## PAGE 247

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၉၁

လူတစ်ယောက်၏ အကြံအစည် စိတ်ကူးတို့ပင်လျှင် ပျောက်ကွယ်၍မသွား။ ထိုသူနှင့်
ထိစပ်ရာ မှန်သမျှ ထင်ကျန်သည်ဟု ယုံကြည်ကြ၏။

လူတစ်ယောက်သည် အခန်းတစ်ခု၌ နေသွားလျှင် ကမ္ဘာကျေသော်လည်း ထိုသူ၏
အတွေးအရိပ် သဏ္ဌာန်များ ထိုအခန်း၌ အမြဲရှိနေ၏။

ကမ္ဘာပေါ်တွင် ရှေးရှေးက ထွက်ပေါ်လာခဲ့သော လောကီဘက်၊ လောကုတ္တရာဘက်၊
စစ်ရေး၊ စီးပွားရေး စသည်နှင့် စပ်၍ အောင်မြင်ခဲ့ကြဖူးသူတို့၏ ပုံသဏ္ဌာန် အရိပ်အရောင်
အကြံအစည် စသည်တို ့ ထာဝရ ပျံ့နှံ ့တည်ရှိနေကြသည်။

သင်သည် စိတ်ကို ဗလာဖြစ်အောင် (နိဝရဏကင်းစွာ) တည်ငြိမ်နေသောအခါ
အထူးမကြိုးစားရဘဲ လုပ်ထုံးဟောင်းများနှင့် ထိတွေ့ကာ လျှပ်တစ်ပြက် အသိဉာဏ်
လင်းလာပြီးလျှင် အလိုရှိရာဘက်၌ တိုးတက်အောင်မြင်နိုင်သည်ဟု ယုံကြည်ကြ၏။
သာဓကလည်း အမျိုးမျိုး ပြကြသည်။

ပဋိပတ် လုပ်ငန်းတွင်လည်း ရှေးက ရဟန္တာပုဂ္ဂိုလ်ကြီးများ သမုတ်သွားသော သိမ်၊
သီတင်းသုံးဖူးသော ဌာန စသည်တို့၌ တရားထိုင်လျှင် ပို၍ တရားရလွယ်သည်ဟု
ယုံကြည်သော ယောဂီများ၊ လက်တွေ့ သာဓကများ ရှိကြလေသည်။ အသက်ထင်ရှားရှိသော
ရဟန္တာအရှင်မြတ်ကြီးများထံ၌ ဆည်းကပ်ရသော် ဆိုဖွယ်မရှိ။

“ဓာတုသောဝ ဘိက္ခဝေ သတ္တာ သံသန္တိ သမေန္တိ (ဓာတုသံယုတ် ပါဠိတော်)
သတ္တဝါတို့ အချင်းချင်း ဓာတ်သဘောအားဖြင့်သာ နှီးနှောဆက်သွယ်နေကြသည်” ဟူသော
ဒေသနာလည်း ဤ၌၊ သာဓကပင်တည်း။

ဤကား စိတ်ပညာ၊ သိပ္ပံပညာတို ့နှင့် ဆက်နွယ်၍ မပျောက်ပျက်သော အရိယာ
ဓာတ်အားများနှင့် ထိတွေ့ ဆက်သွယ်၍ ရနိုင်ပုံကို သဘောအမြွက်မျှ ပြခြင်း ဖြစ်ပေ၏။

+

အရောင်အဝါနှင့် စပ်၍ အနည်းငယ် ဆက်လက် ပြဆိုရသော် တစ်ချိန်က မြတ်စွာ
ဘုရားသခင် ဝေနာဂပုရ ပုဏ္ဏားရွာကြီးသို့ ကြွရောက်စဉ် ဘုရားရှင်၏ အသားအရောင်မှာ
ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွမ်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ
ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့လည်းကောင်း ရွှန်းလဲ့ဝင်းအိ၍ . နေသည်ကို ဖူးတွေ့ကြရသည်။
ပုဏ္ဏားများ ရင်သပ်ရှုမော အံ့သြနေကြ၏။ ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နူးညံ့သော
အိပ်ရာ နေရာကောင်းနှင့် နေရ၍သာ ဤမျှ အသားအရေ ကြည်လင်တောက်ပသည်ဟု
ယူဆ၍ နှုတ်ကလည်း ဖွင့်ပြီးမေးမြန်းသည်။ ထိုအခါ ဘုရားရှင်က- “ ရဟန်းများအား
နူးညံ့သော အိပ်ရာနေရာကောင်း ရခဲကြောင်း၊ ရသော်လည်း ရဟန်းများနှင့် မအပ်စပ်ကြောင်း
မိန် ့ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲမွေ့လျော်သော မြင့်မြတ်သော နေရာသုံးမျိုးကိုလည်း
ရှင်းပြသည်။

(၁)

ထိုနေရာ (ဥစ္စာသယန မဟာသယန) သုံးမျိုးကား

နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့် နေခြင်း)၊
(၂) ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ လေးပါးဖြင့် နေခြင်း)၊


"

## PAGE 248


၁၉၂

ဓမ္မာစရိယ ဦးဌေးလှိုင်

(၃) အရိယာတို့၏ နေခြင်း (သမာပတ်ဝင်စား၍ နေခြင်း) တို့ ဖြစ်ကုန်၏၊
ယင်းနေခြင်း သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် နေ၍ အသားအရေ ကြည်လင်ကာ
အရောင်အဝါများ ထွက်ကြောင်း မိန့်တော်မူလိုရင်း ဖြစ်၏။ (တိကအင်္ဂုတ္တိုရ်၊ ဝေနာဂ
ပုရသုတ်။)

ယခုအခါ ယောဂီများလည်း ဤသို့ ရှုမှတ်ပွားများနေကြသဖြင့် စိတ်ကြည်၍
ရုပ်ကြည်ကာ အရောင်အဝါများ ထွက်လာရပေသည်။ (ဂန္ဓာရုံ ဆရာတော်အခန်း နှင့် သေက္ချတောင်
ဆရာတော်အခန်း၌ လည်း ပြပေအံ့။)

အနာထပိဏ်သူဌေးကြီး ကုန်ရောင်း ကုန်ဝယ်သွားစဉ် ဘုရားဖူးလိုစိတ် ဇောဖြင့်
မိုးမလင်းမီ ထွက်သွားရာ ဗုဒ္ဓါရမ္မဏ ပီတိကြောင့် မိမိ၏ကိုယ်မှ ထွက်သော အရောင်ဖြင့်
ညအမှောင်တွင် သွားလာ၍ ရကြောင်းလည်း ဖတ်နာဖူးကြပေလိမ့်မည်၊

ဘုရားရှင်ကား အတောင်ရှစ်ဆယ်အထိ ရောင်ခြည်များ အမြဲတမ်း ကွန့်မြူးလျက်
ရှိရာ လူတို့ကား တစ်လံမျှလောက်သာဟု ထင်ကြရပေသည်။

ကိုယ့်ဈာပန ကိုယ်ကြိုက်စီစဉ်

ယခု ဘုန်းတော်ကြီး ဦးသာရွှန်းမှာလည်း နတ်ဗြဟ္မာများ လာရောက်ဖူးမြော်ကြ၍
လင်းထိန်နေသည်မဟုတ်။ တရားရှုမှတ် ပွားများ၍ ဖြစ်ပေါ်လာသော (ဘာဝနိဒ္ဓိ) ကမ္မဋ္ဌာန်း
တန်ခိုးပင် ဖြစ်ပေသည်။ ဘုန်းတော်ကြီးသည် ထိုအကြောင်းကို ကပ္ပိယ ဦးပွားပေါ်အား
မည်သူ့ကိုမျှ မပြောရန် ဟန့်တားတော်မူ၏။ ဘုန်းတော်ကြီးသည် ပရိနိဗ္ဗာန် စံတော်မူသည့်
တိုင်အောင် မည်သည့် သာမှု နာမှုကိုမျှ မလိုက်။ ပရိသတ်နှင့် ကင်းနိုင်သမျှ ကင်းအောင်နေ၏။
စင်စစ်သဖြင့် ပရိသတ်ကား ကြောက်ဖွယ် ကောင်းလေစွာ၊

သတိ-သမာဓိအခံနှင့် အသိဉာဏ်မေတ္တာ ခေါင်းပါးသော ပရိသတ်သည် ယောဂီ
ပုဂ္ဂိုလ်အား သားအမိပင် ဖြစ်စေကာမူ ဒုက္ခအမျိုးမျိုး ပေးတတ်၏။ တစ်မျိုးပြီး တစ်မျိုး
နှောင့်ယှက်တတ်သည်။ ယောဂီအား အလှည့်တိုင်း တိုက်ရိုက်ပစ်၍ မရသော မာရ်နတ်သည်
ထိုသည့် မသိမလိမ္မာသူတို့မှ တစ်ဆင့် ဒုက္ခပေးတတ်ကာ အမှိုက်ကစ ပြာသာဒ်မီးလောင်သည်နှင့်
တူ၏။ ထိုသို့သော ယောဂီ၏ ကိုယ်တွေ့ အရ ပရိသတ်မှ ကြောက်လန့်ခြင်း ဖြစ်ပေလိမ့်မည်။
ဘုန်းတော်ကြီးသည် အသက် ၇၀-ကျော်မှ စ၍ ၁၂၈၂- ခုနှစ် (၉၉-နှစ်)
တိုင်အောင် ထိုသုံးထပ်ကျောင်း၌ပင် မထင်မရှား သီတင်းသုံးတော်မူ၏။ ထူးထူးခြားခြား
မကျန်းမာသည် ဟူ၍လည်း မရှိ၊ ထိုနှစ် တပို့တွဲလတွင်ကား ပတ်ဝန်းကျင်ရှိ ရပ်ရွာလူကြီးများနှင့်
ဘုန်းတော်ကြီးများကို ကျောင်းသို့ပင့်ဖိတ်ရာ မခေါ်စဖူးခေါ်သဖြင့် ဝမ်းသာအားရ စည်းဝေး
လာရောက်ကြသည်။

ပရိသတ်စုံလျှင် ဘုန်းတော်ကြီးက-

“ယခု ပင့်ဖိတ်ရတာက တခြားကိစ္စ မဟုတ်ပါဘူး။ တပည့်တော် သေလျှင်


## PAGE 249


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၉၃

ပွဲလမ်းသဘင် မလုပ်ဖို့။ ဘုန်းကြီးများကလဲ အကူအပံ့ မလုပ်ဖို့ ပြောချင်လို ့ပါပဲ” ဟု
အမိန့် ရှိရာ ဘုန်းတော်ကြီးမှာ ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာ ရှိနေ၍ အားလုံးကပင်-

“ဒီအချိန်မှာ ဒါတွေ အမိန့်မရှိပါနှင့်ဘုရား၊ အချိန်ကျတော့လဲ ဘုန်းတော်ကြီး
ဆန္ဒတော်အတိုင်း ဖြစ်ပါစေ့မည်” ဟု လျှောက်တင်ကြသည်။ ရပ်ရွာလူကြီးများကိုမူ
သစ္စာအဆိုခိုင်း၍ ကြိုတင်ဟန့်တားတော် မူ၏။

အာနာပါနရှုပွားသော ယောဂီတို့သည် မိမိတို့သေမည့် အချိန်ကာလကို မိနစ်မကွာ
အတိအကျ သိမြင်တတ်ကြလေသည်။

"

“တပည့်တော် ဈာပနမှာ ကုသိုလ်မရဘဲ အကုသိုလ် မဖြစ်ရစ်ကြပါစေနဲ့၊ ဘုန်းကြီးများ
နှင့် ရပ်ရွာလူကြီးများကလဲ သာသနာတော်ကြီးနဲ့ ကြုံရကျိုး နပ်အောင် ဘာဝနာတရားများကို
ဦးဆောင် ကြိုးစားကြပါ” ဟုလည်း တိုက်တွန်းတော်မူ၏။

ကပ္ပိယ ဦးပွားပေါ်သည် ညစဉ်လိုလို ဘုန်းတော်ကြီးအား တရားနာရင်း ဝတ်ဖြည့်
(နှိပ်နယ်) ပေးလေ့ရှိ၏။ တစ်ခုသော ညတွင် သုံးထပ်ကျောင်းကြီး စာတိုက်ဗီရိုဘေး၌
လဲလျောင်းလျက် ဝတ်ပြုခံတော်မူစဉ်-

“မောင်ပွားပေါ်၊ ခုကာလ ဘုန်းကြီးရော လူရော ရတနာသုံးပါးကို တကယ်ယုံတဲ့လူ
ရှားတယ်၊ ဘယ်အလုပ်မဆို ယုံမှ လုပ်ကြတာ၊ လုပ်မှလဲ ယုံစရာတွေ တွေ့ တတ်တယ်ကွယ့်၊
ယုံမှလဲ အဟုတ်အားကိုးတာ၊ အားကိုးတော့ ပစ္စုပ္ပန်ရော သံသရာပါ အစီးအပွားတွေ
များတော့တာပဲ” ဟု ဖြည်းဖြည်း လေးလေးကြီး အမိန့်ရှိသည်ကို ဦးပွားပေါ်သည်
နှိပ်ပေးရင်း နာယူနေ၏။ အတန်ကြာအောင် ခြေဆုပ်လက်နယ်ပြုလုပ် ပေးနေသော်လည်း
ဘုန်းတော်ကြီး၏ အသံမှာ ဆိတ်သွား၏။

တပေါင်းလဖြစ်၍ ရာသီဥတုကား အလွန်ပူအိုက်လှသည်။ ဘုန်းဟော်ကြီး၏ တရားသံကို
ဆက်လက် နားစွင့်နေသေး၏။ ပေါ်မလာတော့ချေ။ စာတိုက်ဗီရို၌ ထွန်းညှိထားသော
လသာမှန်အိမ်မှာ အလိုအလျောက် မီးငြိမ်းသွားသည်။ သုံးထပ်ကျောင်းကြီး တစ်ခုလုံး
မှောင်ကျသွား၏။ ဦးပွားပေါ်သည် စိတ်ထဲ၌ မသင်္ကာ၍ မီးထထွန်းညှိပြီး ဘုန်းတော်ကြီးအ
ကြည့်လိုက်ရာ ယူကြုံးမရ ဖြစ်သွား၏။ ဘုန်းတော်ကြီး ဦးသာရွှန်း (ဦးကဝိန္ဒ) ကား
အာယုသင်္ခါရ ချုပ်ငြိမ်း၍ အသင်္ခတ အငြိမ်းဓာတ်ကြီးသို့ အပြီးသတ် ကိန်းဝင်တော်မူလေပြီ၊

ဓာတ်တော်ဖူးရမှ နောင်တဖြစ်

အား

ပရိနိဗ္ဗာန်ပြုသော ထိုနေ့ကား ဘုန်းတော်ကြီး အသက် ၉၉-နှစ်၊ ၉-လနှင့် ၉-ရက်
ပြည့်သောနေ့ ဖြစ်သည်မှာ ထူးခြားလှပေ၏။ မည်သို့သော အကြောင်းများနှင့် ကြုံရစေကာမူ
ကံတရား၏ စီမံချက်ကား အတိမ်းအယိမ်းမရှိ၊ တိကျလှပေစွာ။ အသက်တစ်ရာပင်
ရှည်သော်လည်း ဘုန်းတော်ကြီး၏ ပါရမီဓာတ်ခံ၊ သတ္တဝါတို့၏ ကံအားနည်းမှုကြောင့်
ဘုန်းတော်ကြီး၏ လူသားဝေနေယျကား များပြားဟန် မရှိချေ။

