပတ်ဝန်းကျင်ရှိ တြိဂံဒေသ
တောရစခန်းများ ဖြစ်သည်။ ယခုတိုင်လည်း တည်ရှိကြ၏။ ရှေးက ပဋိပတ် အခြေအနေကို
ခန့်မှန်းနိုင်ရန် အရပ်ဒေသ တစ်ခုကို ထောက်ရှု၍ ကြည့်ခြင်းမျှသာ ဖြစ်ပေသည်။

ဘုန်းတော်ကြီး ဦးသာရွှန်း

ဤနေရာ၌ ဖော်ပြလိုသည်မှာ ဦးကဝိန္ဒခေါ် ဘုန်းတော်ကြီး ဦးသာရွှန်း အကြောင်း
ပင်တည်း။

ဦးသာရွှန်းအကြောင်းမှာ ကျွန်ုပ်တို့၏ နောင်တော်ကြီး မောင်ထောင်ယွန်း ဆက်တိုက်
ဆရာတော် ဦးသောဘိတ ကိုယ်တိုင် လေ့လာ ရေးသားထားသော မှတ်တမ်းအရ ဖော်ပြ
ပါမည်။ ထိုမှတ်တမ်းမှာ ဦးသာရွှန်း၏ ကပ္ပိယ ဖြစ်သူ ညောင်ကန် ရွာအနီး အုတ်အိုင်ရွာမှ
အသက် ၈၅-နှစ်ရှိ ဦးလူမင်းနှင့် အုတ်အိုင်ကျောင်း ဘုန်းကြီးတို့အား မေးမြန်း၍ ရေးသား
ထားသော မှတ်တမ်း၊ ဖြစ်ပါသည်။

ဤစာရေးသူကိုယ်တိုင်လည်း ထိုကျောင်းသို့ သွားရောက်၍ ထိုပုဂ္ဂိုလ်များအား
ထပ်မံ စုံစမ်းမေးမြန်းပြီး ရေးသားပါသည်။ ဆရာတော် သီတင်းသုံးသွားသော ရှေးသုံးထပ်
ကျောင်းလည်း ယခုတိုင် တွေ့ နိုင်ပါသေးသည်။ ဦးသာရွှန်း၏ ဇာတိမှာ ညောင်ကန်ရွာအနီး
ကြက်ရိုးကုန်းရွာ ဖြစ်၏။ ငယ်စဉ်ကပင် တောရဆောက်တည်ရန် ဝါသနာအလေ့ ကြီးမားတော်
မူ၏။ ပထမဆုံး သီးပင်အိုင်ရွာနှင့် ကုတ်ကိုစုရွာ အကြားရှိ သစ်ခေါင်း ပလုပ်တုတ် တောရ
၌ သီတင်းသုံးသည်။

၁၂၄၇-ခုနှစ်တွင် ဘုတလင်-ရေဦးသွား လမ်းဘေးရှိ လက်ပံတောရ၌ သီတင်းသုံးသည်။
ထိုအချိန်ကား မန္တလေး နေပြည်တော်၌ အင်္ဂလိပ်စစ်တပ်များ သိမ်းယူ၍ တိုင်းပြည်
ဆူပူချောက်ချားခိုက် ဖြစ်၏။ ခိုးသားဓားပြ သောင်းကျန်း၏။ ဘုန်းတော်ကြီးမှာ တရားရှုမှတ်ရင်း
စိတ်ဓာတ်များ ချောက်ချားနေ၏။ ကြောင့်ကြစိတ်များ ဝင်နေသည်။ ထိုအတွင်း ဆရာတော်
သီတင်းသုံးသော အုတ်ဖိုတောင်အား ရန်သူရှိမည်အထင်ဖြင့် ကုလား စစ်တပ်များ ဝိုင်းရံ
လာကြ၏။ ဆရာတော်မှာ ပို၍ ထိတ်လန့်နေရှာသည်။ ထို့ကြောင့် ငါးစပ်တင်းတိမ်ကြီးကို
ခေါင်းပုခြုံကာ လက်ပံတောရ ကျောင်းကလေးမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ရသည်။
မောင်းထောင်ရွာ မြောက်ဘက် ခြောက်မိုင်ကွာ ဝက်ရဲတော၌ ရွှေ့ပြောင်း၍ သီတင်းသုံးတော်မူ၏။
ထိုခေတ် ဝက်ရဲတောကား သားရဲထူပြောလှ၏။ ဘုန်းတော်ကြီးသည် ထန်းလုံးခန့်ရှိ

ရာကြိမ်

ဆောင်နိုင်

## PAGE 242


၁၈၆

ဓမ္မာစရိယ ဦးဌေးလှိုင်

မြွေဆိုးကြီးများကို တွေ့ရသော်လည်း သားရဲနှင့် မြွေဆိုးတို့သည် ဘုန်းတော်ကြီး၏
မိတ်ဆွေများ ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဂွေးပင် ကျင်းတော၊ ဆည်ကြီးတောနှင့် ရွှေစာရေး
တောင်များသို့ လှည့်လည် သီတင်းသုံးတော်မူသည်။ ထန်းရွက်သုံးလေးရွက်ကို သစ်ပင်ပေါ်တင်၍
သင်္ခမ်းကျောင်းအဖြစ် သီတင်းသုံးရာ လူသူအသွားအလာ များပုံရလျှင် အခြားတစ်တောသို့
ရွှေ့ပြောင်းလေ၏။ ဆည်ကြီးတောရ၌ နေစဉ် ကိုသာပြန် ဆိုသူက အိုးအိမ် သားမယားစွန့်ကာ
ကပ္ပိယအဖြစ် စောင့်ရှောက်လုပ်ကျွေးသည်။ ထိုအခါ ဘုန်းတော်ကြီးကား အသက် ၇၀-
ကျော်လေပြီ။

ရှင်မချောက်တွင်းမှ တရားသံ

ကန္နီဆရာတော် လောင်းလျာဖြစ်သော ပဉ္စင်းငယ် ဦးသောဘိတသည် လက်ပံတောရ
ဆရာတော်ထံ ဝိပဿနာ တရားများ နည်းခံကျင့်ကြံ၍ ကန္နီမြို့သို့ ပြန်ရာတွင် ညောင်ကန်ရွာသို့
အရောက် ဘုန်းတော်ကြီး ဦးသာရွှန်းအကြောင်း စုံစမ်းသည်။ ဘုန်းတော်ကြီး ရှိမည်ထင်သော
နေရာများသို ့ တစ်တောထွက်ဝင် လိုက်လံ ရှာဖွေရာ ဆရာတော် ဗုဓ် ဇာတိ ညောင်ကန်ရွာ၏
တောင်ဘက် သုံးမိုင်ခန့်ရှိ ရှင်မချောက်အတွင်း တရားရှုမှတ်နေသော ဘုန်းတော်ကြီးကို
ဖူးတွေ့ရ၏။ ပေငါးဆယ်၊ တစ်ရာခန့် နက်ရှိုင်း၍ သဘာဝအလျောက် ကျောက်လွှာ
ကျောက်ချပ်များ စီထားသော ရှင်မချောက်ကား ဆိတ်ငြိမ်အေးချမ်းလှပေ၏။

ဘုန်းတော်ကြီးကား ချောက်နံရံခြေရှိ ကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးနေ၏။
ချောက်အလယ်ရှိ ရေသွားလမ်း သဲစမ်းကလေးမှာလည်း ခြောက်သွေ့နေသဖြင့် ဦးသောဘိတ
သည် ထိုသဲစမ်းပေါ်၌ ဝတ်ပြုရန် ထိုင်ချလိုက်သည်။ ဝတ်ပြုပြီးလျှင်-

“ဆရာတော်ဘုရား၊ တပည့်တော်လည်း ဆရာတော်များ ကျင့်ကြံအားထုတ်သည်ကို
အားကျကြည်ညိုလျက် ရှိပါသည်၊ လက်ပံဆရာတော်ထံမှ နည်းခံပြီး ပြန်ခဲ့ရာ ဆရာတော်၏
အကြောင်းများကိုလည်း ရှေးဦးမဆွကပင် ကြားသိပြီး ဖြစ်၍ နည်းခံပွားများရန် လိုက်လံ
ရှာဖွေရပါသည်။ သံသရာမှ ထွက်မြောက်ကြောင်း တရားများ ဟောကြားချီးမြှင့်တော်မူပါ
ဘုရား၊ အဆုံးအမ ပေးတော်မူပါဘုရား” ဟု ဝမ်းသာအားရ လျှောက်ထားလိုက်သည်။
ထိုအခါ ဘုန်းတော်ကြီးက အကျိုးအကြောင်း အနည်းငယ် မေးမြန်းပြီးနောက်-

“အင်း-စာတွေ တတ်သားဗျာ၊ စာအတိုင်း လိုက်နာရုံပါပဲ၊ ဘယ်သူမှ စာထက်ပိုပြီး
မလုပ်နိုင်ပါဘူး၊ စာကို အဟုတ်ယုံကြည်ဖို့ပဲ လိုပါတယ်။ ဘုရားက တရားနှစ်မျိုးတည်း
ဟောတာပဲ။ ဘယ်ဟာက ပဟာတဗ္ဗ (ပယ်ရမယ့်) တရား၊ ဘယ်ဟာက ဘာဝေတဗ္ဗ
(လိုက်နာ ပွားများ ကျင့်ကြံရမယ့်) တရားဆိုတာ သိတယ် မဟုတ်လား။

“မလုပ်နဲ့ဆိုတဲ့ဟာ မလုပ်နဲ့ ၊ လုပ်ဆိုတဲ့ဟာလုပ်၊ ဒါပါပဲ။ ကျုပ်တို့ အခုနေတာလဲ
ဒီအတိုင်းပါပဲ” ဟု တိုတိုဖြင့် လိုရင်းကျအောင် ဟောပြပေးတော်မူ၏။ ချောက်ကမ်းပါးထိပ်က
ချိုးကူသံမှတစ်ပါး တိတ်ဆိတ် အေးငြိမ်းလှပေစွား၊


## PAGE 243

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၈၇

ကပ္ပိယ ကိုသာပြန့်သည် အာဂန္တု ဘုန်းကြီးတစ်ပါး ကြွလာသည်ကို တွေ့မြင်ရသဖြင့်
မလှမ်းမကမ်းရှိ ရှင်မချောက် ချောင်းအကွေ့ သစ်ပင်တစ်ပင် အောက်မှ ကျောက်ဖျာလှေကား
အလိုက် တက်သက်ကွေ့ဆင်း၍ ထွက်လာခဲ့၏။ ဘူးသီးခွံကို လျှော်ဖြင့် ခက်ထားသော
ရေဘူးထဲမှရေကို အုန်းမှုတ်ခွက်ငယ်တစ်ခုဖြင့် ငှဲ့၍ အာဂန္တုဘုန်းကြီးအား ကပ်လိုက်၏။
ပြီးလျှင် မိမိနေမြဲ သစ်ပင်သို့သွား၍ တရားရှုမှတ်မြဲ ရှုမှတ်နေသည်။ ဘုန်းတော်ကြီးကား
စကားကို ဆက်ပြန်၏။

“မောင်ပဉ္စင်းတို့- တို့များ သာသနာနဲ ့ တွေ့ရတာ အလွန်အကျိုးများတယ်။
နည်းနာတကျ ကမ္မဋ္ဌာန်းပေးတတ်တဲ့ ဆရာရဖို့ မလွယ်ဘူး။ လက်ပံတောရ ဦးအာဒိစ္စလဲ
တော်ပါပေတယ်၊ ခုလို သာသနာနဲ့ ဆရာနဲ့ တွေ့ တဲ့အခါ အသက်ကို အပ်နှင်းနိုင်တဲ့အထိ
သာသနာကိုရော ဆရာကိုရော တစ်ထစ်ချ ယုံဖို ့ ပုံဖို့ အရေးကြီးတယ်။

“ကဿပဘုရားရှင်သာသနာတော် နောက်ပိုင်းမှာ သံဃာအများ ကိုယ်ကျင့်တရား
ပျက်ကွက်နေတာ တွေ့ ရတော့ သူငယ်ချင်း ရဟန်းခုနစ်ပါးဟာ စိတ်တူသဘောတူ ကတိ
ထားပြီး “ဒီအကြောင်းတရားကို ပွားများရင် ဒီအကျိုးတရားကို မုချရမယ်” ဆိုတာ
ယုံကြည်ကြတယ်၊ ကိုယ်တော် ခုနစ်ပါးလုံး နွယ်ကြိုးလှေကား ဆင်ပြီး တောင်ပေါ်ကို
တက်ကြတာ တောင်ပေါ် ရောက်တာနဲ့ တစ်ပြိုင်နက် လှေကားကို တွန်းချပစ်ခဲ့တယ်၊
ပြန်လမ်းမထားဘူး။

"

“တရားထူးရလျှင်ရ၊ မရလဲ ဒီတောင်ပေါ်မှာ ငါ့သင်္ချိုင်းဖြစ်ပစေဆိုပြီး အသက်နဲ့လဲ
အားထုတ်ကြတာ၊ တစ်ရက်ကြာတော့ တစ်ပါးက ရဟန္တာဖြစ်လို ့ အဘိညာဉ်နဲ့ မြောက်ကျွန်း
ကြွပြီး ဆွမ်းခံကျွေးတယ်။ ကျန်ကိုယ်တော်စုက မစားကြဘူး၊ ကိုယ့်အစွမ်းနဲ့ကိုယ် ရမှ
စားမယ်ဆိုပြီး အားကျမခံ အားထုတ်ကြတယ်၊ နောက်တစ်ရက် တစ်ပါးက အနာဂါမ်
ဖြစ်တယ်။ ခုနစ်ရက်ကြာတော့ ကျန်ငါးပါးဟာ တရားထူး မရဘဲ အစာရေစာ ပြတ်သေပြီး
နတ်ပြည်ရောက်ကြတယ်။

ကိုယ့်တာဝန် ကိုယ်လုပ် တစ်ချက်ခုတ် နှစ်ချက်ပြတ်

“မောင်ပဉ္စင်းတို့- တို့တစ်တွေဟာ အဲသည်တုန်းကထက် သာသနာ ပွင့်လင်းနေမှ
ကိုယ်က တကယ်ယုံပြီး အဟုတ်လုပ်ဖို့သာ လိုတာပဲ။ ကိုယ်က ရှေ့မရောက်သေးဘဲနဲ့
သူများကိုငဲ့ပြီး ခေါ်ချင်တာမျိုး မလုပ်ရဘူး။ တစ်ပါးထဲနေပေမယ့် တစ်ကိုယ်ကောင်း
အလွတ်ရုန်းတာ မဟုတ်ဘူးကွယ့်။ ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်ရင်းက အများအကျိုး
ဆောင်နိုင်တာ ဒီအလုပ်ပဲရှိတယ်။

“မဟာဝဂ္ဂသံယုတ် ပါဠိတော်မှာ ဆရာတပည့် ဝါးလုံးထောင်တက်တဲ့ ဥပမာ ပြပြီး
မြတ်စွာဘုရား ဟောတော်မူတာရှိတယ်။ ဝါးလုံးကို ပခုံးပေါ်ထောက်ပြီး ထိန်းပေးတဲ့
ဆရာရော၊ တက်တဲ့တပည့်ရော ကိုယ့်အလုပ် ကိုယ်ရိုသေပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ရင်း

