## PAGE 244


'

၁၈၈

သူများကိုလဲ စောင့်ရှောက်ပြီးသား ဖြစ်တယ်တဲ့။

ဓမ္မာဓရိယ ဦးဌေးလှိုင်

“အဲဒီဥပမာအတိုင်း မိမိကမ္မဋ္ဌာန်းကို မိမိအားထုတ်နေတာဟာ သတ္တဝါတွေကို
စောင့်ရှောက်နေတယ်လို ့ မှတ်ရမယ် (အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ)။ သည်းခံတာ၊
မေတ္တာကရုဏာ မုဒိတာ ပွားများနေတာလဲ(ပရံ ရုက္ခန္တော အတ္တာနံ ရက္ခတိ) သူများကို
စောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသား ဖြစ်တယ်။ သိပ်ကျေးဇူးကြီးတဲ့
အလုပ်ကွယ့် (သေဒကသုတ်)။

“အပရာ ပရိယ ဝေဒနီယကံ သံသရာက အကုသိုလ်ကြွေးတွေကို ရှင်းနိုင်တာလဲ
ဒီအလုပ်ပဲ။ ခန္ဓာကိုယ်ကို အလျော်အစားပေးပြီး ကြွေးဆပ်လို့ ကြွေးမကျေဘူး။ ကဲ-ကဲ
နေတောင် အတော်နည်းသွားပြီ၊ အလိုရှိရာ ကြွပေရော့” ဟု စကားစ ဖြတ်တော်မူ၏။

ကန္နီဆရာတော် လောင်းလျာ (ဦးသောဘိတ) လည်း ဦးချ၍ သပိတ်လွယ်ပြီး အထ၊
ကပ္ပိယကိုသာပြန်လည်း နောက်မှလိုက်ပါ၍ လမ်းညွှန်ပြလေ၏။ နေဝင်ဖျိုးဖျ ဆည်းဆာ
ကာလတွင် ထန်းတောကြီးများ၊ တောင်ယာခင်းများ၊ ရံခါ ပေငါးဆယ်ခန့်ရှိ ချောက်များကို
နှစ်ဦးသား ဖြတ်ကျော်၍ သွားကြရသည်။ လက်ယာဘက်တွင် တွင်းတောင် (မီးတောင်
ပေါက်ကွဲ၍ တွင်းဖြစ်နေသော တောင်) ကို မြင်နေရသည်။ ထိုတောင်မှ လွင့်စဉ်လာဟန်
ရှိသော တစ်ရပ်တစ်သူခန့်ရှိ ကျောက်တုံးကြီးများ ယာခင်းများတွင် နေရာအနှံ့ ပြန့်ကြဲနေသည်
ကိုလည်း ရှောင်ကွင်း၍ သွားကြရ၏။ အနောက်တောင် အနောက်မြောက်ဘက်တွင်
ရွှေစာရေးတောင်၊ ကန္နီတောင်များကိုလည်း လှမ်း၍ မြင်နေရ၏။ နေကား ဝင်လုပြီ။

“ဒကာကြီး၊ ခုလို ဘုန်းကြီးနောက်လိုက်ပြီး ဝေယျာဝစ္စလုပ်ရတာ အလွန်ကံထူးတယ်။
ဝေယျာဝစ္စလဲလုပ်၊ တရားလဲအားထုတ်ပေါ့” ဟု ဒကာပြန် ဘက်သို့ လှည့်၍ အမိန့်ရှိရာ
ဒကာပြန် ့ကလည်း “မှန်ပါ့ဘုရား” ဟု လျှောက်ထားရင်း လမ်းညွှန်ပြ၏။

“ကဲ-ကဲ ဒကာကြီး နေခဲ့ပေရော့။ ဦးပဉ္စင်းသွားတတ်ပါပြီ။ အင်း.....ကုသိုလ်
အကုသိုလ်ဆိုတာ နည်းနည်းလေးပဲလို ့ အထင်မသေးနဲ့နော်။ လက်ယက်တွင်းလိုပဲ။
လက်ယက်တွင်း တူးတဲ့အခါ သူနဲ့ တစ်ကြောတည်း ဆက်နေတဲ့နေရာ အားလုံးက ရေတွေဟာ
သဘောတူရာ အကုန်လှိမ့်ဆင်းပြီး စိမ့်ဝင်လာတာပဲ။

“အဲ-တစ်ခုတော့ သတိထား၊ အနည်းဆုံး ငါးပါးသီလလောက်မှ စင်ကြယ်အောင်
မစောင့်နိုင်လို ့တော့ အကျိုးမများဘူး။ သီလရှိမှ သမာဓိရ၊ သမာဓိရှိမှ ပညာရနိုင်တာ၊
ကဲ....ကဲသွားပေရော့” ဟု ပြောပြောဆိုဆို နေဝင်ရိုးတရီတွင် တစ်တောဝင်ထွက် ခရီး
ဆက်လေ၏။

ကပ္ပိယကိုသာပြန့်လည်း ဘုန်းတော်ကြီးရှိရာ ရှင်မချောက်သို ့ ပြန်ခဲ့သည်။ (ကန္နီ
. ဆရာတော်အကြာင်း ရှေ့၌ပြမည်။)

ဘုန်းတော်ကြီးသည် ၇၀-ကျော် အိုမင်းမစွမ်းရှိသောအခါ ဒကာများက ညောင်ကန်ရွာ
အနီးရှိ အုတ်အိုင်ရွာ မြောက်ကျောင်း၌ ပင့်ထားကြရ၏။ ထိုကျောင်းကား မန်ကျည်းပင်များ
ဝိုင်းရံလျက်ရှိသော ကျောက်လွှာကုန်းမြင့် ဖြစ်သည်။ (ထိုရွာကား ဗြိတိသျှ ဘားမား သူဌေးဦးညွန့်၏


## PAGE 245


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

1

၁၈၉ -

ဇာတိရွာဖြစ်၏။)

ရွာကျောင်း၌ နေရသော်လည်း ရဟန်းရှင်လူများနှင့် အတွေ့မခံ။ ကပ္ပိယနှင့်သာ
နေတော်မူ၏။ ဆွေမျိုးသားချင်း တော်စပ်သော ဒကာ ဒကာမများကိုပင် အတွေ့မခံ။
ကပ္ပိယမှတစ်ဆင့် နှစ်ကြိမ်သုံးကြိမ် လျှောက်ထားမှ ဖူးတွေ့ကြရသည်။ အချို့သားချင်းများ
ငိုယို၍ပင် ဖူးခွင့်တောင်းကြရ၏။ ရသမျှ ဆွမ်းခဲဖွယ် ဘောဇဉ်များကိုလည်း အားလုံး
ဘုရားတင်လှူပြီးမှ ဘုဉ်းပေးလေ့ ရှိသည်။

၁၂၈၂-နှစ်ဦးတွင် ကပ္ပိယကိုသာပြန် ့သည် ရုတ်တရက် ကွယ်လွန်သွားရာ ဒကာကြီး
ဦးပွားပေါ်က ဆက်လက် တာဝန်ယူရ၏။ ဘုန်းတော်ကြီးသည် ကိုသာပြန် ့ အသုဘကို
ရထားဖြင့် အင်္ဂြိုဟ်တော်မူသည်။ တစ်နေ့သောအခါ ကပ္ပိယ ဦးပွားပေါ်သည် ဘုန်းတော်ကြီးအား
ကြည့်လိုက်ရာ ဘုန်းတော်ကြီးမှာ တရားထိုင်ရင်း မျက်ရည်များ တတွေတွေ ကျနေသည်ကို
တွေ့မြင်ရသဖြင့် အကျိုးအကြောင်း လျှောက်ထားလျှင် “ ကောင်ကလေး ငသာပြန့်
အောက်မေ့လို ့ပါဟယ်...." ဟု ကြေကွဲသံဖြင့် မိန့်ဆိုသတတ်။

ထိုအချိန်အထိ ဘုန်းတော်ကြီးသည် အနာဂါမ်ပင် မဖြစ်သေးဟု သိရ၏။ များမကြာမီပင်
ဘုန်းတော်ကြီး၏ တရားအသိဉာဏ်များ တိုးတက်လာဟန် ရှိသည်။ ကပ္ပိယ ဦးပွားပေါ်သည်'
သုံးထပ်ကျောင်းပေါ်၌ ဘုန်းတော်ကြီးနှင့် မနီးမဝေးတွင် အိပ်ရ၍ နိုးတိုင်း ဘုန်းတော်ကြီးအား
ကြည့်ရာ ဘုန်းတော်ကြီးမှာ မအိပ်စက်၊ ထိုင်လျက်သားချည်း တွေ့ ရ၏။ ဘုန်းတော်ကြီး
ပတ်ဝန်းကျင် တစ်ခုလုံး သုံးထပ်ကျောင်းကြီးအတွင်း အရောင်အဝါများ လင်းထိန်နေသည်ကို
ညစဉ် မြင်နေရသည်ဟု ဦးပွားပေါ်က ပြောပြ၏။

ကိုယ်ရောင်အလင်း စိစစ်ချက်

ယခုအခါ ဤကဲ့သို့ အရောင်အဝါ လင်းထိန်နေသော ယောဂီများ များစွာ ရှိပေ
လိမ့်မည်။ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးက ကိုယ်ရောင်ကိုယ်ဝါကို
ကြည့်၍ လူတစ်ယောက်၏ စိတ်နေသဘောထားကို သိနိုင်ကြောင်း ဟောခဲ့ဖူး၏။

ယင်း ကိုယ်ရောင်ကိုယ်ဝါနှင့် စပ်၍ ဣန္ဒိယယောဂီများ အထူးသဖြင့် တိဗက်လာမာ
တန်ခိုးရှင်များ အထူးအရေးထား ပြောဆိုကြ၏။ တစ်ဖက်သား၏ စိတ်ကူးစိတ်နေ
သဘောထားနှင့် ရောဂါအခြေအနေကို အတိအကျ ပြောဆိုနိုင်သည်အထိ အလေးပေး
လေ့လာကြသည်။ ဘုရားရဟန္တာတို့၏ ကိုယ်ရောင်သည် သန့်စင်သော အဝါရောင်
ဖြစ်သည် ဟု ယုံကြည်ကြ၏။ ရေးသားကြ၏။ လူတိုင်းတွင် အရောင်ရှိကြောင်းလည်း
ယုံကြည်ကြသည်။

ပါဠိစာပေ ကျမ်းဂန်တို့၌ တွေ့ ရသည်မှာကား မြတ်စွာဘုရားသည် ပဋ္ဌာန်းကျမ်းကြီးကို
ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော် မူသောအခါ ရောင်ခြည်တော် ခြောက်ဖြာ ကွန့်မြူး
ထွက်ပေါ်ကာ ထက်အောက်ဖီလာ စကြဝဠာ အနန္တ ထုတ်ချင်းပေါက် လင်းထိန်သွားကြောင်း


## PAGE 246

၁၉၀


ဓမ္မာစရိယ ဦးဌေးလှိုင်

(ဓမ္မသင်္ဂဏီ အဋ္ဌကထာ၌) ဖော်ပြသည်။ (ဟဒယဝတ္ထုမှ ထုတ်လွှတ်သော သွေးများ၏
အရောင်ကိုလိုက်၍လည်း လူ၏စရိုက် စိတ်နေသဘောထားကို ဆုံးဖြတ်သော အရာလည်း
ရှိပေသေးသည်။)

ယင်းသို့ အရောင်အဝါထွက်သည်မှာ စိတ်ကြည်လင် သန့်ရှင်း၍ နှလုံးသွေး
ကြည်လင်သန့်ရှင်း၏။ ၎င်းစိတ်နှင့် ဆက်သွယ်သော စိတ္တဇရုပ်၊ ဥတုဇရုပ်များအားလုံး
ကြည်လင်သန့် ရှင်း၏။ အရောင်ထွက်၏။ တန်ခိုးဖန်ဆင်း၍ ဖြစ်သည်မဟုတ်၊ နက်နဲသော
တရားတော်များကို ဆင်ခြင် သုံးသပ်၍ ရောင်ခြည်တော်များ ထွက်ပေါ်ရခြင်း ဖြစ်သည်။

(ဂိလာနသုတ် သံယုတ်အဋ္ဌကထာ၌) ရှင်မဟာကဿပသည် ဗောဇ္ဈင်တရားကို
နာကြား နှလုံးသွင်းရသဖြင့် “မြတ်စွာဘုရား တရားတော်သည် ထွက်မြောက်ကြောင်း
အမှန်ဖြစ်ပေစွာ့” ဟု ပီတိစိတ် ဖြစ်ရာမှ နှလုံးသား ဟဒယဝတ္ထုရုပ်မှ စ၍ ရုပ်များ
ကြည်လင်ကာ ရောဂါပျောက်ကင်းကြောင်း ဖွင့်ဆိုထားသည်။ တရားကို ဆင်ခြင်
သုံးသပ်ခြင်းသည် အသားအရေ ကြည်လင်လှပခြင်း၊ အရောင်အဝါ ထွက်ခြင်းမျှသာမက
ရောဂါများပင် ပျောက်ကင်းစေနိုင်၏။

ဤကား ရုပ်နာမ်တရားတို့၏ ဆတ်စပ် ကျေးဇူးပြုပုံကို သတိပြုရန်ဖြစ်၏။

ရှေးအခါက ဣန္ဒြိယ စိတ်ပညာရှင် တစ်ဦးက လူတစ်ယောက်၏ အရောင်နှင့် စပ်၍
လေ့လာ ရေးသားဖူးသည်မှာ လူတွင် အရောင်ရှိ၏။ ထိုအရောင်ရှိကြောင်း ဖမ်းယူ
ထောက်ပြနိုင်သော အရာကို သတိမပြုကြ၍သာ ဖြစ်သည်။ ကြေးမုံမှန်ပြင်၌ လူ၏
အရိပ်ထင်ခြင်းသည် အရောင်ပင်ဖြစ်၏။ ထိုအရောင်သည် အဆုံးပိုင်းခြားမရှိသော စကြဝဠာတို့၌
ပြေးလွှားနေကာ အမြဲတမ်းရှိနေ၏။ မိမိနှင့် တစ်ပေကွာ. အရပ်၌ မှန်ထောင် ကြည့်လျှင်
တစ်ပေကွာ အရပ်၌ မိမိအရောင်ရှိကြောင်း သိနိုင်၏။ ထို ့အတူ ပေတစ်ရာ နှစ်ရာ အကွာ၊
တစ်မိုင်၊ နှစ်မိုင်အကွာ နောက်ဆုံး ဖမ်းယူနိုင်လောက်အောင် ဆွဲအားရှိသော မှန်သာရှိလျှင်
အခြား စကြဝဠာ တစ်ခု၌ပင် မိမိအရောင်ရှိနေကြောင်း သိနိုင်၏။

တိဗက်ပညာရှင်တို ့ကလည်း ထို ့အတူပင် ထာဝရတည်ရှိနေသည်ဟု ယူဆကြ၏။
တစ်စက္ကန့်လျှင် ၁၈၆ဝဝဝ နှုန်းဖြင့် ပြေးသွားကြောင်း သိပ္ပံဆရာ တို့ကလည်း အလင်းရောင်
မိုင်ကို အသုံးပြုကြသည်။ (ခန္ဓာကိုယ်မှ အီသာရစ်နှင့် မော်လီကျု ရိုက်ခတ်အားများအကြောင်း .
ဤနေရာ၌ သိပ္ပံအမြင်ဖြင့် ဆက်လက် သဘောပေါက်ရန်လည်း ရှိပေသေးသည်။)

(မူလပဏ္ဏာသ အဋ္ဌကထာ, ပါသရာသိသုတ်၌) ပဋ္ဌာန်းသုံးသပ်စဉ်က ထွက်ပေါ်လာသော
ရောင်ခြည်များ ယခုထက်ထိ စကြဝဠာအတွင်း ပျံ့နှံ့ တည်ရှိနေကြောင်း အတိအလင်း
ဖွင့်ဆိုထား၏။ (ဗောဓိဝံသ အဋ္ဌကထာ၌) ‘လည်း တာဝတိံသာမှ ဆင်းသောအခါ
ထွက်ပေါ်ခဲ့သော တန်ခိုး ပြာဋိဟာ အရောင်များ သာသနာကွယ်သည့် နေ့အထိ တည်ရှိကြောင်း
အတိအလင်းပင် ရေးသား ဖွင့်ဆို၏။ အဘိဓမ္မာ သဘောအားဖြင့် ဘုတ်အဆက်ဆက်
ရုပ်အဆက်ဆက် ဆက်လက် ဖြစ်ပွားခြင်းပေတည်း။

ဆိုက်ကိုမက်ထရီ စိတ်ပညာ ဆရာတို့ကမူ ပုံသဏ္ဌာန် အရိပ်အရောင်သာမက

